Waters of Life

Biblical Studies in Multiple Languages

Search in "Burmese":
Home -- Burmese -- John - 124 (Jesus appears to the disciples with Thomas)
This page in: -- Albanian -- Arabic -- Armenian -- Bengali -- BURMESE -- Cebuano -- Chinese -- Dioula? -- English -- Farsi? -- French -- Georgian -- Greek -- Hausa -- Hindi -- Igbo -- Indonesian -- Javanese -- Kiswahili -- Kyrgyz -- Malayalam -- Peul -- Portuguese -- Russian -- Serbian -- Somali -- Spanish -- Tamil -- Telugu -- Thai -- Turkish -- Twi -- Urdu -- Uyghur? -- Uzbek -- Vietnamese -- Yiddish -- Yoruba

Previous Lesson -- Next Lesson

ယောဟန် - အမှောင်မှာ ထွန်းလင်းတဲ့ အလင်းတော်
ရှင်ယောဟန်ခရစ်ဝင်ကျမ်းကို လေ့လာခြင်း
အပိုင်း ၄ - အလင်းက အမှောင်ကို နိုင်တယ်။
B - ခရစ်တော် ရှင်ပြန်ခြင်းနဲ့ ကိုယ် ထင်ရှားပြခြင်း (ယောဟန် ၂၀း ၁- ၂၁း ၂၅)

3. ခရစ်တော်က သောမ အပါအဝင် တပည့်တော်များကို ကိုယ်ထင်ရှားခြင်း။ (ယောဟန် ၂၀း ၂၄- ၂၉)


ယောဟန် ၂၀း ၂၉
၂၉ “ယေရှုကလည်း သင်သည် ငါ့ကို မြင်သောကြောင့် ယုံခြင်းရှိ၏။ ငါ့ကိုမမြင်ဘဲ ယုံသောသူတို့သည် မင်္ဂလာရှိကြ၏ ဟု မိန့်တော်မူ၏။”

သောမက သခင်ယေရှုရဲ့ ဒဏ်ချက်ရာတွေကို ထိသလား ကြည့်ရုံ ကြည့်သလား မသိရဘူး။ သူ့ မယုံကြည်မှု အတွက်တော့ ရှက်ကောင်း ရှက်သွားနိုင်ပြီး မဝံ့မရဲ ဖြစ်သွားနိုင်တယ်။ သောမရဲ့ ယုံကြည်မှုမျိုးဟာ မြင်ရလို့ ယုံတယ်လို့ ဆိုတယ်။ ဒါပေမယ့် သခင်ယေရှုက ယုံကြည်ခြင်းကို အဆင့် မြှင့်စေချင်တယ်။ သူ့ကို မမြင်လဲ သူ့စကားကို ယုံစေချင်တယ်။ အိပ်မက်၊ ရူပါ ရုံတွေ၊ ကိုယ်ထင်ပြ တာတွေကို လိုချင်သူတွေဟာ နုငယ်တဲ့ဘဝမှာ ယုံကြည်ခြင်းကို ပိုခိုင်မာ စေချင်တာ ဖြစ်တယ်။ မရင့်ကျက်သေးဘူး၊ မခိုင်မာသေးဘူး။ ဒါပေမယ့် သခင်ယေရှုက သူ့ရဲ့တမန်တော်တွေထံ အကြိမ်များစွာလာပြီး ယုံကြည်ခြင်းကို မြဲမြံစေတယ်။ ယုံကြည်သူတွေကတော့ မြင်ဖို့ မလိုဘူး။ သခင်ယေရှုအားဖြင့် ကောင်းကြီးခံရပြီး ပျော်နေကြတယ်။ စစ်မှန်သော ယုံကြည်ခြင်းဟာ မြင်ရမှ မဟုတ်ဘူး။ ကြီးမားတဲ့ အားအင်တခုအဖြစ်နဲ့ ရှိနေတယ်။ ဘုရားစကားကို လူက ယုံကြည်ရင် မမြင်ရတဲ့ ဘုရားကို ချီးမွမ်းဂုဏ်ပြုရာ ရောက်တယ်။ သခင်ယေရှုက ကိုယ်ထင်ပြတဲ့အတွက် တပည့်တော်တွေနဲ့ တမန်တော်တွေဟာ ဧဝံဂေလိတရားကို ဟောပြောကြတယ်။ သခင်ယေရှုရဲ့ ထမြာက်ခြင်းဟာ ခေတ်ကာလအသစ် ဖြစ်လာစေပြီး ဘုရားရဲ့အသက်ဟာ ယုံကြည် သူတွေရဲ့အထဲမှာ အုပ်စိုးလာတယ်။ ယုံကြည်ခြင်းဟာ အတွေးအခေါ်တွေ၊ ခံယူချက်တွေမျှသာ မဟုတ်ဘူး။ ရှင်ပြန်ထမြောက်တဲ့ ခရစ်တော်နဲ့ဆက်ထားတဲ့ အသက်ဖြစ်တယ်။ ဒါဟာ ဒီနေ့ခေတ်ရဲ့ အံ့ဩဖွယ်ရာ ဖြစ်တယ်။ သန်းပေါင်းများစွာဟာ သခင်ယေရှုကို မမြင်ဘဲနဲ့ ယုံကြည်ကြတယ်။ ယုံကြည်ခြင်းအားဖြင့် ထာဝရအသက်နဲ့ တန်ခိုးကို ခံစားကြရတယ်။ ခရစ်ယာန်များစွာဟာ သူတို့ပိုင်ဆိုင်တဲ့အရာတွေ၊ ဆွေမျိုးသားချင်းတွေနဲ့ သူတို့အသက်ကိုပင် စွန့်လွှတ်ကြတယ်။ ခရစ်တော်ရဲ့ ပြောစကားကို ယုံကြည်လို့ ဖြစ်တယ်။ သခင်ယေရှုက အဲဒီ ယုံကြည်ခြင်းမျိုးကို ကောင်းကြီးပေးတယ်။ ယုံကြည်ခြင်းက သခင်ယေရှုနဲ့ ချိတ်ဆက် ရင်းနှီးမှုပေးတယ်။

ဆုတောင်း ကိုယ်တော်ဟာ ယုံကြည်ခြင်းကို စတင်သူနဲ့ ပြည့်စုံစေသူ ဖြစ်တယ်။ ကိုယ်တော်ရဲ့ မေတ္တာတော်နဲ့ သမ္မာတရားကို ခံယူပါပြီ။ ကျွန်တော့်ကို ကယ်တင်တယ်လို့ ယုံကြည်ပါတယ်။ မိတ်ဆွေများကိုလည်း ယုံကြည်သူ ဖြစ်လာစေပါ။ ကိုယ်တော့် နာမ၌ အသက်ရှင်သော ယုံကြည်ခြင်းမျိုး ဖြစ်လာစေပါ။ သူတို့လည်း ထာဝရအသက်ရ၍ ဝမ်းမြောက်ကြပါလိမ့်မည်။

မေးခွန်း ၁၂၈

  1. မမြင်ရတဲ့သူတွေဟာ မင်္ဂလာရှိတဲ့ ယုံကြည်သူတွေ ဖြစ်တယ် လို့ သခင်ယေရှု ဘာကြောင့် ပြောသလဲ။

www.Waters-of-Life.net

Page last modified on January 29, 2022, at 05:02 AM | powered by PmWiki (pmwiki-2.3.3)