Waters of LifeBiblical Studies in Multiple Languages |
|
Home Bible Treasures Afrikaans |
This page in: -- Albanian -- Arabic -- Armenian -- Bengali -- BURMESE -- Cebuano -- Chinese -- Dioula? -- English -- Farsi? -- French -- Georgian -- Greek -- Hausa -- Hindi -- Igbo -- Indonesian -- Javanese -- Kiswahili -- Kyrgyz -- Malayalam -- Peul -- Portuguese -- Russian -- Serbian -- Somali -- Spanish -- Tamil -- Telugu -- Thai -- Turkish -- Twi -- Urdu -- Uyghur? -- Uzbek -- Vietnamese -- Yiddish -- Yoruba
Previous Lesson -- Next Lesson ယောဟန် - အမှောင်မှာ ထွန်းလင်းတဲ့ အလင်းတော်
ရှင်ယောဟန်ခရစ်ဝင်ကျမ်းကို လေ့လာခြင်း
အမှောင်ထဲမှာ လင်းတဲ့ အလင်း(ယောဟန် ၅း ၁ - ၁၁း ၅၄)
သခင်ယေရှုရဲ့ ယေရုရှလင်နောက်ဆုံးခရီး (ယောဟန် ၇း ၁၊ ၁၁း ၅၄) အလင်းနှင့် အမှောင်ကိုခွဲခြားခြင်း
1. တဲတော်ပွဲမှာပြောသော သခင်ယေရှုရဲ့စကား (ယောဟန် ၇း ၁-၈- ၅၉)
a) သခင်ယေရှုနဲ့ ညီတော်များ။ (ယောဟန် ၇း ၁- ၁၃)ယောဟန် ၇း ၁ - ၅ သခင်ယေရှုရဲ့သက်သေစကားကို လူတွေအံ့ဩကြတယ်။ ယေရုရှလင်မြို့မှာ မိတ်ဆွေတချို့ စွန့်သွားသလို ဂါလိလဲပြည်မှာလည်း နောက်လိုက်အများအပြား စွန့်သွားကြတယ်။ မြို့တော်မှာရှိတဲ့ အမြင်ကျဉ်းမြောင်းသူတွေက ဒီလူငယ် အသက်ပြန်ရှင်စေနိုင်တဲ့တန်ခိုးနဲ့ လောကကြီးကို တရားစီရင်မယ် ဆိုတဲ့ စကားကို မယုံနိုင်ကြဘူး။ ဘုရားတရားကိုင်းရှိုင်းတဲ့ ဂါလိလဲနယ်သားတွေကလည်း အသားကိုစား၊ အသွေးကို သောက်ဆိုတဲ့ စကားကို လက်မခံနိုင်ဘူး။ ညစာစားပွဲရဲ့ ပုံဆောင်ချက်တွေကို နားမလည်နိုင်ဘူး။ ယေရုရှလင်မှာရှိတဲ့ လွှတ်တော်အကြီးအကဲတချို့က သခင်ယေရှုကို သတ်ဖို့ ဆုံးဖြတ်ကြတယ်။ ဖမ်းမိန့်ထုတ်ပြီး တရားဇရပ်တွေမှာ မပါဝင်ဖို့ ခြိမ်းခြောက်တယ်။ သခင်ယေရှုရဲ့နောက်ကိုမလိုက်အောင် တားမြစ် ပိတ်ပင်ကြတယ်။ လွှတ်တော်ထဲကသူလျှိုတွေရောက်လာပြီး ဂါလိလဲနယ်မှာ သခင်ယေရှုအကြောင်းကို စုံစမ်း မေးမြန်းကြတယ်။ လူအများအပြားစွန့်သွားကြတာလည်း အံ့ဩစရာတော့မဟုတ်ဘူး။ နိုင်ငံအကြီးအကဲတွေ ဖိနှိပ်မှာ စိုးကြတယ်။ သခင်ယေရှုပေးတဲ့ ကယ်တင်ခြင်းကို မယုံရဲဘူး။ ဘုရားပေးတဲ့လက်ဆောင်ထက် ကိုယ့်အသက်ဘေးကို ပိုလုံခြုံချင်ကြတယ်။ ညီတော်တွေက လူ့အသိုင်းဝိုင်းက ပယ်မှာကို ကြောက်နေတယ်။ ဒါကြောင့် ထင်ထင်ရှားရှား စွန့်ခွါသွားပြီး၊ တရားဇရပ်တွေမှာ မပါဝင်တော့ဘူး။ (မာကု ၆း၃) သခင်ယေရှုကိုလည်း ဂါလိလဲကိုစွန့်သွားဖို့၊ သူတို့နဲ့မပတ်သက်ဖို့ ယေရုရှလင်အသိုင်းအဝိုင်းဘက်သွားဖို့ ပြောလာတယ်။ နှစ်ပေါင်းများစွာအတူနေခဲ့ကြပေမယ့် ဘုရားကိုမယုံ၊ မေတ္တာတော်နဲ့ အကြင်နာကို မသိဘူး။ ယုံကြည်သူအများစုဟာလည်း သခင်ယေရှုရဲ့မေတ္တာကို လေးစားပေမယ့် သမ္မာတရားကိုမဆုပ်ကိုင်ချင်ကြဘူး။ ညီတော်တွေက နိမိတ်လက္ခဏာကိုမြင်ဖူးတယ်။ အသိအမှတ်မပြုဘဲ မေရှိယအဖြစ် ဒူးထောက်ဝန်ခံဖို့ ပျက်ကွက်ခဲ့တယ်။ သခင်ယေရှုကို လူတွေစွန့်ခွါသွားတဲ့အခါ သူတို့စိတ်ပျက်လာတယ်။ ဒါကြောင့် တောအရပ်မှာ စုံစမ်းသလို သခင်ယေရှုကို လူတွေရှေ့မှာ ဘုန်းထင်ရှားပြဖို့ တောင်းဆိုလာတယ်။ သခင်ယေရှုအတွက် နာမည်ကြီးဖို့ မလိုဘူး။ နှိမ့်ချခြင်းနဲ့ လူ့သဘာဝကိုခံယူတယ်။ နိမိတ်လက္ခဏာအကြီးကြီးပြပြီး လူတွေပြောင်းလဲဖို့ မလိုဘူး။ ယောဟန် ၇း ၆-၉ လူက မာနရှိတယ်။ မာရ်နတ်က နှောက်ယှက်ထားလို့ ဖြစ်တယ်။ မာနရှိတာဟာ စိတ်ဝိညာဉ် မကျန်းမာတဲ့ လက္ခဏာ စိတ်ရောဂါရဲ့သင်္ကေတဖြစ်တယ်။ ဘုရားနဲ့ကွာရင် လူဟာသေးသေးလေးပါ။ အားနဲတယ်။ သေတတ်တယ်။ အားနဲချက်ကို စွဲဆောင်မှုတွေနဲ့ဖုံးကွယ်ဖို့ ကြိုးစားတတ်တယ်။ မာနတက်နေတဲ့သူဟာ သူ့ကိုယ်သူ ဘာမဆို တတ်နိုင်သူ ဘုရားအသေးစားလို့ ပုံဖေါ်ချင်တယ်။ ကိုယ့်စိတ်ကြိုက်ဖန်တီးပြီး ဘုရားကိုလျစ်လျူရှုတယ်။ တကယ်တော့ ဖန်ဆင်းရှင်ဘုရားကို ပုန်ကန်နေတာဖြစ်တယ်။ လူက သူ့ကိုယ်သူပဲ ချစ်တယ်။ ဘုရားကိုမချစ်ဘူး။ သူ့အသရေပဲရှာတယ်။ ဘုရားဘုန်းတော်ထင်ရှားဖို့မလုပ်ဘူး။ လူရဲ့အတွေးတွေနဲ့စိတ်ကူးတွေဟာ ဆိုးညစ်ရုံသာမကဘူး၊ သူ့လုပ်ရပ်ကလည်းဆိုးညစ်တယ်။ ဘုရားမပါပဲ အသက်ရှင်ရင် ဘုရားကိုဆန့်ကျင်နေတာဖြစ်တယ်။ လူတီထွင်သမျှ၊ တွေ့ရှိသမျှ သိပ္ပံအရာတွေနဲ့ နိုင်ငံရေးအယူအဆ သဘောတရားတွေဟာ အပြစ်ထဲမှာပဲ တဝဲလည်လည်ရှိနေတယ်။ သေခြင်းရဲ့မျိုးစေ့တွေဖြစ်တယ်။ လောကီသားတွေ ခရစ်တော်ကို မုန်းကြောင်း လက်တွေ့မြင်ရတယ်။ သူ့အလိုအတိုင်း အသက်ရှင်ဖို့မဟုတ်ဘဲ၊ ခရစ်တော်ရဲ့အလိုအတိုင်း မိတ်သဟာယဖွဲ့လုပ်ဆောင်သူသာဖြစ်တယ်။ ဘုရားတရား ကိုင်းရှိုင်းသူပင်လျှင် ခရစ်တော်ကို ထိမိလဲစရာဖြစ်လာစေနိုင်တယ်။ ခရစ်တော်ရဲ့ချစ်ခြင်းမေတ္တာဟာ တရားသဘောမျှမဟုတ်ပဲ ဘုရားသဘာဝ ဖြစ်တယ်။ ခရစ်တော်ရှိနေခြင်းက သူတို့ရဲ့အတ္တကိုမြင်သာစေလို့ မုန်းလာကြတယ်။ ညီတော်တွေက သန့်ရှင်းသောဝိညာဉ်တော်ကိုပစ်ပယ်တယ်။ လောကီစိတ်သဘောထားတယ်။ ဖါရိရှဲတွေနဲ့ သဘောတူနေတယ်။ ယုံကြည်ခြင်းမရှိတဲ့အတွက် ဘုရားဝိညာဉ်ရဲ့မေတ္တာမခံစားရဘူး။ တခြား စိတ်သဘောတွေနဲ့ အသက်ရှင်နေတယ်။ ဒါက ဘုရားကို ပုန်ကန်တာပဲ။ ကိုယ့်ကိုကိုယ် လှည့်ဖြားပြီး ကိုယ့်အလုပ်ကို သာယာနေတယ်။ ယောဟန် ၇း ၁၀- ၁၃ ယုဒလူတွေက တဲတ်ာပွဲကို နှစ်စဉ်နှစ်တိုင်း ပျော်ရွှင်စွာကျင်းပကြတယ်။ သစ်ကိုင်းသစ်ခက်တွေ ယူလာပြီး အိမ်တွေ လမ်းဘေးတွေမှာ တန်ဆာဆင်ကြတယ်။ တယောက်ဆီကို တယောက်လည်ပတ်ပြီး၊ အစားအသောက်ကောင်းတွေ စားသောက် ပျော်ရွှင်ကြတယ်။ ဘုရားက လူကို ကြွယ်ဝတဲ့အသီးအနှံနဲ့ မစတဲ့အကြောင်း ကျေးဇူးတော်ချီးမွမ်းရာပွဲ ဖြစ်တယ်။ ဒီလိုတဲတွေက တောထဲမှာကျင်လည်ခဲ့ရတဲ့နှစ်တွေကို သတိရစေတယ်။ လောကမှာ အတည်တကျနေစရာ မြို့မရှိခဲ့တာကို ပြတယ်။ သခင်ယေရှုဟာ တပည့်တော်တွေနဲ့အတူ နှောက်ယှက်ခံခဲ့ရတဲ့အတွက် ပွဲတော်နေ့လည်း မပျော်နိုင်ခဲ့ဘူး။ ညီအရင်းတွေက စွန့်ခွါသွားပြီ။ နောက်မှဂါလိလဲကိုနှုတ်ဆက်ပြီး ယေရုရှလင်ကိုထွက်လာတယ်။ အရေးကြီး ဆုံးဖြတ်ရာကာလ ရောက်လာတယ်။ သမိုင်းမှာ ဇာတ်ရှိန်အမြင့်ဆုံးဖြစ်တယ်။ ဘုရားအမျက်တော်ဘေးကလွတ်ဖို့ ကယ်တင်ခြင်းအတွက် ကိုယ်စားအသေခံပေးရတော့မယ်။ ယုဒလူတွေက သခင်ယေရှုအကြောင်းကို အမျိုးမျိုးတွေးနေတယ်။ တချို့က ဘုရားသခင့်အထံတော်မှ ကြွလာတဲ့သူ ပြုပြင်ပြောင်းလဲရေးသမားလို့ ထင်တယ်။ တချို့က လူတွေကိုလမ်းလွဲစေလို့ သေပြစ်ထိုက်သူလို့ မြင်တယ်။ သူရှိနေရင် ဘုရားအမျက်တော်ခံရပြီး၊ သူတို့ပွဲနေ့တွေ ပျက်စီးမယ်လို့ထင်တယ်။ ဆန်ဟီဒရင် လွှတ်တော်ကလည်း အမိန့်တွေထုတ်တယ်။ ဒီနောက်ပိုင်းမှာ သခင်ယေရှုကို လူသိထင်ရှား စကား မပြောရဲကြတော့ဘူး။ ဆုတောင်း သခင်ယေရှု ကိုယ်တော်ရဲ့နှိမ့်ချခြင်းနဲ့ နာခံခြင်းအတွက် ကျေးဇူးတင်ပါတယ်။ လောကီသဘော ကင်းစင်ပြီး ဝိညာဉ်တော်နဲ့ ပြည့်စေပါ။ ဆိုးတဲ့လမ်းကို မလိုက်ပဲ အတွင်းလူကို မှန်ကန်စေပါ။ အမှုတော်ထမ်းစေပါ။ မေးခွန်း ၅၂
|