Home
Links
Bible Versions
Contact
About us
Impressum
Site Map


WoL AUDIO
WoL CHILDREN


Bible Treasures
Doctrines of Bible
Key Bible Verses


Afrikaans
አማርኛ
عربي
Azərbaycanca
Bahasa Indones.
Basa Jawa
Basa Sunda
Baoulé
বাংলা
Български
Cebuano
Dagbani
Dan
Dioula
Deutsch
Ελληνικά
English
Ewe
Español
فارسی
Français
Gjuha shqipe
հայերեն
한국어
Hausa/هَوُسَا
עברית
हिन्दी
Igbo
ქართული
Kirundi
Kiswahili
Кыргызча
Lingála
മലയാളം
Mëranaw
မြန်မာဘာသာ
नेपाली
日本語
O‘zbek
Peul
Polski
Português
Русский
Srpski/Српски
Soomaaliga
தமிழ்
తెలుగు
ไทย
Tiếng Việt
Türkçe
Twi
Українська
اردو
Uyghur/ئۇيغۇرچه
Wolof
ייִדיש
Yorùbá
中文


ગુજરાતી
Latina
Magyar
Norsk

Home -- Burmese -- John - 054 (Legalists bring an adulteress to Jesus)
This page in: -- Albanian -- Arabic -- Armenian -- Bengali -- BURMESE -- Cebuano -- Chinese -- Dioula? -- English -- Farsi? -- French -- Georgian -- Greek -- Hausa -- Hindi -- Igbo -- Indonesian -- Javanese -- Kiswahili -- Kyrgyz -- Malayalam -- Peul -- Portuguese -- Russian -- Serbian -- Somali -- Spanish -- Tamil -- Telugu -- Thai -- Turkish -- Twi -- Urdu -- Uyghur? -- Uzbek -- Vietnamese -- Yiddish -- Yoruba

Previous Lesson -- Next Lesson

ယောဟန် - အမှောင်မှာ ထွန်းလင်းတဲ့ အလင်းတော်
ရှင်ယောဟန်ခရစ်ဝင်ကျမ်းကို လေ့လာခြင်း
အမှောင်ထဲမှာ လင်းတဲ့ အလင်း(ယောဟန် ၅း ၁ - ၁၁း ၅၄)
သခင်ယေရှုရဲ့ ယေရုရှလင်နောက်ဆုံးခရီး (ယောဟန် ၇း ၁၊ ၁၁း ၅၄) အလင်းနှင့် အမှောင်ကိုခွဲခြားခြင်း
1. တဲတော်ပွဲမှာပြောသော သခင်ယေရှုရဲ့စကား (ယောဟန် ၇း ၁-၈- ၅၉)

c) ပညတ်သမားတွေက သခင်ယေရှုထံ မှားယွင်းတဲ့အမျိုးသမီးကို အပြစ်ပေးဖို့ ခေါ်လာတယ်။ (ယောဟန် ၈း ၁- ၁၁)


ယော ၈း ၁ - ၆
၁ “ယေရှုသည်လည်း သံလွင်တောင်သို့ကြွတော်မူ၏။ ၂ နံနက်စောစော ဗိမာန်တော်သို့ တဖန်ကြွတော်မူ၍ လူအပေါင်းတို့သည် အထံတော်သို့ လာကြ၏။ ထိုအခါ ထိုင်တော်မူ၍ ဆုံးမဩဝါဒပေးစဉ်တွင်၊ ၃ မှားယွင်းခြင်းအမှုကိုပြုလျက်နေသော မိန်းမတယောက်ကိုတွေ့လျှင် ကျမ်းပြုဆရာတို့နှင့် ဖါရိရှဲတို့သည်ခေါ်ခဲ့၍ အလယ်၌ထားပြီးမှ၊ ၄ အရှင်ဘုရား ဤမိန်းမသည် မှားယွင်းခြင်းအမှုကိုပြုစဉ်တွင်ပင် တွေ့မိပါသည်။ ၅ ထိုသို့သောမိန်းမကို ကျောက်ခဲနှင့်ပစ်ရမည်ဟု မောရှေသည် အကျွန်ုပ်တို့အား ပညတ်တရား၌ စီရင်ထုံးဖွဲ့ပါပြီ။ သို့ရာတွင် ကိုယ်တော်သည် အဘယ်သို့မိန့်တော်မူမည်နည်းဟု လျှောက်ကြ၏။ ၆ ထိုသို့လျှောက်ကြသော် ကိုယ်တော်၌ အပြစ်တင်ခွင့်ရှိစေခြင်းငှါ စုံစမ်း နှောင့်ယှက်သောအားဖြင့် လျှောက်ကြ၏။ ယေရှုသည် အောက်သို့ငုံ့လျက် လက်ညှိုးတော်နှင့် မြေ၌ရေးသား၍ နေတော်မူ၏။”

လွှတ်တော်အဖွဲ့ဝင်တွေက သခင်ယေရှု သူတို့လက်မှ လွတ်သွားတဲ့အတွက် စိတ်ဆိုးနေကြတယ်။ လူထုကတော့ သခင်ယေရှုကို အကြီးအကဲတွေက ဗိမာန်တော်မှာ စကားပြောခွင့်ပေးထားတယ်လို့ ယူဆကြတယ်။ ဒါပေမယ့် လွှတ်တော်အကြီးအကဲတွေက သခင်ယေရှုထံကို ထောက်လှမ်းရေးတွေလွှတ်ပြီး အနှောင့်အယှက် ပေးတယ်။ သခင်ယေရှုက ညနေခင်းအချိန်မှာ မြို့တော်အပြင်ဘက်ကိုထွက်လာပြီး ကိဒုန်ချိုင့်ဝှမ်းဘက်ကို ဖြတ်လာတယ်။

နောက်တနေ့မှာ သခင်ယေရှု မြို့တော်ထဲ ပြန်ဝင်လာပြီး ဗိမာန်တော်ကို သွားတယ်။ သူဟာ တဲတော်ပွဲနေ့ အပြီးမှာ မြို့တော်ကနေထွက်မပြေးပ၊ဲ ရန်သူတွေကို ဆက်ရင်ဆိုင်တယ်။ ဖါရိရှဲတွေက ရာဇဝတ်မှု နှိမ်နှင်းတဲ့ ရဲတွေကို ခေါ်ထားတယ်။ ပွဲနေ့မှာ စပျစ်ရည်သောက်ပြီး ရမ်းကားတာကို ကာကွယ်တဲ့ ရဲတွေဖြစ်တယ်။ ဒီအချိန်မှာ ဖေါက်ပြန်နေတဲ့ အမျိုးသမီးတယောက်ကို မိလာတယ်။ ဒါက သခင်ယေရှုကို စမ်းသပ်ဖို့ ဖြစ်တယ်။ လူမျိုးရဲ့ထုံးစံအရ ပစ်မှားတဲ့ အမျိုးသမီးကို ဘယ်လိုစီရင်မလဲ မေးတယ်။ ဒီကိစ္စကို အပြစ်ပေးခြင်းအားဖြင့် သူ့ကိုလူကြိုက်မများအောင် လုပ်ကြံခြင်းလည်း ဖြစ်တယ်။ ကိုယ်ကျင့်တရားဖေါက်ပြန်တာကို သည်းမခံဘဲ အပြစ်ပေးဖို့ အကွက်ချကြတယ်။ ဘယ်လို စီရင်မလဲ ဆိုတာ သိပ်သိချင်နေကြတယ်။

ယောဟန် ၈း ၇-၉
၇ “ထိုသူတို့သည် အထပ်ထပ်မေးလျှောက်ကြသောအခါ ကိုယ်ကိုလှန်တော်မူ၍ သင်တို့တွင် အပြစ်ကင်းသောသူသည် ရှေ့ဦးစွာ ကျောက်ခဲနှင့်ပစ်စေဟု မိန့်တော်မူပြီးမှ၊ ၈ တဖန်အောက်သို့ငုံ့၍ မြေ၌ရေးသားတော်မူပြန်၏။ ၉ ထိုသူတို့သည် ကြားရလျှင် မိမိတို့စိတ်နှလုံးသည် မိမိတို့အပြစ်ကို ဖေါ်ပြသဖြင့် အသက်ကြီးသောသူမှစ၍ အငယ်ဆုံးသောသူတိုင်အောင် တယောက် နောက်တယောက် ထွက်သွားကြ၏။ ယေရှုသည် တယောက်တည်း ကျန်ရစ်တော်မူ၍ မိန်းမသည် အလယ်၌ရပ်နေ၏။”

ဖါရိရှဲတွေက ဖေါက်ပြန်တဲ့အမျိုးသမီးကို အပြစ်တင်နေကြတဲ့ အချိန်၊ သခင်ယေရှုက ခေါင်းငုံ့ပြီး မြေမှာ လက်နဲ့ စာရေးတယ်။ ဘာရေးလဲ မသိရပေမယ့် ချစ်ခြင်းမေတ္တာဆိုတဲ့ပညတ်တရား အသစ်ဖြစ်နိုင်တယ်။

ချက်ချင်းမစီရင်တာကို အကြီးအကဲတွေ နားမလည်ဘူး။ တရားစီရင်ခြင်းက စိတ်ရှည်ဖို့ လိုတယ်။ လူတွေ အသိစိတ်ကြည်လင်လာဖို့ လိုတယ်ဆိုတာ သူတို့မသိဘူး။ ဒါကြောင့် သူတို့က အလောတကြီးနဲ့ အကွက်ဆင်နေတယ်။

သခင်ယေရှုက ဝမ်းနည်းစွာ ကြည့်လိုက်တယ်။ ဒါဟာ ဘုရားသခင်ရဲ့အကြည့် ဖြစ်တယ်။ သူ့စကားက ငြင်းပယ်လို့ မရတဲ့ ဘုရားစကားဖြစ်တယ်။ သူက စီရင်ချက်။ မင်းတို့ထဲက အပြစ်မရှိတဲ့သူက သူ့ကိုစပြီး ခဲနဲ့ပေါက်လို့ ပြောတယ်။ သခင်ယေရှုဟာ ပညတ်တရားတခုကိုမှ မဖောက်ဖျက်ဘူး။ ဒါပေမယ့် ပြည့်စုံအောင်လုပ်ပေးတယ်။ ဖေါက်ပြန်တဲ့သူဟာ သေပြစ်ခံထိုက်တယ်။ ဒါက သခင်ယေရှုရဲ့ အဖြေပဲ။

ဒါပေမယ့် ဘုရားတရား ကိုင်းရှိုင်းတဲ့သူလည်း ဖေါက်ပြန်တဲ့သူလိုပဲ တရားစီရင်ခံရမယ်။ ဒါကြောင့် အပြစ်ကင်းရင် ခဲနဲ့ပေါက်လို့ စိန်ခေါ်လိုက်တယ်။ သူတို့မျက်နှာမှာ ဖုံးကွယ်ထားတဲ့ ဟန်ဆောင်ဘာသာတရား ကိုင်းရှိုင်းမှုတွေကို ဆွဲခွါလိုက်သလို ဖြစ်ပြီ။ အပြစ်က ဘယ်သူမှ မကင်းဘူး။ အားလုံးဟာ မှားတယ်။ အားနဲတယ်။ စုံစမ်းခြင်း ခံရဖူးတယ်။ ဘုရားသခင်ရှေ့မှာ အပြစ်သားနဲ့ ဟန်ဆောင်ဘာသာရေးကိုင်းရှိုင်းသူဟာ အတူတူပဲ။ အားလုံးလမ်းလွဲ။ အားလုံးပျက်စီးတယ်။ ပညတ်တခုကို ကျူးလွန်ရင် ပညတ်အားလုံး ဖေါက်ရာရောက်တယ်။ ဒါကြောင့် ဘုရားသခင်ရှေ့မှာ အားလုံး အပြစ်ပေးခံထိုက်တယ်။

လူကြီးတွေနဲ့ ပညတ်သမားတွေဟာ ဗိမာန်တော်မှာ အပြစ်ပြေဖို့ တိရိစ္ဆာန်နဲ့တော့ ယဇ်ပူဇော်တယ်။ ဒါကြာင့် သူတို့လည်း အပြစ်သားမှန်း ဝန်ခံရာရောက်တယ်။ ခရစ်တော်စကားက သူတို့အသိစိတ်ကို တို့ထိသွားတယ်။ နာဇရက်မြို့သားကို ဖမ်းချင်လာတယ်။ ဒါပေမဲ့ သူတို့ရဲ့အပြစ်ကို ထောက်ပြပြီး သူတို့ကိုသာ စီရင်လာတယ်။ တဖက်က သူတို့ဟာ ပညတ်တရားကို စောင့်ရှောက်တယ်။ တဖက်မှာတော့ သူတပါးရဲ့အပြစ်ကို ကဲ့ရဲ့တယ်။ ဒီအချိန်မှာ သူတို့ခေါင်းတွေ ညွတ်ကျသွားပြီး၊ ဘုရားသခင်ရဲ့သန့်ရှင်းခြင်း အထိအတွေ့ကို ခံစားသွားရတယ်။ လူကြီးတွေနဲ့ နောက်လိုက်တွေဟာ ဒီနေရာက အမြန်ထွက်ခွါသွားကြပြီး၊ သခင်ယေရှုတပါးတည်းသာ ကျန်ရစ်ခဲ့တော့တယ်။

ယောဟန် ၈း ၉- ၁၁
၉ “ယေရှုသည် တယောက်တည်းကျန်ရစ်တော်မူ၍ မိန်းမသည် အလယ်၌ရပ်နေ၏။ ၁၀ ထိုအခါ ယေရှုသည် ကိုယ်ကိုလှန်တော်မူပြန်၍ ထိုမိန်းမမှတပါး အဘယ်သူကိုမျှမမြင်လျှင် အချင်းမိန်းမ သင့်ကို အပြစ်တင်သောသူတို့သည် အဘယ်မှာရှိကြသနည်း သင်၏အမှုကို အဘယ်သူမျှမစီရင်လောဟု မေးတော်မူ၏။ ၁၁ ထိုမိန်းမကလည်း အဘယ်သူမျှ မစီရင်ပါသခင်ဟု လျှောက်၏။ ငါသည်လည်း သင်၏အမှုကိုမစီရင်။ သွားလော့၊ နောက်တဖန် ဒုစရိုက်ကိုမပြုနှင့်ဟု မိန့်တော်မူ၏။”

အလယ်မှာ တုန်လှုပ်စွာရပ်နေတဲ့အမျိုးသမီးကို သခင်ယေရှုက သနားကြင်နာစွာနဲ့ ကြည့်ပြီး၊ မင်းကို အပြစ်တင်တဲ့သူတွေ ဘယ်ရောက်သွားလဲ။ အပြစ်တင်မယ့်သူမရှိတော့ဘူးလားလို့ မေးတယ်။ အမျိုးသမီးကတော့ ဒီသန့်ရှင်းသောပုဂ္ဂိုလ်က သူ့ကို အပြစ်တင်မှာ မဟုတ်ဘူး။ သူ့ကို အပြစ်စီရင်ခွင့်ရှိသူဟာ တယောက်တည်းပဲ ရှိတော့တယ်လို့ သူခံစားမိသွားတယ်။

သခင်ယေရှုဟာ အပြစ်သားတွေကို ချစ်တယ်။ ဝေးလွင့်သူတွေကို ရှာဖို့လာတယ်။ အပြစ်ရှိတဲ့ အမျိုးသမီးကို အပြစ်မပေးဘူး။ ကျေးဇူးပဲပြုတယ်။ လူတွေရဲ့အပြစ်ကို ဆောင်ယူပြီး လောကီသားတွေအတွက် အသေခံဖို့ အသင့် ရှိတယ်။ အမျိုးသမီးခံစားရမယ့် အပြစ်စီရင်ခြင်းကို သူ ယူတင်ဝတ်ဆောင်မယ်။

ဒါကြောင့် အမျိုးသမီးအတွက် အသေခံပေးမယ့်သူဖြစ်တာကြောင့် သူ့ကို အပြစ်လွှတ်ပေးလိုက်တယ်။ ဒါကြောင့် သခင်ယေရှုရဲ့ချစ်ခြင်းမေတ္တာကို ယုံကြည်ရင် အပြစ်စီရင်ခြင်းနဲ့ လွတ်မယ်။ ဘုရားရဲ့ ခွင့်လွှတ်ခြင်းကို ခံယူပါ။ ဒါမှ တခြားသူတွေကိုလည်း ကိုယ်က အပြစ်မစီရင်ပဲ နေနိုင်မယ်။ ကိုယ်ကိုယ်တိုင် အပြစ်သားဖြစ်တာကို မမေ့နဲ့။ တခြားလူထက်ပိုမကောင်းဘူးလို့ သိထားရမယ်။ တခြားသူတယောက်က ဖေါက်ပြန်ရင်၊ ကိုယ်လည်း မစင်ကြယ်ဘူးဆိုတာ သိထားရမယ်။ တခြားတယောက်က ခိုးရင် ကိုယ်ရော သစ္စာရှိရဲ့လား သိရမယ်။ ကိုယ့်အပြစ် အစီရင်မခံရဖို့ သူများအပြစ် မစီရင်ရဘူး။ ကိုယ်တိုင်းတဲ့ အတိုင်းအတာတိုင်း ကိုယ့်ကို ပြန်တိုင်းလာလိမ့်မယ်။ ညီအကိုရဲ့ မျက်စိရှေ့က အမှိုက်ကို ဖယ်ချင်ပြီး၊ ကိုယ့်မျက်စိရှေ့က တံခါးကျင်ကို ဖယ်ဖို့ မမေ့ရဘူး။ သခင်ယေရှုက နောက်အဲဒီလိုမမှားနဲ့ လို့ပဲ ပြောပါတယ်။ တရားတော်က ဖြူစင်သန့်ရှင်းတယ်။ မဖေါက်ပြန်ဘူး။ မပြောင်းလဲဘူး။ ဒီအမျိုးသမီးဟာ သူ့အပြစ်ကိုဝန်ခံပြီး ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာကို တောင့်တလာဖို့ သခင်ယေရှုက ပို့ဆောင်ပေးတယ်။ ဒါကြောင့် သူဟာ သိုးသူငယ်ရဲ့အသွေးတော်နဲ့ အပြစ်ဆေးကြောခံရပြီး သန့်ရှင်းသော ဝိညာဉ်တော်ကို ခံစားရတယ်။ သူ့ဆီက ဘာမှမတောင်းဆိုဘူး။ သူ့စိတ်နှလုံးလက်ခံတာနဲ့ သူ့ကို လက်ခံလိုက်တယ်။ စိတ်နှလုံးကြေကွဲသူတွေကို လက်ခံတယ်။ ဒါကြောင့် နောက်အပြစ်မပြုနဲ့တော့လို့ သူ့စိတ်နှလုံးဝန်ခံချက်ကို နှိုးဆ်ာတာဖြစ်တယ်။ သင့်စိတ်နှလုံး ဝန်ခံချက်ကိုလည်း ဘုရားရှင် ကြားချင်တယ်။

ဆုတောင်း သခင်ယေရှုဘုရား ကိုယ်တော့ရှေ့မှာ တခြားသူတွထက် ပိုမကောင်းတဲ့အတွက် ရှက်မိပါ၏။ အခြားသူတွေကို အပြစ်တင်စွပ်စွဲမိတဲ့အတွက် ခွင့်လွှတ်ပါ။ ကျွန်တော့ အပြစ်များကို ဆေးကြောတော်မူပါ။ ခွင့်လွှတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ သည်းခံစိတ်ရှည် သနားတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အပြစ်မလုပ်မိဖို့ ကူမတော်မူပါ။ သန့်ရှင်းစွာနဲ့ အသက်ရှင်ဖို့ ခွန်အားပေးပါ။ သန့်ရှင်းစွာ အသက်ရှင်စေတော်မူပါ။

မေးခွန်း ၅၈

  1. အပြစ်တင်စွပ်စွဲသူတွေ ဘာလို့ သခင်ယေရှုထံမှ ထွက်ခွါသွားကြတာလဲ။

www.Waters-of-Life.net

Page last modified on January 29, 2022, at 04:48 AM | powered by PmWiki (pmwiki-2.3.3)