Home
Links
Bible Versions
Contact
About us
Impressum
Site Map


WoL AUDIO
WoL CHILDREN


Bible Treasures
Doctrines of Bible
Key Bible Verses


Afrikaans
አማርኛ
عربي
Azərbaycanca
Bahasa Indones.
Basa Jawa
Basa Sunda
Baoulé
বাংলা
Български
Cebuano
Dagbani
Dan
Dioula
Deutsch
Ελληνικά
English
Ewe
Español
فارسی
Français
Gjuha shqipe
հայերեն
한국어
Hausa/هَوُسَا
עברית
हिन्दी
Igbo
ქართული
Kirundi
Kiswahili
Кыргызча
Lingála
മലയാളം
Mëranaw
မြန်မာဘာသာ
नेपाली
日本語
O‘zbek
Peul
Polski
Português
Русский
Srpski/Српски
Soomaaliga
தமிழ்
తెలుగు
ไทย
Tiếng Việt
Türkçe
Twi
Українська
اردو
Uyghur/ئۇيغۇرچه
Wolof
ייִדיש
Yorùbá
中文


ગુજરાતી
Latina
Magyar
Norsk

Home -- Burmese -- John - 015 (Testimonies of the Baptist to Christ)
This page in: -- Albanian -- Arabic -- Armenian -- Bengali -- BURMESE -- Cebuano -- Chinese -- Dioula -- English -- Farsi? -- French -- Georgian -- Greek -- Hausa -- Hindi -- Igbo -- Indonesian -- Javanese -- Kiswahili -- Kyrgyz -- Malayalam -- Peul -- Portuguese -- Russian -- Serbian -- Somali -- Spanish -- Tamil -- Telugu -- Thai -- Turkish -- Twi -- Urdu -- Uyghur? -- Uzbek -- Vietnamese -- Yiddish -- Yoruba

Previous Lesson -- Next Lesson

ယောဟန် - အမှောင်မှာ ထွန်းလင်းတဲ့ အလင်းတော်
ရှင်ယောဟန်ခရစ်ဝင်ကျမ်းကို လေ့လာခြင်း
အပိုင်း ၁ - ဘုရားအလင်းတော် ထွန်းလင်းခြင်း - (ယောဟန် ၁း ၁ - ၄း ၅၄)
B - ခရစ်တော်က တပည့်တော်တွေကို နောင်တတရား နေရာမှ မင်္ဂလာပွဲရဲ့ ဝမ်းမြောက်ရာသို့ ခေါ်ဆောင်တယ်။ (ယောဟန် ၁း ၁၉- ၂း ၁၂)

2. ခရစ်တော်အကြောင်း နှစ်ခြင်းဆရာရဲ့ နောက်ထပ် စိတ်လှုပ်ရှားဖွယ် သက်သေခံချက်များ (ယော ၁း ၂၉ -၃၄)


ယောဟန် ၁း ၃၁ - ၃၄
၃၁ အစက ထိုသူကို ငါမသိ။ သို့သော်လည်း ထိုသူကို ဣသရေလလူတို့အား ထင်ရှားစေခြင်းငှါ ငါသည် ရေ၌ နှစ်ခြင်းကို ပေးလျက်လာ၏။ ၃၂ ထိုမှတပါး ဝိညာဉ်တော်သည် ကောင်းကင်မှ ချိုးငှက်ကဲ့သို့ ဆင်းသက်၍ ထိုသူအပေါ်၌ နားတော်မူသည်ကို ငါမြင်ရပြီ။ ၃၃ အစက ထိုသူကို ငါမသိ။ ရေနှစ်ခြင်းပေးစေခြင်းငှါ ငါ့ကို စေလွှတ်တော်မူသောသူက၊ အကြင်သူ၏အပေါ်၌ ဝိညာဉ်တော်ဆင်းသက်၍ နားတော်မူသည်ကို သင်သည်မြင်လျှင်၊ ထိုသူကား သန့်ရှင်းသော ဝိညာဉ်တော်၌ နှစ်ခြင်းကို ပေးသောသူပေးတည်း ဟု မိန့်တော်မူသည်နှင့်အညီ။ ၃၄ ငါသည်မြင်၍ ဤသူသည် ဘုရားသခင်၏သားတော် ဖြစ်တော်မူကြောင်းကို သက်သေခံသည်ဟု ယောဟန် ဆိုလေ၏။

နှစ်ခြင်းဆရာ အသက် ၃၀ မှာ ခရစ်တော် သွားရာလမ်းကို ပြငိဖို့ လူတွေ သိလာစေဖို့ ခေါ်တော်မူတယ်။ ဒါကြောင့် နှစ်ခြင်းဟာ ကိုယ်အပြစ်ကို မြင်ပြီး ခရစ်တော်ကို ကြိုဆိုတာ ဖြစ်တယ်။ အရင် ဘယ်သူမှ မမြင်ဖူးသေးတဲ့ ခရစ်တော် အပေါ်မှာ ဝိညာဉ်တော် သက်ရောက်တာကို နှစ်ခြင်းဆရာ မြင်ရမယ်လို့ ဂတိတော် ရထားတယ်။ ဝိညာဉ်တော်ကလည်း သခင်ယေရှုအပေါ်မှာ သက်ရောက်လာပါတယ်။ ဓမ္မဟောင်း ပရောဖက်တွေ အပေါ်မှာ ဝိညာဉ်တော် ခဏတာ သက်ရောက်ပေမယ့် ခရစ်တော်က ဝိညာဉ်တော်နဲ့ ထာဝရ ပြည့်နေတယ်။ တသွင်သွင် စီးနေတဲ့ စမ်းချောင်းလို ဝိညာဉ်တော်က ယုံကြည်သူကို တန်ခိုးနဲ့ ပြည့်စေမယ်။

လူငယ် နှစ်ယောက် မျက်နှာချင်းဆိုင် ယော်ဒန်မြစ်ဘေးမှာ ရပ်နေတယ်။ ကောင်းကင်က ငြင်သာစွာ ပွင့်လစ်လာတယ်။ နှစ်ခြင်းဆရာက ဝိညာဉ်တော် ချိုးငှက်လို ဆင်းသက်တာကို မြင်တယ်။ ကောင်းကင်ပြာ နောက်ခံမှာ အဖြူရောင် ဆိုတော့ ငြိမ်းချမ်းခြင်း၊ နူးညံ့သိမ်မွေ့ခြင်းကို ပုံဆောင်တယ်။

အဲဒီအချိန်မှာ ဝိညာဉ်တော်က နှစ်ခြင်းဆရာအပေါ် မသက်ရောက်ဘူး။ နောင်တရနေသူတွေအပေါ် မသက်ရောက်ဘူး။ သခင်ယေရှုအပေါ်မှာသာ သက်ရောက်တယ်။ ပရောဖက်အားလုံး၊ သတ္တဝါအားလုံးထက် ကြီးမြတ်တာကို ပြတယ်။ သူ့ရှေ့ရပ်နေသူဟာ လူတွေမြော်လင့်နေတဲ့ ထာဝရဘုရားဆိုတာ သိသွားတယ်။ နှစ်ခြင်းဆရာဟာ မာရိက ဧလိဇဗက်ထံ လာလည်တော့ သူ့အမေဝမ်းထဲမှာ ထခုန်ဖူးသလို ဒီတခါလည်း ထခုန်မိမှာ အမှန်ပဲ။ (လုကာ ၁း ၃၆ - ၄၅)

နှစ်ခြင်းဆရာ ရိပ်မိတာက ခရစ်တော်က ဝိညာဉ်တော် ပေးပိုင်တယ်။ ဗျာဒိတ်တော်ကို ဖွက်မထားဘဲ၊ အတိအလင်း ကြေညာပြီ။ “ထာဝရဘုရား ကြွလာပြီ။ အခု ရောက်နေပြီ။ အပြစ်ပေးဖို့ မဟုတ်ဘူး၊ မေတ္တာ စေတာနဲ့ လာတယ်။ သာမန် လူတယောက် မဟုတ်ဘူး။ ဝိညာဉ်တော်နဲ့ ပြည့်တဲ့ ဘုရားသားတော် ဖြစ်တယ်။ နားလည်သူတိုင်း သခင်ယေရှုဟာ ဘုရားထံက လာတဲ့ ဝိညာဉ်ဖြစ်သလို၊ ဘုရားသားတော် ဖြစ်တာကို ဝန်ခံကြတယ်။” ဒါကြောင့် နှစ်ခြင်းဆရာက ရှင်းပြတယ်။ နောင်တရသူကို ဝိညာဉ်တော်နဲ့ နှစ်ခြင်းပေးဖို့ ဘုရားဟာ ဝိညာဉ် ဖြစ်ပြီး အခု လူ့ဇာတိ ခံယူလာတယ်။ ဘုရားမေတ္တာကို ခံစားရဖို့ ဝိညာဉ်တော်နဲ့ ပြည့်ဝစေဖို့ အလိုတော် ရှိတယ်။

ဝိညာဉ်တော်နဲ့ ပြည့်ဝပြီးပြီလား? ခရစ်တော်ရဲ့ တန်ခိုးကို ခံစားဖူးပြီလား? ဒါက ခရစ်တော် ကိုယ်စား အသေခံတာကို ယုံကြည်ပြီး အပြစ်လွှတ်ခံရမှ ခံစားရတယ်။ သိုးသူငယ်တော်ရဲ့ ခွင့်လွှတ်ခြင်းကို ခံစားရသူဟာ ဝိညာဉ်တော်နဲ့ ပြည့်ရတယ်။ ယုံကြည်သူတိုင်းကို ဘုရားသားတော်က ဆုကျေးဇူးတွေ ပေးဖို့ အသင့်ရှိတယ်။

ဆုတောင်း သားတော် ဘုရားသခင်၊ ကိုယ်တော်ကို ချီးမွမ်း ကိုးကွယ်ပါ၏။ လူတို့အတွက် နှိမ့်ချလျက် အပြစ်ဝန်များကို ယူဆောင်သွားပါ၏။ ကိုယ်တော်ကို ချစ်သောသူတိုင်းအတွက် ပေးသနား တည်စေသော ဝိညာဉ်တော်အတွက် ကျေးဇူးတင်ပါ၏။ အပြစ် ဒုစရိုက်မှာ အိပ်ပျော်နေသူများကို နိုးစေတော်မူပါ။ ကိုယ်တော်၏ တရားအားဖြင့် နိုးထစေပါ။

မေးခွန်း ၁၉

  1. ဘာကြောင့် သခင်ယေရှုက ဝိညာဉ်တော်ကို ပေးပိုင်တာလဲ?

www.Waters-of-Life.net

Page last modified on January 29, 2022, at 04:27 AM | powered by PmWiki (pmwiki-2.3.3)