Home
Links
Bible Versions
Contact
About us
Impressum
Site Map


WoL AUDIO
WoL CHILDREN


Bible Treasures
Doctrines of Bible
Key Bible Verses


Afrikaans
አማርኛ
عربي
Azərbaycanca
Bahasa Indones.
Basa Jawa
Basa Sunda
Baoulé
বাংলা
Български
Cebuano
Dagbani
Dan
Dioula
Deutsch
Ελληνικά
English
Ewe
Español
فارسی
Français
Gjuha shqipe
հայերեն
한국어
Hausa/هَوُسَا
עברית
हिन्दी
Igbo
ქართული
Kirundi
Kiswahili
Кыргызча
Lingála
മലയാളം
Mëranaw
မြန်မာဘာသာ
नेपाली
日本語
O‘zbek
Peul
Polski
Português
Русский
Srpski/Српски
Soomaaliga
தமிழ்
తెలుగు
ไทย
Tiếng Việt
Türkçe
Twi
Українська
اردو
Uyghur/ئۇيغۇرچه
Wolof
ייִדיש
Yorùbá
中文


ગુજરાતી
Latina
Magyar
Norsk

Home -- Burmese -- John - 119 (Jesus appears to the disciples)
This page in: -- Albanian -- Arabic -- Armenian -- Bengali -- BURMESE -- Cebuano -- Chinese -- Dioula? -- English -- Farsi? -- French -- Georgian -- Greek -- Hausa -- Hindi -- Igbo -- Indonesian -- Javanese -- Kiswahili -- Kyrgyz -- Malayalam -- Peul -- Portuguese -- Russian -- Serbian -- Somali -- Spanish -- Tamil -- Telugu -- Thai -- Turkish -- Twi -- Urdu -- Uyghur? -- Uzbek -- Vietnamese -- Yiddish -- Yoruba

Previous Lesson -- Next Lesson

ယောဟန် - အမှောင်မှာ ထွန်းလင်းတဲ့ အလင်းတော်
ရှင်ယောဟန်ခရစ်ဝင်ကျမ်းကို လေ့လာခြင်း
အပိုင်း ၄ - အလင်းက အမှောင်ကို နိုင်တယ်။
B - ခရစ်တော် ရှင်ပြန်ခြင်းနဲ့ ကိုယ် ထင်ရှားပြခြင်း (ယောဟန် ၂၀း ၁- ၂၁း ၂၅)

2. သခင်ယေရှုဟာ တပည့်တော်တို့ကို အထက်ခန်းမှာ ထင်ရှားတယ်။ (ယောဟန် ၂၀း ၁၉-၂၃)


ယောဟန် ၂၀း ၁၉
၁၉ “ခုနစ်ရက်တွင် ပထမနေ့ရက် ဖြစ်သော ထိုနေ့၌ ည အချိန်ရောက်သောအခါ ယုဒလူတို့ကို ကြောက်၍ တံခါး များကို ပိတ်ထားလျက်၊ တပည့်တော်တို့သည် စည်းဝေး ကြသော အရပ်သို့ ယေရှုသည် ကြွလာ၍ အလယ်မှာ ရပ်တော်မူလျက် သင်တို့၌ ငြိမ်သက်ခြင်း ရှိစေသတည်းဟု မိန့်တော်မူ၏။

တံခါးတွေ သော့ခတ်တဲ့ အခန်းထဲမှာ တပည့်တော်တွေ ထိုင်နေကြတယ်။ တနင်္ဂနွေနေ့က ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေကို ကြောက်ရွံ့စွာ ပြောဆိုနေတယ်။ ပေတရုနဲ့ ယောဟန်ဟာ သင်္ချိုင်းဂူ ပွင့်နေတာ တွေ့တယ်။ ကောင်းကင်တမန်တွေ ပြောတဲ့ ရှင်ပြန်ထမြောက်ပြီ ဆိုတဲ့ စကားကို အမျိုးသမီးတွေ ကြားတယ်။ မာဂဒလမာရိဟာ ကိုယ်တော့်ကိုမြင်ရပြီလို့ ပြောနေတယ်။ ဒီသတင်းစကားက တပည့်တော်တွေအတွက် ထိတ်လန့်စရာ ဖြစ်နေတယ်။ သေတဲ့သူက ရှင်ပြီ။ ဒါပေမယ့် သူတို့ဆီ ရောက်မလာဘူး။ သူတို့အနေနဲ့ သခင်ယေရှု အဖမ်းခံရချိန်မှာ ကြောက်လန့် တကြား ထွက်ပြေးကြတယ်။ ပေတရုက ငြင်းဆန်တယ်။ သခင်ယေရှုကို ဆင်းမေးချိန်မှာ ဘယ်သူမှ အနားမှာ မရှိဘူး။ လက်ဝါးကပ်တိုင်နားမှာ ယောဟန်နဲ့ အမျိုးသမီး တချို့က လွဲရင် ဘယ်သူမှ မရှိကြဘူး။ သခင် ယေရှုရဲ့ အလောင်းကိုလည်း ဆီမွှေးလိမ်းဖို့ ဘယ်သူမှ မလုပ်ကြဘူး။ သူတို့ ဂျူးတွေကို ကြောက်နေကြတယ်။ ညှဉ်းပန်း နှိပ်စက်ခြင်းတွေ ရောက်လာတော့မယ် လို့ ထင်နေကြတယ်။ ဒီအတွက် သူတို့ဟာ အထက်ခန်းမှာ တံခါးပိတ်ပြီး ကြောက်ရွံ့စွာ စုဝေးနေကြတယ်။

အမျိုးသမီးတွေပြောတဲ့ စကားကို စိတ်ကူးယဉ်အိပ်မက်တွေ ပြောနေကြတယ် လို့ ထင်တယ်။ “သခင်ယေရှု နောက်ကို လိုက်တယ်၊ အောင်မြင်မယ်လို့ ထင်တယ်။ ငါတို့ကိုလည်း အမှုတော်ဆောင် ဖြစ်စေတယ်။ အခု ငါတို့ ဒီမှာ ရှုံးနေပြီ။ သူတို့က ငါတို့ကို ဖျက်ဆီး ကြတော့မယ်” လို့ ပြောလာကြတယ်။

ဒီလို စိတ်ပျက်စရာ အခြေအနေ၊ ယုံကြည်ခြင်းကင်းမဲ့တဲ့ အခြေအနေမှာ သခင်ယေရှုက သူတို့အလယ်မှာ ရပ်လာတယ်။ သူတို့ရဲ့မြှော်လင့်ခြင်း ချစ်ခြင်းကြောင့် ကြွလာတာ မဟုတ်ဘဲ၊ လမ်းလွဲပြီး ယုံကြည်ခြင်းမရှိချိန်မှာ ကျေးဇူးပြုဖို့ ရောက်လာတယ်။ သခင်ယေရှု သူတို့အလယ်မှာ တိတ်တဆိတ် ရောက်လာတော့ နိမိတ်လက္ခဏာ ဖြစ်တယ်။ သေတဲ့သူက ရှင်လာတယ်။ ငြင်းပယ်ခံရသူက လွတ်လပ်စွာ သွားလာတယ်။ သင်္ချိုင်းဂူရဲ့ ကျောက်တံခါး တွေက ကိုယ်တော့်ကို ပိတ်ဆို့ ခြင်းငှါ မစွမ်းသာဘူး။ သူတို့ ရှေ့မှာ မြင်ရ၊ ကြားရ၊ တို့ထိ လို့ရတဲ့ လူပုံသဏ္ဌာန် ကိုယ်ခန္ဓာနဲ့ ရောက်လာတယ်။ တချိန်တည်းမှာ သူက နံဝိညာဉ် ဖြစ်တယ် နံရံတွေ၊ တံခါးတွေကို ဖေါက်ထွက် သွားလာနိုင်ပြီး သူ့ရဲ့ ကိုယ်ခန္ဓာသစ်ဟာ ကျွန်တော်တို့ နောင်ဖြစ်မယ့် ကိုယ်ခန္ဓာမျိုး ဖြစ်တယ်။ ရှင်ပြန်ထမြောက်ခြင်း ကိုယ်ခန္ဓာဟာ ယုံကြည်သူရဲ့ မြှော်လင့်ခြင်း ဖြစ်တယ်။

ဒါဟာ စိတ်သက်သာစရာ ဖြစ်တယ်။ သေခြင်းမှ ရှင်ပြန်ထမြောက်တဲ့ သခင်ဟာ တပည့်တော်တွေ မယုံ ကြည်မှုအတွက် အပြစ်မတင်ဘူး။ သူတို့ကို Easter နှုတ်ဆက် ခြင်းအနေနဲ့ ပထမဦးဆုံး စကားနဲ့ နှုတ်ဆက် လိုက်တယ်။ “သင်တို့၌ ငြိမ်သက်ခြင်း ရှိစေသတည်း။” ဒီနှုတ်ဆက်စကားဟာ လောကီသားတွေနဲ့ ဘုရားသခင်ကို ရန်ပြေငြိမ်းစေတဲ့ လက်ဝါးကပ်တိုင်ကို ပုံဖေါ်တယ်။ ငြိမ်သက်ခြင်းဟာ ကောင်းကင်ကနေ မြေကြီးပေါ်ကို ရောက်လာတယ်။ ခေတ်ကာလသစ် စတင်ပြီ။ ခရစ်တော်ကို ငြင်းပယ်မလား လက်ခံမလား ဆိုတဲ့ အချိန် ရောက်လာပြီ။ လူဟာ သူ့ ကယ်တင်ခြင်းအတွက် သူ့မှာ တာဝန်ရှိတယ်။ လူတိုင်းဟာ ကယ်တင်ခြင်းရပြီး သခင် ယေရှုကို ယုံကြည်နိုင်တယ်။ ငြိမ်သက်ခြင်းအရှင်ထံ ချဉ်းကပ်နိုင်တယ်။

ရှင်ပေါလုက “ငါတို့သည် ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ ရောက်သဖြင့် ငါတို့ သခင်ယေရှုခရစ် အားဖြင့် ဘုရားသခင်ထံ၌ ငြိမ်သက်ခြင်းကို ခံစားရ ကြ၏။"

ဆုတောင်း သေခြင်းမှ ထမြောက်သောအရှင်၊ ငြိမ်သက်ခြင်း၏အရှင် ကိုယ်တော်ကို ဝမ်းမြောက်၊ ငြိမ်သက်စွာ ပြတ်ဝပ်ကိုးကွယ်ပါ၏။ တရားစီရင်ခြင်း၊ အပြစ်ပေးခြင်းငှါ ကြွလာတော်မူသည် မဟုတ်ဘဲ ကျေးဇူးတော်ကို သွန်းလောင်းလျက် စိတ်ပျက်ခြင်း၊ မယုံကြည်ခြင်းမှ ကယ်ဖို့ရန်အတွက် ကြွလာပါ၏။ ငြိမ်သက်ခြင်းကို ပေး၍ ဘုရားသခင်နှင့် ရန်ငြိမ်းစေပါ၏။ ကိုယ်လုပ်လို့ ကယ်တင်ခြင်းရတာ မဟုတ်ဘဲ၊ ကျေးဇူးတော်ကြောင့် လက်ဆောင် ရပါ၏။ မိတ်ဆွေနှင့် ရန်သူများလည်း ဘုရားသခင်၏ ကျေးဇူးတော်ကို နားလည်လာစေပါ။ ကိုယ်တော့်ကို လက်ခံလျက် သန့်ရှင်းသော ဝိညာဉ်တော်ကို မငြင်းဆန်ပဲ နေကြပါလိမ့်မည်။

မေးခွန်း ၁၂၃

  1. ရှင်ပြန်ထမြောက်တော်မူပြီးနောက် တပည့်တော်တို့အား ပြောသော သခင်ယေရှု၏ ပထမ ဆုံးသော စကားအဓိပ္ပါယ်ကို ပြောပြပါ။

www.Waters-of-Life.net

Page last modified on January 29, 2022, at 05:02 AM | powered by PmWiki (pmwiki-2.3.3)