Home
Links
Bible Versions
Contact
About us
Impressum
Site Map


WoL AUDIO
WoL CHILDREN


Bible Treasures
Doctrines of Bible
Key Bible Verses


Afrikaans
አማርኛ
عربي
Azərbaycanca
Bahasa Indones.
Basa Jawa
Basa Sunda
Baoulé
বাংলা
Български
Cebuano
Dagbani
Dan
Dioula
Deutsch
Ελληνικά
English
Ewe
Español
فارسی
Français
Gjuha shqipe
հայերեն
한국어
Hausa/هَوُسَا
עברית
हिन्दी
Igbo
ქართული
Kirundi
Kiswahili
Кыргызча
Lingála
മലയാളം
Mëranaw
မြန်မာဘာသာ
नेपाली
日本語
O‘zbek
Peul
Polski
Português
Русский
Srpski/Српски
Soomaaliga
தமிழ்
తెలుగు
ไทย
Tiếng Việt
Türkçe
Twi
Українська
اردو
Uyghur/ئۇيغۇرچه
Wolof
ייִדיש
Yorùbá
中文


ગુજરાતી
Latina
Magyar
Norsk

Home -- Burmese -- John - 047 (Sifting out of the disciples)

This page in: -- Albanian -- Arabic -- Armenian -- Bengali -- BURMESE -- Cebuano -- Chinese -- Dioula? -- English -- Farsi? -- French -- Georgian -- Greek -- Hausa -- Hindi -- Igbo -- Indonesian -- Javanese -- Kiswahili -- Kyrgyz -- Malayalam -- Peul -- Portuguese -- Russian -- Serbian -- Somali -- Spanish -- Tamil -- Telugu -- Thai -- Turkish -- Twi -- Urdu -- Uyghur? -- Uzbek -- Vietnamese -- Yiddish -- Yoruba

Previous Lesson -- Next Lesson

ယောဟန် - အမှောင်မှာ ထွန်းလင်းတဲ့ အလင်းတော်
ရှင်ယောဟန်ခရစ်ဝင်ကျမ်းကို လေ့လာခြင်း
အမှောင်ထဲမှာ လင်းတဲ့ အလင်း(ယောဟန် ၅း ၁ - ၁၁း ၅၄)
B - သခင်ယေရှုသည် အသက်မုန့် ဖြစ်တယ်။ (ယော ၆း ၁ - ၇၁)

5. တပည့်တော်တို့ကို စစ်ထုတ်ခြင်း (ယော ၆း ၅၉ - ၇၁)


ရှင်ယောဟန် ၆:၆၆-၆၇
၆၆ ထိုအခါမှစ၍ တပည့်တော်အများတို့သည် ကိုယ်တော်နှင့် မပေါင်းဖော်ဘဲ ဆုတ်သွားကြ၏။- ၆၇ ထိုကြောင့် ယေရှုသည် တစ်ကျိပ်နှစ်ပါးသောသူတို့အား၊ သင်တို့သည်လည်း ထွက်သွားခြင်းငှာ အလိုရှိကြသလောဟု မေးတော်မူလျှင်၊-

လူ ၅ ထောင်ကို ကျွေးမွေးတော့ လူတွေ သိပ်စိတ်ဝင်စားကြတယ်။ ဒါပေမယ့် စိတ်ဝင်စားမှုရဲ့နောက်မှ ဆိုးညစ်ခြင်းကို ပြတော်မူတယ်။ ဒါကြောင့် လူတွေ စွန့်ခွါကြတာ ဖြစ်တယ်။ စိတ်အားအလွန်ကြီး၊ ဘုရားတရား အရမ်း ကိုင်းရှိုင်း၊ သံသယရှိလည်း ယုံတယ်ဆိုတာမျိုး ကိုယ်တော် အလိုမရှိဘူး။ ဒုတိယမွေးခြင်း လိုတယ်။ ရိုးရိုးလေး ယုံကြည်ပါ။ စွန့်ခွါမသွားနဲ့။ တချိန်ထဲမှာ လွှတ်တော်ရဲ့ သူလျှိုတွေကလည်း တပည့်တော်တွေကို ခြိမ်းခြောက်တယ်။ လှည့်စားသူနောက်လိုက်တယ်ဆိုပြီး၊ တရားဇရပ်က နှင်ထုတ်တယ်။ ကပေရနောင်မှာ လူအများအပြား စွန့်ခွါကြတော့ လူသာမန်တွေလည်း လှည့်ထွက်သွားကြတယ်။ သစ္စာရှိတဲ့ တပည့်တော်တွေပင် လွှတ်တော်ကို ကြောက်ကြတယ်။ သခင်ယေရှုက အစွန်းရောက်တယ်လို့ ထင်ကြတယ်။ ရိုးသားတဲ့ လူနည်းစုပဲ ကျန်တော့တယ်။ ဂျုံဆန်ကို ဇကာနဲ့ ချတော်မူတာပါ။

ဒီအရင်မှာ လူမျိုးတော် ၁၂ မျိုးကို ရောင်ပြန်ဟပ်ဖို့ တပည့်တော် ၁၂ ပါးကို ရွေးချယ်တယ်။ ဒီနံပါတ်က ၃ X ၄ ဖြစ်ပြီး ကောင်းကင်နဲ့မြေကြီးကို ကိုယ်စားပြုတယ်။ အသေးစိတ်ဆိုရင် သုံးပါးတဆူဘုရားနဲ့ မြေကြီးမျက်နှာပြင် ၄ ဖက်ကို ကိုယ်စားပြုတယ်။ ၃ နဲ့ ၄ မြှောက်ရင် ၁၂ ရတယ်။ ဒါကြောင့် တပည့်တော်တွေဟာ ကောင်းကင်နဲ့ မြေကြီးကြားမှာ ရှိသလို၊ သုံးပါးတဆူဘုရားနဲ့ မြေမျက်နှာပြင် ၄ ဖက်မှာ ရှိတယ်။

အဲဒီနောက် ရွေးကောက်ထားသူတွေကို ထပ်ပြီး စမ်းသပ်တယ်။ “မင်းတို့လည်း ငါ့ထံက ထွက်သွားချင်သေးလား။” ဒီမေးခွန်းနဲ့ သူတို့ရဲ့အနာဂတ်ကို ဆုံးဖြတ်ဖို့ ပြောလိုက်တယ်။ ဒီလိုပဲ ကျွန်တော်တို့ကိုလည်း စိတ်ပူစရာအချိန်၊ ညှည်းဆဲခံရချိန်တွေမှာ ထွက်သွားချင်သလား။ ဆက်နေမလား။ မေးနေတယ်။ အစဉ်အလာ၊ ခံစားချက်၊ အတွေးအခေါ်နဲ့ ပိုင်ဆိုင်မှုတွေက အရေးကြီးသလား။ သခင်ယေရှုက အရေးကြီးသလား။

ရှင်ယောဟန် ၆:၆၈-၆၉
၆၈ ရှိမုန်ပေတရုက၊ သခင်၊ အကျွန်ုပ်တို့သည် အဘယ်သူထံသို့ သွားရမည်နည်း။ ထာဝရအသက်နှင့် ယှဉ်သောစကားသည် ကိုယ်တော်၌ တည်ပါ၏။- ၆၉ ကိုယ်တော်သည် ခရစ်တော်တည်းဟူသော အသက်ရှင်တော်မူသော ဘုရားသခင်၏သားတော် ဖြစ်တော်မူသည်ကို အကျွန်ုပ်တို့ ယုံကြည်သိမှတ်ကြပါသည်ဟု လျှောက်လေ၏။-

ခရစ်တော်ရဲ့ပရောဖက်ပြုချက်အတိုင်း သူဟာ ခိုင်မာတဲ့ကြောင်း ဖြစ်ကြောင်း ပေတရုသက်သေပြတယ်။ အားလုံးကိုယ်စား အဖြေပေးတယ်။ “ဘယ်သူ့ဆီ သွားရမလဲ။ ကိုယ်တော်တပါးတည်းသာ ထာဝရအသက် ပေးပိုင်ပါ၏။” သခင်ယေရှုပြောသမျှ အားလုံး သူနားမလည်ပေမယ့် သခင်ယေရှုဟာ ကောင်းကင်က လာတယ်။ လူသာမန် မဟုတ်ဘူး။ စကားတော်နဲ့ အသက်ရှင်စေနိုင်သူ ဖြစ်တယ်လို့တော့ သူလေးလေးနက်နက် သိထားတယ်။ သခင်ဘုရား ကြွလာတာ သူယုံတယ်။ မုန့်တွေ ဝေပေးတော့ ပေတရုရှိတယ်။ ရေနစ်မလိုဖြစ်တော့ သခင်ယေရှုက လက်ကမ်းဖူးတယ်။ သူ့စိတ်က သခင်ယေရှုကို ရင်းနှီးနေတယ်။ တခြားအရာတွေထက် သခင်ယေရှုကို ပိုချစ်တယ်။ ထွက်မသွားနိုင်ဘူး။ ပေတရုက သခင်ယေရှုကို ရွေးလိုက်တယ်။ အကြောင်းက သူ့ကို သခင်ယေရှုက အရင် ရွေးထားလို့ပါ။

တမန်တော်တွေရဲ့ခေါင်းဆောင်က သူ့စကားကို အဆုံးသတ်ပုံက … “ယုံကြည်ပြီး၊ သိလာတယ်။” သတိထားရမှာက “သိပြီးမှ ယုံကြည်တာ။” လို့ မပြောဘူး။ ယုံကြည်ခြင်းကသာ စိတ်နှလုံးကို ဖွင့်ပါတယ်။ ယုံကြည်ခြင်းက စိတ်နှလုံးကို လင်းစေတယ်။ ဒါကြောင့် ပေတရုနဲ့ တမန်တော်တွေဟာ သခင်ယေရှုကို ယုံကြည်ဖို့ ဝိညာဉ်တော် လမ်းပြမှုကို ခံယူကြတယ်။ ဖွက်ထားတဲ့ ဘုန်းအသရေကို ရိပ်စားမိစပြုလာတယ်။ သခင်ယေရှုကို သိကျွမ်းရသမျှဟာ ဘုရားပေးတဲ့ ကျေးဇူးတော်သက်သက်ပါ။

တပည့်တော်တွေရဲ့ ယုံကြည်ခြင်း သဘာဝက ဘယ်ဘိုလဲ။ ဒီယုံကြည်ခြင်းမှာ ဘာတွေပါသလဲ။ ဝိညာဉ်တော်နဲ့ ပြည့်ဝတဲ့ မေရှိယနဲ့ ဆက်နွယ်နေတယ်။ သခင်ယေရှုမှာ ဓမ္မဟောင်းကာလ ဝိညာဉ်တော်အားဖြင့် ဘိသိက်ပေးထားတဲ့ ယဇ်ပရောဟိတ်၊ ရှင်ဘုရင်၊ ပရောဖက်အရာတွေ အားလုံးပါဝင်နေတယ်။ ခရစ်တော်ထံမှာ ကောင်းကင်တန်ခိုးနဲ့ ကောင်းကြီးမင်္ဂလာတွေ ပေါင်းစပ်ပါဝင်နေတယ်။ အနန္ဒတန်ခိုးနဲ့ပြည့်စုံတဲ့ ကောင်းးကင်ဘုရင် ဖြစ်သလို၊ လူတွေကို ဖန်ဆင်းတဲ့ဘုရားနဲ့ ရန်ငြိမ်းစေမယ့် ယဇ်ပရောဟိတ်မင်းလည်း ဖြစ်တယ်။ လူသေတွေကို ထမြောက်စေပြီး၊ လောကီသားတွေကို တရားစီရင်မယ့်သူ ဖြစ်တယ်။ ယုံကြည်ခြင်းအားဖြင့် ပေတရုဟာ ခရစ်တော်ရဲ့ ဘုန်းတော်ကို ခံစားရတယ်။ တပည့်တော်တွေလည်း ယုံကြည်ကြတယ်။ ပေတရုကတော့ အားလုံး ကိုယ်စား အခုလို အရေးကြီးတဲ့ သက်သေခံစကားဖြစ်တဲ့ သခင်ယေရှုဟာ ဘုရားသခင်ရဲ့သားတော် ဖြစ်တယ်။ သာမန်လူ မဟုတ်ဘူး။ ဘုရားသခင် ဖြစ်တယ် .. လို့ ပြောဆို သက်သေခံတယ်။ ဘုရားသားတော်ဖြစ်သလို၊ ဘုရားဂုဏ်တော်တွေနဲ့ ပြည့်စုံတယ်။ အပြစ်နဲ့ကင်းစင်တယ်။ နှစ်ခြင်းဆရာ ပရောဖက်ပြုသလို ဘုရားသခင်ရဲ့ သိုးသငယ်အဖြစ် လုပ်ဆောင်တယ်။ တပည့်တော်တွေက ချစ်ပြီး၊ လေးစားတယ်။ သခင်ယေရှု အတူရှိနေခြင်းဟာ ဘုရားသခင် ရှိနေခြင်းလို့ သိတယ်။ သားတော်၌ ခမည်းတော်ကို မြင်တယ်။ ဘုရားမေတ္တာကို နားလည်လာတယ်။

ရှင်ယောဟန် ၆:၇၀-၇၁
၇၀ ယေရှုကလည်း၊ တစ်ကျိပ်နှစ်ပါးသောသင်တို့ကို ငါရွေးကောက်သည် မဟုတ်လော။ သို့သော်လည်း သင်တို့တွင် ရန်သူတစ်ယောက်ပါသည်ဟု မိန့်တော်မူ၏။- ၇၁ ထိုသို့မိန့်တော်မူသော်၊ တစ်ကျိပ်နှစ်ပါးအဝင်ဖြစ်၍ ကိုယ်တော်ကိုအပ်နှံမည်သူ၊ ရှိမုန်၏သားယုဒရှကာရုတ်ကို ဆိုလိုသတည်း။

သူတို့သက်သေခံတာကို သခင်ယေရှုက ယုံကြည်ခြင်းကြီးထွားတာလို့ ပြောပြီး၊ ဝမ်းသာအားရ ကြိုဆိုတယ်။ ဒါပေမယ့် သူတို့ထဲက တယောက်ကတော့ အမြဲဆန့်ကျင်နေတယ်ဆိုတာ သိတော်မူတယ်။ အဲဒီလူက စိတ်နှလုံး ခိုင်မာလာလို့ သခင်ယေရှုက စာတန်လို့ ခေါ်ရတယ်။ တမန်တော်တွေဟာ ဘုရားသခင် ရွေးကောက်ထား သူတွေပါ။ ဒါပေမယ့် ဘုရားလက်တော်ထဲက အရုပ်ကလေးတွေ မဟုတ်ဘူး။ ဝိညာဉ်တော်ရဲ့စကားကို နာခံနိုင်တယ်။ လစ်လျူရှုနိုင်တယ်။ ယုဒက ဘုရားစကားကို လုံးဝ နားမထောင်တော့ဘူး။ စာတန်အလိုဝန်ခံပြီး စာတန်နဲ့ ဆက်သွယ်လိုက်တယ်။ တချို့သူတွေလို ယုဒက သခင်ယေရှုကို စွန့်ခွါမသွားဘူး။ ယုံကြည်ဟန်ဆောင်ပြီး အနားမှာ ဆက်နေတယ်။ သစ္စာဖေါက်ရင်း မုသာအဘရဲ့ သားတယောက်ဖြစ်သွားတယ်။ ပေတရုက သခင်ယေရှုကို မေရှိယအဖြစ် ဝန်ခံပေမယ့် ယုဒက လွှတ်တော်မှာ အပ်နှံဖို့ သစ္စာဖေါက်လိုက်တယ်။ မုန်းတီးတဲ့စိတ်နဲ့ အပ်နှံဖို့ အစီအစဉ် ဆွဲလိုက်တယ်။

ဒီနေရာမှာ လွှတ်တော်က တပည့်တော်တွေကို လုပ်တဲ့ တိုက်ခိုက်ထိုးနှက်မှုတွေကို မရေးဘဲ၊ သစ္စာရှိသူတွေရဲ့ကြားမှာ သစ္စာဖေါက်တယောက် ရှိနေကြောင်းသာ ရေးတယ်။ သခင်ယေရှုက သူ့ကို မနှင်ထုတ်ဘူး။ သူ့နာမည်ကို တပည့်တော်တွေရှေ့မှာ မဖေါ်ထုတ်ဘူး။ ယုဒ စိတ်ဆိုးယုတ်ရာက နောင်တရဖို့ သည်းခံပေးတယ်။

မိတ်ဆွေ .. ကိုယ့်ကိုကိုယ် နှိမ့်ချစွာ ဆန်းစစ်ပါ။ ဘုရားသားလား။ စာတန်သားလား။ ဝိညာဉ်တော်ရဲ့ သွေးဆောင်မှုကို လက်ခံပါရဲ့လား။ စာတန်ဖက်ကို ယိမ်းနေသလား။ ဘဝရဲ့အဓိကအချက်ကို လွဲနေမယ်။ သတိထားပါ။ သခင်ဘုရား သင့်ကို ချစ်တယ်။ ကယ်ခဲ့တယ်။ ဒါပေမယ့် ကယ်တင်ခြင်းကို ငြင်းပယ်ရင် စာတန်ရဲ့ လမ်းထဲရောက်သွားပြီး၊ ချည်နှောင်ခံရလိမ့်မယ်။ ကိုယ်တော်စောင့်နေတယ်။ ခရစ်တော်ထံ ပြန်လာပါ။

ဆုတောင်း သခင်ယေရှု၊ ကိုယ်တော်ဟာ သန့်ရှင်းသော၊ သနားတတ်သော၊ တန်ခိုးကြီးသော၊ အောင်မြင်သော ဘုရားသခင်ရဲ့ သားတော် ဖြစ်ပါ၏။ အပြစ်များကို ခွင့်လွှတ်လျက် ပဋိညာဉ်သစ်၌ တည်စေပါ။ သန့်ရှင်းစေပါ။ အထံတော်မှာနေစေလျက်၊ ကိုယ်တော်နှင့် တူစေပါ။ ယုံကြည်ခြင်းနဲ့ ဥာဏ်ပညာမှာ ကြီးထွားလျက်၊ ကိုယ်တော် တပါးတည်းသာ ခရစ်တော်တည်းဟူသော အသက်ရှင်သော ဘုရားသခင်ရဲ့သားတော် ဖြစ်ကြောင်း သက်သေခံဖို့ သန့်ရှင်းစေပါ။

မေးခွန်း ၅၁

  1. ပေတရုရဲ့ သက်သေခံချက်မှာ ပါဝင်နေတဲ့အချက်တွေကို ပြောပြပါ။

www.Waters-of-Life.net

Page last modified on January 29, 2022, at 04:47 AM | powered by PmWiki (pmwiki-2.3.3)