Home
Links
Bible Versions
Contact
About us
Impressum
Site Map


WoL AUDIO
WoL CHILDREN


Bible Treasures
Doctrines of Bible
Key Bible Verses


Afrikaans
አማርኛ
عربي
Azərbaycanca
Bahasa Indones.
Basa Jawa
Basa Sunda
Baoulé
বাংলা
Български
Cebuano
Dagbani
Dan
Dioula
Deutsch
Ελληνικά
English
Ewe
Español
فارسی
Français
Gjuha shqipe
հայերեն
한국어
Hausa/هَوُسَا
עברית
हिन्दी
Igbo
ქართული
Kirundi
Kiswahili
Кыргызча
Lingála
മലയാളം
Mëranaw
မြန်မာဘာသာ
नेपाली
日本語
O‘zbek
Peul
Polski
Português
Русский
Srpski/Српски
Soomaaliga
தமிழ்
తెలుగు
ไทย
Tiếng Việt
Türkçe
Twi
Українська
اردو
Uyghur/ئۇيغۇرچه
Wolof
ייִדיש
Yorùbá
中文


ગુજરાતી
Latina
Magyar
Norsk

Home -- Burmese -- John - 049 (Disparate views on Jesus)
This page in: -- Albanian -- Arabic -- Armenian -- Bengali -- BURMESE -- Cebuano -- Chinese -- Dioula? -- English -- Farsi? -- French -- Georgian -- Greek -- Hausa -- Hindi -- Igbo -- Indonesian -- Javanese -- Kiswahili -- Kyrgyz -- Malayalam -- Peul -- Portuguese -- Russian -- Serbian -- Somali -- Spanish -- Tamil -- Telugu -- Thai -- Turkish -- Twi -- Urdu -- Uyghur? -- Uzbek -- Vietnamese -- Yiddish -- Yoruba

Previous Lesson -- Next Lesson

ယောဟန် - အမှောင်မှာ ထွန်းလင်းတဲ့ အလင်းတော်
ရှင်ယောဟန်ခရစ်ဝင်ကျမ်းကို လေ့လာခြင်း
အမှောင်ထဲမှာ လင်းတဲ့ အလင်း(ယောဟန် ၅း ၁ - ၁၁း ၅၄)
သခင်ယေရှုရဲ့ ယေရုရှလင်နောက်ဆုံးခရီး (ယောဟန် ၇း ၁၊ ၁၁း ၅၄) အလင်းနှင့် အမှောင်ကိုခွဲခြားခြင်း
1. တဲတော်ပွဲမှာပြောသော သခင်ယေရှုရဲ့စကား (ယောဟန် ၇း ၁-၈- ၅၉)

b) လူအများနဲ့ လွှတ်တော်ကြားမှာ သခင်ယေရှုအကြောင်း အမျိုးမျိုးထင်မြင်ယူဆချက်များ (ယောဟန် ၇း ၁၄- ၆၃)


ယောဟန် ၇း ၁၄- ၁၈
၁၄ ထိုပွဲကိုခံစဉ်တွင် ယေရှုသည် ဗိမာန်တော်သို့တက်၍ ဆုံးမဩဝါဒပေးတော်မူ၏။ ၁၅ ယုဒလူတို့သည် အံ့ဩ၍ ဤသူသည်စာမသင်ဘဲလျက် အဘယ်သို့တက်ဘိသနည်းဟုဆိုကြ၏။ ၁၆ ယေရှုကလည်း ငါဟောသောဒေသနာသည် ငါ၏ဒေသနာမဟုတ်၊ ငါ့ကိုစေလွှတ်တော်မူသောသူ၏ ဒေသနာဖြစ်၏။ ၁၇ ထိုသူ၏အလိုတော်သို့ လိုက်ချင်သောသူမည်သည်ကား ဤဒေသနာသည် ဘုရားသခင်၏ဒေသနာဖြစ်သလော၊ ငါသည် ကိုယ်အလိုအလျောက်ဟောပြောသလောဟု ပိုင်းခြား၍သိလိမ့်မည်။ ၁၈ ကိုယ်အလိုအလျောက်ဟောပြောသောသူသည် မိမိဘုန်းအသရေကိုရှာတတ်၏။ မိမိကိုစေလွှတ်တော်မူသောသူ၏ ဘုန်းအသရေကို ရှာသောသူမူကား၊ ယုံလောက်သောသူဖြစ်၏။ ထိုသူ၌ မုသားမရှိ။

သခင်ယေရှုက ရန်သူကြောင့်ထိခိုက်မှာ သေရမှာကိုမကြောက်ဘူး။ ခမည်းတော်ဘုရားရဲ့ အလိုတ်ာနဲ့အညီ ယေရုရှလင်ကို ပွဲနေ့ရက်အတွင်း တိတ်ဆိတ်စွာသွားခဲ့တယ်။ အဲဒီမှာပုန်းကွယ်မနေဘဲ ဗိမာန်တော်ကိုသွားပြီး တရားစကားကို ထက်မြက်တဲ့ဆရာတပါးလို သင်ပြတယ်။ ဘုရားသခင်ကိုယ်တိုင် တိုက်ရိုက်ပြောနေသလားလို့ လူတွေစိတ်ထဲမှာခံစားရတယ်။ ဒါကြောင့် တယောက်နဲ့တယောက် မေးခွန်း ထုတ်လာတယ်။ ဒီလူငယ်က ဓမ္မပညာကို ဒီလောက်နက်နက်နဲနဲ ဘယ်ကရသလဲ။ ထင်ရှားတဲ့ ကျမ်းစာပညာရှင် ထံမှာလည်း မသင်ယူဘူး။ ကျမ်းစာမသင်ယူပဲ ဘုရားစကားကို ဒီလက်သမားက ဘယ်လိုလုပ်သိသလဲ။

သခင်ယေရှုက “မှန်တယ်။ ငါသမ္မာတရားကို သင်ပေးနေတယ်။ ဒီထက်ပိုပြောရရင် ငါကိုယ်တိုင်ဟာ ဘုရားနှုတ်ကပတ်တော်ဖြစ်တယ်။ ဘုရားသခင်ရဲ့ အကြံအစည် အလိုတော်ဟာ ငါ့အထဲမှာရှိတယ်။ ငါ့သဘောနဲ့ ငါသင်တာမဟုတ်ဘူး၊ ဘုရားအသံတော်သာ ဖြစ်တယ်။ ငါ့အထဲမှာ ကျိန်းဝပ်ပြီး ခမည်းတော်က ငါ့ကို သွန်သင်ပေးတယ်။ ဘုရားအလိုတော်အစုံအလင်ကို ငါသိတယ်။ အကြံအစည် ရည်ရွယ်ချက် တန်ခိုးတော်ကို သိတယ်။ ငါ့သဘောနဲ့ငါ လာတာမဟုတ်ဘူး။ ဘုရားအကြံအစည် သမ္မာတရားအတွက်သာ ဖြစ်တယ်။ ဗျာဒိတ်တော် မထင်ရှားတာကို အခုထင်ရှားစေပြီလို့ ပြန်ဖြေတယ်။”

ဒါကြောင့် ခမည်းတော်အလိုကို ဝန်ခံပြီး ခမည်းတော်ဘုန်းကို ထင်ရှားစေတယ်။ ဘုရားသခင် စေလွှတ်သူလို့ ဆိုတယ်။ ဘုရားသခင်နာမတော်နဲ့ တန်ခိုးတော်အားဖြင့် ကြွလာတယ်။ ဒါကြောင့် သခင်ယေရှုဟာ ဘုရားသားတော် ဖြစ်တယ်။ တချိန်တည်းမှာ တမန်တော်ဖြစ်တယ်။ ခမည်းတော်လိုပဲ ယုံကြည်ထိုက်၊ ကိုးကွယ်ထိုက်သူ ဖြစ်တယ်။

ဂျူးလူမျိုးတွေ ယုံကြည်စရာအဖြစ် သူ့သွန်သင်မှုဟာ ဘုရားအလိုတော်နဲ့ညီကြောင်း သက်သေပြတယ်။ သခင်ယေရှုရဲ့ သွန်သင်ချက်တွေဟာ စစ်မှန်ကြောင်း ဘယ်လိုသက်သေပြသလဲ။ သူက ဧဝံဂေလိတရားအတိုင်း အသက်ရှင်ရင် ဘုရားရဲ့ကြီးမြတ်မှုကို တွေ့လာမယ်။ ခရစ်တော်ရဲ့စကားကို တခွန်းစီလေ့လာရင် လူသာမန် စကားမဟုတ်ဘူး။ ဘုရားစကားဖြစ်ကြောင်း သိလာမယ်။

ခရစ်တော်ရဲ့သွန်သင်ချက်ကို လက်တွေ့လုပ်ဆောင်ဖို့ရန်က ခံယူသူနဲ့သာဆိုင်တယ်။ အလိုတော်ကို လိုက်လျှာက်ချင်သလား။ ဘုရားအလိုတော်အတိုင်း မလိုက်လျှောက်ချင်ရင် စစ်မှန်တဲ့တရားကို သိနိုင်မှာမဟုတ်ဘူး။ လိုက်နာတတ်လေလေ နားလည်နိုင်စွမ်း ပိုမြင့်လာလေလေ ဖြစ်မယ်။ နောက်တဆင့်ကို ရောက်သွားပြီး ဘုရားသခင်ကို သိလာမယ်။

ခမည်းတော်ဘုရားသခင်ရဲ့အလိုကိုဆောင်ဖို့ ကြိုးစားသူဟာ ဧဝံဂေလိတရားနဲ့ ပညတ်တရားကြားက ကွာခြားချက်ကြီးကို သိလာမယ်။ သခင်ဘုရားက လူရဲ့ပုခုံးပေါ်မှာ ဝန်ထုပ်ကြီးကို ချထားမပေးဘူး။ ထမ်းနိုင်မယ့် ခွန်အားကိုပဲ ပေးတယ်။ ဒါကြောင့် ပျော်ရွှင်ဝမ်းမြောက်စွာ ထမ်းဆောင်နိုင်လိမ့်မယ်။ ခရစ်တော်စကားကို နားထောင်ရင် ခရစ်တော်ရဲ့ မေတ္တာကိုပြဖို့ ခွန်အားရလာလိမ့်မယ်။ ခရစ်တော်ရဲ့သွန်သင်ချက်က လူကို မရှုံးစေဘူး။ မောရှေရဲ့တရားဖြစ်တဲ့ ပညတ်တရားကတော့ လူကိုရှုံးစေတယ်။ ဒါကြောင့် ကျေးဇူးတော်အတိုင်း အသက်ရှင်ရမယ်။ ဘုရားသခင် အလိုတော်နဲ့အညီ ခရစ်တော်သွန်သင်တဲ့အတိုင်း အသက်ရှင်မယ်ဆိုရင် ခရစ်တော်ဟာ လူသာမန် မဟုတ်ဘူး။ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်၊ လူ့ဇာတိခံယူတာဖြစ်ကြောင်း သိလာတယ်။ အတွေးအခေါ် သက်သက်နဲ့ လာတာမဟုတ်ပဲ အပြစ်ခွင့်လွှတ်ခြင်းနဲ့ တန်ခိုးတော်ကို ပေးကြောင်းသိလာမယ်။

ယောဟန် ၇း ၁၉- ၂၀
၁၉ မောရှေသည် ပညတ်တရားကို သင်တို့အားပေးသည်မဟုတ်လော။ ထိုတရားကို သင်တို့တွင် တစုံတယောက်မျှ မကျင့်။ ငါ့ကိုသတ်အံ့သောငှါ အဘယ်ကြောင့်ရှာကြံကြသနည်းဟု မိန့်တော်မူ၏။ ၂၀ လူအစုအဝေးကလည်း သင်သည်နတ်ဆိုးစွဲသောသူဖြစ်၏။ သင့်ကိုသတ်အံ့သောငှါ အဘယ်သူရှာကြံသနည်းဟု ဆိုကြ၏။

ခရစ်တော်က ပညတ်တရားကို သင်တို့ခံယူရပေမယ့် တကယ်မကျင့်ဘူးလို့ ယုဒလူတွေကိုပြောတယ်။ ဒီစကားက ဂျူးလူမျိုးတွေရဲ့ နှလုံးသားကို နာကျင်သွားစေတယ်။ သူတို့ဟာ ဓမ္မဟောင်းပညတ်တွေကို မလိုက်လျှောက်ကြောင်း ပြနေတယ်။ ပညတ်တခုကိုချိုးဖေါက်ရင် အားလုံးကို ချိုးဖေါက်သလိုဖြစ်ပြီး ဘုရားရဲ့ အမျက်တော်ခံရမှာဖြစ်တယ်။ ဒီလိုပြောတဲ့အတွက် သခင်ယေရှုကို ယုဒလူတွေက သူတို့စိတ်အားကြီးကြောင်း၊ ဖြောင့်မတ်ကြောင်း ပြောလာတယ်။ ဒါက ကိုယ့်ကိုကိုယ်လှည့်စားတာ ဖြစ်တယ်။

ယုဒအကြီးအကဲတွေက သူ့ကို သတ်ချင်တာ သိတယ်လို့ ကြေညာတယ်။ သခင်ယေရှုရှေ့မှာ လိမ်ညာဖုံးကွယ်လို့မရဘူး။ ဘုရားတရားမှာ စိတ်အားကြီးရုံနဲ့ မရဘူးလို့ သတိပေးလိုက်တယ်။ အဖိုးအခပေးရကြောင်း ပြောပြတယ်။

မင်းတို့ ငါ့ကို ဘာလို့သတ်ချင်သလဲ လို့ မေးလိုက်တယ်။

ခရစ်တော်ရဲ့ စကားကြောင့် လူအုပ်ကြီး တွန့်သွားတယ်။ သူတို့မဖြောင့်မတ်ဘူးဆိုတာကိုသိနေတယ်။ သူတို့အဖြေက သူတို့လျှို့ဝှက်အကြံစည်ကို ဖုံးကွယ်ဖို့ ဖြစ်တယ်။ No, No မင်းကို ဘယ်သူက သတ်ချင်လို့လဲ။ တချို့လူတွေက သခင်ယေရှုမှာ နတ်ဆိုးစွဲနေတယ်လို့ လွှဲချလာတယ်။ ကိုယ်ရဲ့အမုန်းစိတ်ကို ကိုယ်မမြင်၊ ဘုရားဝိညာဉ်နဲ့ နတ်ဆိုးကို မခွဲနိုင်။ ဘုရားမေတ္တာကို လုံးလုံးမသိသူတွေ ဖြစ်နေတယ်။

မေးခွန်း ၅၃

  1. ဘုရားသခင်ထံမှလာတဲ့ တရားစကားရဲ့သက်သေက ဘယ်အရာတွေလဲ။

www.Waters-of-Life.net

Page last modified on January 29, 2022, at 04:47 AM | powered by PmWiki (pmwiki-2.3.3)