Waters of Life

Biblical Studies in Multiple Languages

Search in "Burmese":
Home -- Burmese -- John - 038 (Four witnesses to Christ's deity)
This page in: -- Albanian -- Arabic -- Armenian -- Bengali -- BURMESE -- Cebuano -- Chinese -- Dioula -- English -- Farsi? -- French -- Georgian -- Greek -- Hausa -- Hindi -- Igbo -- Indonesian -- Javanese -- Kiswahili -- Kyrgyz -- Malayalam -- Peul -- Portuguese -- Russian -- Serbian -- Somali -- Spanish -- Tamil -- Telugu -- Thai -- Turkish -- Twi -- Urdu -- Uyghur? -- Uzbek -- Vietnamese -- Yiddish -- Yoruba

Previous Lesson -- Next Lesson

ယောဟန် - အမှောင်မှာ ထွန်းလင်းတဲ့ အလင်းတော်
ရှင်ယောဟန်ခရစ်ဝင်ကျမ်းကို လေ့လာခြင်း
အမှောင်ထဲမှာ လင်းတဲ့ အလင်း(ယောဟန် ၅း ၁ - ၁၁း ၅၄)
A - ယေရုရှလင်မြို့သို့ ဒုတိယခရီး (ယော ၅း ၁- ၄၇) အဓိကအချက်။ -- သခင်ယေရှုနှင့်  ဂျူးလူမျိုးများကြားမှာ မပြေလည်မှု ပေါ်ပေါက်လာခြင်း

4. ခရစ်တော်သည် ဘုရားဖြစ်ကြောင်း သက်သေခံ ၄ ပါး။ (ယော ၅း ၃၁ - ၄၀)


ယော ၅း ၃၁ - ၄၀
၃၁ ငါသည် ကိုယ်အကြောင်းကို သက်သေခံလျှင် ငါ့သက်သေမတည်။- ၃၂ ငါ၏အကြောင်းကို သက်သေခံသောသူ တစ်ပါးရှိသေး၏။ ထိုသူ၏သက်သေတည်ကြောင်းကို ငါသိ၏။- ၃၃ သင်တို့သည် ယောဟန်ထံသို့စေလွှတ်ကြ၏။ သူသည် သမ္မာတရားဘက်၌ သက်သေခံ၏။- ၃၄ သို့သော်လည်း လူပေးသောသက်သေကို ငါသည်ပမာဏမပြု။ သင်တို့သည် ကယ်တင်ခြင်းသို့ ရောက်မည်အကြောင်း ဤစကားကို ငါပြော၏။- ၃၅ ယောဟန်သည် ညှိထွန်း၍လင်းသော ဆီမီးဖြစ်၏။ သင်တို့သည် သူ၏အလင်း၌ ခဏသာမွေ့လျော်ခြင်းငှာ အလိုရှိကြ၏။- ၃၆ ယောဟန်၏သက်သေထက် သာ၍ကြီးသောသက်သေသည် ငါ၌ရှိ၏။ အကြင်အမှုတို့ကို ငါပြီးစီးစေခြင်းငှာ ခမည်းတော်သည် ငါ့လက်သို့ အပ်ပေးတော်မူ၍၊ ငါပြုသော ထိုအမှုတို့သည်လည်း ငါ့ဘက်၌နေ၍၊ ခမည်းတော်သည် ငါ့ကို စေလွှတ်တော်မူသည်အကြောင်းကို သက်သေခံကြ၏။- ၃၇ ခမည်းတော်သည်လည်း ငါ့ဘက်၌ သက်သေခံတော်မူ၏။ ခမည်းတော်၏စကားသံတော်ကို သင်တို့သည် မကြား၊ သဏ္ဌာန်တော်ကို မမြင်၊- ၃၈ နှုတ်ကပတ်တော်သည်လည်း သင်တို့၌မတည်။ အကြောင်းမူကား၊ စေလွှတ်တော်မူသောသူကို သင်တို့သည် မယုံကြည်ဘဲနေကြ၏။ ၃၉ ကျမ်းစာအားဖြင့် ထာဝရအသက်ကိုရမည်ဟု စိတ်ထင်နှင့် သင်တို့သည် ကျမ်းစာကိုစေ့စေ့ကြည့်ရှုကြ၏။ ထိုကျမ်းစာပင် ငါ၏သက်သေဖြစ်၏။- ၄၀ သင်တို့သည် အသက်ကိုရအောင် ငါ့ထံသို့ လာခြင်းငှာ အလိုမရှိကြ၊-

မေရှိယရဲ့အလုပ်တွေကို သူ့မှာ လုပ်ပိုင်ခွင့်ရှိတယ်လို့ သခင်ယေရှုက ရန်သူတွေကို ပြောတယ်။ ရန်သူတွေကလည်း သူတို့အဖွဲ့အစည်းနဲ့ သူတို့စည်းမျဉ်းတွေကို နှောက်ယှက်တဲ့ တောသားကို မုန်းကြတယ်။ သက်သေပြပါလို့ ဆိုတယ်။ သခင်ယေရှုက သက်သေပြတယ်။ လူက ကိုယ်လက်ရှိအတိုင်းအတာထက် ပိုကောင်းတယ်လို့ ကိုယ့်ကိုကိုယ် ထင်တယ်။ သခင်ယေရှုက သူ့အကြောင်း ပြောရာမှာ အလိမ်အညာ မပါဘူး။ လူက ပညတ်တရားအရ ကိုယ့်ကိုကိုယ် သက်သေခံလို့မရပေမယ့် သခင်ယေရှုကတော့ သက်သေခံလည်း အမှန်ဖြစ်နေမှာပါပဲ။ “ငါ့ကိုငါ သက်သေခံရင် ငါ့သက်သေမတည်။” လို့ သခင်ယေရှုက ပြောတယ်။ သူ့ကိုယ်သူ အကာကွယ်ဘူး။ တခြားသက်သေ တယောက်ရှိတယ်။ ခမည်းတော်ဘုရားက လက္ခဏာ ၄ ခု၊ သက်သေ ၄ ခုနဲ့ သက်သေပေးတယ်။

ခရစ်တော်အကြောင်းဟောပြောဖို့ နှစ်ခြင်းဆရာကို စေလွှတ်တယ်။ သူက ရှေ့ပြေးဖြစ်ပြီး ခရစ်တော်ဟာ ယဇ်ပရောဟိတ်နဲ့ တရားသူကြီး ဖြစ်ကြောင်း ဟောပြောတယ်။ ဒါပေမယ့် လွှတ်တော်က ယောဟန်ကို လက်မခံဘူး။ သူ့သက်သေကို ငြင်းတယ်။ (ယော ၁း ၁၉ - ၂၈) သခင်ယေရှုက ထာဝရကာလ ကတည်းက ရှိတော့ ယောဟန်ရဲ့သက်သေက အဓိကတော့ မကျဘူး။ လူတွေ နားမလည်လို့သာ သခင်ယေရှုက ယောဟန်ရဲ့သက်သေကို ပြောရခြင်းဖြစ်တယ်။ သခင်ယေရှုဟာ ဤလောကရဲ့အပြစ်ကိုဆောင်သွားတဲ့ ဘုရားသခင်ရဲ့ သိုးသူငယ်လို့ ပြောရာမှာ နှစ်ခြင်းဆရာက သေသေချာချာ ရှင်းမပြနိုင်ခဲ့ဘူး။ နှစ်ခြင်းဆရာဟာ ညမှာလင်းတဲ့ မီးအိမ်သာဖြစ်ပြီး လူတွေကို စုစည်းပြီး အလင်းလင်းဖို့ ကြိုးစားခဲ့သူ ဖြစ်တယ်။ ဒါပေမယ့် နေမင်းဖြစ်တဲ့ သခင်ယေရှု ရောက်လာချိန်မှာ မီးအိမ်ဆိုတာ မလိုတော့ပါ။ သခင်ယေရှု တပါးတည်းသာ အဆုံးမရှိ ထွန်းလင်းမယ့် အလင်းရှင်ဖြစ်တယ်။ နေရောင်ခြည်က ကမ္ဘာမြေမှာ အသက်နဲ့ ကြီးထွားခြင်းကို ယူဆောင်ပေးသလို၊ သခင်ယေရှုက ဝိညာဉ်အသက်နဲ့ ချစ်ခြင်းမေတ္တာကို ပေးလာတယ်။ အနာငြိမ်းခြင်း၊ နတ်ဆိုးနှင်ထုတ်ခြင်းတွေဟာ အမှောင်ကို အောင်နိုင်ကြောင်း ပြတယ်။ မုန်းတိုင်းကို ငြိမ်စေခြင်း၊ လူသေကို ရှင်စေခြင်းက ဘုရားဖြစ်ကြောင်းပြတယ်။ လုပ်ဆောင်သမျှက ခမည်းတော်နဲ့ ကိုက်ညီတယ်။

ကားတိုင်မှာ အမှုပြီးနောက် ရှင်ပြန်ထမြောက်ကာ ယုံကြည်သူအပေါ် ဝိညာဉ်တော် သွန်းလောင်းတယ်။ ခရစ်တော် ဒုတိယအကြိမ် ကြွလာပြီး လူသေတွေကို ရှင်စေပြီး၊ လောကကြီးကို တရားစီရင်တဲ့ခါ ဘုရားသခင်ရဲ့ အမှုတော် ပြီးမယ်။ ဒီကိစ္စမှာ ခမည်းတော်နဲ့ သားတော် သဘောထား ကွာခြားမှု မရှိ။ လုပ်ဆောင်မှု တူညီတယ်။ ဘုရားသခင်က “ဤသူကား ငါနှစ်သက်မြတ်နိုးရာ ငါ၏ ချစ်သားပေတည်း။” လို့ အသံနဲ့ အတည်ပြုတယ်။ (မသဲ ၃း ၁၇) ဒီလိုသက်သေခံချက်မျိုး သခင်ယေရှုကလွဲလို့ တခြားသူ မရဘူး။ သားတော်မှာ ချစ်ခြင်းနဲ့ စင်ကြယ်ခြင်း အပြည့်ရှိတယ်။ ဂျူးတွေက ဘုရားသခင်ကို မသိဘူး။ ပညတ်တော်တွေ၊ ပရောဖက်တွေအားဖြင့် ဘုရားအသံကို မကြားဘူး။ ဗျယဒိတ်၊ အိပ်မက်မှာလည်း မမြင်ဖူးဘူး။ အပြစ်က ဖုန်းကွယ်နေတော့ မြင်တဲ့အိပ်မက်ကလည်း အတုအယောင်တွေ ဖြစ်တယ်။ ဟေရှာယက ဗိမာန်တော်ထဲမှာ ဘုရားဝတ်ရုံတော် ပတ်ရစ်တာကို မြင်တဲ့အခါ “ငါ၌ အမင်္ဂလာရှိ၏။ ငါအကျိုးနည်းပြီ။ …. ငါသည် ညစ်ညူးသော နှုတ်ခမ်းရှိလျက်၊” လို့ အော်ဟစ်ရတယ်။ ဝိညာဉ်မျက်စိကန်းပြီး၊ ဘုရားကို မသိရခြင်းက လူ့ဇာတိခံတဲ့ နှုတ်ကပတ်တော်၊ ခရစ်တော်ကို ငြင်းပယ်လို့ ဖြစ်တယ်။ နှုတ်ကပတ်တော်ကို နားလည်သလိုနဲ့၊ ခရစ်တော်ကို ငြင်းပယ်ကြတယ်။ ဒါက တကယ်နားမလည်ဘူး၊ ဘုရားဖွင့်ပြခြင်း မခံရတာ ထင်ရှားတယ်။

ဓမ္မဟောင်းခေတ်လူတွေက ထာဝရအသက်ရမယ် အထင်နဲ့ ကျမ်းစာကို ရှာဖွေတယ်။ သေနေတဲ့ ပညတ်တရားကို တွေ့တယ်။ မေရှိယကို ပြညွှန်နေတဲ့ ပရောဖက်ပြုချက် အများအပြားကို မတွေ့ဘူး။ ကိုယ်လိုရာ အနက်ပြန်ကြတယ်။ ခရစ်တော်ဟာ ဘုရားသခင်ရဲ့ နောက်ဆုံး ဗျာဒိတ်စကားမှန်း မသိကြဘူး။ ဘုရားကို အလိုမရှိလို့ ငြင်းပယ်ကြတာလို့ သခင်ယေရှုက ထောက်ပြတယ်။ ခရစ်တော်ကို မုန်းတော့ ယုံကြည်ခြင်းနဲ့ ကျေးဇူးတော်ရဲ့ အဓိကအကြောင်းအရင်းဖြစ်တဲ့ ထာဝရအသက် မရကြတော့ဘူး။

ဆုတောင်း ရန်သူကို ချစ်သည့်အတွက် ကျေးဇူးတင်ပါ၏။ မယုံကြည်သည့်အတွက် ကိုယ်တော် စိတ်ခံစားရပါ၏။ ဘုရားဖြစ်ကြောင်း သက်သေ ၄ ခု ပြပါ၏။ ကျမ်းစာကို လေ့လာ၍ ကိုယ်တော်ကို မြင်စေပါ။ ဘုရားဖြစ်ကြောင်း သိစေပါ။ ကိုယ်တော်ပြုသောအမှုတို့ကို ယုံ၍ ထာဝရအသက်ကို လက်ခံစေပါ။ ကိုယ်တော်အသံကို မကြားသေးသောသူများ၏ နားကို ဖွင့်တော်မူပါ။

မေးခွန်း ၄၂

  1. သက်သေခံ ၄ ပါးက ဘယ်သူတွေလဲ။ ဘယ်လိုသက်သေခံသလဲ။

www.Waters-of-Life.net

Page last modified on January 29, 2022, at 04:46 AM | powered by PmWiki (pmwiki-2.3.3)