Home
Links
Bible Versions
Contact
About us
Impressum
Site Map


WoL AUDIO
WoL CHILDREN


Bible Treasures
Doctrines of Bible
Key Bible Verses


Afrikaans
አማርኛ
عربي
Azərbaycanca
Bahasa Indones.
Basa Jawa
Basa Sunda
Baoulé
বাংলা
Български
Cebuano
Dagbani
Dan
Dioula
Deutsch
Ελληνικά
English
Ewe
Español
فارسی
Français
Gjuha shqipe
հայերեն
한국어
Hausa/هَوُسَا
עברית
हिन्दी
Igbo
ქართული
Kirundi
Kiswahili
Кыргызча
Lingála
മലയാളം
Mëranaw
မြန်မာဘာသာ
नेपाली
日本語
O‘zbek
Peul
Polski
Português
Русский
Srpski/Српски
Soomaaliga
தமிழ்
తెలుగు
ไทย
Tiếng Việt
Türkçe
Twi
Українська
اردو
Uyghur/ئۇيغۇرچه
Wolof
ייִדיש
Yorùbá
中文


ગુજરાતી
Latina
Magyar
Norsk

Home -- Burmese -- John - 075 (The Jewish council sentences Jesus to death)
This page in: -- Albanian -- Arabic -- Armenian -- Bengali -- BURMESE -- Cebuano -- Chinese -- Dioula? -- English -- Farsi? -- French -- Georgian -- Greek -- Hausa -- Hindi -- Igbo -- Indonesian -- Javanese -- Kiswahili -- Kyrgyz -- Malayalam -- Peul -- Portuguese -- Russian -- Serbian -- Somali -- Spanish -- Tamil -- Telugu -- Thai -- Turkish -- Twi -- Urdu -- Uyghur? -- Uzbek -- Vietnamese -- Yiddish -- Yoruba

Previous Lesson -- Next Lesson

ယောဟန် - အမှောင်မှာ ထွန်းလင်းတဲ့ အလင်းတော်
ရှင်ယောဟန်ခရစ်ဝင်ကျမ်းကို လေ့လာခြင်း
အမှောင်ထဲမှာ လင်းတဲ့ အလင်း(ယောဟန် ၅း ၁ - ၁၁း ၅၄)
သခင်ယေရှုရဲ့ ယေရုရှလင်နောက်ဆုံးခရီး (ယောဟန် ၇း ၁၊ ၁၁း ၅၄) အလင်းနှင့် အမှောင်ကိုခွဲခြားခြင်း
4. လာဇရုကို ပြန်ရှင်စေခြင်းနဲ့ အကျိုးဆက်များ (ယောဟန် ၁၀း ၄၀ - ၁၁း ၅၄)

d) ယုဒလွှတ်တော်က သခင်ယေရှုကို သေဒဏ်ပေးခြင်း။ (ယောဟန် ၁၁း ၄၅- ၅၄)


ယောဟန် ၁၁း ၄၅
၄၅ “ထိုအခါ မာရိဆီသို့လာသော ယုဒလူအများတို့သည် ယေရှုပြုတော်မူသော အမှုကိုမြင်လျှင် ကိုယ်တော်ကို ယုံကြည်ကြ၏။”

လာဇရု အသက်ပြန်ရှင်ပြီး စားသောက်တယ်၊ စကားပြောတယ်။ လာဇရုကို လူတွေက လမ်းပေါ်မှာ အိမ်မှာ လာတွေ့ကြတယ်။ သခင်ယေရှုရဲ့တန်ခိုးတော်ကို လူအများအံ့အားသင့်ပြီး မေရှိယအဖြစ် ယုံကြည်ကြတယ်။ အသက်ရှင်တဲ့ဘုရားသခင်ရဲ့သားတော်လို့ ယုံကြည်ကြတယ်။ ဒါကြောင့် တပည့်တော်တွေတိုးပွါးပြီး သခင်ယေရှုနဲ့ လာဇရုကိုတွေ့ဖို့ မာရိအိမ်မှာ လူအများအပြားရောက်လာတယ်။ လာဇရုကို လာတွေ့တာဖြစ်ပေမယ့် သခင်ယေရှုကို ယုံကြည်လာကြတယ်။

ယောဟန် ၁၁း ၄၆- ၄၈
၄၆ “အချို့မူကား ဖာရိရှဲတို့ထံသို့သွား၍ ယေရှုပြုတော်မူသောအမှုကို ကြားပြောကြ၏။ ၄၇ ထိုအခါ ယဇ်ပုရောဟိတ်အကြီးတို့နှင့် ဖာရိရှဲများသည် လွှတ်အရာရှိတို့ကို စည်းဝေးစေပြီးလျှင် ငါတို့သည် အဘယ်သို့ပြုလျက် နေကြသနည်း။ ထိုသူသည် များစွာသော နိမိတ်လက္ခဏာကို ပြ၏။ ၄၈ သူ့ကို ဤသို့အလွတ်ထားလျှင် လူခပ်သိမ်းတို့သည် ယုံကြည်ကြလိမ့်မည်။ ရောမလူတို့သည်လည်း လာ၍ ငါတို့အရပ်ဌာနကိုလည်းကောင်း ငါတို့အမျိုးကိုလည်းကောင်း သုတ်သင်ပယ်ရှင်းကြလိမ့်မည်ဟု ပြောဆိုကြ၏။”

သခင်ယေရှု လုပ်ဆောင်တဲ့အမှုအရာတွေကို လူတချို့ သွားသတင်းပို့တယ်။ သူတို့ မယုံသေးဘူး။ သူတို့အပေါ်မှာ တရားစီရင်ခြင်းလာမယ်လို့ သူဌေးဥပမာတော်နဲ့ မိန့်တော်မူပြီးသား ဖြစ်တယ်။ သူဌေးကို အာဗြဟံက သူတို့သည် မောရှေနှင့် ပရောဖက်တို့၏ စကားကို နားမထောင်လျှင် လူတယောက်ကို သေခြင်းမှ ရှင်ပြန်ထမြောက် စေသော်လည်း သူတို့ ငြင်းပယ်ကြလိမ့်မည်။ (လုကာ ၁၆း ၃၁) သခင်ယေရှုကို ငြင်းပယ်နေတဲ့နှလုံးသားကို ဘုရားဝိညာဉ်တော်က မပြောင်းလဲစေနိုင်ဘူး။ တခြားနိမိတ်လက္ခဏာတွေကိုသာ ပြုနိုင်တယ်။

လွှတ်တော်မှာ ဘာသာရေးတွေနဲ့ပတ်သက်ရင် ဖါရိရှဲတွေကအင်အားကြီးတယ်။ ယဇ်ပုရောဟိတ် အကြီးတွေကလည်း သူတို့ရဲ့အဆိုပြုချက်ကို ထောက်ခံကြတယ်။ အမှုအခင်းဆုံးဖြတ်ဖို့ အဖွဲ့ဝင် ၇၀ ရှိတယ်။ ရှင်ပြန်ထမြောက်ခြင်းကို ဆန့်ကျင်တဲ့ ဇဒ္ဒုကဲတွေက အခု လွှတ်တော်ကို ကြိုဆိုကြတယ်။ လွှတ်တော်အဖွဲ့ဝင်တွေက ဆုံးဖြတ်လို့မရသေး။ သဘောထားရှုပ်ထွေးနေတယ်။ သခင်ယေရှုကို ဖမ်းလောက်တဲ့ အပြစ် မတွေ့သေးလို့ ဖြစ်တယ်။ သို့သော်လည်း ပသခါပွဲမတိုင်ခင်မှာ ယေရုရှလင်မြို့တော် ဗိမ္မာန်တော်ကို ဘုရားဝတ်ပြုဖို့ လာကြတဲ့ လူထောင်သောင်း များစွာ ကြားမှာတော့ နှိုးထမှုဖြစ်နေတယ်။ လွှတ်တော်အဖွဲ့ဝင်တွေက သခင်ယေရှုဟာ လူသာမန်သာဖြစ်ပြီး ဘုရားသခင်ရဲ့ လူပရောဖက် မဟုတ်ဘူးလို့ ငြင်းခုန်လုပ်ကြတယ်။ ဘယ်လောက်ပဲငြင်းငြင်း နိမိတ်လက္ခဏာတွေ မရှိဖူးလို့တော့ မငြင်းနိုင်ကြဘူး။

လွှတ်တော်စည်းဝေးကျင်းပနေတဲ့အချိန်မှာ လတ်တလောအခြေအနေတွေပေါ်မှာ သူတို့ ကြောက်ရွံ့မှု ရှိနေတယ်။ နိမိတ်လက္ခဏာအများအပြားလုပ်နေတဲ့သူကို လူတွေဝိုင်းအုံ ယုံကြည်လာရင် ပုန်ကန်မှုတခု ဖြစ်မှာ စိုးရိမ်ကြတယ်။ ဒီလိုဖြစ်ရင် ရောမအစိုးရက ဗိမ္မာန်တော်ကို ပိတ်ပစ်မှာ စိုးရတယ်။ ဒီအခါမှာ ယဇ်ပူဇော်၊ ဆုတောင်း၊ ကောင်းကြီးတောင်းခံတာတွေ ဗိမ္မာန်တော်မှာ လုပ်လို့မရ ဖြစ်လာမယ်။

ယောဟန် ၁၁း ၄၉- ၅၂
၄၉ "ထိုသူတို့အဝင် ထိုနှစ်တွင် ယဇ်ပုရောဟိတ်မင်းဖြစ်သော ကယာဖအမည်ရှိသောသူက၊ သင်တို့ အလျှင်းမသိကြ ၅၀ ယုဒလူမျိုး အကုန်အစင်ပျက်စီးသည်ထက် လူတယောက်သည် လူများတို့အတွက်သေသော် သာ၍ ကောင်းသည်ကို သင်တို့သည် မဆင်ခြင်ကြပါသည်တကားဟု ပြောဆို၏။ ၅၁ ထိုစကားကို ကိုယ်အလိုအလျောက်ပြောဆိုသည်မဟုတ်။ ထိုနှစ်တွင် ယဇ်ပုရောဟိတ်မင်းဖြစ်လျက် ယေရှုသည် ထိုအမျိုးအတွက်သေရမည် ဟူ၍လည်းကောင်း၊ ၅၂ ထိုအမျိုးအတွက်သာမက အရပ်ရပ်တို့၌ကွဲပြားလျက်ရှိသော ဘုရားသခင်၏သားများကို အတူစုဝေးစေခြင်းငှါ သေရမည်ဟူ၍လည်းကောင်း ပရောဖက်ဥာဏ်နှင့် ဟောပြော၏။”

လွှတ်တော်ထဲမှာ သဘောထားကွဲလွဲမှုတွေ မြင့်တက်လာတဲ့အချိန် ယဇ်ပုရောဟိတ်မင်း ကယာဖက ခေါင်းဆောင်တွေအပေါ် မသိရကောင်းလားဆိုပြီး အပြစ်တင်စွပ်စွဲတယ်။ သူက အဲဒီနှစ်မှာ ယဇ်ပုရောဟိတ် အကြီးဆုံးဖြစ်တဲ့အတွက် သူမှာ ဒီလိုပြောခွင့်ရှိတယ်။ သူဟာ သန့်ရှင်းတဲ့ဆီနဲ့ ဘိသိက်ပေးထားခံရသူဖြစ်တယ်။ သို့သော် သူဟာ antichrist ခရစ်တော် အတုအယောင်ဖြစ်တယ်။ သူဟာလူမျိုးစုအကြီးအကဲအနေနဲ့ သန့်ရှင်းသော ဝိညာဉ်တော်နဲ့ ပြည့်ဝချင်၊ ဘုရားကိုယ်စား စကားပြောချင်သူ ဖြစ်တယ်။ ဒါပေမယ့် သူ့မှာ အမှားအယွင်း အများကြီး ရှိတယ်။ ယဇ်ပုရောဟိတ်ဖြစ်ရုံမက ပရောဖက်ဖြစ်ချင်သေးပြီး၊ လူတွေဟာ ဘာမှမသိဘူးလို့ ပြောတယ်။

ကယာဖ စကားပြောရင် စာတန်အားဖြင့်ပြောပြီး ဘုရားသခင်ရဲ့အကြံအစည်ကို တစွန်းတစ ဖေါ်ပြတယ်။ ဒါပေမယ့် အလိုတော်ကိုဆန့်ကျင်ပြီးပြောတာဖြစ်တယ်။ ဘုရားသခင်ရဲ့အမျက်တော်ထဲက လူအများအပြား လွတ်ဖို့အတွက် ဘုရားသခင်ရဲ့သိုးသူငယ်တော်က ကိုယ်စားအသေခံပေးရင် ပိုကောင်းတယ်။ ထာဝရအသက်ရမယ် ဆိုတာ မှန်တယ်။ ဒါပေမယ့် စာတန်ပြောချင်တာက နိုင်ငံရေးအတွေးအခေါ်နဲ့ ဖြစ်တယ်။ ရောမအစိုးရ စိတ်မဆိုးအောင် သခင်ယေရှု သေသင့်တယ်လို့ ပြောချင်တယ်။ စာတန်ရဲ့ ဒီစကားတွေဟာ မုသာအဖ ဖြစ်တဲ့အတွက် ဂျူးလူမျိုးတွေကို ဝိညာဉ်ရေးရာမှာ ဘုရားနဲ့ဝေးကွာစေတယ်။

စိတ်ရင်းက စာတန်အားဖြင့်ပြောတာဖြစ်ပေမယ့် ကယာဖပြောတဲ့စကားဟာ သမ္မာတရားနဲ့တော့ ကိုက်ညီကြောင်း ရှင်ယောဟန် မြင်တယ်။ သခင်ယေရှုသေရခြင်းဟာလူအားလုံးကို ကယ်တင်ဖို့ ဖြစ်တယ်လို့ ကယာဖဟာ အဲဒီနှစ်မှာ အာဏာပိုင်တယောက်အနေနဲ့ ပြောဆိုခြင်း ဖြစ်တယ်။ တကယ်မသိနားမလည်သူက ကယာဖသာ ဖြစ်တယ်။ သူဟာ သခင်ယေရှုကို မယုံကြည်ဘူး။ အခု သခင်ယေရှုအသေခံရမယ့်အကြောင်းကို ဝိညာဉ်တော်က ဦးဆောင်ပြောတာလည်း မရိပ်မိဘူး။ ကိုယ်ပြောတဲ့စကားရဲ့အတိမ်အနက်ကို ကိုယ်နားမလည်ဘဲ ဆန့်ကျင်ဘက်သဘောထားကြီးနဲ့ ပြောနေတာ ဖြစ်တယ်။

ခရစ်ဝင်ကျမ်းရေးတဲ့ ရှင်ယောဟန်က ဒီစကားရဲ့အနက်ဟာ လောကီသား အားလုံးရဲ့ ကယ်တယ်ခြင်းနဲ့ ဆိုင်တယ်လို့ မြင်တယ်။ သခင်ယေရှု အသေခံတာဟာ ဂျူးလူမျိုးအတွက်သာမဟုတ်ဘဲ တလောကလုံးအတွက် ယုံကြည်သူတိုင်းအတွက် ဖြစ်တယ်။ ကိုယ်တော်ကို ယုံကြည်အားကိုးတဲ့သူဟာ ဘုရားသားဖြစ်ပြီး ထာဝရအသက် ရတယ်။ ယုံကြည်ခြင်းဟာ ကိုယ်တိုင်ကယ်တင်ခြင်းရရုံသာမက တခြား ဘုရားသားသမီး အားလုံးနဲ့အတူ ခရစ်တော်၌ တလုံးတဝတည်း ဖြစ်စေတယ်။ ခရစ်တော်ရဲ့ချစ်ခြင်းမေတ္တာဟာ ခရစ်ယာန်တွေရဲ့ အမှတ်အသားနဲ့ တန်ခိုးလက္ခဏာ ဖြစ်လာတယ်။ ခရစ်တော်ရဲ့နာမကြောင့် ယုံကြည်သူတွေ စည်းလုံးလာတယ်။ ဘယ်နေရာမှာနေနေ တယောက်နဲ့တယောက် စည်းလုံးကြတယ်။ ဘုရားသခင်ရဲ့မိသားစုထဲမှာ ညီအကိုမောင်နှမတွေ ဖြစ်တယ်ဆိုတာကို သတိရပြီး၊ တယောက်နဲ့တယောက် အမျိုးတော်ကြောင်း နားလည်ဖို့ လိုပါတယ်။

ယောဟန် ၁၁း ၅၃- ၅၄
၅၃ “ထိုနေ့မှစ၍ ကိုယ်တော်၏အသက်ကိုသတ်ခြင်းငှါ တိုင်ပင်ကြံစည်ကြ၏။ ၅၄ ထိုကြောင့် ယေရှုသည် နောက်တဖန် ယုဒလူတို့တွင် ထင်ရှားစွာမလှည့်လည်ဘဲ ထိုအရပ်မှ ထွက်၍ တောနှင့်အနီး ဧဖရိမ်အမည်ရှိသော မြို့သို့ ကြွ၍ တပည့်တော်တို့နှင့် နေတော်မူ၏။”

ကယာဖရဲ့ ရုတ်တရက် နိမိတ်စကားကြောင့် လွှတ်တော်အဖွဲ့ဝင်တချို့ စိတ်ပျက်သွားတယ်။ သခင်ယေရှုအတွက် စိတ်မကောင်းဖြစ်ပေမယ့် အများစုက ကယာဖရဲ့ပြောစကားအတိုင်း လှည့်ဖျားသူကို သေဒဏ်ပေးပြီး လူမျိုးတမျိုးလုံးကို ကယ်တင်ရမယ် ဆိုတဲ့စကားကို သဘောကျနေတယ်။ ဒါနဲ့ လွှတ်တော်က သခင်ယေရှုကို သေဒဏ်ပေးဖို့ ကယာဖရဲ့အဆိုကို အတည်ပြုလိုက်တယ်။ လွှတ်တော်ထဲမှာ ဖြောင့်မတ်သူတချို့ ရှိပေမယ့် ဘယ်သူမှ ရဲရဲ မရင်ဆိုင်ရဲကြဘူး။ ညစ်ပတ်တဲ့ ကယာဖဟာ သခင်ယေရှုကို သတ်ဖို့ အမတ်တွေကို လမ်းလွဲအောင် ဦးဆောင်တယ်။ ပြည်သူတွေရဲ့ နှောင့်ယှက်မှု ဝင်မလာအောင်လည်း တိတ်တဆိတ် ကြံစည်တယ်။

ဒီလိုကြံစည်မှုကို သခင်ယေရှုကြားတယ်။ ဘုရားဥာဏ်တော်အားဖြင့်လည်း သိပြီးဖြစ်မယ်။ လွှတ်တော်ရဲ့ အာဏာတည်တဲ့ဒေသက ထွက်ခဲ့ပြီး ယော်ဒန်မြစ်ချိုင့်ဝှမ်း အရှေ့ဘက်အရပ်ကို အရှေ့ဘက်အရပ် Nablus ကို ထွက်ခွါလာတယ်။ အသတ်ခံရမယ့်အချိန် ရှင်ပြန်ထမြောက်ချိန်မရောက်ခင် တပည့်တော်တွေနဲ့အတူ အဲဒီအရပ်မှာ စောင့်ဆိုင်းနေတယ်။

အခြေအနေက ပိုရှင်းလာပြီ။ ယဇ်ပုရောဟိတ်တွေနဲ့ သန့်ရှင်းရေးအကြောင်း အချေအတင် ပြောလာပြီ။ ဥပုသ်နေ့မှာ အနာရောဂါငြိမ်းစေရာက လာဇရုကို အသက်ပြန်ရှင်စေတဲ့အထိ ဇာတ်ရှိန်မြင့်လာတယ်။ ဒါကြောင့် လူမျိုးစုအကြီးအကဲတွေက သူ့ကိုသတ်ဖို့ အခွင့်အလမ်း ရှာကြံတယ်။

အလင်းက မှောင်မိုက်ထဲမှာ လင်းပေမယ့် မှောင်မိုက်က အလင်းကို မခံမယူ။

ချစ်သောညီအကိုမောင်နှမ ခရစ်တော်တည်းဟူသောအလင်းကို မြင်ခဲ့ပြီလား။ ဧဝံဂေလိတရားက သင့်စိတ်နှလုံးကို အလင်းပေးပြီး နှလုံးသားကို ပြုပြင်ခဲ့ပြီလား။ ထာဝရအသက်ရပြီလား။ ကိုယ့်ရဲ့အပြစ်တွေကို ဝန်ချပြီး နောင်တရပြီလား။ ယုံကြည်ခြင်းအားဖြင့် ကောင်းကြီးရပြီး အသက်တာ သန့်ရှင်းလာပြီလား။ ခရစ်တော်ထံပါး တိုးဝင်ချဉ်းကပ်ရင်း အသက်တာကို ဆက်ကပ်အပ်နှံပြီလား။ ခရစ်တော်ရဲ့ရန်သူတွေက သူ့ကို အပ်နှံတဲ့အထဲမှာ သင်မပါဝင်ဖို့ သေချာပြီလား။ တပည့်တော်တွေနဲ့သာ ပူးပေါင်းပြီး သန့်ရှင်းသောဘုရားရဲ့သားကို ဝန်ခံပြီလား။ "ခမည်းတော်၏ တပါးတည်းသော သားတော်၏ ဘုန်းကဲ့သို့ ကျေးဇူးတော်နှင့် သမ္မာတရားနှင့်ပြည့်သောသူ၏ဘုန်းကို ငါတို့သည် မြင်ရကြပြီ။"

ဆုတောင်း သခင်ယေရှုဘုရား အခက်အခဲများတွေ့သော်လည်း သမ္မာတရားကို မစွန့်ပယ်၊ မငြင်းပယ်သည့် အတွက် ကိုယ်တော်ကို ကျေးဇူးတင်ပါတယ်။ ခမည်းတော်ရဲ့ ဘုန်းကို ကိုယ်တော် ထင်ရှားစေခဲ့ပါတယ်။ ယုံကြည်ခြင်း အားနည်းခြင်း၊ ပေါ့လျော့ခြင်း၊ သတိမထားခြင်းများအတွက် ခွင့်လွှတ်တော်မူပါ။ ခမည်းတော်နှင့် မိဿဟာယဖွဲ့လျက် ထာဝရအသက်ရလျက် အားလျော့ခြင်းမရှိဘဲ အမှုတော်ဆောင်ဖို့ ဆွဲခေါ်တော်မူပါ။ ကိုယ်တော့ဘုန်းတော် ထင်ရှားစရာ ချီးမွမ်းစရာဖြစ်ဖို့ ကျွန်တော်တို့ အသက်တာကို အသုံးပြု လက်ခံတော်မူပါ။

မေးခွန်း ၇၉

  1. ယုဒလွှတ်တော်က သခင်ယေရှုကို ဘာကြောင့်သတ်ချင်တာလဲ။

QUIZ - 4

ချစ်သော ဓမ္မမိတ်ဆွေ
ဒီ မေးခွန်း(၁ ၅)ထဲမှ မှန်ကန်သော အဖြေ (၁ ၇) ခု ကို ဖြေပေးပါ။ ဒီအချက်အရာများနဲ့ ပက်သက် တာတွေကို ပြန်ပို့ပေးမှာဖြစ်ပါတယ်။

  1. ယုဒလူမျိုးတွေက အာဗြဟံရဲ့သားမြေးမဟုတ်ဘူးလို့ သခင်ယေရှုက ဘယ်လိုသက်သေပြသလဲ။
  2. သခင်ယေရှုရှင်းပြတဲ့ မာနရဲ့အရည်အချင်းတွေက ဘာတွေလဲ။
  3. ယုဒလူတွေက သခင်ယေရှုကို ဘာကြောင့် ခဲနဲ့ပစ်ပေါက်ချင်တာလဲ။
  4. မွေးကတည်းက မျက်စိကန်းတဲ့သူကို သခင်ယေရှု ဘာကြောင့်ပြန်မြင်စေသလဲ။
  5. မွေးကတည်းက မျက်စိကန်းတဲ့သူ ပြန်မြင်နိုင်တာကို ဘာကြောင့် ယုဒလူတွေ ငြင်းပယ်ကြသလဲ။
  6. လူငယ်က သူ့ကို စစ်မေးတဲ့အကြောင်းအရာတွေပေါ်မှာ ဘယ်လိုနားလည်လဲ။
  7. သခင်ယေရှုရှေ့မှာ ပြပ်ဝပ်ခြင်းဟာ ဘာထူးခြားမှုကို ပြသလဲ။
  8. သိုးတော်စုအပေါ်မှာ ဘုရားပေးထားတဲ့ ကောင်းကြီးမင်္ဂလာများကို ဖေါ်ပြပါ။
  9. သခင်ယေရှုဟာ ကောင်းသောသိုးထိန်း ဘယ်လိုဖြစ်ခဲ့သလဲ။
  10. ခရစ်တော်က သိုးတော်စုကို ဘယ်လိုဦးဆောင်သလဲ။
  11. သခင်ယေရှုက ဘုရားဖြစ်ကြောင်း ဘယ်လိုကြွေးကြော်သလဲ။
  12. လာဇရုသေချိန်မှာပင် သခင်ယေရှုက ဘုရားဘုန်းတော်ထင်ရှားမယ်လို့ ဘာကြောင့်ပြောသလဲ။
  13. လာဇရုကို သခင်ယေရှုက ဘာကြောင့် အောင်မြင်စွာ ပြန်ရှင်နိုင်ခဲ့သလဲ။
  14. သေခြင်းတရားမှ ဒီနေ့ဘယ်လို အသက်ပြန်ရှင်နိုင်မလဲ။
  15. သခင်ယေရှု ဘာကြောင့် ဝမ်းနည်းပြီးစိတ်ကြေကွဲရသလဲ။
  16. လာဇရုပြန်ရှင်လာရာမှာ ဘုရားဘုန်းတော် ဘယ်လိုထင်ရှားသလဲ။
  17. ယုဒလွှတ်တော်က သခင်ယေရှုကို ဘာကြောင့်သတ်ချင်တာလဲ။

မိတ်ဆွေ ရဲ့နာမည်နဲ့လိပ်စာအပြည့်အစုံကိုဒီအမေးအဖြေ စာရွက်ထဲမှာပဲ ဖြည့်ပေးပါ။ ဒီအောက်ပါ လိပ်စာအတိုင်းပို့ပေးပါ။

Waters of Life
P.O.Box 600 513
70305 Stuttgart
Germany

Internet: www.waters-of-life.net
Internet: www.waters-of-life.org
e-mail: info@waters-of-life.net

www.Waters-of-Life.net

Page last modified on January 29, 2022, at 04:54 AM | powered by PmWiki (pmwiki-2.3.3)