Waters of Life

Biblical Studies in Multiple Languages

Search in "Burmese":
Home -- Burmese -- John - 007 (The Baptist prepares the way of Christ)
This page in: -- Albanian -- Arabic -- Armenian -- Bengali -- BURMESE -- Cebuano -- Chinese -- Dioula -- English -- Farsi? -- French -- Georgian -- Greek -- Hausa -- Hindi -- Igbo -- Indonesian -- Javanese -- Kiswahili -- Kyrgyz -- Malayalam -- Peul -- Portuguese -- Russian -- Serbian -- Somali -- Spanish -- Tamil -- Telugu -- Thai -- Turkish -- Twi -- Urdu -- Uyghur -- Uzbek -- Vietnamese -- Yiddish -- Yoruba

Previous Lesson -- Next Lesson

ယောဟန် - အမှောင်မှာ ထွန်းလင်းတဲ့ အလင်းတော်
ရှင်ယောဟန်ခရစ်ဝင်ကျမ်းကို လေ့လာခြင်း
အပိုင်း ၁ - ဘုရားအလင်းတော် ထွန်းလင်းခြင်း - (ယောဟန် ၁း ၁ - ၄း ၅၄)
A - သခင်ယေရှုအားဖြင့် ဘုရားနှုတ်ကပတ်တော် လူ့ဇာတိခံယူခြင်း

2. နှစ်ခြင်းဆရာ ယောဟန်က ခရစ်တော်သွားမယ့်လမ်းကို ပြင်ဆင်တယ်။ (ယောဟန် ၁း ၆- ၁၃)


ယောဟန် ၁း ၁၁ - ၁၃
၁၁ သူသည် မိမိဒေသအရပ်သို့ ကြွလာသော်လည်း မိမိလူမျိုးတို့သည် သူ့ကို လက်မခံဘဲ နေကြ၏။ ၁၂ ထိုသူကို လက်ခံသမျှတည်းဟူသော ကိုယ်တော်ကို ယုံကြည်သောသူတို့အား ဘုရားသခင်၏သား ဖြစ်ရသော အခွင့်ကို ပေးတော်မူ၏။ ၁၃ ထိုသားတို့မူကား၊ လူမျိုးနှင့်စပ်ဆိုင်၍ ဖွါးသောသား မဟုတ်။ လူအလိုအလျောက် ဖွါးသော သားမဟုတ်။ ဘုရားသခင် ဖွါးတော်မူသောသား ဖြစ်သတည်း။

ဓမ္မဟောင်းခေတ် လူမျိုးတော်က ဘုရားနဲ့ဆိုင်တယ်။ ပဋိညာဉ်တရားအားဖြင့် သူတို့ကို စင်ကြယ်စေပြီး မိတ်ဖွဲ့ထားတယ်။ နှစ်ပေါင်းများစွာ လမ်းပြပို့ဆောင်တယ်။ သူတို့စိတ်နှလုံးကို ပညတ်တရားနဲ့ ထွန်ယက်ပြီး၊ ဧဝံဂေလိ တရားအတွက် ပြင်ဆင်တယ်။ ဒီလိုနဲ့ အာဗြဟံရဲ့သားမြေးတွေရဲ့ သမိုင်းဟာ ခရစ်တော်လက်ထက်အထိ ရောက်လာတယ်။ ခရစ်တော် ကြွလာခြင်းဟာ ဓမ္မဟောင်းကျမ်းရဲ့ ပန်းတိုင်နဲ့ အနှစ်သာရ ဖြစ်တယ်။

သခင်ယေရှုကို ကြိုဆိုရမယ့် လူတွေက ငြင်းပယ်ပြီး၊ အလင်းတော်ကို လက်မခံတာလည်း ထူးဆန်းတဲ့အချက်ပဲ။ ပညတ်တရားရဲ့ အမှောင်ရိပ်မှာ ဆက်နေပြီး၊ တရားစီရင်ခြင်းနဲ့ နီးနီးလာနေတယ်။ ကျေးဇူးတော်နဲ့ လွဲသွားကြတယ်။ ခရစ်တော် ကယ်တင်တာထက် ကိုယ့်အကျင့်ကို ပိုမြတ်နိုးကြတယ်။ နောင်တမရဘူး။ တရားစကားအပေါ် စိတ်ခိုင်မာကြတယ်။ ဓမ္မဟောင်းကာလ လူတွေသာမက တလောကလုံးဟာ ဘုရားပိုင်တဲ့သူတွေပါ။ ကျောက်တွေ၊ သစ်ပင်တွေ၊ တိရစ္ဆာန်တွေနဲ့အတူ ဖန်ဆင်းထားတာပဲ။ ဒါကြောင့် ဒီခေတ်လူတွေလည်း ဓမ္မဟောင်းခေတ် လူတွေလိုပဲ တာဝန် ရှိပါတယ်။ ဖန်ဆင်းရှင်ဘုရားက လူ့နှလုံးသားထဲကို ဝင်ရောက်ချင်တယ်။ ကြိုဆိုကြမလား? လူကို ဘုရားပိုင်တယ်။ ကိုယ့်ကိုကိုယ် ဘုရားနဲ့ မဝေးစေနဲ့။ ဒီခေတ်ကာလ လူအများစုဟာ ခရစ်တော်ရဲ့ အလင်းကို နေရာ မပေးကြဘူး။ အမှောင်မှာ ပင်ပန်းနေပေမယ့် အလင်းကို မပွေ့ဖက်ကြဘူး။ ဒီခေတ်မှာ ဒီလိုနည်းနဲ့ ဘုရားသားတော်ကို ငြင်းပယ်နေကြဆဲပါပဲ။

အာဗြဟံအမျိုးပဲ ဖြစ်ဖြစ်၊ လူသားမျိုးနွယ်ပဲ ဖြစ်ဖြစ် ခရစ်တော်ကို စိတ်နှလုံးဖွင့်ဟပြီး၊ တန်ခိုးကြီးတဲ့ ကယ်တင်ရှင် လက်ထဲမှာ ကိုယ်ကိုကိုယ် အပ်နှံရမယ်။ ဒါဆိုရင် အံဘွယအမှုကို တွေ့ကြုံရမှာ ဖြစ်တယ်။ ကောင်းကင်အလင်း သူ့အပေါ်မှာ သက်ရောက်ပြီး သူ့ရင်ထဲက အမှောင်ကို အနိုင်ယူပါလိမ့်မယ်။ ဘုရားတန်ခိုးတော် သက်ရောက်ပြီး၊ အတွင်းလူကို အသစ်ဖြစ်စေမယ်။ အပြစ်ရဲ့ကျွန်အဖြစ်မှ ကယ်နှုတ်မယ်။ ဘုရားသားသမီးလို လွတ်မြောက်စေမယ်။ ခရစ်တော်ကို ချစ်ရင်၊ ဝိညာဉ်တော်ကျိန်းဝပ်မယ်။ ကယ်တင်ခြင်းအမှုကို စပြုမယ်။

လူဟာ ဘုရားသားသမီးဖြစ်လာမယ်၊ ဘုရားသားသမီး ဖြစ်ပြီးပြီလို့ ယောဟန်က မပြောဘူး။ အခုဖြစ်ပြီ လို့ပဲ ပြောတယ်။ ဒီစကားတွေထဲမှာ အချက် ၂ ချက်တွေ့တယ်။ ခရစ်တော်ကို ယုံကြည်ရင် တချက်က အသစ်သော အသက်တာထဲ ရောက်သွားတယ်။ နောက်တချက်က ဝိညာဉ်ရေးမှာ စုံလင်ဖို့ ကြီးထွားစပြုလာတယ်။ ဘုရားတန်ခိုးနဲ့ အသစ်သော သတ္တဝါအဖြစ် ဖန်ဆင်းတယ်။ ဘုရားတန်ခိုးနဲ့ပဲ သန့်ရှင်းစေ၊ စုံလင်စေတယ်။ မွေးစာရုံမျှသာ မဟုတ်ဘူး။ မွေးဖွါးလိုက်လို့ သားဖြစ်လာတယ်။ ခရစ်တော်ရဲ့ ဝိညာဉ်က စိတ်နှလုံးထဲ ဝင်ရောက်လာတဲ့အခါ ဘုရားတန်ခိုးကို ခံစားရတယ်။ သွန်းလောင်းခံရတဲ့ ဝိညာဉ်တန်ခိုးကြောင့် အခုရော၊ ကပ်ကာလအဆုံးမှာပါ ဘယ်တခြား တန်ခိုးကမှ ဘုရားသားတယောက်ရဲ့ စိတ်သဘောတွေကို တားဆီးနိုင်စွမ်း မရှိဘူးလို့ ထောက်ပြတယ်။ ခရစ်တော်က ယုံကြည်ခြင်းကို စတင်စေသူ ဖြစ်သလို၊ တည်မြဲစေသူလည်း ဖြစ်တယ်။

ဘုရားသားနဲ့ လောကသားဟာ နှိုင်းယှဉ်လို့ မရပါ။ မတူတဲ့ မိဘတွေက မွေးဖွါးထားသလို၊ စိတ်ထားနဲ့ အကြံအစည်တွေလည်း မတူကြဘူး။ အတူတော့ ဆုတောင်းကြမှာပေါ့။ ဒါပေမယ့် အရင်မိဘထံကရတဲ့ ဝိညာဉ်ရေး၊ စိတ်အခြေအနေ၊ ကိုယ်ခန္ဓာဟာ ဘုရားသခင် အသစ်မွေးဖွါးတာနဲ့ မတူတော့ဘူး။ အသစ်မွေးတာက ဘုရားသခင်က မွေးဖွါးပေးတာ။ ဘုရားက တိုက်ရိုက် မွေးတယ်။ ဘုရားက ဝိညာဉ် ဖခင် ဖြစ်တယ်။ ကိုယ်အလိုအလျောက် မမွေးဘူး။ ကျေးဇူးတော် သက်သက်ကြောင့် မွေးဖွါးလာတာ ဖြစ်တယ်။ နှလုံးသားမှာ ခရစ်တော်က ဧဝံဂေလိ မျိုးစေ့ ချတယ်။ တရားမျိုးစေ့ကို မြတ်နိုးသူတိုင်း လက်ခံတယ်။ စောင့်ရှောက်တယ်။ ဘုရားရဲ့အသက် သူ့အထဲမှာ ရှင်သန်လာတယ်။ တရားစကားကို ကြားပြီး စောင့်ရှောက်သူဟာ မင်္ဂလာ ရှိတယ်။

ခရစ်ယာန်မိသားစုမှာ မွေးလာတာ၊ ခရစ်ယာန်အသိုင်းအဝိုင်းမှာ ပါဝင်တာက ဘုရားသား မဖြစ်စေဘူး။ ခရစ်တော် နာမကို ယုံကြည်ရတယ်။

ဒီယုံကြည်ခြင်းက ကိုယ်တော်ထံ ချဉ်းကပ်တယ်၊ ဘုရားအစွမ်းတန်ခိုးထဲမှာ နစ်မြုပ်တယ်၊ ဘုရားရဲ့ နူးညံ့ သိမ်မွေ့ခြင်းကို နားလည်တယ်၊ တန်ခိုးတော်ကို ပိုအားကိုးလာစေတယ်။ ကယ်တင်တယ်၊ ကိုယ်တော်နဲ့တူဖို့ ပုံသွင်းစေမယ်လို့ ယုံကြည်ရင်း အသက်တာကို လက်တော်ထဲ အပ်နှံမှသာ အသက်တာ ကြီးထွားလာမယ်။ ယုံကြည်တယ်ဆိုတာ လူနဲ့ဘုရားကြားက စိတ်နှလုံးချင်းဆက်သွယ်မှုနဲ့ ထာဝရပဋိညာဉ်ပါ။ ယုံကြည်မှသာ ဝိညာဉ် မွေးတယ်။ ဒါကြောင့် အသစ်မွေးတယ်ဆိုတာ ယုံကြည်ခြင်းအားဖြင့်သာ ဖြစ်တယ်။ အသစ်မွေးတယ်ဆိုတာ ယုံကြည်ခြင်းထက် ပိုမသာသလို၊ ပိုလည်းမခက်ဘူး။ ယုံကြည်ခြင်းထက် မလျော့သလို၊ ဒီထက်လည်း ပိုမလွယ်ဘူး။ ဒီနှစ်ခုက အတူတူပါ။

ရှင်ယောဟန်က ဒီကျမ်းပိုဒ် မရောက်ခင်အထိ ယေရှုခရစ်ရဲ့ နာမည်ကို မပြောသေးဘူး။ ယုံကြည်သူ လူမျိုး အသီးသီးကို သူတို့ နားလည်သလို ပြောတယ်။ ရှင်ယောဟန်ပြောတဲ့ ခရစ်တော်ရဲ့ ဂုဏ်တော် ၆ မျိုးကို နားလည်သလား? ဒီဂုဏ်တော်တွေရဲ့ အစွမ်းကို စိတ်နှလုံးဖွင့်ဟပြီး ရိုသေလေးမြတ်ပါရဲ့လား? ဒါဆို ဘုရားသား ဖြစ်လာပါလိမ့်မယ်။

ဆုတောင်း သခင်ယေရှုဘုရား၊ ကိုယ်တော်ထံ ပြပ်ဝပ်လျက် စိတ်နှလုံးဖွင့်ဟကာ ကိုယ်တော်ကို ချစ်ပါ၏။ အပြစ်ရှိသော်လည်း ကိုယ်တော်ကြွလာလျက် ခွင့်လွှတ်ပြီး သန့်ရှင်းသော ဝိညာဉ်တော် ကျိန်းဝပ်စေပါ၏။ စိတ်နှလုံး တခါးကို ကျယ်စွာ ဖွင့်ပါ၏။

မေးခွန်း ၁၁

  1. ခရစ်တော်ကို လက်ခံသူတွေမှာ ဘာဖြစ်လာသလဲ?

www.Waters-of-Life.net

Page last modified on January 29, 2022, at 04:25 AM | powered by PmWiki (pmwiki-2.3.3)