Waters of LifeBiblical Studies in Multiple Languages |
|
Home Bible Treasures Afrikaans |
This page in: -- Albanian -- Arabic -- Armenian -- Bengali -- BURMESE -- Cebuano -- Chinese -- Dioula? -- English -- Farsi? -- French -- Georgian -- Greek -- Hausa -- Hindi -- Igbo -- Indonesian -- Javanese -- Kiswahili -- Kyrgyz -- Malayalam -- Peul -- Portuguese -- Russian -- Serbian -- Somali -- Spanish -- Tamil -- Telugu -- Thai -- Turkish -- Twi -- Urdu -- Uyghur? -- Uzbek -- Vietnamese -- Yiddish -- Yoruba
Previous Lesson -- Next Lesson ယောဟန် - အမှောင်မှာ ထွန်းလင်းတဲ့ အလင်းတော်
ရှင်ယောဟန်ခရစ်ဝင်ကျမ်းကို လေ့လာခြင်း
အမှောင်ထဲမှာ လင်းတဲ့ အလင်း(ယောဟန် ၅း ၁ - ၁၁း ၅၄)
သခင်ယေရှုရဲ့ ယေရုရှလင်နောက်ဆုံးခရီး (ယောဟန် ၇း ၁၊ ၁၁း ၅၄) အလင်းနှင့် အမှောင်ကိုခွဲခြားခြင်း
4. လာဇရုကို ပြန်ရှင်စေခြင်းနဲ့ အကျိုးဆက်များ (ယောဟန် ၁၀း ၄၀ - ၁၁း ၅၄)
a) သခင်ယေရှု ယော်ဒန်မြစ်ကို ကူးဖြတ်ခြင်း (ယောဟန် ၁၀း ၄၀ - ၁၁း ၁၆)ယောဟန် ၁၀း ၄၀- ၄၂ သခင်ယေရှုနဲ့ ဖါရိရှဲတွေကြားက ပြသနာက ဖေါက်ထွက်လာတယ်။ ဗက်ဇဲဒမြို့မှာ ခြေမစွမ်းတဲ့သူကို ပျောက်ကင်းစေတဲ့ သတင်းကို ထပ်ပြောလာကြတယ်။ (ယောဟန် ၅) ယေရုရှလင်မြို့ကို တတိယအကြိမ် လှည့်လည်ပြီးချိန်မှာတော့ ပြသနာက အထွတ်အထိပ် ရောက်လာတယ်။ အလင်းက မှောင်မိုက်ထဲမှာ လင်းပါတယ်။ လင်းပေမယ့် အမှောင်က အလင်းကို မခံယူဘူး။ အချိန်တိုင်းမှာ သခင်ယေရှုဟာ အလင်းတရားရဲ့ အန္တရာယ်ကို ပြောပြတယ်။ ဗိမာန်ထဲကို မကြာခဏ ဝင်ထွက်တယ်။ ရန်သူတွေ ပိုမုန်းလာချိန်မှာ တပည့်တော်တွေ ဥာဏ်ပညာနဲ့ ယုံကြည်ခြင်း တိုးဖို့ လမ်းညွှန်တယ်။ ပွဲနေ့နောက်ပိုင်းမှာ သခင်ယေရှုဟာ ယေရုရှလင်မှ ထွက်လာပြီး လွှတ်တော်အာဏာမပိုင်တဲ့ ယော်ဒန်မြစ် ကမ်းနံဘေးအရပ်ကို ရောက်လာတယ်။ အဲဒီနေရာမှာ နှစ်ခြင်းဆရာယောဟန် အရင်က တရားဟောဖူးတဲ့နေရာ ဖြစ်တယ်။ ယုဒအာဏာပိုင် ကင်းလွတ်တဲ့အပိုင်း ဖြစ်တယ်။ ဟေရုဒ်မင်းအုပ်စိုးတဲ့အပိုင်း ဖြစ်တယ်။ နှစ်ခြင်းဆရာ ယောဟန်ကို ဒီအရပ်မှာ လူသိများပြီး သူ့ရဲ့သက်သေခံချက်ကြောင့် သခင်ယေရှုကို သိလာတာဖြစ်တယ်။ နှစ်ခြင်းဆရာယောဟန်ကြောင့် ယုံကြည်လာသူတွေ ယုံကြည်ခြင်း တိုးပွါးလာတယ်။ သူတို့ဆရာက ခေါင်းဖြတ်သတ်ခံရပြီး သခင်ယေရှုရောက်လာတဲ့အခါမှာ အပြေးလာတွေ့ကြတယ်။ နှိမ့်ချခြင်း ကြီးမြတ်ခြင်းနဲ့ အစွမ်းတန်ခိုးကို ရိပ်မိကြတယ်။ သခင်ယေရှုက နိမိတ်လက္ခဏာတွေကိုပြပြီး ဘုရားသခင် အကြောင်းကို ဟောပြောတယ်။ စိတ်နှလုံးဖွင့်ပြတဲ့သူ အများအပြား၊ နှစ်ခြင်းဆရာယောဟန်ကို လက်ခံခဲ့တဲ့သူ အများအပြားဟာ သခင်ယေရှုကို လက်ခံကြတယ်။ နှစ်ခြင်းဆရာယောဟန်က နိမိတ်လက္ခဏာတွေ မပြခဲ့ဘူး။ ဒါပေမယ့် သခင်ယေရှု ရောက်လာတဲ့အခါမှာ ကယ်တင်ရှင်နဲ့ ဘုရားအဖြစ် လူတွေအားကိုးလာတယ်။ ယောဟန် ၁၁း ၁- ၃ ယော်ဒန်မြစ်ကမ်းဘေးမှာ သခင်ယေရှု တရားဟောနေတုန်း လာဇရုက ဖျားနာနေတယ်။ သူနေတဲ့ရွာက သံလွင်တောင်ပေါ်မှာ ဖြစ်တယ်။ သူတို့အိမ်မှာ သခင်ယေရှု တည်းဖူးတယ်။ လာဇရုအမ မာသနဲ့လည်း စကားပြောဖူးတယ်။ တခြားခရစ်ဝင်ကျမ်းတွေမှာပါတဲ့အတွက် ယောဟန်က ဒီအကြောင်းကို ထပ်မပြောဘူး။ မာရိက သခင်ယေရှုရဲ့ ခြေတော်ကို ဆီမွှေးလိမ်းဖူးတဲ့အကြောင်းပဲ ပြောထားတယ်။ မာရိဟာ နှုတ်ကပတ်တော်ကို ဆာငတ်သူဖြစ်တယ်လို့ ရှင်ယောဟန်က ရေးထားတယ်။ သခင်ယေရှုရဲ့ခြေတော်ကို ဆီနဲ့လိမ်းပြီးတဲ့အခါ ဆံပင်နဲ့ သုတ်ပေးတယ်။ (ယောဟန် ၁၂း ၁- ၈) မာရိဟာ နှိမ့်ချတယ်။ ယုံကြည်တယ်။ ဘုရားသခင်ကို ချစ်တယ်။ လာဇရုဖျားနာနေတဲ့အကြောင်းကြောင့် သခင်ယေရှု ဝမ်းနည်းရတယ်။ ဒါပေမယ့် ညီအမနှစ်ယောက်ရဲ့ ယုံကြည်ခြင်းကို တိုးစေဖို့ လိုနေတယ်။ သခင်ယေရှု မြန်မြန်လာပါလို့တော့ သူတို့မပြောဘူး။ အခြေအနေကို သတင်းပို့တဲ့ သဘောပဲ ဖြစ်တယ်။ အချိန်ရှိတုန်း လာကုပေးရင် ပျောက်မယ်လို့ ယုံကြည်ကြတယ်။ သခင်ယေရှုက လာဇရုကို ချစ်တယ်ဆိုတာ သူတို့သိကြတယ်။ လာဇရုနာမည် အဓိပ္ပါယ်က ဘုရားသခင် ကူညီမစတယ် လို့ ဆိုလိုတယ်။ ဒါကြာင့် ဒီနာမည်ဟာ ရှင်ယောဟန်ခရစ်ဝင်ကျမ်းထဲမှာပြတဲ့ နောက်ဆုံးနိမိတ်လက္ခဏာအတွက် motto ဆောင်ပုဒ်တခုဖြစ်တယ်။ '''ယောဟန် ၁၁း ၄- ၁၀ အဲဒီသတင်းကို သခင်ယေရှုကြားတဲ့အခါ သေခြင်းတရားနဲ့ လွန်ဆွဲနေရပြီဆိုတာ ရိပ်မိတယ်။ ဒါပေမယ့် ဒါဟာ သေနာမဟုတ်ဘူး ဘုရားသခင်ဘုန်းတော်ထင်ရှားစရာ ဖြစ်မယ်လို့ ကြိုတင်ပြောတယ်။ မိတ်ဆွေလာဇရု မသေခင်မှာပဲ သခင်ယေရှုက ဝိညာဉ်တော်အားဖြင့် ကြိုသိထားတယ်။ လူသေကိုထမြောက်စေတဲ့နေရာဟာ ယေရုရှလင်မြို့တံခါးတွေနဲ့ သိပ်မဝေးတဲ့အတွက် အာဏာပိုင်တွေ ရောက်လာမယ်ဆိုတာ သိတယ်။ ဒါကြောင့် ယေရုရှလင်မြို့သားတွေအနေနဲ့ သူတို့ရဲ့ မယုံကြည်မှုကို ဆင်ခြေပေးစရာ မရှိတော့ဘူး။ ခရစ်တော်ရဲ့ဘုန်းနဲ့ ဘုရားဘုန်းဟာ အတူတူဖြစ်တယ်။ ဘုန်းတော်ထင်ရှားတဲ့အခါ သေခြင်းတရားကို အနိုင်ယူတယ်။ လူ့သဘာဝအရတော့ သေခြင်းဆိုတာ ငိုကြွေးစရာဖြစ်တယ်။ သေခြင်းတရားဟာ ဇာတ်သိမ်းလို့ ခံစားကြရတယ်။ သခင်ယေရှုက ခမည်းတော်ရဲ့အလိုကို သိတယ်။ သေခြင်းတရားရဲ့အကျိုးဆက်တွေကိုလည်း နားလည်တယ်။ သေမျိုးဖြစ်တဲ့လူသားတွေအတွက် အသက်ကိုလည်း ပေးနိုင်တယ်။ သခင်ယေရှုက ဗေသနိရွာကို အလည်မသွားဘူး။ နှစ်ရက်လောက် နောက်ကျနေတယ်။ မိတ်ဆွေလာဇရုကို သေခွင့်ပေးထားသလို ဖြစ်တယ်။ တပည့်တော်တွေက ခဲနဲ့ပေါက်မှာ စိုးလို့ ယုဒပြည်ကို မသွားစေချင်ဘူး။ တပည့်တော်တွေက လာဇရုအတွက် ခံစားချက်မရှိ၊ ဘုရားဘုန်းတော်အတွက်လည်း အလိုဆန္ဒမရှိဘူး။ လူတွေကို ကြောက်နေတယ်။ ဒီအချိန်မှာ သခင်ယေရှုက လူဟာ နေ့အချိန်မှာသွားလာလုပ်ကိုင်လို့ရတယ်။ ညအချိန်မှာသွားတော့ အန္တရာယ် အခက်အခဲရှိတတ်တယ်လို့ ဆိုတယ်။ ကားတိုင်မှာ တင်သတ်ခံရမယ့် အချိန်နီးလာပြီ။ နေ့ရက် အချိန်ကာလ ကုန်ကာနီးပြီ။ ဘုရားလက်တော်ကြောင့် အေးဆေးတည်ငြိမ်စွာပဲ ယေရုရှလင်ကို ခရီးဆက်ကြတယ်။ ဘုရားမစခြင်းကို မယုံကြည်သူဟာ သခင်ယေရှုရဲ့ရန်သူတွေလိုပဲ အမှောင်ထဲမှာ ကျင်လည်ရမယ်။ ယုံကြည်ခြင်းတရားရဲ့ အလင်းက သူတို့အပေါ်မှာ ထွန်းလင်းခွင့်၊ အသက်ရှင်သန်ခွင့်မရဘူး။ တပည့်တော်တွေကို ယုံကြည်ပါလို့ တောင်းဆိုတယ်။ မယုံကြည်တဲ့အခါ အမှောင်ကာလ ရောက်လာမယ်လို့ ဆိုတယ်။ မှောင်မိုက်ရာကာလတွေမှာ စိတ်သက်သာစရာကာလတွေကတော့ ဘုရားအလိုတော်မရှိပဲ ဘာမှဖြစ်မလာဘူး ဆိုတဲ့ အချက် ဖြစ်တယ်။ ဘုရားကို ယုံကြည်အားကိုးဖို့ လိုပါတယ်။ ဆုတောင်း သခင်ယေရှုဘုရား အသက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကိုယ်တော်ရဲ့အလင်းအားဖြင့် လမ်းကို မြင်ရပါတယ်။ ဖြောင့်သောလမ်းမှာ ဦးဆောင်လျက် ရန်သူများတိုက်ခိုက်သော်လည်း အောင်မြင်စေပါ။ နောက်မကျဘဲ မစတော်မူပါ။ အလိုတော်ကြောင့်ဖြစ်သော ဒုက္ခဆင်းရဲနဲ့ သေခြင်းကိုလည်း အသင့်ဖြစ်စေတော်မူပါ။ ယုံကြည်ခြင်းအားဖြင့် ကိုယ်တော့်ဘုန်းကို ထင်ရှားရသူများဖြစ်စေပါ။ မေးခွန်း ၇၄
|