Waters of Life

Biblical Studies in Multiple Languages

Search in "Burmese":
Home -- Burmese -- Tracts -- Tract 05 (Prepare The Way of the LORD!)
This page in: -- Armenian -- Baoule -- BURMESE -- Chinese -- Dagbani? -- Dioula -- English -- French -- German? -- Greek -- Hausa -- Hebrew -- Hindi -- Igbo -- Indonesian -- Japanese -- Korean -- Lingala -- Maranao -- Nepali? -- Peul? -- Somali -- Spanish -- Sundanese -- Telugu -- Thai -- Turkish -- Twi -- Uzbek -- Yoruba

Previous TractNext Tract

ဝေစာ - ဖြန့်ဝေဖို့ရန် နုတ်ကပတ်တော်များ

ဝေစာအမှတ်စဉ် 5 -- ထာဝရဘုရားသခင်၏ လမ်းစဉ်ကိုပြင်ဆင်ထားလော့! (ဟေရှာယ ၄၀း၃)


အများသောလူထုသည် သူတို့အဘို့သေမင်းသည် စောင့်နေကြောင်းကို သတိမထားဘဲ ဘဝအသက်တာမှာ အလွယ်အကူခြင်းကို ခံစားခြင်းနှင့် ၎င်းတို့၏ နေ့စဉ်အသက်ရှင်ခြင်းအတွက် ရည်ရွယ်ခြင်းမရှိဘဲ အသက်ရှင်နေကြ၏။ အနည်းငယ်သော လူတွေကသာ ဘုရားသခင်ကို ရှာဖွေ ကြောက်ရွံ့ ကြပြီး ဘုရားသခင်ရဲ့ လမ်းညွန်မှုနှင့် သစ္စာတော်ကို ခံယူကြပါတယ်။ စကြဝဠာ ဖန်ဆင်းရှင်သည် သူဖန်ဆင်း သော သတ္တဝါများကို မေ့လျော့မထားဘူး။ သူသည် ထိုသူတို့ကို ချစ်တယ်၊ စကားပြောတယ် ၎င်းတို့၏ နှလုံး သားများကိုလည်း ရှာတတ်၏။ ဘုရားသခင်က သူတို့ နောင်တရ၍ သူ့ကို ရှာဖွေဦးညွန့်မလာလျှင် သူ့တန်ဆာထဲက သသူ့အခွင့်အာဏာကို ပေးစေခြင်းဌာ အလိုရှိပါတယ်။


ထိုထာဝရဘုရားသည် ကျွန်တော်/ မ တို့အဘို့ ကြွလာသောသူဖြစ်ပါတယ်။

အာဒံနဲ့ ဧဝတို့ဘုရားသခင်၏စကားတော်ကို နားမထောင်တဲ့အခါ သူတို့က ကျူးလွန်ခဲ့သော အဖြစ်ကို သဘောပေါက်ပြီးလျှင် ရှက်ကြောက်ခြင်းနဲ့ ဖုံးကွယ်ကြတယ်။ သို့သော်လည်း သခင်ဘုရားသည် သူတို့ကို အပြစ်မတင်။ ဒါပေမယ့် “အာဒံ သင်သည် အဘယ်မှာ ရျိသနည်း” ဟု သူတို့ကို ရှာဖွေပါတယ်။ (ကမ္ဘာ ၃း၉)။ ဖန်ဆင်းရှင် သခင်ဘုရားသည် လူတိုင်းအတွက်မေးသောအနက်သည် “သင်သည် အဘယ်မှာရှိသနည်း” သင်သည် သင်၏အသက်တာ၌ အဘယ်မှာ ရောက်ရှိခဲ့ပြီလော”ဟု မေးနေပါတယ်။ ထာဝရဘုရားသည် အကျင့်ပျက်သော လူ့အဖွဲ့အစည်းထဲက အာဗြဟံကို ခေါ်ကာ သူ့ကို စင်ကြယ်သော ထာဝရကို ဖန်ဆင်းပေးတော်မူ၏။ ချစ်လှစွာသော စာဖတ်သူလည်းပဲ ဖြောင့်မတ်ခြင်း လမ်းကို ရှာဖွေနေပါသလား?

ယာကုပ်သည် လိမ္မာပါးနပ်သောသူ ဖြစ်ခဲ့သည်။ သူက အိမ်ကနေ အဝေးပြည်ကို ပြေးထွက်ကာ အဲ့ဒီပြည်မှာ လက်ထပ်ခဲ့သောသူ ဖြစ်ပါတယ်။ ရှည်လျားသော နှစ်ပေါင်းများစွာနေခဲ့ပြီးနောက် သူသည် သူ၏ဇာတိမြေသို့ရောက်ရှိလာသောသူပါ။ ဒါပေမယ့် ထာဝရဘုရား၏ ကောင်းကင်တမန်သည် မိမိအတိတ် လွန်ကျူးခြင်းအပြစ်ပေးဖို့ကို သူ၏လမ်းထဲမှာ ရပ်နေ၏။ သို့သော်လည်း ယာကုပ်သည် ထာဝရဘုရား၏ ကြီးစွာသော ကရုဏာတော်အတွက် ယုံကြည်သည်။ သူသည် ကောင်းကင်တမန်နှင့် လုံးထွေးကာ ပြောလိုက်သည်မှာ “ကိုယ်တော်သည် အကျွန်ုပ်ကို ကောင်းကြီးမပေးလျှင် မသွားရဟုဆို၏။” ဘုရားသခင် သည် သင့်ကိုကယ်တင်သည်အထိ သင်သည် ဘုရားသခင်ကို တောင်းလျှောက်ပါသလား မိတ်ဆွေ?

အမျက်ထွက်သူသည် ဟေဗြဲကျွန် ရိုက်နှက်ခံခဲ့ရသူတစ်ဦး ကင်းစောင့်ကို သတ်ခဲ့ခြင်းကြောင့် မောရှေသည် တောအရပ်အဲဂုတ္တုပြည်ကနေ တောဘက်ကို ထွက်ပြေးလေ၏။ အနှစ်လေးဆယ်ပတ်လုံး ပြီးနောက် သခင်ဘုရားသည် မောရှေအား မီးရှို့ချုံထဲမှ သူ့အားထင်ရှားလျက် “ငါသည် ငါဖြစ်တဲ့အတိုင်း ဖြစ်၏။ ပြောင်းလဲခြင်းမရှိ။ အစဉ်အမြဲသစ္စာနှင့် ပြည့်စုံရလိမ့်မည်။ ထာဝရဘုရားသည် သင့်အသက်တာကို တော၌ တွေ့ရှိဖူးပါသလား? သစ္စာတော်နဲ့ပြည့်သော ဘုရားသခင်၏ ခေါ်သံကို မကြာခဏသင်၏ နှလုံးသား ထဲမှာ ခံစားဖူးပါသလား?

တိုင်းပြည်အတွက် ထာဝရဘုရားသည် ရှမွေလကို ခေါင်းဆောင်အဖြစ်ခန့်အပ်ထားသောအချိန်မှာ ရှမွေလသည် လူငယ်တစ်ဦးသာ ဖြစ်သေးသည်။ ဘုရားသခင်သည် လူကြီးများကိုသာ ရွေးချယ်ခြင်းမရှိပါ။ ဒါပေမယ့် လူငယ်တိုင်းကိုလည်းမရွေးပါဘူး။ ကျွန်တော်တို့သည် ကလေးများကို ငယ်ရွယ်တဲ့အချိန်မှ တရား စကားသင်ပေးကာ ကိုယ်တော်မှ သူတို့ကို ပဲ့ပြင်သင့်ပါတယ်။ ထာဝရဘုရားသည် ယနေ့လူငယ်များ အစေခံဖို့ အသုံးပြုချင်ကာ အလိုတော်ရှိ၏။

ဒါဝိဒ်သည် အမျိုးသမီး၏ခင်ပွန်းကို သတ်ဖို့အမိန့်ပေးကာ သူသည် ဒုစရိုက်ကိုပြုခဲ့တယ်။ ဒါပေမယ့် ထာဝရဘုရားမူကား သူ့ကိုမလွတ်ခဲ့ပါဘူး။ ဘုရားသခင်သည် သူ့အား ရာဇဝတ်မှု ထုတ်ဖော်ဖို့နဲ့ ဒါဝိဒ်အပေါ် ဘုရားသခင်၏ အမျက်တော်ကို ကြားပြောစေဖို့ ပရောဖက်အား စေလွတ်ခဲ့တယ်။ ဒါဝိဒ်သည် စိတ်ရင်းမှန် နောင်တနဲ့ သခင်ဘုရားအား အပြစ်မှလွဲစေခြင်းငှါ တောင်းလျှောက်တော်မူ၏။ ဒါဝိဒ်သည် ထာဝရဘုရား၌ ကျေးဇူးတော်နှင့် ခွင့်လွတ်ခြင်းကို တွေ့ရှိခဲ့ပါတယ်။ ဆာလံ ၅၁ ကိုဖတ်ကာ အဲ့ဒီကျမ်းကို အလွတ်ရလျက် ဒါဝိဒ်ပြုသကဲ့သို့ သင်တို့ကို နှစ်သိမ့်ခြင်းနှင့် ခွင့်လွတ်တော်မူခြင်းကို တွေ့ရှိလိမ့်မည်ဟု ယုံကြည်ကာ ဆုတောင်းရမှာဖြစ်ပါတယ်။

ဟေရှာယက ယဇ်ပရောဟိတ်သည် သန့်ရှင်းသောထာဝရဘုရား၏ ဘုန်းတော်ကို မြင်တွေ့သောအခါ ငိုကြွေးလျက် “ငါကလည်း၊ ငါ၌ အမင်္ဂလာရှိ၏။ ငါအကျိုးနည်းပြီ။ အကြောင်းမူကား၊ ငါသည် ညစ်ညူးသော နှုတ်ခမ်းရှိလျက်၊ ညစ်ညူးသောနှုတ်ခမ်းရှိသော လူမျိုးတွင် နေလျက်နှင့်၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရားတည်းဟူသော ရှင်ဘုရင်ကို၊ ကိုယ်မျက်စိနှင့် မြင်လေပြီတကားဟု ဆို၏” (ဟေရှာ ၆း၅)။ ထာဝရဘုရား၏ အလင်းသည် သူ့အားမိမိ၏ အခြေအနေပတ်လည်ရှိ လူတွေ၏ အခြေအနေကို ထုတ် ဖော်ပြသောအခါ ငိုကြွေးလေ၏။ ဘုရားသခင်၏ ဘုန်းအသရေကို မြင်တွေ့ဖို့ ဘယ်လောက် အချိန် ကြာမြင့်စွာ ယူပါသလဲ? ကျွန်တော်တို့အပြစ်သည် သန့်ရှင်းသောဘုရား ဖန်ဆင်းရှင်နဲ့ နီးစပ်လာဖို့ တားဆီးသောကြောင့် ထိုအပြစ်များ ဖယ်ရှားသင့်ကြောင်းကို သိပါသလား? “သင်တို့သည် ရန်ငြိမ်း၍ ဘုရားသခင်နှင့် မိဿဟာယဖွဲ့ကြလော့ဟု ဘုရားသခင်သည် ငါတို့အားဖြင့် နှိုးဆော်တော်မူ၏” (၂ကော ၅း၂၀)


ထာဝရဘုရားသခင်၏ လမ်းကို ပြင်ဆင်ထားခြင်း။

ဘုရားသခင်၏ စိတ်တော်ကို ကျေနပ်ရန် ဆန္ဒရှိသောသူသည် သူ့ပညတ်တော်တို့ကို စောင့်ရှောက် ထားသင့်ပါတယ်။ တစုံတယောက်သည် သတိမေ့၍ အပြစ်များကိုလုပ်မိကာ ပညတ်တော်အတိုင်း အသက် မရှင်ပါက ဘုရားသခင်၏ လွတ်ငြိမ်းချမ်းသာခွင့်ကို တောင်းရမှာဖြစ်သည်။ “ငါတို့သည် ဘုရားသခင်နှင့် မိဿ ဟာယဖွဲ့ပြီဟုဆိုလျက်ပင်၊ မှောင်မိုက်၌ ကျင်လည်လျှင်၊ သစ္စာတရားကိုမကျင့်၊ မုသာကို သုံးသောသူ ဖြစ်ကြ ၏။” (၁ယော ၁း၆) လိမ်ညာသောသူသည် ထာဝရဘုရားထံတော်သို့သွားကာ လိမ်ညာကြောင်းကို ဝန်ခံရမှာ ဖြစ်ပါတယ်။ မိမိအိမ်၌ သူမပိုင်တဲ့ ပစ္စည်းတခုခုတွေ့ရှိပါက ထိုပစ္စည်းကို ပိုင်ရှင်ပြန်အပ်ပေးပါစေ။ အခြားသူတစ်ဦးနှင့်အတူ မစင်ကြယ်သောအလုပ်၊ ဒုစရိုက်ကိုပြုမိလျှင် အပြစ်ကို ဝန်ချတောင်းပန်ကာ နောင်တရလျက် ထိုဒုစရိုက်ကို ပြန်မလုပ်မိပါစေနဲ့။ အခြားသူများကို အနိုင်ယူလို ညှင်းဆဲလိုသောသူသည် သူတို့ကို လွတ်ငြိမ်းချမ်းသာခြင်းကို ပေးပါစေ။

ဗတ္တိဇံဆရာယောဟန်သည် ပရောဖက်ဟေရှာယ၏ ပရောဖက်ပြုခြင်းကို ထပ်ခါတလဲလဲ ဖော်ပြပါ တယ်။ “ပရောဖက်ဟေရှာယ၏ ကျမ်းစာ၌လာသည်ကား၊ တော၌ဟစ်ကြော်သောသူ၏အသံမှာ၊ ထာဝရဘုရား ကြွတော်မူရာလမ်းကို ပြင်ကြလော့။ လမ်းခရီးတော်ကို ဖြောင့်စေကြလော့။ ချိုင့်ဝှမ်းရာ ရှိသမျှတို့ကို ဖို့ရမည်။ တောင်ကြီးတောင်ငယ်ရှိသမျှတို့ကို ဖြိုရမည်။ ကောက်သောလမ်းများကို ဖြောင့်စေ ရမည်။ ကြမ်းတမ်းသော လမ်းများကိုလည်း သုတ်သင်ပြင်ဆင်ရမည်။ လူအပေါင်းတို့သည် ဘုရားသခင်၏ ကယ်တင်တော်မူခြင်း အကြောင်းကို မြင်ရကြလတံ့ဟု လာသည်နှင့်အညီ၊ ယောဟန်သည် ယော်ဒန်မြစ်နား ၌ အနှံ့အပြားလှည့်လည်၍ အပြစ်လွှတ်ခြင်းအဘို့အလိုငှါ နောင်တနှင့် စပ်ဆိုင်သော ဗတ္တိဇံတရားကို ဟောလေ၏။” (လုကာခရစ်ဝင် ၃:၃-၆)။ ဗတ္တိဇံဆရာယောဟန်သည် အဘယ်သူမျှမဖြောင့်မတ်ကြောင်းကို ဟောပြောတော်မူ၏။ ငါတို့ရှိသမျှသည် အပြစ်ရှိကြောင်းဖြစ်ကြပြီး နှိမ့်ချခြင်းဖြစ်လာဖို့ စင်ကြယ်စေခြင်းနှင့် အသွင်ပြောင်းရမည်ဖြစ်သည်။ စိတ်ကျ ရောဂါအောက်မှာ ရင်ဆိုင်နေသောသူ၊ ညည်းတွားသောသူသည် အားပေးအားမြှောက်ခြင်းနှင့် ပြန်လည် ထူထောင်သင့်သည်။

အောက်ပါကျမ်းပိုဒ်တို့သည် ထာဝရဘုရား၏ ပညတ်တော်တို့ကို အကျဉ်းချုပ်ဖော်ပြထားသည်။ သင်၏ ဘုရားသခင်ထာဝရဘုရားကိုစိတ်နှလုံးအကြွင်းမဲ့၊ အစွမ်းသတ္တိရှိသမျှနှင့် ချစ်လော့” (တရား ၆း၅)။ “ကိုယ်နှင့် စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့” (ဝတ်ပြု ၁၉း၁၈)။ ဘုရားသခင်ကို ချစ်လိုလျှင် ပညတ်တော်တို့ကို စောင့်ရှောက်လော့။ ထာဝရဘုရားသည် သင်နှင့်ဆုံတွေ့ဖို့ သူ၏လမ်း ပြင်ဆင်ထားရန် သင်မည်သို့သိနိုင်ဖို့ ထာဝရဘုရားအား မေးကြည့်ပါ။


ထာဝရဘုရားသည် သင်၏ လမ်းစဉ်ကို ပြင်ဆင်ထားခြင်း။

မာရိ၏သားတော် သဘာဝလွန်လမ်းစဉ်ဖြင့် မွေးဖွားခြင်းသည် ဘုရားသခင်၏ ဝိညာဉ်တော် အထံတော်၌ လူဖြစ်လာခဲ့ခြင်းဖြစ်ပါသည်။ လောကသားများ အပြစ်ဒုစရိုက်နဲ့ ရှိနေစဉ် ခရစ်တော်သည် လူ့ဇာတိကို ခံယူကာ မွေးဖွားခဲ့သည်။ ခရစ်တော်ယေရှုသည် နေမကောင်းသောသူများ၊ နတ်ဆိုးစွဲသော သူများ အနာ ရောဂါငြိမ်းစေလျက်၊ နတ်ဆိုးများကို နှင်ထုတ်ခြင်းအားဖြင့် မေတ္တာပြလုပ်ဆောင်ခဲ့ပါသည်။ သို့သော်လည်း လူများစုသည် သူ၏ ချစ်ခြင်းမေတ္တာကို လက်မခံနိုင်ကြပေ။

သနားတတ်သော သခင်ဘုရားသည် သူ့ထဲသို့လာမယ့် သူတွေအတွက် လမ်းကိုပြင်ဆင်ထားကာ ထိုသူတွေအတွက် နှလုံးဖွင့်ထားပါတယ်။ သားတော်ယေရှုသည် အပြစ်ရှိသမျှအားလုံးကို ဆေးကြော သန့်စင် ပေးတယ်၊ ကျွန်တော်တို့ကို ဖြောင့်မတ်ခြင်းကို အခမဲ့ပေးနေတာဖြစ်ပါတယ်။ ယေရှုက ကျွန်တော်တို့ အတွက် ကောင်းကင်တံခါးကို ဖွင့်ပေးသောအရှင်သခင်ကို ကျေးဇူးတင်ခြင်းနှင့် ချစ်သင့်တာဖြစ်တယ်။

ကျွန်တော်တို့ရဲ့ကမ္ဘာကြီးကို ခရစ်တော်ကြွလာခြင်းသည် လူသားတို့၏သမိုင်း လျှို့ဝှက်ချက် ဝင်ရိုးဖြစ်သည်။ လူသားအားလုံးသည် ဘုရားသခင်ထံတော်သို့ နောင်တနဲ့ပြန်လာဖို့ရန် ခရစ်တော်သည် ကမ္ဘာကြီးသို့ ရောက်လာတာဖြစ်သည်။ နောင်တစိတ်နှင့် ပြန်လာသောသူတိုင်းကို ခွင့်လွှတ်ခြင်းကို ရရှိတယ်။ “ငါအမှန်အကန်ဆိုသည်ကား၊ ငါသွားလျှင် သင်တို့အကျိုးရှိလိမ့်မည်။ အကြောင်းမူကား၊ ငါမသွားလျှင် ဥပဇ္ဈာယ် ဆရာသည် သင်တို့ဆီသို့မလာ။ ငါသွားလျှင် ထိုသူကို သင်တို့ဆီသို့ ငါစေလွှတ်မည်” (ယောဟန် ၁၆:၇)။ ဘုရားသခင်သည် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ခရစ်တော်၏ နောက်လိုက်အထဲ၌ ကျိန်းဝပ်တော်မူ၏။

ခရစ်တော်အတွက် ကျွန်ုပ်ရဲ့နှလုံးသားကို ဖွင့်ထားပါသလား? သူသည် ငြိမ်းချမ်းသောစိတ်၊ ဝမ်းမြောက်သောစိတ်၊ စိတ်ရှည်ခြင်းနှင့် နူးညံ့သိမ်မွေ့သော စိတ်သဘောကို ပေးထားချင်သော အရှင်ဘုရား ဖြစ်ပါတယ် (မဿဲ ၁၁း၂၉, ဂလာတိ ၅း၂၂-၂၃)။ ခရစ်တော်ဘုရားသည် သင်၏နှလုံးတံခါးနားမှာ ရပ်လျက် ခေါက်နေပါတယ်။ ရှေ့တော်၌ သင့်စိတ်နှလုံးကို ခိုင်မာထားခြင်းမရှိဘဲနဲ့ ထာဝရဘုရား၏ လမ်းတော်ကို ပြင်ဆင်ထားပါ၏။ “သင်ထလော့။ လင်းလော့။ သင်၏အလင်း ရောက်လာ ပြီ။ ထာဝရဘုရား၏ဘုန်းတော်သည် သင်၏ အပေါ်မှာ ပေါ်ထွန်းလျက်ရှိ၏။ ကြည့်ရှုလော့။ မှောင်မိုက်သည် မြေကြီးကို ဖုံးလွှမ်းလိမ့်မည်။ ထူထပ်သော မှောင်မိုက်သည် လူများကို ဖုံးလွှမ်းလိမ့်မည်။ သို့သော်လည်း၊ သင်၏အပေါ်မှာ ထာဝရဘုရားသည် ပေါ်ထွန်း တော်မူ၍၊ ဘုန်းတော်သည် သင်၏အပေါ်မှာ ထင်ရှားလျက် ရှိလိမ့်မည်” (ဟေရှာ ၆၀း၁-၂)


နှုတ်ကပတ်တော်ကျမ်းချက်တွေကို ပို၍သိရှိလိုပါသလား ချစ်သော မိတ်ဆွေ?

ကျွန်တော်တို့သည် မိတ်ဆွေလိုအပ်တဲ့ အခမဲ့စာပေများကို တောင်းဆိုတဲ့အတိုင်း ဆောင်ရွက်ပေး သွားမှာ ဖြစ်ပါတယ်။ ဒီသတင်းကောင်းကို မိတ်ဆွေရဲ့ အိမ်နီးနားချင်းကိုလည်း ဖြန့်ဝေပေးပါ။ ဒီစာစောင်ကို ဖတ်ခြင်းအားဖြင့် မိတ်ဆွေတကယ်ပဲ ခွန်အားရရှိကာယေရှုနဲ့ ထိတွေ့သွားရင် အိမ်နီးနားချင်းကိုလည်း မျှဝေ ပေးပါ။ လိုအပ်သလောက် စာစောင်ကိုအခမဲ့နဲ့ ကျွန်တော်တို့ထံမှ ရရှိမှာ ဖြစ်ပါတယ်။

မိတ်ဆွေရဲ့ သက်သေခံချက်စာစောင်ကို ကျွန်တော်တို့ စောင့်မျှော်နေပါတယ်။ စာရေးတဲ့အချိန် စာပြန်ပေးဖို့ ရန် လိပ်စာအပြည့်အစုံ ရေးပေးထားပါ။ ဘုရားသခင်ကောင်းကြီးပေးပါစေ။

WATERS OF LIFE
P.O. BOX 60 05 13
70305 STUTTGART
GERMANY

Internet: www.waters-of-life.net
Internet: www.waters-of-life.org
e-mail: info@waters-of-life.net

www.Waters-of-Life.net

Page last modified on September 18, 2018, at 10:28 AM | powered by PmWiki (pmwiki-2.3.3)