Home
Links
Bible Versions
Contact
About us
Impressum
Site Map


WoL AUDIO
WoL CHILDREN


Bible Treasures
Doctrines of Bible
Key Bible Verses


Afrikaans
አማርኛ
عربي
Azərbaycanca
Bahasa Indones.
Basa Jawa
Basa Sunda
Baoulé
বাংলা
Български
Cebuano
Dagbani
Dan
Dioula
Deutsch
Ελληνικά
English
Ewe
Español
فارسی
Français
Gjuha shqipe
հայերեն
한국어
Hausa/هَوُسَا
עברית
हिन्दी
Igbo
ქართული
Kirundi
Kiswahili
Кыргызча
Lingála
മലയാളം
Mëranaw
မြန်မာဘာသာ
नेपाली
日本語
O‘zbek
Peul
Polski
Português
Русский
Srpski/Српски
Soomaaliga
தமிழ்
తెలుగు
ไทย
Tiếng Việt
Türkçe
Twi
Українська
اردو
Uyghur/ئۇيغۇرچه
Wolof
ייִדיש
Yorùbá
中文


ગુજરાતી
Latina
Magyar
Norsk

Home -- Burmese -- John - 072 (Jesus meets Martha and Mary)
This page in: -- Albanian -- Arabic -- Armenian -- Bengali -- BURMESE -- Cebuano -- Chinese -- Dioula? -- English -- Farsi? -- French -- Georgian -- Greek -- Hausa -- Hindi -- Igbo -- Indonesian -- Javanese -- Kiswahili -- Kyrgyz -- Malayalam -- Peul -- Portuguese -- Russian -- Serbian -- Somali -- Spanish -- Tamil -- Telugu -- Thai -- Turkish -- Twi -- Urdu -- Uyghur? -- Uzbek -- Vietnamese -- Yiddish -- Yoruba

Previous Lesson -- Next Lesson

ယောဟန် - အမှောင်မှာ ထွန်းလင်းတဲ့ အလင်းတော်
ရှင်ယောဟန်ခရစ်ဝင်ကျမ်းကို လေ့လာခြင်း
အမှောင်ထဲမှာ လင်းတဲ့ အလင်း(ယောဟန် ၅း ၁ - ၁၁း ၅၄)
သခင်ယေရှုရဲ့ ယေရုရှလင်နောက်ဆုံးခရီး (ယောဟန် ၇း ၁၊ ၁၁း ၅၄) အလင်းနှင့် အမှောင်ကိုခွဲခြားခြင်း
4. လာဇရုကို ပြန်ရှင်စေခြင်းနဲ့ အကျိုးဆက်များ (ယောဟန် ၁၀း ၄၀ - ၁၁း ၅၄)

b) သခင်ယေရှုက မာရိနဲ့မာသကို တွေ့တယ်။ (ယောဟန် ၁၁း ၁၇- ၃၃)


ယောဟန် ၁၁း ၁၇- ၁၉
၁၇ “ယေရှုသည် ရောက်တော်မူသောအခါ လာဇရုကို သင်္ဂြိုလ်၍ သင်္ချိုင်းတွင်း၌ လေးရက်လွန်လေပြီ။ ၁၈ ဗေသနိရွာသည် ယေရုရှလင်မြို့နှင့် တတိုင်လောက်သာ ကွာဝေးသည်ဖြစ်၍၊ ၁၉ မာသနှင့် မာရိတို့၏မောင် သေသောကြောင့် သူတို့ကို နှစ်သိမ့်စေလိုသောငှါ ယုဒလူများတို့သည် လာကြ၏။”

လာဇရုသေလို့ သင်္ဂြိုလ်ပြီး လေးရက်ရှိပြီ။ နေ့ချင်းပဲ သင်္ဂြိုလ်တယ်။ နေ့ချင်းပဲ သတင်းစကား သခင်ယေရှုထံ ရောက်တယ်။ သင်္ဂြိုလ်ပြီးပြီ ဆိုတော့ သခင်ယေရှု ချက်ချင်းရောက်တယ်လို့ မဆိုနိုင်ဘူး။ သေတာကတော့ သေချာပါတယ်။

ဗေသနိဟာ သံလွင်တောင်ရဲ့အရှေ့ဘက်မှာရှိပြီး ယော်ဒန်မြစ်ကမ်းနဲ့ မီတာ ၁၀၀၀ လောက်ဝေးတယ်။ ပင်လယ်သေ နံဘေးမှာရှိတဲ့ ကိဒုန်လွင်ပြင်ရဲ့တဘက် တောင်ပေါ်မှာရှိတဲ့ ယေရုရှလင်မြို့နဲ့ အနောက်ဘက် ၃ ကီလိုမီတာအကွာမှာ ရှိတယ်။

လာဇရုသေတော့ မိတ်ဆွေအများလာကြ၊ ရင်ထုမနာ ဖြစ်ကြတယ်။ အိမ်မှာ အချစ်ခံရဆုံး လာဇရုဖြစ်လို့ ပိုဝမ်းနည်း ကြေကွဲကြတယ်။ သေခြင်းရဲ့အရိပ်ဟာ လူအများပေါ်မှာ လွှမ်းမိုးထားတယ်။

'''ယောဟန် ၁၁း ၂၀- ၂၄
၂၀ “ယေရှုကြွလာတော်မူကြောင်းကို မာသသည်ကြားလျှင် ကိုယ်တော်ကို ခရီးဦးကြိုပြုခြင်းငှါ သွား၏။ ၂၁ မာရိမူကား အိမ်၌ ထိုင်လျက်နေရစ်၏။ မာသက သခင် ကိုယ်တော်ရှိတော်မူလျှင် ကျွန်မ၏မောင်မသေပါ။ ၂၂ ယခုသေလျက်ရှိသော်လည်း ကိုယ်တော်သည် ဘုရားသခင်ကို ဆုတောင်းတော်မူသမျှအတိုင်း ဘုရားသခင် ပေးတော်မူမည်ကို ကျွန်မသိပါသည်ဟုလျှောက်၏။ ၂၃ ယေရှုကလည်း သင်၏မောင်သည် ထမြောက်လိမ့်မည်ဟု မိန့်တော်မူ၏။ ၂၄ မာသကလည်း နောက်ဆုံးသောနေ့တည်းဟူသော ထမြောက်ရာကာလ၌ သူသည် ထမြောက်လိမ့်မည်ကို ကျွန်မသိပါသည်ဟု လျှောက်၏။”'''

သခင်ယေရှုရောက်လာပြီလို့ မာသကြားတဲ့အခါ အပြေးသွားကြိုရင်းငိုတယ်။ အချိန်မှီ ရောက်လာခဲ့ရင် မသေလောက်ဘူးလို့ ထင်တယ်။ သခင်ယေရှုရဲ့တန်ခိုးကိုလည်း သူယုံကြည်ကြောင်း ပြတယ်။ ဝမ်းနည်းတာတွေကို အချိန်ကုန်ခံ မပြောဘူး။ သခင်ယေရှု သေခြင်းတရားကို အောင်နိုင်တာ သူယုံတယ်။ ဘုရားသခင်ရဲ့ အခွင့်အာဏာကိုလည်း သူယုံတယ်။ သားတော်ဘုရား ဆုတောင်းရင် ဘယ်အချိန်မဆို ရမယ်ဆိုတာလည်း သူသိတယ်။

သခင်ယေရှုက သူ့ယုံကြည်ခြင်းအတွက် ဂတိစကား ချက်ချင်းပေးတယ်။ မင်းမောင် ပြန်ရှင်လိမ့်မယ်။ ဒီစကားကို ကောင်းကောင်းနားမလည်တော့ မာသက နောက်ဆုံးသောနေ့မှာ ထမြောက်မယ်လို့ပြောတယ်။ သူ မမျှော်လင့်တော့ဘူး။ ဒီသေခြင်းဟာ မပြောင်းလဲတော့ဘူး၊ ပြီးသွားပြီလို့ နားလည်ထားတယ်။ ရှင်ပြန်ထမြောက်ခြင်းဟာ ယုံကြည်သူတွရဲ့ မျှော်လင့်စရာအချက်ပါ။

ယောဟန် ၁၁း ၂၅- ၂၇
၂၅ “ယေရှုကလည်း ငါသည်ထမြောက်ခြင်းအကြောင်း အသက်ရှင်ခြင်းအကြောင်းဖြစ်၏။ ငါ့ကိုယုံကြည်သာသူသည် သေလွန်သော်လည်း ရှင်လိမ့်မည်။ ၂၆ ငါ့ကိုယုံကြည်၍ အသက်ရှင်သောသူရှိသမျှတို့သည်လည်း သေခြင်းနှင့်အစဉ်မပြတ် ကင်းလွတ်ကြလိမ့်မည်။ ငါ့စကားကို ယုံသလောဟု မေးတော်မူလျှင် မာသက ဟုတ်ပါ၏ သခင်၊ ၂၇ ကိုယ်တော်သည် ခရစ်တော်တည်းဟူသော ဤလောကသို့ကြွတော်မူသော ဘုရားသခင်၏သားတော် ဖြစ်တော်မူသည်ကို ကျွန်မယုံပါသည်ဟု လျှောက်၏။”

သခင်ယေရှုက မာသကို “ထမြောက်ခြင်းအကြောင်းရှိတယ်။ ငါကိုယ်တိုင်လာပြီ ထမြောက်ရာနေ့မှ ထမြောက်မှာမဟုတ်ဘူး။ ဒီနေ့ ငါ့ရှေ့မှာ ထမြောက်မယ်။ ငါဟာ ဖန်ဆင်းရှင်ဖြစ်တယ်။ ငါ့ဆီကနေ သန့်ရှင်းသော ဝိညာဉ်တော် အလုပ်လုပ်မယ်၊ မင်းတို့ရဲ့ အပြစ်တွေအတွက် ငါကိုယ်စား အသေခံပြီး ငါ့ရဲ့အသက်ကို ပေးမယ်။ သေခြင်းတရားဟာ အစိုးမရတော့ဘူး။ သေပြီးသင်္ဂြိုလ်ရပေမယ့် ယုံကြည်ခြင်းအားဖြင့် ပြန်အသက်ရှင် ထမြောက်မှာ ဖြစ်တယ်။ ငါ ကိုယ်စားအသေခံပေးခြင်းဟာ မင်းတို့အတွက်ဖြစ်တယ်။ ငါ့အသက်ကလည်း မင်းတို့အတွက်ဖြစ်တယ်။ ငါ မင်းတို့အထဲမှာ အသက်ရှင်တယ်။ မင်းတို့လည်း ငါ့အထဲမှာ အသက်ရှင်ပါ” လို့ ဆိုတယ်။

ခရစ်တော်ကိုလက်ခံရခြင်းဟာ ယုံကြည်ခြင်းရဲ့ ပဋိညာဉ်တမျိုး ဖြစ်တယ်။ ယုံကြည်ခြင်းအားဖြင့် ခရစ်တော်၌ အတူရှိတယ်။ ခရစ်တော်ကို ယုံကြည်ခြင်းဟာ ခမည်းတော်ကို နားလည်စေပြီး ထာဝရ အသက်ရစေတယ်။ ဘုရားမေတ္တာကြောင့် ငြိမ်သက်ခြင်း၊ ဝမ်းမြောက်ခြင်းရတယ်။ အဲဒီချစ်ခြင်းက ဘယ်တော့မှ မပျောက်ပျက်တော့ဘူး။ ခရစ်တော်ရဲ့ မေတ္တာကိုရသူဟာ မသေတော့ဘူး။ ဘုရားဝိညာဉ်တော်က ထာဝရ အသက်ရှင်နေမယ်။ ဘုရားရဲ့ဝိညာဉ်တော်က ယုံကြည်သူရဲ့အထဲမှာ ကျိန်းဝပ်တယ်။

သခင်ယေရှုက သူသေခြင်းတရားကို အောင်မြင်ကြာင်း လာဇရုကို ရှင်ပြန်ထမြာက်ချိန်မှာ စိတ်လှုပ်ရှားစရာ မိန့်ခွန်းမျိုး မပြောဘူး။ ဝိညာဉ်တော်အားဖြင့် သေခြင်းတရားကို အောင်မြင်ပြီး အသက်ရှင်ခွင့် ရလိမ့်မယ်၊ ထမြောက်ရာနေ့ ရှိလိမ့်မယ် လို့ပဲ ဆိုတယ်။ ခရစ်တော်ရဲ့ ဂတိစကားဟာ အခြေအနေတွေကြောင့် ပြောင်းလဲမသွားဘူး။ ခရစ်တော်ကို ယုံရင် မသေရတော့ဘူး။ သေခြင်းတရားနီးလာမယ်။ သင်္ချိုင်းတံခါးပွင့်လာမယ်။ ဒါပေမယ့် သခင်ယေရှုကိုပဲ မြှော်ကြည့်ရမယ်။ ထာဝရအသက်ပေးတဲ့အတွက် ကျေးဇူးတင်စရာဖြစ်တယ်။ အသက်ပေးပိုင်တဲ့ သခင်ယေရှုကို ယုံကြည်သလား။ သေခြင်းတရားမှ လွတ်မြောက်ပြီး အပြစ်ထဲမှလည်း လွတ်မြောက်စေကြောင်း ယုံကြည်ပါသလား။ ဝိညာဉ်ရေးရာ ထမြောက်ခြင်းကို မခံစားဖူးသေးရင် သခင်ဘုရားရဲ့ အသက်ကို ကိုယ်တိုင်ကိုယ်ကျ ခံယူလိုက်ပါ။ မေတ္တာတော်နဲ့ တန်ခိုးတော်ကိုယုံကြည်ပါ။ ဘုရားလက်ကို ကိုင်စွဲပါ ကိုယ့်အပြစ်တွေ ခွင့်လွှတ်ခံရပြီး ထာဝရအသက်ရမယ်။ ခရစ်တော်ဟာ သစ္စာရှိသော ကယ်တင်ရှင် ဖြစ်တယ်။

မာသက ခရစ်တော်ရဲ့ ဂတိကို လက်ခံတယ်။ ထာဝရအသက်အကြောင်း မခံစားရဖူးပေမယ့် အသက်ပေးပိုင်သူကို သိတယ်။ သခင်ယေရှုဟာ သေသူကိုထမြောက်စေတဲ့ တန်ခိုးရှိတဲ့ မေရှိယဖြစ်ကြောင်း သူ ယုံကြည်တယ်။ နောက်ဆုံးသောတရားစီရင်မယ့် ပုဂ္ဂိုလ်လည်း ဖြစ်တယ်။ ဘုရားတန်ခိုးကို ကြုံတွေ့ ခံစားသူလည်း ဖြစ်တယ်။

ဒါကြောင့် သူ့ရဲ့ယုံကြည်ခြင်းကို ရဲဝံ့စွာပြောပြရဲသူ ဖြစ်တယ်။ သခင်ယေရှုဘက်မှာ ရပ်ရင် ဂျူးတွေက ခဲနဲ့ပေါက်မယ်ဆိုတာ သူသိပါတယ်။ သခင်ယေရှုကို ဘုရားသားတော်လို့ ပြောတာနဲ့ ဆန့်ကျင်ဘက်တွေ ကြုံရမယ်။ သေရမှာ မကြောက်ဘူး။ သူက ကယ်တင်ရှင်ကို ချစ်တဲ့သူ ဖြစ်တယ်။ ဒီလိုအမျိုးသမီးတယောက်ကြောင့် ယောက်ျားသားတွေ ရှက်စရာဖြစ်ကုန်ပြီ။ သူ့ရဲ့ယုံကြည်မှုဟာ ချစ်ခြင်းမေတ္တာနဲ့အတူ အားကြီးလာတယ်။

ဆုတောင်း သခင်ယေရှုဘုရား ကိုယ်တော်ဟာ ကြီးမြတ်ပါတယ်။ သေခြင်းတရားဟာ ကိုယ်တော်ကို အစိုးမရဘူး။ ကျွန်တော်တို့ ကိုယ်စားအသေခံပြီး ကျွန်တော်တို့ကို ရှင်ပြန်ထမြောက်စေတယ်။ ကိုယ်တော့်ကို ကိုးကွယ်ဝတ်ပြုပါတယ်။ သေခြင်းတရားဟာ ဆက်အစိုးမရတာ့ဘဲ အသက်ကိုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အပြစ်ကြောက်ရွံ့ခြင်းနဲ့ သေခြင်းထဲကလွတ်မြောက်စေတဲ့အတွက် ကျေးဇူးတင်ပါတယ်။

မေးခွန်း ၇၆

  1. သေခြင်းတရားမှ ဒီနေ့ဘယ်လို အသက်ပြန်ရှင်နိုင်မလဲ။

ယောဟန် ၁၁း ၂၈- ၃၁
၂၈ “ထိုသို့လျှောက်ပြီးမှ မာသသည်သွား၍ မိမိညီမ မာရိအား၊ အရှင်ဘုရားရောက်လာတော်မူပြီ။ သင့်ကို ခေါ်တော်မူသည်ဟု တိတ်ဆိတ်စွာခေါ်လေ၏။ ၂၉ မာရိသည် ထိုစကားကိုကြားလျှင် အလျင်တဆောထ၍ အထံတော်သို့သွားလေ၏။ ၃၀ ထိုအခါ ယေရှုသည် ရွာထဲသို့မဝင်သေး။ မာသ ခရီးဦးကြိုပြုသောအရပ်၌ ရှိတော်မူသတည်း။ ၃၁ ထိုကြာင့် နှစ်သိမ့်သောစကားကိုပြောလျက် မာရိနှင့်အတူ အိမ်၌ရှိသောယုဒလူတို့သည် မာရိအလျင်တဆော ထ၍ထွက်သွားသည်ကို မြင်ကြလျှင်၊ ငိုကြွေးခြင်းငှါ သင်္ချိုင်းသို့သွားပြီဟု ဆို၍ သူ့နောက်သို့လိုက်ကြ၏။”

မာရိကို ခေါ်လိုက်လို့ မာသကို သခင်ယေရှု ပြောပုံရတယ်။ မာရိလည်း သခင်ယေရှုစကားကို နားထောင်ဖို့ လိုတယ်။ ငိုနေတဲ့သူတွကြားထဲက ထွက်လာဖို့၊ စိတ်သက်သာရာရဖို့ လိုတယ်။ ဒါမှ ချစ်ခြင်းမေတ္တာအားဖြင့် ယုံကြည်ခြင်း တိုးလာမယ်။ သခင်ယေရှုဟာ ယုံကြည်ခြင်းအားဖြင့် အောင်မြင်သူ ဖြစ်တယ်။ ဝမ်းနည်းပူဆွေးခြင်း၊ အဆိုးမြင်ခြင်းအားဖြင့် အသက်ရှင်သူမဟုတ်ဘူး။ ဝမ်းနည်းနေတဲ့ မာရိကို အလင်းတော်ထဲကို ပို့ပေးချင်တယ်။ ဒါမှ အသက်ရှင်ပြီး ဝိညာဉ်ရေးရာရှင်သန်လာမယ်။

မာရိဟာ ဝမ်းနည်းနေတုန်းတော့ သခင်ယေရှုရောက်လာတာကို ကြားမိပုံမရဘူး။ ဒါပေမယ့် မာသ လာခေါ်တဲ့အခါ စိတ်အားထက်သန်စွာ ပြေးပြီးတွေ့တယ်။ ဒါကြောင့် အနားကလူတွေက ပုံစံကိုကြည့်ပြီး အံ့အားသင့်တယ်။ သင်္ချိုင်းကို သွားငိုပြန်ပြီလို့ ထင်တယ်။ သူ့နောက်ကို အားလုံးထလိုက်ပြီး သင်္ချိုင်းကို သွားကြတယ်။ ဒီအဖြစ်အပျက်လေးဟာ လူတိုင်းဟာ ပျက်စီးခြင်းကို သွားနေတယ်ဆိုတာကို ပုံဖေါ်ပြနေတဲ့ ပုံဥပမာလေးလို ဖြစ်တယ်။ အားလုံး ငိုကြွေးစရာ ဝမ်းနည်းစရာတွေနဲ့ ပြည့်နေတယ်။ အတွေးအခေါ်တွေနဲ့ ဘာသာတရားတွေက သေခြင်းတရားအပေါ်မှာ ဖြေရှင်းမပေးနိုင်ဘူး။ ခရစ်ယာန်တယောက်မှာရှိတဲ့ မျှောင်လင့်ခြင်းကသာလျှင် စိတ်သက်သာရာရစေမှာ ဖြစ်တယ်။

ယောဟန် ၁၁း ၃၂- ၃၃
၃၂ “မာရိသည် ယေရှုရှိတော်မူရာ အရပ်သို့ရောက်၍ ကိုယ်တော်ကို မြင်တော်မူလျှင် ခြေတော်ရင်း၌ ပျက်ဝပ်လျက် သခင် ကိုယ်တော်ရှိတော်မူလျှင် ကျွန်မ၏မောင် မသေပါဟု လျှောက်၏။ ၃၃ မာရိမှစ၍ လိုက်လာသောယုဒလူတို့သည် ငိုကြွေးသည်ကို ယေရှုသည်မြင်တော်မူသောအခါ အလွန်ညှိုးငယ်ခြင်း စိတ်ပူပန်ခြင်းရှိ၍။”

မာရိက သခင်ယေရှုကိုတွေ့ပြီ ခြေတော်ရင်းမှာ စိတ်နှလုံးကြေကွဲစွာနဲ့ ရောက်လာတယ်။ ဘုရား နိမိတ်လက္ခဏာကို သူယုံကြည်ကြောင်း ဆိုတယ်။ သခင်ယေရှုသာ ရှိခဲ့ရင် သူ့မောင်မသေဘူးလို့ ဆိုတယ်။ ဒါက သူ့ယုံကြည်ခြင်းကို ပြတယ်။ သခင်ယေရှုအပ်ါမှာ ဘုရားသခင်တည်နေကြောင်းလည်း ပြတယ်။ ဒါပေမယ့် သေခြင်းဟာ သူ့ယုံကြည်ခြင်းကို လှုပ်ခါသွားစေပြီး၊ ညီအမနှစ်ယောက်လုံး စိတ်ဇဝေဇဝါ ဖြစ်သွားရတယ်။

သစ္စာရှိတဲ့ နောက်လိုက်ဖြစ်တဲ့ သူတို့ရဲ့ယုံကြည်ခြင်းကို သခင်ယေရှု မြင်တယ်။ ပရိတ်သတ်ရဲ့ ဘာမှ နားမလည်တဲ့ အဖြစ်အပျက်ကို မြင်တဲ့အခါ စိတ်တုန်လှုပ်သွားတယ်။ သေခြင်းတရားဟာ ဒီလူတွေအပေါ်မှာ တည်နေတာကို တုန်လှုပ်ချောက်ချားဖွယ် တွေ့ခဲ့တယ်။ လောကတခုလုံး မာရ်နတ်ရဲ့ တန်ခိုးအောက်မှာရောက်ပြီး ငိုကြွေးနေတာကို မြင်တော့ စိတ်သိပ်မကောင်းရှာဘူး။ လောကရဲ့အပြစ်တွေက သူ့ကိုယ်ပေါ်မှာ ရောက်လာသလို ခံစားရင်းနဲ့ ကားတိုင်ဟာ လိုအပ်တာကို မြင်လာရတယ်။ ဒီဝမ်းနည်းခြင်းတွေ ပျောက်ကင်းစေဖို့ သင်္ချိုင်းတံခါးကို ဖွင့်ရမယ်။ ရှင်ပြန်ထမြောက်ခြင်းအားဖြင့် အောင်မြင်ရမယ်။ ရှင်ပြန်ထမြောက်ခြင်းဟာ သေခြင်း၊ မယုံကြည်ခြင်းနဲ့ သနားစရာ ဖြစ်ရပ်တွေ အားလုံးကို အောင်မြင်တဲ့အရာ ဖြစ်တယ်။

www.Waters-of-Life.net

Page last modified on January 29, 2022, at 04:53 AM | powered by PmWiki (pmwiki-2.3.3)