Home
Links
Bible Versions
Contact
About us
Impressum
Site Map


WoL AUDIO
WoL CHILDREN


Bible Treasures
Doctrines of Bible
Key Bible Verses


Afrikaans
አማርኛ
عربي
Azərbaycanca
Bahasa Indones.
Basa Jawa
Basa Sunda
Baoulé
বাংলা
Български
Cebuano
Dagbani
Dan
Dioula
Deutsch
Ελληνικά
English
Ewe
Español
فارسی
Français
Gjuha shqipe
հայերեն
한국어
Hausa/هَوُسَا
עברית
हिन्दी
Igbo
ქართული
Kirundi
Kiswahili
Кыргызча
Lingála
മലയാളം
Mëranaw
မြန်မာဘာသာ
नेपाली
日本語
O‘zbek
Peul
Polski
Português
Русский
Srpski/Српски
Soomaaliga
தமிழ்
తెలుగు
ไทย
Tiếng Việt
Türkçe
Twi
Українська
اردو
Uyghur/ئۇيغۇرچه
Wolof
ייִדיש
Yorùbá
中文


ગુજરાતી
Latina
Magyar
Norsk

Home -- Burmese -- John - 001 (Introduction)
This page in: -- Albanian -- Arabic -- Armenian -- Bengali -- BURMESE -- Cebuano -- Chinese -- Dioula -- English -- Farsi? -- French -- Georgian -- Greek -- Hausa -- Hindi -- Igbo -- Indonesian -- Javanese -- Kiswahili -- Kyrgyz -- Malayalam -- Peul -- Portuguese -- Russian -- Serbian -- Somali -- Spanish -- Tamil -- Telugu -- Thai -- Turkish -- Twi -- Urdu -- Uyghur -- Uzbek -- Vietnamese -- Yiddish -- Yoruba

Next Lesson

ယောဟန် - အမှောင်မှာ ထွန်းလင်းတဲ့ အလင်းတော်
ရှင်ယောဟန်ခရစ်ဝင်ကျမ်းကို လေ့လာခြင်း

ရှင်ယောဟန်ခရစ်ဝင်ကျမ်းအတွက် နိဒါန်း


ခရစ်တော်က တပည့်တော်တွေကို သက်သေခံတွေဖြစ်စေဖို့ ခေါ်တယ်။ ကိုယ်တော်တိုင် ကိုယ့်အကြောင်း မရေး၊ အသင်းတော်တွေကိုလည်း သြဝါဒစာ မပို့ခဲ့ဘူး။ ဒါပေမယ့် ကြည်ညိုစရာကောင်းနေတော့ တပည့်တော်တွေရဲ့ စိတ်နှလုံးမှာ ထိတွေ့စွလဲ န်းနေတယ်။ တပည့်တော်တွေက ခရစ်တော်ရဲ့ဘုန်းတော်ကို ထင်ရှားလာတယ်။ ချစ်ခြင်း၊ နှိမ့်ချခြင်း၊ အသက်စွန့်ခြင်း၊ ရှင်ပြန်ထမြောက်ခြင်းတွေမှာ ခမည်းတော်ဘုရားရဲ့ တပါးတည်းသော သားတော်အဖြစ် ကျေးဇူးတော်နဲ့ သမ္မာတရားပြည့်ဝတဲ့ ဘုရားဘုန်းတော်ကို မြင်ကြရတယ်။ မသဲ၊ မာကု၊ လုကာတို့က သခင်ယေရှုရဲ့ မိန့မှ်ာစကားနဲ့ လုပ်ဆောင်မှုတွေကို မြင်အောင်ရေးချိန်မှာ ယောဟန်က သခင်ယေရှုရဲ့ရင်ထဲက မေတ္တာကို ပြတယ်။ ဒါကြောင့် ရှင်ယောဟန်ခရစ်ဝင်ကျမ်းကို ခရစ်ဝင်ကျမ်းတို့ရဲ့ အချုပ်၊ ကျမ်းစာတအုပ်လုံးရဲ့ သရဖူလို့ ခေါ်ကြတယ်။

ရေးသူ

သခင်ယေရှုရဲ့တပည့်တော် ယောဟန်ရေးတယ်လို့ ဒုတိယရာစု ကနဦးအသင်းတော်ဖခင်တွေက သဘောတူတယ်။ တခြားတမန်တော်တွေရဲ့ နာမည်ကို ဖေါ်ပြပေမယ့် သူနဲ့သ့အူ ကို ယာကုပ်နာမည်ကို တခါမှ မဖေါ်ပြဘူး။ သခင်ဘုရားနာမနဲ့ တြွဲပီးဖေါ်ပြထိုက်တယ်လို့ သူမထင်ဘူး။ ဒါပေမယ့် ပြင်သစ်ပြည်၊ Lyon လစ်ယွန်မြို့ရဲ့ သင်းအုပ် အာရင် နေးယပ်စ်ကတော့ ဒီကျမ်းရေးသူဟာ နောက်ဆုံးညစာစာချိန်မှာ သခင်ဘုရားရဲ့ ရင်ခွင်တော်ကိုမှီခဲ့တဲ့ ယောဟန် ရေးတယ်လို့ ရှင်းလင်းစွာ မှတ်တမ်းတင်ခဲ့တယ်။ ဧကရာဇ်မင်း ထရာဂျင် Emperor Trajan လက်ထက် (98-117 AD) ၊ Anatolian Ephesus ဧဖက်မြို့မှာ အမှုဆောင်စဉ် ရေးတယ်လို့ ဆိုတယ်။

တချို့ဝေဖန်သူတွေက ဒီခရစ်ဝင်ကျမ်းကိုရေးတဲ့ ယောဟန်ဆိုတာ သခင်ယေရှုရဲ့ တပည့်တော် မဟုတ်ဘူး။ အဲဒီရှင်ယောဟန်ရဲ့တပည့် ဧဖက်အသင်းတော်ရဲ့သင်းအုပ် နောက်ယောဟန်တယောက်က နောက်ပိုင်းမှ ရေးတာလို့ ဆိုတယ်။ ဒီလိုဝေဖန်သူတွေက စိတ်ကူးယဉ်ပြီး ထင်ရာပြောတာပါ။ မုသာကင်းတဲ့ သမ္မာတရားကို မသိသူတွေပါ။ ရှင်ယောဟန်က “သူ၏ဘုန်းကို ငါတို့သည် မြင်ကြရပြီ” လို့ ရေးတယ်။ ဒါကြောင့် ရေးသူဟာ သခင်ယေရှု အသက်ရှင်ချိန်၊ သေခြင်းခံချိန်၊ ပြန်ရှင်လာချိန်တွေမှာ မျက်မြင်သက်သေအဖြစ် ရှိနေခဲ့သူ ဖြစ်တယ်။ ခရစ်ဝင်ကျမ်းရဲ့အဆုံးမှာ ယောဟန်ရဲ့မိတ်ဆွေတွေ ဝင်ရေးထားတာက ….. “ထိုတပည့်တော်ကား၊ ဤအကြောင်းအရာတို့ကို သက်သေခံ၍ ရေးထားသောသူဖြစ်၏။ သူ၏သက်သေခံချက်မှန်သည်ကို ငါတို့ သိကြ၏။” (ယော ၂၁း ၂၄- ၂၅) သူတို့က တပည့်တော်တွေထဲမှာ ယောဟန်ကို ချစ်ပြီး၊ ညစာစားချိန်မှာ ရင်ခွင်တော်ကို မှီခွင့်ပေးတာကို ဖေါ်ပြတယ်။ ကိုယ်တော်ကို အပ်နှံမယ့်သူ ဘယ်သူလဲလို့ မေးရဲသူဟာ သူတယောက်ပဲ ရှိတယ်။ (ယော ၁၃း ၂၅)

နောက်တော်လိုက်ချိန်မှာ ယောဟန်က လူငယ်ပဲရှိသေးတယ်။ တမန်တော် ၁၂ ပါးထဲမှာ အငယ်ဆုံးပါ။ တံငါသည် ဖြစ်တယ်။ အဖေက ဇေဗေဒဲ၊ အမေက ဆလိုမီ။ တိဗေရိအိုင်ရဲ့ ကမ်းခြေ၊ ဗက်ဇဲဒမြို့မှာ မိသားစုနဲ့ အတူနေတယ်။ ယော်ဒန်မြစ်ကမ်းမှာ နောင်တတရားကို ဟောနေတဲ့ နှစ်ခြင်းဆရာ ယောဟန်ထံ ပေတရု၊ အနြေ္ဒ၊ အကိုဖြစ်သူ ယာကုပ်၊ ဖိလိပ္ပိ၊ နာသနေလတို့နဲ့အတူ သွားတယ်။ သွားတဲ့သူတွေနဲ့အတူ ဇေဗေဒဲရဲ့သား ယောဟန်လည်း ခွင့်လွှတ်ခြင်းကို တောင်းခံပြီး၊ နှစ်ခြင်းဆရာယောဟန်လက်နဲ့ ယော်ဒန်မြစ်မှာ နှစ်ခြင်းခံတယ်။ ယဇ်ပရောဟိတ် အကြီး အန္နနဲ့ ဆွေမျိုးတော်ပုံရတယ်။ သူတို့နဲ့သိပြီး နန်းတော်ထဲ ဝင်ခွင့်ရတယ်။ ယဇ်ပရောဟိတ် မိသားစုနဲ့ နီးစပ်ပုံရတယ်။ ဒါကြောင့် တခြားခရစ်ဝင်ကျမ်းရေးဆရာတွေ မရေးတာကို ရေးနိုင်တယ်။ နှစ်ခြင်းဆရာ ယောဟန်က သခင်ယေရှုအကြောင်း ပြောရာမှာ ဤလောကရဲ့အပြစ်ကို ဆောင်သွားမယ့် “ဘုရားသခင်ရဲ့ သိုးသူငယ်” လို့ သုံးနှုန်းတယ်။ ဒီအချက်တွေအရ ယောဟန်ဟာ ဝိညာဉ်တော်လမ်းပြတဲ့အတွက် သခင်ယေရှုရဲ့ ချစ်ခြင်းမေတ္တာကို တခြားတပည့်တော်တွေထက် ပိုသိပုံရတယ်။

ယောဟန်နဲ့ တခြားခရစ်ဝင်ကျမ်းရေးသူ ၃ ယောက်ကြား ဆက်နွယ်မှု

ယောဟန်က ခရစ်ဝင်ကျမ်းကို ရေးချိန်မှာ မသဲ၊ မာကု၊ လုကာ ခရစ်ဝင်ကျမ်းတွေက ရှိနှင့်နေပြီ။ အသင်းတော်တွေမှာ ဖတ်နေကြပြီ။ နှစ်ကြာလာပေမယ့် သခင်ဘုရား ပြန်ကြွမလာခင်မှာ စကားတော်တွေ မပျောက်ပျက်ရအောင် မသဲအားဖြင့် စုစည်းပြီး ခရစ်ဝင်ကျမ်းရေးသူ ၃ ယောက်က သူတို့ကျမ်းတွေကို ဟေဗြဲလို ကျမ်းစာအုပ်တအုပ်အဖြစ် ဖြန့်ဝေခဲ့ကြတယ်။ သခင်ယေရှုရဲ့ လုပ်ဆောင်မှုတွေ၊ ကြုံတွေ့တဲ့ဖြစ်ရပ်တွေက အများအားဖြင့် တူနေတယ်။ သူတို့ ၃ ယောက်က ဒီကျမ်းတွေကို ယုံကြည်မှုအပြည့်နဲ့ ဖြန့ေ် ဝဖို့ အားထုတ်ခဲ့ကြတယ်။ သမားတော်ကြီး လုကာက တခြား မျက်မြင်သက်သေဖြစ်တဲ့ မယ်တော်မာရိကို တွေ့ပြီး မတူတဲ့ရှုထောင့်ကို အခြေခံတယ်။

ယောဟန်ကတော့ သူကိုယ်တိုင်က သူတို့ကို ဖြည့်စွက်စရာ အရင်းအမြစ်ဖြစ်နေတယ်။ အသင်းတော်က သိပြီးသားတွေကို ထပ်မပြောဘဲ၊ ထပ်ဖြည့်ပေးတယ်။ ပထမခရစ်ဝင်ကျမ်း ၃ စောင်က ဂါလိလဲဒေသမှာ သခင်ယေရှု လုပ်ဆောင်တာတွေ ပြောတယ်။ ယေရုရှလင်ကို တခေါက်ပဲ သွားတယ်။ အသတ်ခံရမယ်လို့ ပြောချိန်မှာ ယောဟန်က သခင်ယေရှု ဂါလိလဲ မတိုင်ခင်၊ ဂါလိလဲကာလနဲ့ နောက်ပိုင်းတွေ ယေရုရှလင်မှာ လုပ်ဆောင်ခဲ့တာကို ပြောပြတယ်။ ယေရုရှလင်မြို့တော်ကို သခင်ယေရှု ၃ ကြိမ် ရောက်ဖူးတာကို ယောဟန် ပြောပြတယ်။ လူမျိုး အကြီးအကဲတွေက ငြင်းမြဲငြင်းကြတယ်။ ပိုပိုဆန့်ကျင်လာရင်း ကားတိုင်မှာ တင်သတ်ကြတယ်။ ဒါကြောင့် ဓမ္မဟောင်းကျမ်းကာလ အဖြစ်အပျက်တွေရဲ့ ဗဟိုချက်ဖြစ်တဲ့ ယေရုရှလင်မြို့မှာရှိတဲ့ ဂျူးတွေထံ သခင်ယေရှု သွားခဲ့တာကို ထောက်ပြတာဟာ ယောဟန်ခရစ်ဝင်ကျမ်းရဲ့ အရေးကြီးတဲ့အချက်ဖြစ်တယ်။

ရှင်ယောဟန်က သခင်ယေရှုပြတဲ့ နမိတ်လက္ခဏာတွေကို အလေးအနက် မပြောဘူး။ ၆ ကြိမ်ပဲ ဖေါ်ပြတယ်။ သူက ဘာကို မြင်သာစေချင်သလဲ? “ငါဖြစ်သည့်အတိုင်း ငါဖြစ်သည်” လို့ ပြောတဲ့ သခင်ယေရှုရဲ့ စကားကို ဖေါ်ပြတယ်။ ဒါက သခင်ယေရှု ဘယ်သူဆိုတာကို ပြောတဲ့စကားပါ။ ခရစ်ဝင်ကျမ်းရေးတဲ့ တခြားသူတွေက သခင်ယေရှုရဲ့ လုပ်ဆောင်မှုနဲ့ အသက်တာကို ဦးတည်ပြောသွားပေမယ့် ယောဟန်က သခင်ယေရှုရဲ့ ဘုန်းတော်ကို မြင်သာအောင် ချယ်မှုန်းသွားတယ်။ ဒါပေမယ့် တခြားသူတွေ မသိတဲ့ သခင်ယေရှုရဲ့ အဲဒီစကားတွေကို ယောဟန် ဘယ်က ရသလဲ? ပင်တေကုတ္တေနောက်ပိုင်း သတိရစေတဲ့ သန့်ရှင်းသော ဝိညာဉ်တော်ပဲပေါ့။

ယောဟန်ကိုယ်တိုင်လည်း ဝန်ခံပါတယ်။ သခင်ယေရှုပြောတဲ့စကားတွေကို တပည့်တော်တွေ နားမလည်ခဲ့ဘူး။ ရှင်ပြန်ထမြောက်ပြီး၊ ဝိညာဉ်တော်ဆင်းသက်မှ နားလည်တယ်။ သခင်ယေရှုပြောတဲ့ “ငါဖြစ်သည့်အတိုင်း ငါဖြစ်သည်” ဆိုတဲ့ စကားတွေရဲ့အနက်ကို နောက်ပိုင်းမှနားလည်လာတယ်။ ဒီအချက်က ရှင်ယောဟန် ခရစ်ဝင်ကျမ်းရဲ့ ထူးခြားချက်ပဲ။

ယောဟန်က သခင်ယေရှုရဲ့ စကားတော်ထဲက အလင်းနဲ့ အမှောင်၊ ဝိညာဉ်နဲ့ ခန္ဓာ၊ သမ္မာတရားနဲ့ မုသာ၊ အသက်ရှင်ခြင်းနဲ့ သေခြင်း၊ အထက်အရပ်နဲ့ အောက်အရပ် စတဲ့ ဆန့်ကျင်ဘက်အတွေဲ တွကို ပြတယ်။ ဒီစကားတွေကို တခြားခရစ်ဝင်ကျမ်းတွေမှာ တွေ့ရခဲတယ်။

ဒါပေမယ့် သန့်ရှင်းသောဝိညာဉ်တော်က ယောဟန်ကို နောင်နှစ်အတော်ကြာမှာ အသိပေးလာတယ်။ ယောဟန်က ဂရိစကားပြော ဒေသမှာ ရောက်နေတယ်။ သခင်ယေရှုရဲ့စကားတွေဟာ ဟေဗြဲစကားဟန်နဲ့သာ ပြောတာ မဟုတ်ဘူး။ တကမ္ဘာလုံးနားလည်ဖို့ ဂရိဟန်ကိုလည်း သုံးခဲ့တယ်။

ရှင်ယောဟန်ခရစ်ဝင်ကျမ်းရဲ့ ရည်ရွယ်ချက်

ယောဟန်က သခင်ယေရှုကို အတွေးအခေါ်ပုံစံ (သို့) ဝိညာဉ်သဘောတရားနဲ့ မဖေါ်ပြဘူး။ လူ့ဇာတိခံယူတာ၊ အားနည်းတာ၊ ကားတိုင်မှာ ရေငတ်တာကို တခြားသူတွေထက် ဦးစားပေးပြောတယ်။

သခင်ယေရှုဟာ ဂျူးတွေအတွက်သာ မဟုတ်ဘူး။ တလောကလုံးရဲ့ ကယ်တင်ရှင်လို့ ရှင်းပြတယ်။ ဘုရားသခင်ရဲ့ သိုးသူငယ်က တလောကလုံးရဲ့အပြစ်ကို ယူဆောင်တယ်။ လူသားအားလုံးကို ချစ်ကြောင်း ပြတယ်။ ဒီအရာတွေဟာ သခင်ယေရှုခရစ်တော် ဘုရားဖြစ်တယ်ဆိုတဲ့ ဧဝံဂေလိတရားရဲ့ အနှစ်ကိုသိမြင်စေမယ့် နည်းလမ်း နဲ့ သက်သေတွေ ဖြစ်တယ်။ ထာဝရတည်တာကို ငယ်ဘဝမှာ မြင်ရသလို၊ ဘုရားဇာတိကို လူ့ဘဝမှာ၊ အာဏာတော်ကို လူ့ဘဝအားနည်းခြင်းထဲမှာ ပေါ်လာစေတယ်။ ဒီနည်းနဲ့ သခင်ယေရှုကိုကြည့်ရင်း လူတွေ ဘုရားသခင်ကို မြင်လာစေတယ်။

ယောဟန်ပြောပြချင်တာက သခင်ယေရှုကို အတွေးအခေါ်သဘော၊ နက်နဲရာအဖြစ် သိစေဖို့ မဟုတ်ဘူး။ သန့်ရှင်သော ဝိညာဉ်တော်အားဖြင့် ယုံကြည်လက်ခံဖို့ ဖြစ်တယ်။ ဒါကြောင့် ဒီခရစ်ဝင်ကျမ်းကို ထင်ရှားတဲ့  စကားတခွန်းနဲ့ အဆုံးသတ်ထားတယ်။ “ယေရှုသည် ခရစ်တော်တည်းဟူသော ဘုရားသခင်၏သားတော် ဖြစ်တော်မူသည်ကို သင်တို့သည် ယုံကြည်မည့်အကြောင်း ထိုသို့ယုံ၍ နာမတော်အားဖြင့် အသက်ကို ရမည့် အကြောင်း၊ ဤမျှလောက် ရေးထားလျက် ရှိသတည်း။” သခင်ယေရှုကို ဘုရားသခင်အဖြစ် ယုံဖို့က ရှင်ယောဟန် ခရစ်ဝင်ကျမ်းရဲ့ အဓိကအချက်ပါပဲ။ ဒီယုံကြည်ခြင်းက ထာဝရအသက်ရစေတယ်၊ ဘုရားသား ဖြစ်စေတယ်၊ စင်ကြယ်စေတယ်။

ဘယ်သူဖတ်ဖို့ ရေးသလဲ?

ခရစ်တော်အကြောင်း အချက်အလက် အပြည့်အစုံရေးနေပေမယ့် မယုံကြည်သူကို ဧဝံဂေလိဟောဖို့ မဟုတ်ဘူး။ အသင်းတော်ကို တည်ဆောက်ဖို့၊ ဝိညာဉ်ရင့်ကျက်လာဖို့ ဖြစ်တယ်။ ရှင်ပေါလု ရောမမှာ အကျဉ်းကျချိန် အန်နတိုလိယာပြည်မှာ အသင်းတော်များစွာ တည်ထောင်ခဲ့ပြီ။ ရှင်ပေတရုက လွတ်နေတဲ့ အသင်းတော်တွေကို သွားရောက် အားပေးတယ်။ ရှင်ပေတရုနဲ့ ရှင်ပေါလု မရှိတော့တဲ့နောက်ပိုင်းမှာ ရောမဘုရင် နီရိုလက်ထက် အသင်းတော်တွေ ညှဉ်းဆဲခံရချိန်မှာ ရှင်ယောဟန်က ဆက်လက်တာဝန်ယူတယ်။ ဧဖက်မြို့မှာ နေတယ်။ အဲဒီခေတ်မှာ အဲဒီမြို့ဟာ ခရစ်ယာန်တွေအတွက် ဗဟိုချက်မနေရာပဲ။ သူက အာရှမိုင်းနားတခွင်မှာ ကွလွဲင့်နေတဲ့ အသင်းတော်တွေကို အုပ်ထိန်းခဲ့တယ်။ ယောဟန်ရေးတဲ့ သြဝါဒစာတွေနဲ့ ဗျာဒိတ် အခန်းကြီး ၂ နဲ့ ၃ ကို ဖတ်ရင် သခင်ယေရှုဟာ လူ့ဇာတိခံယူတဲ့ ဘုရားဖြစ်ကြောင်း ရှင်းပြနေတဲ့ တမန်တော်ရဲ့ စိုးရိမ်စိတ်နဲ့ ရည်ရွယ်ချက်တွေ မြင်နိုင်တယ်။ သိုးရေခြုံတဲ့ တောခွေးတွေက သိုးတော်စုထဲကို အတွေးအခေါ်တွေ သွင်းပြီး အချည်းအနှီး အတွေးတွေနဲ့ ပျက်စီးစေတယ်။ တင်းကြပ်တဲ့ စည်းကမ်းတွေ ထုတ်တယ်။ မသန့်ရှင်းတဲ့ လွတ်လပ်ခွင့်ကို ပေးတယ်။ တရားစကားကို အကျိုးမရှိတဲ့  အတွေးအခေါ်တွေနဲ့ ရောပစ်ကြတယ်။

နှစ်ခြင်းဆရာ ယောဟန်ရဲ့တပည့်တွေလည်း အန်နတိုလိယာမှာ နေကြတယ်။ သူတို့က ကယ်တင်ရှင် သခင်ယေရှုထက် သူတို့ကို နောင်တတရားဟောတဲ့ ယောဟန်ကို အမွှန်းတင်ကြတယ်။ ဂတိတော်ရှိတဲ့ မေရှိယကို မြော်နေတုန်း၊ ကြွလာခဲ့ပြီလို့ မယုံကြဘူး။ သခင်ယေရှုအကြောင်း ပြောပြရင်းနဲ့ ရှင်ယောဟန်ဟာ ခရစ်တော်နဲ့ မဆိုင်တဲ့ အဲဒီခေတ် သွန်သင်ချက်တွေကို ဆန့်ကျင်ခဲ့တယ်။ အယူလွေဲ နသူတွေရဲ့ တဖက်မှာ သူ့အသံကို မြှင့်ခဲ့ပြီး “ကျေးဇူးတော်နှင့်လည်းကောင်း၊ သစ္စာတော်နှင့်လည်းကောင်း ပြည့်စုံလျက် …… ခမည်းတော်၌ တပါးတည်းသော သားတော်၏ ဘုန်းကဲ့သို့ …… ငါတို့သည် မြင်ရကြပြီ။”

ဧဝံဂေလိတရားကို ခံယူသူအများစုက တပါးအမျိုးသား ယုံကြည်သူတွေဆိုတော့ ဂျူးလူမျိုးတွေ ပြောမပြချင်တဲ့ ယုဒထုံးစံတွေကို ရှင်ယောဟန်က ပြောပြတယ်။ အဲဒီအပြင် တခြားခရစ်ဝင်ကျမ်းရေးဆရာတွေလို သခင်ယေရှုပြောစကားတွေကို အဲဒီခေတ်စကား အာရမစ်စကားမှ ဂရိစကားကို ပြန်တဲ့နည်းကို မသုံးဘူး။ အသင်းတော်တွေမှာ သုံးနေတဲ့ ဂရိကို ဝိညာဉ်တော်နဲ့ ပြောတယ်။ သခင်ယေရှုပြောတဲ့စကားတွေကို ဂရိစကား စစ်စစ်နဲ့ ဝိညာဉ်တော် လမ်းပြမှုအတိုင်း လွတ်လွတ်လပ်လပ် ပြောတယ်။ ဒါကြောင့် သူ့ဧဝံဂေလိက ရိုးရှင်းတယ်။ နက်နဲတယ်။ ကဗျာ၊ လင်္ကာတွေထက် စကားကြွယ်တယ်။ ဒါကြောင့် ဝိညာဉ်တော်က ဒီခရစ်ဝင်ကျမ်းအားဖြင့် သမ္မာတရားကို ရိုးရိုးလေး ဖေါ်ပြနိုင်လို့ လူငယ်တွေပင် ဆိုလိုရင်းကို နားလည်နိုင်တယ်။

ရေးသားချိန်?

ကျေးဇူးတော်ချီးမွမ်းစရာကောင်းတာက လွန်ခဲ့တဲ့နှစ်အတော်ကြာတုန်းက အီဂျစ်ပြည်မှာ ရှေးဟောင်း သုတေသန ပညာရှင်တွေက အေဒီ ၁၀၀ ခေတ်က ပေစာရွက်တွေ တူးဖေါ်ရမိတယ်။ အဲဒီစာတွေထဲမှာ ရှင်ယောဟန် ခရစ်ဝင်ကျမ်းရဲ့ အစိတ်အပိုင်းတချို့ ထင်ထင်ရှားရှား ပါလာတယ်။ ဒီတွေ့ရှိချက်ကြောင့် ကာလ ကြာရှည်နေတဲ့ အငြင်းအခုန်တချို့ အဆုံးသတ်သွားတယ်။ ယောဟန်ခရစ်ဝင်ကျမ်းဟာ အာရှမိုင်းနားမှာ သာမက အာဖရိက မြောက်ပိုင်း မှာပါ သုံးခဲ့တာ တွေ့ရတယ်။ ရောမမှာလည်း သုံးခဲ့တာ သေချာတယ်။ ဒီကျမ်းကို ရှင်ယောဟန် ရေးတယ်၊ ဝိညာဉ်တော်နဲ့ ပြည့်ဝတယ် ဆိုတဲ့ ယုံကြည်ချက်လည်း ခိုင်မာသွားပါတယ်။

ပါဝင်သော အကြောင်းအရာ?

လူက ကျမ်းစာကို စနစ်တကျ ရေးဖို့ ဆိုတာ မဖြစ်နိုင်ဘူး။ ယောဟန်ခရစ်ဝင်ကျမ်းကို အပိုင်းခွဖဲို့လည်း ခက်တယ်။ ဒါပေမယ့် အခုလို ခြွဲကည့်ကြပါစို့။

  1. အလင်းတော် ပေါ်ထွန်းလာခြင်း (၁း၁ - ၄း ၅၄)
  2. အလင်းသည် မှောင်မိုက်၌ လင်း၍၊ မှောင်မိုက်သည် မခံယူ။ (၅း ၁ - ၁၁း ၅၄)
  3. အလင်းသည် တမန်တော်တို့အလယ်မှာ လင်းသည်။ (၁၁း ၅၅ - ၁၇း ၂၆)
  4. အလင်းသည် မှောင်မိုက်ကို အောင်နိုင်သည်။ (၁၈း ၁ - ၂၁း ၂၅)

ရှင်ယောဟန်က သူ့အချက်အလက်တွေကို သံကြိုးကွင်းလို ချိတ်ဆက်ထားတယ်။ တခုစီတိုင်းက အဓိကအချက်၊ အဓိက စကားနဲ့ ချိတ်ဆက်နေတယ်။ တခုနဲ့တခု သီးခြား မနေဘူး။ ဒါပေမယ့် အဓိပ္ပါယ်ကတော့ တခါတရံ သပ်သပ်စီ ဖြစ်နေတတ်တယ်။ ယောဟန်ရဲ့ ရှေမအနွယ် ဟေဗြဲအတွေးအခေါ်နဲ့ နက်နဲတဲ့ ဝိညာဉ်ရေး ရူပါရုံဟာ သက်ဝင်လှုပ်ရှားတဲ့ ဂရိစကားဟာ ထူးထူးခြားခြား အတွညဲီလှပါတယ်။ ဒီနေ့အထိ ဝိညာဉ်တော်က အသုံးပြုနိုင်သေးတယ်။ အဆုံးမရှိတဲ့ ပညာနဲ့ ဥာဏ်ကို ပေးတယ်။ ဒီကျမ်းကို စိတ်ဝင်တစား လေ့လာသူတိုင်း ဘုရားသားတော်ရှေ့မှာ ပြပ်ဝပ် ကိုးကွယ် လိမ့်မယ်။ ထာဝရကယ်တင်ခြင်းအတွက် ကျေးဇူးတော် ချီးမွမ်းရင် အသက်တာကို ဆက်ကပ်လာလိမ့်မယ်။

မေးခွန်းများ

  1. လေးခုမြောက် ခရစ်ဝင်ကျမ်းကို ဘယ်သူရေးသလဲ?
  2. ပထမကျမ်း ၃ ကျမ်းနဲ့ ၄ ကျမ်းမြောက် ခရစ်ဝင်ကျမ်းရဲ့ ဆက်စပ်မှုကို ပြောပါ။
  3. ရှင်ယောဟန်ခရစ်ဝင်ကျမ်းရဲ့ ရည်ရွယ်ချက်ကို ပြောပါ။
  4. ဘယ်သူထံ ရေးသလဲ?
  5. အကြောင်းအရာပေါ် မူတည်ပြီး ဘယ်လို အပိုင်းခြွဲကည့်မလဲ?

www.Waters-of-Life.net

Page last modified on March 26, 2019, at 01:10 AM | powered by PmWiki (pmwiki-2.3.3)