Home
Links
Bible Versions
Contact
About us
Impressum
Site Map


WoL AUDIO
WoL CHILDREN


Bible Treasures
Doctrines of Bible
Key Bible Verses


Afrikaans
አማርኛ
عربي
Azərbaycanca
Bahasa Indones.
Basa Jawa
Basa Sunda
Baoulé
বাংলা
Български
Cebuano
Dagbani
Dan
Dioula
Deutsch
Ελληνικά
English
Ewe
Español
فارسی
Français
Gjuha shqipe
հայերեն
한국어
Hausa/هَوُسَا
עברית
हिन्दी
Igbo
ქართული
Kirundi
Kiswahili
Кыргызча
Lingála
മലയാളം
Mëranaw
မြန်မာဘာသာ
नेपाली
日本語
O‘zbek
Peul
Polski
Português
Русский
Srpski/Српски
Soomaaliga
தமிழ்
తెలుగు
ไทย
Tiếng Việt
Türkçe
Twi
Українська
اردو
Uyghur/ئۇيغۇرچه
Wolof
ייִדיש
Yorùbá
中文


ગુજરાતી
Latina
Magyar
Norsk

Home -- Burmese -- John - 069 (The Son of God in the Father and the Father in him)
This page in: -- Albanian -- Arabic -- Armenian -- Bengali -- BURMESE -- Cebuano -- Chinese -- Dioula? -- English -- Farsi? -- French -- Georgian -- Greek -- Hausa -- Hindi -- Igbo -- Indonesian -- Javanese -- Kiswahili -- Kyrgyz -- Malayalam -- Peul -- Portuguese -- Russian -- Serbian -- Somali -- Spanish -- Tamil -- Telugu -- Thai -- Turkish -- Twi -- Urdu -- Uyghur? -- Uzbek -- Vietnamese -- Yiddish -- Yoruba

Previous Lesson -- Next Lesson

ယောဟန် - အမှောင်မှာ ထွန်းလင်းတဲ့ အလင်းတော်
ရှင်ယောဟန်ခရစ်ဝင်ကျမ်းကို လေ့လာခြင်း
အမှောင်ထဲမှာ လင်းတဲ့ အလင်း(ယောဟန် ၅း ၁ - ၁၁း ၅၄)
သခင်ယေရှုရဲ့ ယေရုရှလင်နောက်ဆုံးခရီး (ယောဟန် ၇း ၁၊ ၁၁း ၅၄) အလင်းနှင့် အမှောင်ကိုခွဲခြားခြင်း
3. ကောင်းတဲ့သိုးထိန်းဖြစ်တဲ့သခင်ယေရှု (ယောဟန် ၁၀း ၁- ၃၉)

e) ခမည်းတော်၌ရှိသော သားတော်ဘုရားနှင့် သားတော်၌ရှိသော ခမည်းတော် (ယောဟန် ၁၀း ၃၁- ၃၆)


'''ယောဟန် ၁၀း ၃၁- ၃၆
၃၁ “ထိုအခါ ယုဒလူတို့သည် ကိုယ်တော်ကို ခဲနှင့်ပစ်ခြင်းငှါ တဖန်ကျောက်ခဲတို့ကို ကောက်ယူကြ၏။ ၃၂ ယေရှုကလည်း ငါသည် ငါ့ခမည်းတော်၏အခွင့်နှင့် ကောင်းသောအမှုအများတို့ကို သင်တို့အားပြပြီ။ ထိုအမှုတို့တွင် အဘယ်မည်သောအမှုကြာင့် ငါ့ကိုခဲနှင့်ပစ်ကြမည်နည်းဟု မေးတော်မူလျှင်၊ ၃၃ ယုဒလူတို့က ကောင်းသောအမှုကြောင့် ခဲနှင့်ပစ်မည်မဟုတ်။ သင်သည် လူဖြစ်လျက်ပင် ဘုရားသခင် ဖြစ်ယောင်ဆောင်၍ ဘုရားသခင်ကို လွန်ကျူးသောစကားကြောင့် ခဲနှင့်ပစ်မည်ဟု ဆိုကြ၏။ ၃၄ ယေရှုကလည်း သင်တို့သည် ဘုရားဖြစ်ကြ၏။ ငါဆိုသည်ဟု သင်တို့၏ပညတ္တိကျမ်းစာ၌ လာသည်မဟုတ်လော။ ၃၅ ဘုရားသခင်၏ဗျာဒိတ်တော်ကို ခံရသောသူတို့ကို ဘုရားဟူ၍ ခေါ်ရလျှင်လည်းကောင်း၊ ကျမ်းစကားကို မပယ်ရလျှင်၎င်း ၃၆ ခမည်းတော်သည် သန့်ရှင်းစေ၍ ဤလောကသို့ စေလွှတ်တော်မူသောသူက ငါသည် ဘုရားသခင်၏ သားတော် ဖြစ်သည်ဟု ဆိုသောကြောင့် သင်သည် ဘုရားသခင်ကို လွန်ကျူး၍ပြောသည်ဟု ထိုသူအားဆိုရာသလော။”'''

ဂျူးတွေက သခင်ယေရှုကို မုန်းတယ်။ ငါနဲ့ ငါ့ခမည်းတော်က တလုံးတဝတည်း ဆိုတဲ့စကားကို မကြိုက်ဘူး။ ဘုရားကို လွန်ကျူးတယ်ဆိုပြီး ပညတ်တော်အရ ခဲနဲ့ပေါက်ချင်ကြတယ်။ ဒီလိုမလုပ်ရင် ဘုရားသခင်ရဲ့ အမျက်တော် တိုင်းနိုင်ငံတခုလုံးအပေါ်မှာ ကျရောက်မယ်လို့ စိုးရိမ်တယ်။ ဒါကြာင့် တရားရုံးကို ပြေးသွားကြပြီး ခဲနဲ့ပေါက်ဖို့ ကြိုးစားကြတယ်။

သခင်ယေရှုက တည်ငြိမ်စွာ ရပ်ပြီး၊ “မဟုတ်တာ ငါ ဘာလုပ်လို့လဲ။ မင်းတို့ကို ဂရုစိုက်တယ်။ အနာငြိမ်းစေတယ်။ နတ်ဆိုးနှင်ထုတ်တယ်။ မျက်စိကန်းတဲ့သူကို မြင်စေတယ်။ လူနာကို သန့်ရှင်းစေတယ်။ ဆင်းရဲသားတွေကို ဧဝံဂေလိတရားဟောတယ်။ ဒီအလုပ်တွေထဲမှာ ဘာကြောင့် ငါ့ကို သတ်ချင်ရတာလဲ။ ကျေးဇူးရှိတဲ့သူကို ဖျက်ဆီးဖို့ ကြိုးစားနေတယ်။ စီးပွါးဖြစ်ချင်လို့ နာမည်ကြီးချင်လို့ ငါလုပ်ခဲ့တာမဟုတ်ဘူး။ ခမည်းတော်ရဲ့ အလုပ်ဖြစ်တယ်လို့ နှိမ့်ချစွာနဲ့ ငါပြောတယ်။ ငါဟာ မင်းတို့အတွက် အစေခံကျွန်ပါ” လို့ ဆိုတယ်။

ဂျူးတွေက “အဲဒီလိုလုပ်လို့ ခဲနဲ့ပေါက်မှာ မဟုတ်ဘူး။ ဘုရားကို ပစ်မှားလို့ ပေါက်ရမယ်။ ဘုရားသခင်နဲ့ တန်းတူဖြစ်တယ်လို့ လူသာမန်တယောက်က ပြောနေလို့ ဖြစ်တယ်။ လူသာမန်ဖြစ်ကြောင်းကို အသွေးသွန်းပြီး သက်သေပြရမယ်။ သန့်ရှင်းတဲ့ဘုရားနဲ့ တလုံးတဝတည်း ဖြစ်တယ်လို့ ဘာကြောင့်ပြောရသလဲ။ နတ်ဆိုးစွဲနေလို့ပဲ ဖြစ်မယ်။ ဒါကြောင့် ချက်ချင်း သေဒဏ်ခံထိုက်တယ်” လို့ ဆိုကြတယ်။

သခင်ယေရှုက ယုံကြည်မှုအပြည့်နဲ့ “ပညတ္တိကျမ်းစာမှာ မဖတ်ဖူးဘူးလား။ သင်တို့ဟာ ဘုရားဖြစ်တယ်။ အမြင့်ဆုံးသောဘုရားသခင်ရဲ့သားတွေဖြစ်တယ်။ (ဆာလံ ၈၂း ၆) အပြစ်သားဖြစ်လျက်နဲ့တောင် ဘုရားဖြစ်တယ်လို့ အပြောခံရသေးတယ်။ လူတိုင်းမှာ အားနည်းချက် အပြစ်တွေရှိတယ်။ ဒါပေမယ့် ဘုရားသခင်က ဘုရားတွေ ဘုရားရဲ့ သားတွေလို့ နာမတော်ကိုသုံးခွင့်ပေးတယ်။ ဘုရားက အဲလိုသတ်ဖို့အလိုမရှိဘဲ ထာဝရအသက်ရှင်စေချင်တယ်။ ဘုရားထံ လှည့်ပြန်ပြီး ဘုရားသန့်ရှင်းသလို သန့်ရှင်းစေချင်တယ်။”

“ ဒါကြောင့် မင်းတို့က ငါ့ကိုခဲနဲ့ပေါက်မှာလား။ ဘုရားကိုယ်တိုင်က မင်းတို့ကို ဘုရားတွေဖြစ်တယ်၊ ဘုရားသားတွေ ဖြစ်တယ်လို့ ဆိုတယ်။ မင်းတို့လို ငါ အပြစ်မလုပ်ဘူး။ စကားပြောရာမှာဖြစ်စေ၊ အလုပ်လုပ်ရာမှာ ဖြစ်စေ သန့်ရှင်းတယ်။ ဒါကြောင့် ထာဝရအသက်ရှင်သူဖြစ်တယ်။ ဘုရားသခင်ရဲ့ သားတော် ဖြစ်တယ်။ ပညတ္တိကျမ်းစာကို ဖတ်ပါ။ မင်းတို့ ငါ့ကို သိလာလိမ့်မယ်။ ကျမ်းစာကို မယုံရင်တော့ ငါဟာ ဘုရားဖြစ်တဲ့အကြောင်း ရိပ်မိမှာမဟုတ်ဘူး” လို့ ဆိုတယ်။

“ငါ့သဘောနဲ့ ငါလာတာမဟုတ်ဘူး။ ခမည်းတော် စေလွှတ်တာဖြစ်တယ်။ ငါက သားတော်ဖြစ်တယ်။ သူက ခမည်းတော်ဖြစ်တယ်။ ခမည်းတော်ရဲ့ သန့်ရှင်းခြင်းက ငါ့အပေါ်မှာ တည်တယ်။ ဒါကြောင့် ငါဟာ ဘုရားသခင်ဖြစ်တယ်။ အလင်းဖြစ်တယ်။ ဖြစ်ပွါးစေသူဖြစ်တယ်။ ဖန်ဆင်းခံမဟုတ်ဘူး။ ခမည်းတော်ရဲ့ ဂုဏ်တော် ရှိသူ ဖြစ်တယ်။”

သခင်ယေရှုက ဂျူးတွကို ကျမ်းစာချက်ပြောပြတယ်။ သူတို့ရဲ့ အငြင်းအခုံစကားတွေကို ပြန်ရှင်းပြတယ်။ ဒါပေမယ့် အဲဒီလူတွေက မုန်းမြဲမုန်းနေတယ်။ လက်ထဲက ခဲတွေကိုတော့ ချလိုက်ကြတယ်။ သခင်ယေရှုက ဓမ္မဟောင်းကျမ်းချက်ကို ပြပြီး ဘုရားသားဖြစ်ခြင်းအကြောင်းကို ရိုးရိုးလေးပြောပြလိုက်လို့ ဖြစ်တယ်။

ယောဟန် ၁၀း ၃၇- ၃၉
၃၇ “ငါသည် ငါ့ခမည်းတော်၏ အမှုတို့ကို မပြုလျှင် ငါ့ကိုမယုံကြနှင့်။ ၃၈ ပြုလျှင် ငါ့ကိုမယုံသော်လည်း ထိုအမှုတို့ကို ယုံကြလော့။ ထိုသို့ယုံလျှင် ခမည်းတော်သည် ငါ၌ ရှိတော်မူသည်ကို၎င်း၊ ငါသည် ခမည်းတော်၌ ရှိသည်ကို၎င်း ယုံ၍ သိမှတ်ကြလိမ့်မည်ဟု မိန့်တော်မူ၏။ ၃၉ ထိုအခါ ကိုယ်တော်ကို ဖမ်းဆီးခြင်းငှါ တဖန်ရှာကြပြန်လျှင် ထိုသူတို့၏လက်မှ ထွက်ကြွတော်မူ၏။”

သခင်ယေရှုက ရှင်းပြတယ်။ “ဘုရားအလုပ်ကို ငါလုပ်လို့ ငါ့ကို ယုံကြည်ရမယ်။ သနားလို့လုပ်တဲ့ အလုပ်တွေ ဖြစ်တယ်။ ကြီးမြတ်ခြင်းကတော့ ခမည်းတော်နဲ့သာ ဆိုင်တယ်။ ဘုရားမေတ္တာဟာ ငါ့အထဲမှာရှိတော့ ဘုရားအလုပ်ကို ငါလုပ်နိုင်တယ်။ လုပ်သမျှကလည်း ဘုရားအလုပ်တွေပဲ ဖြစ်တယ်” လို့ ဆိုတယ်။

“လူသားဖြစ်လို့ ဘုရားသဘာဝကို မင်းတို့ နားမလည်နိုင်ရင်လည်း ငါလုပ်တဲ့အလုပ်ကို ကြည့်ပါ။ စကားတခွန်းနဲ့ လူသေကို ထမြောက်စေတယ်။ မျက်စိမြင်စေတယ်။ မုန်တိုင်းကို ငြိမ်သက်စေတယ်။ လူငါးထောင်ကို မုန့်ငါးလုံး ငါးနှစ်ကောင်နဲ့ကျွေးခဲ့တယ်။ ငါ့အထဲမှာ ခမည်းတော် ဘုရားသခင်ရှိကြောင်းကို နားလည်ဖို့ သန့်ရှင်းသော ဝိညာဉ်တော်ကို မင်းတို့ မဆာငတ်ဖူးလား။ ဝိညာဉ်တော်ကို ရရင် ဒီအချက်တွေကို နားလည်လာမယ်။ ဘုရားသဘာာဝကို သိလာမယ်။”

အနီးနားမှာ လူပရိတ်သတ် ရှိတယ်။ သခင်ယေရှုက ရဲဝံ့စွာနဲ့ စကားပြောနေတယ်။ သူဟာ ခမည်းတော်၌ ရှိတယ်။ စပျစ်ပင်မှာ စပျစ်နွယ်တွေဟာ ပင်မကနေ အစာအာဟာရ ရတယ်။ ဒီလိုပဲ ခရစ်တော်ကလည်း ခမည်းတော်ထံမှ ရရှိပြီး ခရစ်တော်၌ တည်နေတယ်။ လူတွေမမြင်ရတဲ့ ညီညွတ်ခြင်းနဲ့ စုံလင်တဲ့ သဟာဇာတရှိတယ်။ ဒါကြောင့် သားတော်က ခမည်းတော်အထဲမှာ ရှိနေပြီး ခမည်းတော်ကို ထင်ရှားစေတယ်။ ဒါကြောင့် အထင်ရှားဆုံး ဆုတောင်းချက် ပဌနာတော်က “ကောင်းကင်ဘုံ၌ ရှိတော်မူသော အကျွန်ုပ်တို့အဘ၊ ကိုယ်တော်၏နာမတော်အား ရိုသလေးမြတ်ခြင်းရှိပါစေသော” လို့ အစပြုဆုတောင်းတယ်။

ခရစ်တော်ရဲ့ဘုရားဇာတိ၊ ဆုတာင်းခြင်း၊ ကြည်ညိုခြင်းအကြောင်းတွေကို နက်ရှိုင်းစွာလေ့လာကြည့်ရင် သုံးပါးတဆူဘုရားသခင်ရဲ့ နက်နဲတဲ့အကြောင်းအရာကို ရိပ်စားမိလာမယ်။ ဘုရားသုံးဆူ သီးခြားရှိတာမဟုတ်ဘဲ၊ ခမည်းတော်နဲ့ သားတော်က သဟဇာတ ဖြစ်တယ်။ ဒါကြောင့် ဘုရားသခင်ဟာ တဆူတည်း ဖြစ်တယ်ဆိုတဲ့ အချက်ကို ဝမ်းမြောက်သင့်တယ်။ သခင်ယေရှုက ခမည်းတော်နဲ့ တလုံးတဝတည်း ဖြစ်တယ်ဆိုတဲ့အကြောင်း ထပ်ပြောတဲ့အခါ ဂျူးတွေက သူ့ကို ကျောက်ခဲနဲ့မပစ်ပဲ နောက်ဆုတ်သွားတယ်။ ဒါပေမယ့် သူ့ကိုဖမ်းချင်တယ်။ အထက်လွှတ်တော်ကို ခေါ်သွားချင်တယ်။ စစ်ဆေးမေးမြန်းချင်တယ်။ သခင်ယေရှုက သူတို့ရှေ့ကပဲ တည်ငြိမ်စွာ လျှောက်သွားတယ်။ ဘုရားသားကို ဘယ်သူကမှ ဘုရားသခင် အခွင့်မပေးရင် မတို့မထိရဲဘူး။ သခင်ယေရှု ပြောတယ်။ “ငါ့ခမည်းတော်လက်က ငါ့ကို ဘယ်သူမှ မနှုတ်ယူနိုင်ဘူး။”

ဆုတောင်း ခမည်းတော်နဲ့ သိုးသူငယ်တော်ဘုရား ကိုယ်တော့ရဲ့ချစ်ခြင်းမေတ္တာမှာ တလုံးတဝဖြစ်မှုကို မြင်ရပါပြီ။ လူ့ဇာတိခံယူချိန်မှာ ဘုရားဂုဏ်တော်ရှိကြောင်း မရိပ်မိခဲ့ပါ။ ဝိညာဉ်တော်က ဥာဏ်မျက်စိ ဖွင့်ပေးမှသာ ကြီးမြတ်သော မေတ္တာတော်နဲ့ အမှုတော်ကို မြင်လာတယ်။ ကျွန်ုပ်တို့ကို ဘုရားသား ဖြစ်စေခဲ့ပါပြီ။ နာမတော်ကို ရိုသေလေးမြတ်တတ်ဖို့ စကားအားဖြင့် အပြုအမူအားဖြင့် စိတ်ရင်းစိတ်ထားအားဖြင့် ရိုသေတတ်စေပါ။ ကိုယ်တော် သန့်ရှင်းသလို သန့်ရှင်းစေပါ။

မေးခွန်း ၇၃

  1. သခင်ယေရှုက ဘုရားဖြစ်ကြောင်း ဘယ်လိုကြွေးကြော်သလဲ။

www.Waters-of-Life.net

Page last modified on January 29, 2022, at 04:53 AM | powered by PmWiki (pmwiki-2.3.3)