Home
Links
Bible Versions
Contact
About us
Impressum
Site Map


WoL AUDIO
WoL CHILDREN


Bible Treasures
Doctrines of Bible
Key Bible Verses


Afrikaans
አማርኛ
عربي
Azərbaycanca
Bahasa Indones.
Basa Jawa
Basa Sunda
Baoulé
বাংলা
Български
Cebuano
Dagbani
Dan
Dioula
Deutsch
Ελληνικά
English
Ewe
Español
فارسی
Français
Gjuha shqipe
հայերեն
한국어
Hausa/هَوُسَا
עברית
हिन्दी
Igbo
ქართული
Kirundi
Kiswahili
Кыргызча
Lingála
മലയാളം
Mëranaw
မြန်မာဘာသာ
नेपाली
日本語
O‘zbek
Peul
Polski
Português
Русский
Srpski/Српски
Soomaaliga
தமிழ்
తెలుగు
ไทย
Tiếng Việt
Türkçe
Twi
Українська
اردو
Uyghur/ئۇيغۇرچه
Wolof
ייִדיש
Yorùbá
中文


ગુજરાતી
Latina
Magyar
Norsk

Home -- Burmese -- John - 055 (Jesus the light of the world)
This page in: -- Albanian -- Arabic -- Armenian -- Bengali -- BURMESE -- Cebuano -- Chinese -- Dioula? -- English -- Farsi? -- French -- Georgian -- Greek -- Hausa -- Hindi -- Igbo -- Indonesian -- Javanese -- Kiswahili -- Kyrgyz -- Malayalam -- Peul -- Portuguese -- Russian -- Serbian -- Somali -- Spanish -- Tamil -- Telugu -- Thai -- Turkish -- Twi -- Urdu -- Uyghur? -- Uzbek -- Vietnamese -- Yiddish -- Yoruba

Previous Lesson -- Next Lesson

ယောဟန် - အမှောင်မှာ ထွန်းလင်းတဲ့ အလင်းတော်
ရှင်ယောဟန်ခရစ်ဝင်ကျမ်းကို လေ့လာခြင်း
အမှောင်ထဲမှာ လင်းတဲ့ အလင်း(ယောဟန် ၅း ၁ - ၁၁း ၅၄)
သခင်ယေရှုရဲ့ ယေရုရှလင်နောက်ဆုံးခရီး (ယောဟန် ၇း ၁၊ ၁၁း ၅၄) အလင်းနှင့် အမှောင်ကိုခွဲခြားခြင်း
1. တဲတော်ပွဲမှာပြောသော သခင်ယေရှုရဲ့စကား (ယောဟန် ၇း ၁-၈- ၅၉)

d) လောကသားတို့ရဲ့ အလင်းဖြစ်တဲ့ သခင်ယေရှု (ယောဟန် ၈း ၁၂- ၂၉)


ယောဟန် ၈း ၁၂
၁၂ “တဖန်တုံ ယေရှုက ငါသည် ဤလောက၏အလင်းဖြစ်၏။ ငါ့နောက်သို့ လိုက်သောသူသည် မှောင်မိုက်၌ မသွားမလာ။ အသက်၏အလင်းကို ရလိမ့်မည်ဟု မိန့်တော်မူ၏။”

သခင်ယေရှုက အလင်းဘုရားဖြစ်တယ်။ သူ့အနား ချဉ်းကပ်လာသူတွေဟာ အပြစ်ကို မြင်လာတယ်။ အပြစ်စီရင်ခြင်း ခံရတယ်။ ဥာဏ်အလင်းရတယ်။ ပြန်ကောင်းလာခွင့် ရတယ်။ ဒါကြောင့် ခရစ်တော်၌ အလင်းတွေ ဖြစ်လာတယ်။ သခင်ယေရှုကလွဲရင် တခြားအရာတွေက လူ့စိတ်နှလုံးကို အလင်းမပေးနိုင်၊ မသက်သာစေနိုင်ဘူး။ အတွေးအခေါ် ပညာရှင်တွေနဲ့ ဘာသာတရားတွေက အယူအဆအမျိုးမျိုး အားနည်းစွာ ပြလိမ့်မယ်။ လူဆိုးတွေကို မျက်ကန်းဘဝမှာ ကျင်လည်စေမယ်။ အလင်းတ်ာကသာလျှင် စိတ်နှလုံးကို ကြည်လင်စေမယ်။ ဒီလို စိတ်ဝိညာဉ် ကြည်လင်စေဖို့ သခင်ယေရှုထံ ယုံကြည်ခြင်းနဲ့ ချဉ်းကပ်ရမယ်။ ဒါမှ မှောင်မိုက်ထဲက အလင်းကိုရမယ်။ ဘုရားရဲ့ အလင်းတော်ထဲ ဦးတည်လာတယ်။ ဘုရားသခင်ရဲ့အလင်းတော်ဟာ ဘုရားရဲ့ဘုန်းတော်ဖြစ်တယ်။

ယောဟန် ၈း ၁၃- ၁၆
၁၃ “ဖါရိရှဲတို့ကလည်း သင်သည် ကိုယ်အကြောင်းကို သက်သေခံ၏။ ၁၄ သင်၏သက်သေမတည်ဟု ဆိုကြ၏။ ယေရှုကလည်း ငါသည် ကိုယ်အကြောင်းကို သက်သေခံသ်ာလည်း ငါ့သက်သေတည်၏။ အကြောင်းမူကား ငါသည် အဘယ်အရပ်ကလာသည်ကို၎င်း အဘယ်အရပ်သို့ သွားသည်ကို၎င်း ငါသိ၏။ သင်တို့မူကား မသိကြ။ ၁၅ သင်တို့သည် ဇာတိပကတိအတိုင်း စီရင်တတ်ကြ၏။ ငါမူကား အဘယ်သူကိုမျှ မစီရင်။ ၁၆ ငါသည်စီရင်သော်လည်း ငါ၏စီရင်ခြင်းသည်တည်၏။ အကြောင်းမူကား ငါသည် တယောက်တည်း နေသည် မဟုတ် ငါ့ကိုစေလွှတ်တော်မူသော ခမည်းတော်သည် ငါ့ဘက်၌နေတော်မူ၏။”

သခင်ယေရှုရဲ့စကားကို ယုဒလူတွေကလက်မခံဘူး။ "I am" ငါသည် ဆိုတဲ့စကားက ကြွားဝါသလို ဖြစ်တယ်။ သူ့ကိုသူ လောကရဲ့အလင်းလို့ ခေါ်နေတာဖြစ်တယ်။ ဒီစကားဟာ မှားယွင်းပြီး၊ လိမ်ညာတယ်၊ လူတွေကို လှည့်ဖြားတယ်လို့ ပြောကြတယ်။ သခင်ယေရှုက ငါ့ရဲ့သက်သေဟာ စစ်မှန်တယ်။ ငါ့သဘောနဲ့ငါ မဆုံးဖြတ်ဘူး။ ငါနဲ့အတူ အမြဲရှိတဲ့ ဘုရားသခင်ရဲ့စကားအားဖြင့် ဆုံးဖြတ်တယ်။ ငါ့ခမည်းတော်ထံက ကြွလာပြီး ခမည်းတော်ထံ ပြန်သွားမယ်ဆိုတာ မင်းတို့မရိပ်မိဘူး။ ငါ့သဘာနဲ့ငါ ပြောတာမဟုတ်ဘူး။ ငါ့စကားဟာ ဘုရားသခင်ရဲ့ စကားဖြစ်တယ်။ ငါ့စကားဟာ မှန်ကန်တယ်။ တန်ခိုးကောင်းကြီးမင်္ဂလာနဲ့ ပြည့်တယ်လို့ ဆိုတယ်။

မင်းတို့စကားတွေကတော့ အပေါ်ယံပဲမြင်ရတော့ မမှန်ကန်ဘူး။ မင်းတို့ စီရင်ခြင်သလို စီရင်ပြီး၊ ယုံချင်တာ ယုံတယ်။ ဒါပေမယ့် မင်းတို့ မှားနေတယ်။ အကြောင်းအရာ အရင်းအမြစ်ကို မင်းတို့မသိဘူး။ အကျိုးဆက်ကိုလည်း မင်းတို့ မသိဘူး။ အဓိကကတော့ မင်းတို့ ငါ့ကိုမသိဘူး။ လူ့သဘောနဲ့ဆုံးဖြတ်တယ်။ ငါက ဘုရားသခင်နဲ့ အမြဲရှိတယ်။ ဒါကိုနားလည်းရင် မင်းတို့ဟာ ဒီလောကမှာ စစ်မှန်တဲ့အနှစ်သာရကိုသိလာမယ်။

ခရစ်တော်ဟာ ဒီလာကကိုစီရင်မယ့်သူ ဖြစ်တယ်။ လူ့ဇာတိခံယူလာတယ်။ ဒါပေမယ့် လူတွေကို ဖျက်ဆီးဖို့ အပြစ်ပေးဖို့မဟုတ်ဘဲ ကယ်တင်ဖို့ဖြစ်တယ်။ ဆိုးယုတ်တဲ့သူ အပြစ်ရှိသူ အပယ်ခံတွေကို မငြင်းပယ်ဘူး။ အားလုံးကို ကယ်မယ်။ ချစ်ခြင်းမေတ္တာနဲ့ အားလုံးကို ဆွဲခေါ်တယ်။ ဒါကြာင့် တခြားလူတွေကို မပစ်ပယ်ပါနဲ့။ သခင်ယေရှုရဲ့ ကယ်တင်ခြင်တဲ့ စိတ်စေတနာကို နားလည်အသက်ရှင်ရမယ်။

ယောဟန် ၈း ၁၇-၁၈
၁၇ “သက်သေခံနှစ်ဦးတို့၏စကားသည် တည်ရ၏ဟု သင်တို့၏ပညတ္တိကျမ်းစာ၌လာ၏။ ၁၈ ငါသည် ကိုယ်အကြောင်းကို သက်သေခံသောသူဖြစ်၏။ ငါ့ကိုစေလွှတ်တော်မူသော ခမည်းတော်သည်လည်း ငါ့အကြောင်းကို သက်သေခံတော်မူသည်ဟု မိန့်တော်မူ၏။”

သခင်ယေရှုဟာ ပညတ်တရားအောက်မှာ ဖွားမြင်လာရတယ်။ ဒါပေမယ့် ပညတ်တရားဆိုတာ လူတွေရဲ့ နည်းစနစ် မဟုတ်ဘူး။ ပညတ်တရားအရဆိုရင် လူတွေရဲ့အကြောင်းမှာ သက်သေခံ နှစ်ယောက်ရှိမှ ခိုင်လုံတယ်။ ဒါမှ တရားစီရင်လို့ရတယ်။ (တရားဟော ၁၇း ၆၊ ၁၉း ၁၅) ဒီအချက်ကို သခင်ယေရှုက မငြင်းဆန်ဘူး။ အခုကိစ္စမှာ သူဟာ ပထမသက်သေဖြစ်ပြီး၊ ခမည်းတော်ဘုရားက အတည်ပြုတဲ့ သက်သေဖြစ်တယ်။ သူတို့ နှစ်ယောက်ကြားမှာ ဟာမိုနီညီမျှမှုရှိတယ်။ ဒီညီမျှမှုမရှိဘဲ သားတော်က ဘာမှမလုပ်ဘူး။ ဒါ သန့်ရှင်းသော သုံးပါးတဆူဘုရားရဲ့ နက်နဲရာ ဖြစ်တယ်။ သခင်ယေရှုက ဘုရားသခင်အတွက် သက်သေခံသလို၊ ဘုရားသခင်ကလည်း သခင်ယေရှုအတွက် သက်သေခံတယ်။

ယောဟန် ၈း ၁၉-၂၀
၁၉ ထိုသူတို့ကလည်း သင်၏ခမည်းတော်သည်အဘယ်မှာရှိသနည်းဟု မေးကြ၏။ ယေရှုကလည်း သင်တို့သည် ငါ့ကိုမသိကြ။ ငါ့ခမည်းတော်ကိုလည်းမသိကြ။ ငါ့ကိုသိလျှင် ငါ့ခမည်းတော်ကိုလည်း သိကြလိမ့်မည်ဟု မိန့်တော်မူ၏။ ၂၀ ဗိမာန်တော်၌ ဆုံးမဩဝါဒပးတော်မူစဉ် ဤစကားတော်ကို ဘဏ္ဍာတိုက်မှာ မိန့်မြွက်တော်မူ၏။ ကိုယ်တော်၏အချိန် မစေ့မရောက်သေးသောကြောင့် အဘယ်သူမျှ ကိုယ်တော်ကို မဖမ်းဆီးကြ။”

ယုဒလူတွေက သခင်ယေရှုကို နားလည်လွဲနေတယ်။ နားလည်း နားမလည်ချင်ဘူး။ သူတို့က ကဲ့ရဲ့ပြစ်တင်ဖို့ ထောင်ချောက်ဆင်ချင် ကြတယ်။ ဒါကြောင့် ခမည်းတော်လို့ ဘယ်သူ့ကိုခေါ်နေတာတုန်း၊ ယောသပ်လည်း သေပြီလေ။ သူတို့စိတ်ထဲမှာ သခင်ယေရှု ခမည်းတော်လို့ ပြောလိုရင်းကို ရိပ်မိနေတယ်။ ဒါပေမယ့် ဘုရားသခင်ဟာ ခမည်းတော်ဖြစ်တယ်ဆိုတဲ့ တိုက်ရိုက်စကားကို ကြားချင်နေတယ်။ သခင်ယေရှုမဖြေဘူး။ ဘာကြောင့်လဲဆိုတော့ သခင်ယေရှုကို နားမလည်ရင် ဘုရားသခင်ကို မသိနိုင်ဘူး။ သားတော်ဟာ ခမည်းတော်၌ တည်တယ်။ ခမည်းတော်လည်း သားတော်၌တည်တယ်။ သားတော်ကို ငြင်းပယ်တဲ့သူဟာ ခမည်းတော်ကို မှန်ကန်စွာ မသိနိုင်ဘူး။ သားတော်ကို ယုံကြည်သူကတော့ သားတော်ကို ချစ်တယ်။ ခမည်းတော်ကို နားလည်တယ်။

ဒီစကားတွေကို ဗိမာန်တော်ရဲ့ ထောင့်တနေရာမှာ ပြောကြတာဖြစ်တယ်။ ဗိမာန်တော် အနီးအနားမှာ အစောင့်စစ်သားတွေရှိတာ သေချာတယ်။ ဒီစစ်သားတွေရှိပေမယ့်လည်း ဘယ်သူမှ သခင်ယေရှုကို မဖမ်းရဲဘူး။ ဘုရားသခင်ရဲ့လက်တော်နဲ့ ကွယ်ကာထားတယ်။ ဘုရားသခင် စီရင်ထားတဲ့အတိုင်း သစ္စာဖေါက်တဲ့သူရဲ့ အချိန် မရောက်သေးဘူး။ ဒါကြောင့် လူရဲ့အချိန်ကာလ၊ အနိမ့်အမြင့်ကို ဘုရားကသာ သတ်မှတ်တယ်။

ဆုတောင်း သခင်ခရစ်တော်ဘုရား ကိုယ်တော်ကိုချစ်လျက် ဘုန်းထင်ရှားစေပါမည်။ အပြစ်တင်ထိုက်ပေမယ့် အပြစ်မတင်ပဲ ကယ်တင်တော်မူခဲ့ပါ၏။ ကိုယ်တော်သည် လောက၏အလင်း ကိုယ်တော်ထံလာသောသူများအား ဥာဏ်အလင်းပေးသောသူ ဖြစ်ပါ၏။ ကိုယ်တော်ချစ်ချင်းမေတ္တာရောင်ခြည်ကြောင့် စိတ်နှလုံးမာကြောခြင်းများကို နူးညံ့သွားစေမူပါ။

မေးခွန်း ၅၉

  1. ဒီလောကရဲ့အလင်းအဖြစ် ခရစ်တော်ကိုယ်တိုင် သက်သေခံခြင်းဟာ ကောင်းကင်ဘုံရှင် ခမည်းတော် ဘုရားသခင်ကို သိကျွမ်းခြင်းနဲ့ ဘယ်လို ပတ်သက်နေသလဲ။

www.Waters-of-Life.net

Page last modified on January 29, 2022, at 04:48 AM | powered by PmWiki (pmwiki-2.3.3)