Waters of Life

Biblical Studies in Multiple Languages

Search in "Burmese":
Home -- Burmese -- John - 046 (Sifting out of the disciples)
This page in: -- Albanian -- Arabic -- Armenian -- Bengali -- BURMESE -- Cebuano -- Chinese -- Dioula? -- English -- Farsi? -- French -- Georgian -- Greek -- Hausa -- Hindi -- Igbo -- Indonesian -- Javanese -- Kiswahili -- Kyrgyz -- Malayalam -- Peul -- Portuguese -- Russian -- Serbian -- Somali -- Spanish -- Tamil -- Telugu -- Thai -- Turkish -- Twi -- Urdu -- Uyghur? -- Uzbek -- Vietnamese -- Yiddish -- Yoruba

Previous Lesson -- Next Lesson

ယောဟန် - အမှောင်မှာ ထွန်းလင်းတဲ့ အလင်းတော်
ရှင်ယောဟန်ခရစ်ဝင်ကျမ်းကို လေ့လာခြင်း
အမှောင်ထဲမှာ လင်းတဲ့ အလင်း(ယောဟန် ၅း ၁ - ၁၁း ၅၄)
B - သခင်ယေရှုသည် အသက်မုန့် ဖြစ်တယ်။ (ယော ၆း ၁ - ၇၁)

5. တပည့်တော်တို့ကို စစ်ထုတ်ခြင်း (ယော ၆း ၅၉ - ၇၁)


ရှင်ယောဟန် ၆:၅၉-၆၀
၅၉ ကပေရနောင်မြို့တရားဇရပ်၌ ဩဝါဒပေးစဉ်တွင် မိန့်တော်မူ၏။ ၆၀ တပည့်တော်အများတို့သည် ကြားလျှင်၊ ထိုစကားသည် အလွန်ခက်လှ၏။ အဘယ်သူနားခံနိုင်မည်နည်းဟု ဆိုကြ၏။-

အသက်မုန့်အကြောင်းနဲ့ သခင်ယေရှုရဲ့ အသားကို စားဖို့ သွန်သင်ချက်တွေကို မတူတဲ့အခြေအနေတွေမှာ သွန်သင်ခဲ့တယ်။ တချို့အကြောင်းတွေကို ထပ်ခါထပ်ခါ၊ လေးလေးနက်နက် ပြောလေ့ရှိတယ်။ ဒါပေမယ့် ရှင်ယောဟန်က ဒီစကားတွေကို တစုတစည်းတည်း ဖေါ်ပြတယ်။ ကပေရနောင်တရားဇရပ်မှာ သခင်ယေရှုက သူ့အသားနဲ့ အသွေးကို စားဖို့ ပြောရာမှာ မောရှေထက် ပိုကောင်းမြတ်သူဖြစ်ကြောင်း သွယ်ဝှိုက် ပြောတယ်။

သစ္စာရှိတဲ့နောက်လိုက်တွေပင် ဒီစကားတော့ လိုက်မမှီဘူး။ မေးခွန်းတွေမေးရင် သံသယတွေ ဝင်လာတယ်။ ဘုရားအစေခံဖို့ ဘုရားစကားနားထောင်ဖို့ဆိုပေမယ့် အသားစားပြီး အသွေးသောက်ဖို့ ပြောတော့ စိတ်ရှုပ်သွားကြတယ်။ ဒီလိုမြင့်တဲ့အကြောင်းအရာကို ပြောရင်း၊ အသက်မုန့်ကို နားလည်ဖို့ တပည့်တော်တွေရဲ့ စိတ်နှလုံးကို ကြင်နာစွာ ဖွင့်ပေးတယ်။

ရှင်ယောဟန် ၆:၆၁-၆၃
၆၁ ထိုသို့ တပည့်တော်တို့ ကဲ့ရဲ့ပြစ်တင်သည်ကို ယေရှုသည် အလိုအလျောက်သိတော်မူလျှင်၊ ဤတရားစကားကြောင့် သင်တို့သည် စိတ်ပျက်ကြသလော။- ၆၂ လူသားသည် အရင်နေရာအရပ်သို့ တစ်ဖန် ကြွတက်သည်ကိုမြင်ရလျှင် အဘယ်သို့ ထင်မှတ်ကြမည်နည်း။- ၆၃ ဝိညာဉ်သာလျှင် အသက်ရှင်စေ၏။ ကိုယ်ကာယသည် အလျှင်းမတတ်နိုင်။ ငါပြောသောစကားသည် ဝိညာဉ်ဖြစ်၏။ အသက်လည်းဖြစ်၏။-

တပည့်တော်တွေ မေးလို့ အပြစ်မတင်ဘဲ သူတို့စဉ်းစားတာကို သဘောကျတော်မူတယ်။ သူတို့ အမေးအမြန်းထူတာက မယုံကြည်သူနဲ့ မတူပါဘူး။ ခရစ်တော်ရဲ့ နက်နဲတဲ့ ဥပမာတော်တွေကို နားလည်လွဲလို့ပါ။ ဒါပေမယ့် ဥာဏ်ကို မပေးခင် အမှောင်ကို အရင်ရှင်းပေးပြီး၊ နောက်မှ တလောကလုံးကို ကယ်မယ့်အကြောင်းကို ဆက်ရှင်းပြတယ်။

သူ့အသားကို ကျွေးဖို့ ဝိညာဉ်သဘောနဲ့ သေလို မရဘူး။ ဒါပေမယ့် ဆင်းလာတဲ့ ကောင်းကင်၊ ခမည်းတော်ရှိရာကို ပြန်တက်ရဦးမယ်။ ကောင်းကင်မှလာသူ လောကမှာ အမြဲနေလို့ မရဘူး။ ရေပေါ်မှာ လမ်းလျှောက်တာမြင်ရတော့ သာမန်လူမဟုတ်၊ ထူးခြားကြောင်း သိကြတယ်။ ယုံကြည်သူတွေအပေါ် ဝိညာဉ်တော် သွန်းလောင်းဖို့ ကောင်းကင်တက်ရမယ်။ ဒါက သူသေရခြင်းနဲ့ ကြွလာရခြင်းရဲ့ အဓိကရည်ရွယ်ချက်ပဲ။ ဝိညာဉ်တော်အားဖြင့်သာ ဖြစ်တယ်။ ကိုယ်ခန္ဓာက အကျိုးမပေးဘူးလို့ ပြသခဲ့တယ်။ ကျန်းမာအောင် ဖန်ဆင်းထားပေမယ့်လည်း စိတ်က ညစ်ညူးနေတယ်။ ကိုယ်ခန္ဓာက တန်ခိုးမရှိ။ အပြစ်ပဲရှိတယ်။ ကိုယ်ခန္ဓာက အားနည်းတတ်တော့ “စုံစမ်းနှောက်ယှက်ခြင်းနောက် မလိုက်ဖို့ ဆုတောင်းလျက် စောင့်နေကြလော့။ စိတ်ဝိညာဉ်မူကား စေတနာရှိသော်လည်း ကိုယ်မူကား အားနည်း၏။” လို့ ပြောတော်မူပါတယ်။

သခင်ယေရှုကတော့ သူ့ကိုယ်ပေါ်မှာ ဝိညာဉ်တော်ကို အမြဲဆောင်တဲ့အတွက် ကျေးဇူးတော် ချီးမွမ်းစရာပါ။ ဝိညာဉ်တော်ရှိခြင်းက သူ့ရဲ့ လျှို့ဝှက်ချက်ပါပဲ။ ဒီလိုတလုံးတဝတည်းဖြစ်ဖို့ ယုံကြည်သူတွေကို သူ့သေခြင်း၊ ထမြောက်ခြင်း၊ တက်ကြွခြင်း၊ အားနည်းသော ကိုယ်ခန္ဓာမှာ ဝိညာဉ်တော်ကျိန်းဝပ်ခြင်းအားဖြင့် ဖြစ်စေတော်မူတယ်။ ဒီ့အရင်က နိကောဒင်ကို ရေနဲ့ ဝိညာဉ်တော်မွေးမှ ကောင်းကင်နိုင်ငံဝင်ရမယ်လို့ ဆိုတယ်။ ရေနဲ့မွေးတာက ယောဟန်ရဲ့နှစ်ခြင်း၊ ဝိညာဉ်မွေးတာက ပင်တေကုတ္တေနေ့ရဲ့ ဝိညာဉ်တော် နှစ်ခြင်းကို ရည်ရွယ်တယ်။ အသက်မုန့်အကြောင်းမှာ တပည့်တော်တွေထံ ကိုယ်တော်ကြွလာမယ်။ ပွဲတော်အတူပါဝင်မယ်လို့ ရှင်းပြတယ်။ ဒီပုံဆောင်ချက်တွေက ဝိညာဉ်တော်ဆင်းသက်မလာရင် အကျိုးမရှိဘူး။ ဝိညာဉ်ကသာ ရှင်စေပြီး၊ ကိုယ်ခန္ဓာက အစွမ်းမရှိဘူး။ ခရစ်တော်ရဲ့ဝိညာဉ်ကသာ ယုံကြည်သူအထဲမှာ စိတ်ချမှုပေးနိုင်တယ်။

ဝိညာဉ်တော် သင့်အပေါ်သက်ရောက်ပြီလား။ ခရစ်တော်ရဲ့ အသွေး၊ အသားနဲ့ ဆက်ဆံမယ့် သူတိုင်းအတွက် ဒီမေးခွန်းက အဓိကကျပါတယ်။ “ငါ့စကားကို ကြားပြီး၊ ဧဝံဂေလိတရားအတွက် စိတ်နှလုံးတခါးကို ဖွင့်ပါ။” လို့ ရိုးရိုးလေး ပြောတယ်။

ခရစ်တော်က ဘုရားနှုတ်ကပတ်တော်။ သူ့စကားကိုကြားပြီး၊ သူ့ကို အားကိုးတဲ့အခါ ဝိညာဉ်တော် ခံရတယ်။ ချစ်တဲ့စိတ်ကို တန်ခိုးတော်နဲ့ ပြည့်စေပါ။ ကျမ်းစာတွေ မှတ်သားပြီး၊ ဂတိတော်၌ ရပ်တည်ပါ။ တီထွင်သူ၊ အသစ်တွေ့ရှိသူတွေထက် ပိုသာမယ်ဆိုတဲ့ ဂတိတော်ကို ကိုင်စွဲပါ။ ခရစ်တော်ရဲ့ ကယ်တင်တဲ့စကားအားဖြင့် စင်္ကြဝဠာကို ဖန်ဆင်းတဲ့ဘုရားသခင်ဟာ စိတ်နှလုံးထဲ ဝင်ရောက်လာမယ်။ အသက်နဲ့ အခွင့်အာဏာကို ပေးတော်မူမယ်။

ရှင်ယောဟန် ၆:၆၄-၆၅
၆၄ သို့သော်လည်း သင်တို့တွင် မယုံကြည်သောသူအချို့ရှိ၏။- ၆၅ ထိုကြောင့် ငါ၏ခမည်းတော်သည် အခွင့်ပေးတော်မမူလျှင်၊ အဘယ်သူမျှ ငါထံသို့မလာနိုင်ဟု အထက် ငါဆိုခဲ့ပြီဟု မိန့်တော်မူ၏။ ထိုသိုမိန့်တော်မူသည် အကြောင်းဟူမူကား၊ အဘယ်သူမယုံကြည်သည်ကိုလည်းကောင်း၊ အဘယ်သူသည် ကိုယ်တော်ကို အပ်နှံမည်ကိုလည်းကောင်း၊ ယေရှုသည် အစအဦး၌ သိတော်မူ၏။

နောက်တော်လိုက်သူအများအပြားဟာ အဓိကအချက်ကို နားမလည်နိုင်ဘဲ စွန့်ခွါသွားကြတယ်။ အသားစား၊ အသွေးသောက်ဆိုတဲ့ သွန်သင်ချက်ဟာ ဂလာတိပြည်ခရီးစဉ်ရဲ့ အဓိကအချက်ပါ။ ဒီအချက်ကြောင့် အများအပြား စွန့်ခွါသွားကြတာပါ။ ဆွေးနွေးပြီးမှ လူနည်းပါးသွားတယ်။ ထွက်သွားသူတွေရဲ့ စိတ်က လူ့သဘောနဲ့ကိုက်ရင် လိုက်မယ်။ ဘာဘဲဖြစ်ဖြစ် နောက်တော်လိုက်မယ်ဆိုတဲ့ စိတ်မျိုး မရှိသေးဘူး။ ဘုရားပြောတဲ့စကား မရလိုက်ဘူး။ ဆက်ကပ်ဖို့ မဖြစ်သေးဘူး။

တပည့်တော်တချို့က ဝိညာဉ်တော်ကို ဆန့်ကျင်ပြီး၊ ကိုယ်တော်ကို ပစ်ပယ်လိမ့်မယ်လို့ ပြောတော်မူတယ်။ စိတ်နှလုံးရဲ့ ခံစားချက်တွေကို မြင်တယ်။ အစကတည်းက ပါဝင်လာပေမယ့် ယုဒရှကာရုတ် သစ္စာဖေါက်မယ်ဆိုတာ သိတယ်။ ယုဒက ခရစ်တော်ရဲ့မေတ္တာ ဝိညာဉ်တော်ကို လက်မခံဘူး။ သေခြင်းအကြောင်းပြောရာမှာ ဒီတယောက် သစ္စာဖေါက်မယ်လို့ သိခဲ့တယ်။

အချုပ်အနေနဲ့ ဝိညာဉ်တော် အလုပ်မလုပ်ရင်မရနိုင်တဲ့ ဘယ်သူမှ မယုံနိုင်တာကို အထပ်ထပ် ပြောခဲ့တယ်။ ဝိညာဉ်တော်အားဖြင့်သာ ခရစ်တော်ကို ခေါ်နိုင်တယ်။ ယုံကြည်ပေမယ့် ဝိညာဉ်တော်ကသာ ခရစ်တော်နဲ့ မိသဟာယဖွဲ့စေနိုင်တယ်။ ခရစ်တော်စကားကို မငြင်းပယ်နဲ့။ ဝိညာဉ်တော်ကို စိတ်နှလုံးဖွင့်ဟ လက်ခံပါ။ အထဲကို ကျိန်းဝပ်လာမယ်။ ထာဝရအတူနေမယ်။ ကိုယ်တော်ဟာ သင့်အတွက် ပြင်ဆင်ထားတဲ့ အသက်မုန့်ဖြစ်တယ်။

မေးခွန်း ၅၀

  1. ခရစ်တော်ရဲ့ ကိုယ်ခန္ဓာထဲကို အသက်ပေးတဲ့ ဝိညာဉ်တော်က ဘယ်လို ပူးပေါင်းသလဲ။

www.Waters-of-Life.net

Page last modified on January 29, 2022, at 04:47 AM | powered by PmWiki (pmwiki-2.3.3)