Home
Links
Bible Versions
Contact
About us
Impressum
Site Map


WoL AUDIO
WoL CHILDREN


Bible Treasures
Doctrines of Bible
Key Bible Verses


Afrikaans
አማርኛ
عربي
Azərbaycanca
Bahasa Indones.
Basa Jawa
Basa Sunda
Baoulé
বাংলা
Български
Cebuano
Dagbani
Dan
Dioula
Deutsch
Ελληνικά
English
Ewe
Español
فارسی
Français
Gjuha shqipe
հայերեն
한국어
Hausa/هَوُسَا
עברית
हिन्दी
Igbo
ქართული
Kirundi
Kiswahili
Кыргызча
Lingála
മലയാളം
Mëranaw
မြန်မာဘာသာ
नेपाली
日本語
O‘zbek
Peul
Polski
Português
Русский
Srpski/Српски
Soomaaliga
தமிழ்
తెలుగు
ไทย
Tiếng Việt
Türkçe
Twi
Українська
اردو
Uyghur/ئۇيغۇرچه
Wolof
ייִדיש
Yorùbá
中文


ગુજરાતી
Latina
Magyar
Norsk

Home -- Burmese -- John - 128 (Peter confirmed in the service of the flock)
This page in: -- Albanian -- Arabic -- Armenian -- Bengali -- BURMESE -- Cebuano -- Chinese -- Dioula? -- English -- Farsi? -- French -- Georgian -- Greek -- Hausa -- Hindi -- Igbo -- Indonesian -- Javanese -- Kiswahili -- Kyrgyz -- Malayalam -- Peul -- Portuguese -- Russian -- Serbian -- Somali -- Spanish -- Tamil -- Telugu -- Thai -- Turkish -- Twi -- Urdu -- Uyghur? -- Uzbek -- Vietnamese -- Yiddish -- Yoruba

Previous Lesson -- Next Lesson

ယောဟန် - အမှောင်မှာ ထွန်းလင်းတဲ့ အလင်းတော်
ရှင်ယောဟန်ခရစ်ဝင်ကျမ်းကို လေ့လာခြင်း
အပိုင်း ၄ - အလင်းက အမှောင်ကို နိုင်တယ်။
B - ခရစ်တော် ရှင်ပြန်ခြင်းနဲ့ ကိုယ် ထင်ရှားပြခြင်း (ယောဟန် ၂၀း ၁- ၂၁း ၂၅)
5. သခင် ယေရှုဟာ အိုင်နားမှာ ကိုယ် ထင်ရှားတယ်။ (ယောဟန် ၂၁း ၁- ၂၅)

b) ပေတရုက သိုးတော်စုကို ကျွေးမွေး ပြုစုဖို့ ပြန် ဆုံးဖြတ်လိုက်တယ်။ ('ယောဟန် ၂၁း ၁၅-၁၇)


ယောဟန် ၂၁း ၁၈- ၁၉
၁၈ “ငါ အမှန်အကန်ဆိုသည်ကား သင်သည် ပျိုသောအသက်ရှိစဉ် ကိုယ်ကိုယ်ကို ပတ်စည်း၍ အလိုရှိရာ အရပ်ရပ်သို့ သွားလာတတ်၏။ သင်သည် အိုသောအခါ လက်နှစ်ဘက်ကို ဆန့်ပြီးလျှင် သူတပါးသည် သင့်ကိုပတ်စည်း၍ သင် အလိုမရှိရာ အရပ်သို့ ယူသွားလိမ့်မည်ဟု မိန့်တော်မူ၏။ ၁၉ ထိုသို့မိန့်တော်မူသော်လည်း အဘယ်သို့သော သေခြင်းအားဖြင့် ပေတရုသည် ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစေမည် အရိပ်ကို ပေးတော်မူ၏။ ထိုသို့မိန့်တော်မူပြီးမှ ငါ့နောက်သို့ လိုက်လော့ဟု ပေတရုအား မိန့်တော်မူ၏။”

သူ့တပည့်တော် ပေတရုဟာ စိတ်အား ကြီးတယ်။ ခံစားတတ်တယ် ဆိုတာ နားလည်တယ်။ ဒီလို အလေးအနက် မထားတတ်တဲ့ အပြုအမူမျိုးကို ယုံကြည်ကာစ လူတွေမှာ တွေ့ရတတ်တယ်။ သန့်ရှင်းသော ဝိညာဉ်တော်ကို ထိတွေ့ခံစား ပြီးတာနဲ့ တခြားသူတွေကို စပြီး ကယ်တင်တော့တယ်။ ဒါပေမယ့် အများစုက လူ့သဘောနဲ့ စိတ်အားထက်သန်ပြီး သခင်ယေရှုရဲ့လမ်းညွှန်မှုကို မလိုက်တတ်ဘူး။ ကိုယ်တော်က နူးညံ့တယ်။ ဆုတောင်းခြင်း အားကြီးတယ်။ ပူးပေါင်းလုပ်ဆောင်တတ်တယ်။ ဒါပေမယ့် သခင်ယေရှုက ပေတရုဟာ ကိုယ့်ကိုကိုယ် အထင်ကြီးစိတ် လျော့သွားမယ်။ ရင့်ကျက်လာမယ်၊ ဆက်ကပ်မယ်။ ချစ်ခြင်းမေတ္တာအတွက် အစေခံလာမယ်။ ခရစ်တော်ရဲ့အစေကိုသာ ဆောင်လာမယ်လို့ ကြိုတင် ပရောဖက်ပြုထားတယ်။ ပေတရုဟာ ယေရုရှလင်မှာပဲ ရှိနေတယ်။ တပါးအမျိုးသားတွေထံ မသွားခဲ့ဘူး။ အကြိမ်များစွာ ထောင်ချပြီး ရိုက်နှက်ခံရတယ်။

တကြိမ်မှာတော့ ကောင်းကင်တမန် လွှတ်ပြီး ကယ်နှုတ်ခြင်းခံရတယ်။ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ ဦးဆောင်မှု အားဖြင့် ရောမတပ်မှူး ကောနေလိရဲ့ အိမ်ကို သွားတယ်။ အဲဒီမှာ သန့်ရှင်းသော ဝိညာဉ်တော်က အရင်က မသန့်ရှင်းဘူးလို့ သတ်မှတ်ထားတဲ့ တပါးအမျိုးသားတွေ အပေါ်မှာ သက်ရောက်တာကို တွေ့လိုက်ရတယ်။ ဧဝံဂေလိမှာ ဒီအဆင့်ဟာ ကမ္ဘာတဝှမ်းကို ဧဝံဂေလိ တံခါးဖွင့်လိုက်ခြင်း ဖြစ်တယ်။ ဟေရုဒ်ရဲ့ ထောင်မှ လွတ်လာတဲ့ အခါ ပေတရုက အသစ်တည်ထောင်ကာစ အသင်းတော်တွေကို သွားတယ်။ အထူးသဖြင့် ပေါလု ထောင်ကျနေတဲ့ အချိန်မှာ ဖြစ်တယ်။ ဒါကြောင့် အကြီးဆုံးတမန်တော်တွေဟာ တပါးအမျိုးသား ခရစ်ယာန်တွေထံ သွားပြီး ဖခင် တယောက်လို အားပေးစကား ပြောခဲ့တယ်။ သမိုင်းမှတ်တမ်းအရ သူဟာ နီရိုဘုရင်ရဲ့ညှဉ်းပန်းနှိပ်စက်ရာကာလ ရောမမြို့မှာ သေဆုံးခဲ့တယ်လို့ ဆိုတယ်။ သခင်ဘုရားလို လက်ဝါးကပ်တိုင်မှာ အသေခံရခြင်းဟာ သူ့အတွက် မထိုက်တန်တဲ့အတွက် ကားတိုင်မှာ ဇောက်ထိုးထားဖို့ တောင်းဆိုခဲ့တယ်။

ဒီအကြောင်းအရာကို သခင်ဘုရားက ကြိုပြောထား ပြီးသား ဖြစ်တယ်။ သေခြင်းအားဖြင့် ဘုရားသခင်ရဲ့ ဘုန်းတော်ကို ပေတရု ထင်ရှားစေမယ်လို့ ဆိုတယ်။ အရင်ကတော့ ပေတရုဟာ သခင်ဘုရားအတွက် အသက်ပေးဖို့ အသင့်ရှိခဲ့တယ် လို့ ပြောခဲ့တယ်။ သခင်ယေရှုက “အခု သင်ဟာ ငါ့နောက်သို့ လိုက်ဖို့ အသင့် မဖြစ်သေးဘူး။ ဒါပေမယ့် အဆုံးမှာ လိုက်ရလိမ့်မယ်” လို့ ဆိုတယ်။ (ယောဟန် ၁၃း ၁၆) သခင်ယေရှုက တပည့်တော်တွေနဲ့ အတူ မိတ်ဆွေဖွဲ့ပြီး သူ့ရဲ့ဘုန်းတန်ခိုးတော်တွေနဲ့ ခမည်းတော်၊ သန့်ရှင်းသော ဝိညာဉ်တော်နဲ့ အတူ တလုံးတဝတည်း ဖြစ်စေတယ်။ သူ့ရဲ့ဆင်းရဲခြင်းနဲ့ သေခြင်းကို ဝေမျှခံစားပြီး ဘုန်းတော်ခံစားဖို့ ပြင်ဆင်တယ်။ ဧဝံဂေလိတရားရဲ့ ဘုန်းအသရေဟာ လောကီသဘောနဲ့ အရောင်အဝါတောက်ပ ဂုဏ်အသရေရှိခြင်း မဟုတ်ဘူး။ ခရစ်တော်နဲ့အတူ လက်ဝါးကပ်တိုင်မှာ ဝေဒနာခံစားခြင်းသာ ဖြစ်တယ်။ ပေတရုဟာ သူ့ဘာသာသူ ဘုန်းအသရေ မထင်ရှားနိုင်ဘူး။ ခရစ်တော်ရဲ့ အသွေးတော်က သူ့ကို သန့်ရှင်းစေတယ်။ သန့်ရှင်းသော ဝိညာဉ်တော်က တန်ခိုးတော်နဲ့ စင်ကြယ်စေတယ်။ ဒါကြောင့် သူဟာ ကိုယ့်အလိုကို ငြင်းပြီး သခင်ဘုရားအတွက် အသက်ရှင်နိုင်တယ်။ ဘုန်းတော် ထင်ရှားဖို့ အသက်ကို ပေးနိုင်တယ်။

အဲဒီနောက် သခင်ယေရှုက ပေတရုကို စစ်တပ်အမိန့်၊ “ငါ့နောက်သို့လိုက်လော့” ဆိုတဲ့ အမိန့်ကို ပေးတယ်။ ဒီစကားအရ သခင်ဘုရား နောက်တော်သို့လိုက်ပြီး အသက်ပေးဖို့ ဖြစ်တယ်။ သနားတတ်သော ခမည်းတော် ဘုရားသခင်ရဲ့ နာမတော်၌ စင်ကြယ်လျက် ချစ်ခြင်းမေတ္တာအသီးတွေ ပေါ်ထွက်လာဖို့ ဖြစ်တယ်။

ဆုတောင်း ကိုယ်တော့ကို ငြင်းပယ်ခဲ့သော်လည်း ပေတရုကို မငြင်းပယ်တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ပေတရုအားဖြင့် သုံးပါးတဆူ ဘုရားသခင်ဟာ သေခြင်းမှလည်းကောင်း အသက်ရှင်ခြင်းမှလည်းကောင်း ဘုန်းတော်ထင်ရှားခဲ့ပါတယ်။ ကျွန်ုပ်တို့ အသက်များကိုလည်း ကိုယ်တော့်အတွက် ဆေးကြောသန့်စင်လျက် ကိုယ်တော့ လမ်းပြသွန်သင်မှုအတိုင်း ပညတ်တော်များကို စောင့်ထိန်းလျက် ရန်သူကိုပင် ချစ်တတ်စေပါ။ နာခံတတ်တဲ့ ယုံကြည် ခြင်းကို အဆုံးတိုင်အောင် ထားလျက် ကိုယ်တော့်ဘုန်းထင်ရှားစေပါ။ အသက်တာအားဖြင့် ကိုယ်တော့်ကျေးဇူးတရားကို ချီးမွမ်းနိုင်စေပါ။

မေးခွန်း ၁၃၂

  1. ပေတရုက ဘုရားဘုန်းတော် ဘယ်လို ထင်ရှားလဲ။

www.Waters-of-Life.net

Page last modified on January 29, 2022, at 05:03 AM | powered by PmWiki (pmwiki-2.3.3)