Waters of LifeBiblical Studies in Multiple Languages |
|
Home Bible Treasures Afrikaans |
This page in: -- Albanian -- Arabic -- Armenian -- Bengali -- BURMESE -- Cebuano -- Chinese -- Dioula? -- English -- Farsi? -- French -- Georgian -- Greek -- Hausa -- Hindi -- Igbo -- Indonesian -- Javanese -- Kiswahili -- Kyrgyz -- Malayalam -- Peul -- Portuguese -- Russian -- Serbian -- Somali -- Spanish -- Tamil -- Telugu -- Thai -- Turkish -- Twi -- Urdu -- Uyghur? -- Uzbek -- Vietnamese -- Yiddish -- Yoruba
Previous Lesson -- Next Lesson ယောဟန် - အမှောင်မှာ ထွန်းလင်းတဲ့ အလင်းတော်
ရှင်ယောဟန်ခရစ်ဝင်ကျမ်းကို လေ့လာခြင်း
အပိုင်း ၄ - အလင်းက အမှောင်ကို နိုင်တယ်။
B - ခရစ်တော် ရှင်ပြန်ခြင်းနဲ့ ကိုယ် ထင်ရှားပြခြင်း (ယောဟန် ၂၀း ၁- ၂၁း ၂၅)
2. သခင်ယေရှုဟာ တပည့်တော်တို့ကို အထက်ခန်းမှာ ထင်ရှားတယ်။ (ယောဟန် ၂၀း ၁၉-၂၃)ယောဟန် ၂၀း ၂၂-၂၃ “ခမည်းတော်သည် ငါ့အား စေလွှတ်တော်မူသည်နည်းတူ သင်တို့အား ငါ စေလွှတ်၏” လို့ ဆိုတဲ့ စကားကို တပည့်တော်တွေ လန့်သွားနိုင်တယ်။ သူတို့ဟာ သော့ခတ်တဲ့အခန်းထဲမှာနေပြီး ဂျူးတွေကို ကြောက်နေကြတယ်။ အစွမ်းအစ မရှိဘူး။ အရှုံးနဲ့ ရင်ဆိုင်နေရပြီ။ ဒါကြောင့် သခင်ယေရှုက တပည့်တော်တို့ အပေါ်မှာ မှုတ်လိုက်တယ်။ ဒါဟာ ဘုရားသခင်က အာဒံအပေါ်မှာ အသက်ရှင်သောသူဖြစ်ဖို့ မှုတ်လိုက်ခြင်းနဲ့ တူတယ်။ ဒီလို မှုတ်လိုက်ခြင်းဖြင့် သခင်ယေရှုဟာ ဖန်ဆင်းရှင်ဖြစ်ကြောင်း ပြတယ်။ တပည့်တော်တွေအပေါ်မှာ ဖန်ဆင်းခြင်းအသစ် စတင်လာတယ်။ ဝိညာဉ်တော်ဟာ တန်ခိုးနဲ့ သူတို့အပေါ်မှာ သက်ရောက်ပြီး သူတို့ဟာ တန်ခိုးတော်နဲ့ နာမတော်ကို ယူဆောင်နိုင်လိမ့်မယ်။ တပည့်တော်တွေ ဝိညာဉ်တော် ရရှိချိန်မှာ ခရစ်တော်က လူတွေ အပြစ်ခွင့်လွှတ်ခံရမယ့်အကြောင်းကို ပြောတယ်။ လက်ခံတဲ့သူတွေအတွက် ခွင့်လွှတ်ခြင်းရမယ်။ ငြင်းပယ်သူတွေ ခွင့်လွှတ်ခြင်းမရကြောင်း ပြောမယ်။ အပြစ်ခွင့်လွှတ်ခြင်း ဆိုတာ သခင်ယေရှု ခရစ်တော် ပဲလို့ ဟောပြောမယ်။ အပြစ်ခွင့်လွှတ်ခြင်းရသူတွေဟာ ခရစ်တော်ရဲ့ အသင်းတော်ထဲမှာ ပါဝင်ခွင့်ရတယ်။ တပည့်တော်တွေဟာ အပြစ်ခွင့်လွှတ်ဖို့ ပြောရုံသာ မဟုတ်ဘဲ အပြစ်ခွင့်လွှတ်ခြင်းကို လုပ်ပေးနိုင်သူတွေ ဖြစ်လာတယ်။ ဘုရားသခင်တပါးတည်းသာ ခွင့်လွှတ်ပေးနိုင်တယ် ဆိုတဲ့ အချက်ကို ကျော်လာတယ်။ (ဟေရှာယ ၄၃း ၂၅) ဆိုးယုတ်တဲ့ လောကထဲမှာ ခရစ်တော်ရဲ့ သံတမန်တွေ ဖြစ်လာတယ်။ တခြားသူတွေကို ခရစ်တော်က ထပ် ကယ်ချင်တယ်။ နည်းပါးတဲ့ အစွမ်းအစနဲ့ ထွက်ပြီး တရားဟောဖို့ မဟုတ်ဘဲ ခရစ်တော်နဲ့အတူ အစဉ် မိတ်သဟာယ ဖွဲ့ဖို့ ဖြစ်တယ်။ သံတမန်ဆိုတာ ရှင်ဘုရင် သို့မဟုတ် သမ္မတရဲ့ လမ်းညွှန်ချက်ကို နေ့တိုင်း ခံယူရတယ်။ ကိုယ်ဟာ တဆင့်နိမ့်တဲ့ အလုပ် မျိုးကို လုပ်နေရတာ မဟုတ်ဘူး။ သခင်ဘုရားရဲ့ အစေခံကျွန် ဖြစ်တယ်။ သင့်အားဖြင့် တခြားသူတွေကို ဘုရား ကယ်ချင်တယ်။ ကိုယ်တော့်အသံကို ဒီနေ့ ကြားလို့ ရှိရင် စိတ်နှလုံး မခိုင်မာဘဲ သန့်ရှင်းသော ဝိညာဉ်တော်က သင့်ကို နှိမ့်ချစွာ၊ ပညာရှိစွာ၊ ရဲဝံ့စွာ သက်သေခံသူ တယာက် ဖြစ်စေနိုင်တယ်။ ဆုတောင်း ကျွန်ုပ်အိမ်သို့ ဝင်ခြင်းငှါ မထိုက်တန်ပါ။ ကိုယ်တော်သည် ဝိညာဉ်တော်ကို ပေးခဲ့ပါပြီ။ ဥာဏ် အလင်းကို ပေး၍ အသက်ရှင်စေပါပြီ။ လောကီသားတို့အား ကိုယ်တော့်ကိုယ်စား သက်သေခံဖို့ ကျွန်ုပ်ကို စေလွှတ်ပါ၏။ ကိုယ်တော့် တန်ခိုးတော်သည် အားနည်းခြင်းများထဲမှ စုံလင်စေသောကြောင့် ကျေးဇူးတင်ပါ၏။ လျှို့ဝှက်ခြင်း မရှိဘဲ နှိမ့်ချစေပါ။ ကိုယ့်အကျိုးရှာသော အတွေးများကို ဆေးကြောပေးတော်မူပါ။ ကိုယ်တော့် အလိုတော်နဲ့အညီ အသက်ရှင်စေပါ။ ကိုယ်တော့် ငြိမ်သက်ခြင်းသည် လူအများသို့တိုင် ရောက်ပါစေသော။ မေးခွန်း ၁၂၆
|