Waters of LifeBiblical Studies in Multiple Languages |
|
Home Bible Treasures Afrikaans |
This page in: -- Albanian -- Arabic -- Armenian -- Bengali -- BURMESE -- Cebuano -- Chinese -- Dioula? -- English -- Farsi? -- French -- Georgian -- Greek -- Hausa -- Hindi -- Igbo -- Indonesian -- Javanese -- Kiswahili -- Kyrgyz -- Malayalam -- Peul -- Portuguese -- Russian -- Serbian -- Somali -- Spanish -- Tamil -- Telugu -- Thai -- Turkish -- Twi -- Urdu -- Uyghur? -- Uzbek -- Vietnamese -- Yiddish -- Yoruba
Previous Lesson -- Next Lesson ယောဟန် - အမှောင်မှာ ထွန်းလင်းတဲ့ အလင်းတော်
ရှင်ယောဟန်ခရစ်ဝင်ကျမ်းကို လေ့လာခြင်း
အပိုင်း ၄ - အလင်းက အမှောင်ကို နိုင်တယ်။
B - ခရစ်တော် ရှင်ပြန်ခြင်းနဲ့ ကိုယ် ထင်ရှားပြခြင်း (ယောဟန် ၂၀း ၁- ၂၁း ၂၅)
2. သခင်ယေရှုဟာ တပည့်တော်တို့ကို အထက်ခန်းမှာ ထင်ရှားတယ်။ (ယောဟန် ၂၀း ၁၉-၂၃)ယောဟန် ၂၀း ၂၁ သင်တို့၌ ငြိမ်သက် ခြင်း ရှိစေသတည်း လို့ ထပ်ပြောတဲ့အခါ အပြစ်ခွင့်လွှတ်၊ ရန်ငြိမ်းစေရုံမျှမက ယုံကြည်သူတွေကို လောကီသားများရှေ့မှာ ရန်ငြိမ်းစေသူများ ဖြစ်စေလိုတယ်။ ကားတိုင်မှာ ဘုရားသခင်က လူသားအားလုံးရဲ့ အပြစ်ကို ခွင့်လွှတ်ခဲ့တယ်။ ဒီအခြေအနေသစ်ဟာ ရာဇဝတ်သားများကိုပင်လျှင် အပြစ် ခွင့်လွှတ်ပေးနိုင်တယ်။ ယုံကြည်သူကို တရားမစီရင်တော့ဘူး။ ပျက်စီးခြင်းမှ လွတ်မြောက်ဖို့ မြှော်လင့်ခြင်း ရလာတယ်။ တပည့်တော်တွေကို ဘုရားသခင်ရဲ့ ငြိမ်သက်ခြင်းအကြောင်း ဟောပြောစေတယ်။ ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းရသူတွေဟာ စိတ်ပြောင်းလဲသွားပြီး သူတို့ကို ခွင့်လွှတ်သလို ရန်သူကိုပင် ခွင့်လွှတ်နိုင်တယ်။ မတရားမပြုရုံ မျှမက မတရားမှုကို သည်းခံလာတယ်။ ကောင်းကင်ရနံ့ကို ပတ်ဝန်းကျင်မှာ သင်းပျံ့စေတယ်။ “သူတပါးချင်း ခိုက်ရန်ပြုခြင်းကို ငြိမ်းစေတတ်သောသူသည် မင်္ဂလာရှိ၏။ အကြောင်းမူကား ထိုသူတို့သည် ဘုရားသခင်၏ သားတော်ဟု ခေါ်ဝေါ်ခြင်းကို ခံရလတံ့။” ဧဝံဂေလိက ပတ်ဝန်းကျင် အခြေအနေကို ပြောင်းလဲဖို့ မဟုတ်ဘဲ လူမျိုးတကာကြားထဲမှာ ငြိမ်သက်ခြင်းကို သယ်ဆောင်ဖို့ ဖြစ်တယ်။ အသက်တာတွေ ပြောင်းလဲပြီး မာကြောတဲ့ ကျောက်သားနှလုံးတွေက နူးညံ့သိမ်မွေ့ လာမယ်။ ဒီလို ပြောင်းလဲခြင်းအားဖြင့် နိုင်ငံရေးတွေလည်း ပြောင်းလဲလာမယ်။ သခင်ယေရှုက တပည့်တော်တွေ အမှုတော်ဆောင်မှာကို မြင်ထားတယ်။ “ခမည်းတော်သည် ငါ့အား စေလွှတ်သည်နည်းတူ သင်တို့အား ငါ စေလွှတ်၏။” သားတော်ကို ဘယ်လို စေလွှတ်သလဲ။ ၁။ သား တယောက်လို စေလွှတ်တယ်။ ၂။ ခမည်းတော် ရှိကြောင်း ပြောခိုင်းတယ်။ ခမည်းတော်ရဲ့သန့်ရှင်းခြင်းကို စကားနဲ့ အလုပ်မှာ ပြစေတယ်။ ၃။ သခင်ယေရှုဟာ ဘုရား သခင်ရဲ့ နှုတ်ကပတ်တော် ဖြစ်တယ်။ ထာဝရမေတ္တာတော် စီးဆင်းနေတယ်။ ဒီအချက်တွေဟာ ဧဝံဂေလိတရား ဖြစ်တယ်။ သေခြင် အားဖြင့် သခင်ယေရှုဟာ ယုံကြည်သူတွေကို ဘုရာ သား ဖြစ်စေပြီး သန့်ရှင်းတဲ့အသက်တာ၊ အပြစ်တင်ခြင်းနဲ့ ကင်းလွတ်စွာ အသက်ရှင်စေတယ်။ ခရစ်ယာန်တွေဟာ ခရစ်တော်ရဲ့သံတမန်တွေ ဖြစ်တယ်။ ဖြောင့်မတ်ရာ ရောက်ပြီ။ သန့်ရှင်းပြီ။ ခမည်းတော်ဘုရားရဲ့ ချစ်ခြင်းမေတ္တာကို ကိုယ်စား ပြုပြီ။ ဒါဟာ သူတို့ တရားစကားရဲ့ အဓိကအချက် ဖြစ်တယ်။ ခရစ်တော်ရဲ့ သေခြင်းကြောင့် ဘုရားသားသမီးတွေ ဖြစ်လာနိုင်ပြီ။ လက်ဝါးကပ်တိုင်ဟာ အခြေအနေသစ်ရဲ့ အမှတ်သင်္ကေတ ဖြစ်လာတယ်။ ယုံကြည်ခြင်းဟာ ဘုရားသခင်ရဲ့ သားသမီး ဖြစ်စေတယ်။ သခင်ယေရှုက ကိုယ်စား အသခံဖို့ မွေးဖွားလာသလို ယုံကြည်သူတွေဟာ ဆက်ကပ်အပ်နှံပြီး အသက်ရှင်ရတယ်။ အမြင့်ဆုံးသော ဘုရားသခင်နဲ့ လူတွေရဲ့ အစေခံကျွန်အဖြစ် အသက်ရှင်လာတယ်။ ဘုရားသခင် ချစ်သလို ချစ်တတ်တဲ့သူတွေ ဖြစ်ဖို့ နိမ့်ကျတဲ့ အခြေအနေမှပင် လွတ်လပ်ခွင့်ကို ပေးလာတယ်။ ဆုတောင်း ကိုယ်တော်ခေါ်တော်မူသောကြောင့် မထိုက်တန်ဘဲ ဘုန်းထင်ရှားခွင့်ရပါ၏။ အတွေးများ၊ စကားများ၊ အလုပ်အကိုင်အားဖြင့် ဘုန်းတော်ထင်ရှားခွင့်ရပါ၏။ အပြစ်ခွင့်လွှတ်ခြင်းအတွက် ကျေးဇူးတင်ပါ၏။ သူတပါး၏ စိတ်နှလုံးထဲသို့ ငြိမ်သက်ခြင်း ပေးနိုင်ဖို့ရာ ကျွန်ုပ်ကို သန့်ရှင်းစေပါ၏။ သူတို့လည်း ဥာဏ်အလင်းရ၍ စစ်မှန်စွာ အသက်ရှင်ပါလိမ့်မည်။ ကိုယ်တော့်သားသမီး ဖြစ်စေသောကြောင့် ကိုယ်တော် သနားသည့်နည်းတူ၊ ချစ်တတ်၊ ခွင့်လွှတ်တတ်ပါမည့်အကြောင်း မစ တော်မူပါ။ မေးခွန်း ၁၂၅
|