Home
Links
Bible Versions
Contact
About us
Impressum
Site Map


WoL AUDIO
WoL CHILDREN


Bible Treasures
Doctrines of Bible
Key Bible Verses


Afrikaans
አማርኛ
عربي
Azərbaycanca
Bahasa Indones.
Basa Jawa
Basa Sunda
Baoulé
বাংলা
Български
Cebuano
Dagbani
Dan
Dioula
Deutsch
Ελληνικά
English
Ewe
Español
فارسی
Français
Gjuha shqipe
հայերեն
한국어
Hausa/هَوُسَا
עברית
हिन्दी
Igbo
ქართული
Kirundi
Kiswahili
Кыргызча
Lingála
മലയാളം
Mëranaw
မြန်မာဘာသာ
नेपाली
日本語
O‘zbek
Peul
Polski
Português
Русский
Srpski/Српски
Soomaaliga
தமிழ்
తెలుగు
ไทย
Tiếng Việt
Türkçe
Twi
Українська
اردو
Uyghur/ئۇيغۇرچه
Wolof
ייִדיש
Yorùbá
中文


ગુજરાતી
Latina
Magyar
Norsk

Home -- Burmese -- John - 129 (Future predictions)
This page in: -- Albanian -- Arabic -- Armenian -- Bengali -- BURMESE -- Cebuano -- Chinese -- Dioula? -- English -- Farsi? -- French -- Georgian -- Greek -- Hausa -- Hindi -- Igbo -- Indonesian -- Javanese -- Kiswahili -- Kyrgyz -- Malayalam -- Peul -- Portuguese -- Russian -- Serbian -- Somali -- Spanish -- Tamil -- Telugu -- Thai -- Turkish -- Twi -- Urdu -- Uyghur? -- Uzbek -- Vietnamese -- Yiddish -- Yoruba

Previous Lesson -- Next Lesson

ယောဟန် - အမှောင်မှာ ထွန်းလင်းတဲ့ အလင်းတော်
ရှင်ယောဟန်ခရစ်ဝင်ကျမ်းကို လေ့လာခြင်း
အပိုင်း ၄ - အလင်းက အမှောင်ကို နိုင်တယ်။
B - ခရစ်တော် ရှင်ပြန်ခြင်းနဲ့ ကိုယ် ထင်ရှားပြခြင်း (ယောဟန် ၂၀း ၁- ၂၁း ၂၅)
5. သခင် ယေရှုဟာ အိုင်နားမှာ ကိုယ် ထင်ရှားတယ်။ (ယောဟန် ၂၁း ၁- ၂၅)

c) သခင် ယေရှုရဲ့ အနာဂတ် ကြိုတင်ဟောပြော မှုများ (ယောဟန် ၂၁း ၂၀-၂၃)


ယောဟန် ၂၁း ၂၀-၂၂
၂၀ “ယေရှု ချစ်တော်မူ၍ အထက်က ညစာစားသောအခါ၌ ရင်တော်ကိုမှီ၍ လျောင်းလျက်၊ သခင် ကိုယ်တော်ကို အပ်နှံသောသူကား အဘယ်သူနည်းဟု မေးသော တပည့်တော်သည်လည်း နောက်တော်သို့ လိုက်သည်ကို ပေတရုသည် လှည့်၍ မြင်လျှင်၊ ၂၁ သခင် ဤသူ၌ အဘယ်သို့ ဖြစ်ပါလိမ့်မည်နည်းဟု မေးလျှောက်သော်၊ ၂၂ ယေရှုက ငါ ကြွလာသည်ကာလတိုင်အောင် ထိုသူကိုနေစေခြင်းငှါ ငါ အလိုရှိလျှင် သင်သည် အဘယ်သို့ ဆိုင်သနည်း။ သင်မူကား ငါ့ နောက်သို့ လိုက်လော့ ဟု မိန့်တော်မူ၏။”

ပေတရုက သခင်ဘုရားရဲ့ သိုးကလေးတွေကို ထိန်းကျောင်းဖို့ ဆုံးဖြတ်လိုက်ပြီ။ အငယ်ဆုံးတပည့် ဖြစ်တဲ့ ယောဟန်လည်း ရှိတဲ့အတွက် ယောဟန်နဲ့ပတ်သက်ပြီး သခင်ယေရှုရဲ့ သဘောထားကို သိချင်နေတယ်။ ငယ်ငယ်ဘဝလိုပဲ အိမ်ပြန်ခိုင်းမှာလား အခက်အခဲ ပြသနာတွေ ကြားထဲမှာ ဦးဆောင်ခိုင်းမလား လို့ သိချင်တယ်။

ပေတရုရဲ့ စကားထဲမှာ မနာလိုမှုလေးလည်း ရှိကောင်း ရှိနေနိုင်တယ်။ သခင်ယေရှုက တခြား သူတွေထက် ယောဟန်ကို ပို သဘောကျတယ်။ သူ့ကို ပိုချစ်တယ်။ နောက်ဆုံးညစာ စားပွဲမှာ ပေတရုက ယောဟန်ကို ကိုယ် အမူအယာနဲ့ မေးခိုင်းတယ်။ အပ်နှံမယ့်သူ ဘယ်သူလဲလို့ သိချင်တယ်။

ယောဟန်ဟာ သခင်ယေရှုရဲ့ ရန်သူတွေရှေ့မှာ အသက်စွန့်ပြီး ကားတိုင်နားမှာ ရပ်နေခဲ့တဲ့တိုင်အောင် သခင်ယေရှုကို သံယောဇဉ်ရှိသူ ဖြစ်တယ်။ ရှင်ပြန်ထမြောက်ချိန်မှာ ပထမဦးဆုံး ယုံကြည်သူ ဖြစ်တယ်။ အိုင်မှာ ငါးဖမ်းနေစဉ် ကိုယ်တော်ကို ပထမဦးဆုံး ရိပ်မိသူ ဖြစ်တယ်။ ပေတရုကိုခေါ်ချိန်မှာ နောက်တော်ကို လိုက်နေခဲ့ပြီ ဖြစ်တယ်။ သခင်ယေရှုရဲ့ စိတ်တော်နဲ့တွေ့သူ၊ တပည့်တော်တွေထဲမှာ အရင်းနှီးဆုံးလူ ဖြစ်တယ်။ ပေတရုက သခင်ယေရှုကို ယောဟန်ရဲ့ အနာဂတ်ဟာ သူ့ရဲ့ အနာဂတ်လို ဖြစ်မလားလို့ ကြိုတင်ပရောဖက်ပြုဖို့ မေးတာလဲ ဖြစ်နိုင်တယ်။ ဒါမှမဟုတ် သူနဲ့များ ကွာခြားနေမလား လို့လဲ ထင်နိုင်တယ်။ သခင်ယေရှုက အကြီးဆုံး တမန်တော်ကို ပြန်ဖြေတာက အားလုံးထဲမှာ သူ့ကို အုပ်စိုးဖို့ ခန့်ထားတာ မဟုတ်ဘူး။ အားလုံးထဲမှာ တန်းတူ ညီအကို တယောက် အဖြစ်သာ ထားတယ်။ ယောဟန်ရဲ့ အနာဂတ်ဟာ သခင်ယေရှုနဲ့သာ တိုက်ရိုက် သက်ဆိုင်လို့ သူ့အကြောင်းက ပေတရုအလုပ် မဟုတ်ဘူး။ ပေတရုက တမန်တော်တွေ ကြားထဲမှာ ပြောရေး ဆိုခွင့်ရှိသူတော့ ဖြစ်တယ်။ ယောဟန်က တိတ်တိတ်ပဲ နေတယ်။ အသင်းတော်မှာ ဩဝါဒခံယူချက်တွေ တိုးတက်ခြင်းအပေါ်မှာ သည်းခံခြင်း၊ ဆုတောင်းခြင်းဖြင့် ပံ့ပိုးတယ်။ ဆုတောင်းခြင်းအားနဲ့ အသင်းတော်ကို ထိန်းကျောင်းတယ်။ (တမန်တော် ၃း ၁၊ ၈း ၁၄၊ ဂလာတိ ၂း ၉)

ယောဟန်ရဲ့ အလုပ်ကို သခင်ယေရှုက ကြိုတင် သတ်မှတ်ပြီးသား ဖြစ်တယ်။ ဒါပေမယ့် ဒါက အရေး မကြီးဘူး။ သခင်ဘုရားအတွက် အသက်ရှင်စွာ အမှုတော်ဆောင်ခြင်း သို့မဟုတ် စောစီးစွာ သေရခြင်းဟာ အရေးမကြီးဘူး။ အရေးကြီးတာက ယုံကြည်ခြင်း၊ နာခံခြင်းရှိဖို့ အရေးကြီးတယ်။ တပည့်တော်တွေ အားလုံးကို တပုံစံတည်း ပြင်ဆင်ထားတာ မဟုတ်ဘဲ သီးခြားပုံစံနဲ့ ဘုန်းတော်ထင်ရှားဖို့ ပြင်ဆင်ထားတယ်။ ယောဟန်ရဲ့ သေခြင်းအကြောင်းကို ဘာမှမသိရဘူး။ သာမန်သေခြင်းနဲ့ သေတာ ဖြစ်နိုင်ပါတယ်။

ပေတရုက ကိုယ့်ကိုကိုယ်သာ ကြည့်ပါ။ တခြားသူတွေကို မကြည့်ဖို့ သခင်ယေရှုက တားမြစ်တယ်။ ဒါက တခြားခရစ်ယာန်တွေကို သိပ်ဂရုမစိုက်ဖို့ ပြောတာမဟုတ်ဘဲ ကိုယ့်အသက်တာမှာ ဘုရားအလိုတော်ကို သိဖို့ ကြိုးစားရမယ် ဘယ်အခြေအနေရောက်ရောက် ဘုရားနောက်တော်ကိုသာ လိုက်တတ်ဖို့ လိုတယ် လို့ ဆိုလိုတယ်။ သစ္စာရှိစွာ နောက်တော်လိုက်ခြင်းဟာ ခရစ်ယာန်တိုင်းရဲ့ ဆောင်ပုဒ် ဖြစ်တယ်။ ဒုတိယကြွလာမယ့်အကြောင်း တပည့်တော်တွေကို ပြော တယ်။ ဒုတိယအကြိမ် ကြွလာခြင်းဟာ ကမ္ဘာ့သမိုင်း ရဲ့ ရည်မှန်းချက်ပန်းတိုင် ဖြစ်တယ်။ တပည့်တော် အားလုံးရဲ့ အတွေးဟာလဲ အနာဂတ် ကြွလာခြင်းအပေါ် ဦးတည်နေတယ်။ လူတွေနဲ့အတူ ဘုရားသခင် ရှိခြင်းကို ခေတ် အဆက်ဆက်က လူတွေ တောင့်တလာခဲ့တဲ့အရာ ဖြစ်တယ်။ သခင်ယေရှုက ဘုန်းအသရေနဲ့ ကြွလာမယ်။ ကိုယ်တော်ကို မြှော်လင့်သလား။ ဆုတောင်း ပြင်ဆင်သလား။ အမှု တော်ဆောင်သလား။ ဓမ္မသီချင်းများ ဆိုပြီး သန့်ရှင်းစွာ သက်သေခံရဲ့လား။ ကိုယ်တော်ကြွလာတဲ့အခါ များစွာသော ယုံကြည်သူတွေဟာ ယုံကြည်ခြင်းနဲ့ နောက်တော်လိုက်ကြမယ် ဆိုတာ တွေ့မြင်ရလိမ့်မယ်။

ယောဟန် ၂၁း ၂၃
၂၃ “ထိုစကားတော်ကို ထောက်လျှင် ညီအကိုတို့က ထိုတပည့်တော်သည် မသေရဟု အနှံ့အပြား ပြောဆိုကြ၏။ သို့ သော်လည်း ထိုသူသည် မသေရဟု ယေရှု မိန့်တော်မူသည် မဟုတ်။ ငါ ကြွလာသည် ကာလတိုင်အောင် ထိုသူကိုနေစေခြင်းငှါ ငါ အလိုရှိလျှင် သင်သည် အဘယ်သို့ ဆိုင်သနည်း ဟု မိန့်တော်မူသတည်း။”

မျှမျှတတ တွေးကြည့်ရင် ယောဟန်ဟာ အသက်အိုသည့်တိုင်အောင် နေရမယ်။ မေရှိယကြွလာမယ့် အမှတ် သင်္ကေတအဖြစ် အသင်းတော်ထဲမှာ သူရှိနေရမယ်။ သခင်ဘုရား ကြွလာသည့်တိုင်အောင် သူမသေရဘူးလို့ လူတွေက ယုံကြည်နေတယ်။ ရှင်ပေါလုကလည်း သခင်ဘုရား ကြွလာချိန်ကို မြှော်လင့်ခဲ့တယ်။ သူမသေခင်မှာ ကြွလာနိုင်တယ်။ သို့မဟုတ် ရုတ်တရက် ပြောင်းလဲပြီး သခင်ဘုရားနဲ့အတူ ကောင်းကင်မှာ ချီဆောင်ခြင်းကို ခံရမယ်လို့ မြှော်လင့်ခဲ့တယ်။ ယောဟန်က လက်တွေ့သမား၊ သူမသေတာ မဟုတ်ဘူးလို့ ရှင်းရှင်းပဲ ပြော ပြတယ်။ ကိုယ်တော့်ရည်ရွယ်ချက်နဲ့ ရှင်းပြချက်ဟာ ပေတရု သိချင်တဲ့ အကြောင်းအရာတော့ မဟုတ်ဘူး။ သခင်ဘုရားဟာ ကောင်းသောသိုးထိန်း ဖြစ်လို့ သူ့တပည့်တော်တွေကို ကိုယ်ပိုင်လမ်းကြောင်းပေါ်မှာ ဦးဆောင် လမ်းပြနေတယ်။

ဆုတောင်း ကိုယ်တော်ဟာ သစ္စာရှိသော သိုးထိန်း၊ ဘုန်းကြီးမြတ်သော ကယ်တင်ရှင် ဖြစ်တယ်။ ပေတရုနဲ့ ယောဟန်ကို သူတို့လမ်းအသီးသီးမှာ လမ်းပြတော်မူတဲ့အတွက် ကျေးဇူးတင်ပါတယ်။ သူတို့လည်း အသက်ရှင်ခြင်းနဲ့ သေခြင်းအားဖြင့် ဘုန်းတော်ထင်ရှားကြတယ်။ ကိုယ်တော့်နောက်တော်သို့သာ လိုက်နိုင်ခွင့်ကို ပေးသနားတော်မူပါ။ ဆွေမျိုးများနဲ့ မိတ်ဆွေများဟာ ကိုယ်တော့်ကြွလာခြင်းကို မြှော်လင့်ဖို့ လမ်းပြတော်မူပါ။ ကိုယ်တော်ကြွလာချိန် နီးကပ်လာပြီ ဖြစ်တဲ့အတွက် သူတို့လည်း ပြင်ဆင်တတ်စေပါ။

မေးခွန်း ၁၃၃

  1. ဒီခရစ်ဝင်ကျမ်းထဲမှာ သခင်ယေရှု နောက်ဆုံးပြောတဲ့ စကားက ဘာလဲ။

www.Waters-of-Life.net

Page last modified on January 29, 2022, at 05:03 AM | powered by PmWiki (pmwiki-2.3.3)