Home
Links
Bible Versions
Contact
About us
Impressum
Site Map


WoL AUDIO
WoL CHILDREN


Bible Treasures
Doctrines of Bible
Key Bible Verses


Afrikaans
አማርኛ
عربي
Azərbaycanca
Bahasa Indones.
Basa Jawa
Basa Sunda
Baoulé
বাংলা
Български
Cebuano
Dagbani
Dan
Dioula
Deutsch
Ελληνικά
English
Ewe
Español
فارسی
Français
Gjuha shqipe
հայերեն
한국어
Hausa/هَوُسَا
עברית
हिन्दी
Igbo
ქართული
Kirundi
Kiswahili
Кыргызча
Lingála
മലയാളം
Mëranaw
မြန်မာဘာသာ
नेपाली
日本語
O‘zbek
Peul
Polski
Português
Русский
Srpski/Српски
Soomaaliga
தமிழ்
తెలుగు
ไทย
Tiếng Việt
Türkçe
Twi
Українська
اردو
Uyghur/ئۇيغۇرچه
Wolof
ייִדיש
Yorùbá
中文


ગુજરાતી
Latina
Magyar
Norsk

Home -- Burmese -- John - 123 (Jesus appears to the disciples with Thomas)
This page in: -- Albanian -- Arabic -- Armenian -- Bengali -- BURMESE -- Cebuano -- Chinese -- Dioula? -- English -- Farsi? -- French -- Georgian -- Greek -- Hausa -- Hindi -- Igbo -- Indonesian -- Javanese -- Kiswahili -- Kyrgyz -- Malayalam -- Peul -- Portuguese -- Russian -- Serbian -- Somali -- Spanish -- Tamil -- Telugu -- Thai -- Turkish -- Twi -- Urdu -- Uyghur? -- Uzbek -- Vietnamese -- Yiddish -- Yoruba

Previous Lesson -- Next Lesson

ယောဟန် - အမှောင်မှာ ထွန်းလင်းတဲ့ အလင်းတော်
ရှင်ယောဟန်ခရစ်ဝင်ကျမ်းကို လေ့လာခြင်း
အပိုင်း ၄ - အလင်းက အမှောင်ကို နိုင်တယ်။
B - ခရစ်တော် ရှင်ပြန်ခြင်းနဲ့ ကိုယ် ထင်ရှားပြခြင်း (ယောဟန် ၂၀း ၁- ၂၁း ၂၅)

3. ခရစ်တော်က သောမ အပါအဝင် တပည့်တော်များကို ကိုယ်ထင်ရှားခြင်း။ (ယောဟန် ၂၀း ၂၄- ၂၉)


ယောဟန် ၂၀း ၂၄-၂၅
၂၄ “ထိုသို့ ယေရှုသည် ကြွလာတော်မူသောအခါ တမန်တော် တကျိပ်နှစ်ပါးအဝင် ဒိဒုမုဟု အမည်ရှိသော သောမသည် ထိုတပည့်တော်တို့နှင့် အတူမရှိ။ ၂၅ ထိုသူတို့ကလည်း အကျွန်ုပ်တို့သည် သခင်ကိုမြင်ရကြပြီ ဟု သောမအား ပြောဆိုကြလျှင် သောမက လက်တော်၌ သံရိုက်ရာချက်ကို မမြင်၊ သံရိုက်ရာချက်ကို လက်ညှိုးနှင့် မတို့ မစမ်း၊ နံဘေးတော်ကိုလည်း လက်နှင့် မစမ်း မသပ်ရလျှင် အကျွန်ုပ်မယုံဟု ဆို၏။”

ဝေဖန်တိုင်း သန့်ရှင်းသော ဝိညာဉ်တော်ကို ဆန့်ကျင်တာ မဟုတ်ဘူး။ ကိုယ်သက်သေခံတာကို လက်မခံ တိုင်းလည်း ပျက်စီးလမ်းလွဲမသွားပါဘူး။ သခင်ခရစ်တော် ကောင်းကင်မတက်ခင် ရက်ပေါင်း ၄၀ အတွင်း ဖြစ်ပျက်တဲ့ အဖြစ်အပျက်တခုကို ယောဟန်ပြတယ်။ ထူးခြားတဲ့တခု ဖြစ်တယ်။ လူ့ရဲ့ဆိုးညစ်တဲ့ စိတ်ထဲမှာ ယုံကြည်ခြင်းကို ကျေးဇူးတော်က ဘယ်လိုဖန်တီးသလဲ ဆိုတာပြတယ်။ ကိုယ့်အလုပ်၊ ဥာဏ်ပညာ၊ ဆင်ခြေတုံ အားဖြင့် မဟုတ်ဘဲ ကျေးဇူးတော်နဲ့ သနားဂရုဏာကြောင့်သာ ဖြစ်တယ်။ သောမက အဆိုးမြင်တတ်တယ်။ အရာရာမှာ မကောင်းတဲ့ဘက်ကသာ ကြည့်တတ်တယ်။ ရိုးရိုးရှင်းရှင်း အကြောင်းအရာကိုပဲ လေးလေးနက်နက်ကြီး သက်သေပြဖို့ တောင်းဆိုနေတယ်။ (ယောဟန် ၁၁း ၁၆၊ ၁၄း၅) သူက ပြသနာတွေကို လူ့ဥာဏ်လူ့ဦးနှောက်နဲ့ ဖြေရှင်းချင်တယ်။ ခရစ်တော် အသေခံရချိန်မှာ ဘဝ အဓိပ္ပါယ်မဲ့သွားရတယ်။ တပည့်တော်တွေ နဲ့ ခွါပြီးနေတဲ့အတွက် သခင်ယေရှု ကိုယ်ထင်ရှားပြတဲ့ တနင်္ဂနွေ မနက်မှာ သူ မတွေ့လိုက်ရဘူး။

သခင်ယေရှု ကိုယ်ထင်ရှားပြတာဟာ စာတန်လှည့်စားတာ၊ ဝိညာဉ်ဆိုး ဟန်ဆောင်တာလို့ ငြင်းကောင်း ငြင်းနိုင်တယ်။ ဒီအတွက် သက်သေအထောက်အထားကို တောင်းဆိုတယ်။ သံချက်ရာတွေကို မတွေ့ရင် မယုံဘူး လို့ ဆိုတယ်။ မယုံခင်မှာ မြင်ရချင်တယ်လို့ ဘုရားသခင်ကို ဈေးဆစ်တယ်။

ဒါကြောင့် သခင်ယေရှုကို မြင်တွေ့ရလို့ ဝမ်းသာနေတဲ့ အသိုင်းအဝိုင်းရှိရာ သူ ပြန်လာတယ်။ ဒါပေမယ့် ရှင်ပြန် ထမြောက်တာကို သေချာချင်တယ် လို့ ပြောရင်း သူ ဝမ်းနည်းနေတယ်။

ယောဟန် ၂၀း ၂၆-၂၈
၂၆ “ထိုနောက် ရှစ်ရက်မြောက်သောနေ့၌ တပည့်တော်တို့သည် တဖန်အထဲမှာရှိကြ၍ သောမလည်းပါ၏။ တံခါး များကို ပိတ်ထားစဉ်အခါ ယေရှုသည် ကြွလာ၍ အလယ်မှာ ရပ်တော်မူလျက် သင်တို့၌ ငြိမ်သက်ခြင်း ရှိစေသတည်းဟု မိန့်တော်မူ၏။ ၂၇ ထိုအခါ သောမအား သင်၏လက်ညှိုးကို ဆန့်၍ ငါ့လက်ကို ကြည့်လော့။ သင်၏လက်ကို ဆန့်၍ ငါ့နံဘေးကို စမ်းသပ်လော့။ ယုံမှားခြင်း မရှိနှင့်။ ယုံလော့ဟု မိန့်တော်မူ၏။ ၂၈ သောမကလည်း အကျွန်ုပ်၏အရှင်၊ အကျွန်ုပ်၏ဘုရားသခင်ပါတကား ဟု ပြန်၍ လျှောက်၏။”

တပတ်အကြာ တပည့်တော်တွေထံ သခင်ယေရှုပြန်လာတယ်။ အားလုံးကြောက်ရွံ့ပြီး တံခါးပိတ်ထားတယ်။ သခင်ယေရှုရဲ့ ကိုယ်ခန္ဓာဟာ ရှင်ပြန်ထမြောက်ပြီး ဖြစ်လို့ အသံမပြုဘဲ တံခါးတွေထဲကို ဖြတ်ဝင်နိုင်လာတယ်။ သူတို့ရဲ့ ယုံကြည်ခြင်းအားနည်းမှုအပေါ်မှာ ခွင့်လွှတ်ပြီး တပည့်တော်တွေကို ငြိမ်သက်ခြင်းရှိဖို့ ခွန်အားပေးတယ်။ သခင်ယေရှု အသံတော်ကို ကြားပြီးတဲ့အခါ သောမ မျက်လုံးပြူးသွားတယ်။ သောမရဲ့ သံသယ မျက်လုံးကို ဘုရား မျက်လုံးနဲ့ မြင်တယ်။ မာဂဒလ မာရိကိုတော့ ငါ့ကို မထိနဲ့။ ငါဟာ အစစ်ဖြစ်ပြီး သင်တို့ကြားမှာ ရှိနေတယ်လို့ ပြောဖူးပေမယ့် သောမက်စ် ကိုတော့ ထိကြည့်ပါလို့ ဆိုတယ်။ သံချက်ရာတွေကိုသာ ပြောတာ မဟုတ်။ အနားကို လာပြီး ဒဏ်ချက်တွေကို တို့ကြည့်ပြီး ယုံကြည်ပါလို့ ပြောတယ်။

ဒီလိုယုံကြည်ဖို့ ဖင့်နွဲနေတဲ့ သံသယတွေကိုလဲ အောင်မြင်ခဲ့တယ်။ သခင်ယေရှုက သူ့ကို လုံးလုံး ယုံကြည်စိတ်ချ စေချင်တယ်။ ကားတိုင်၊ ရှင်ပြန်ထမြောက်ခြင်း၊ ဘုရားနဲ့ မိတ်သဟာယဖွဲ့ခြင်း၊ ဒုတိယကြွလာခြင်း အားလုံးဟာ ယုံကြည်သူတွေရဲ့ အကျိုးအတွက် ဖြစ်တယ်။ ဒါတွေကို ငြင်းပယ်သူကတော့ သခင်ယေရှုကို လူလိမ်လို့ ခေါ်လိမ့်မယ်။ သခင်ယေရှုရဲ့ ချစ်ခြင်းမေတ္တာဟာ သောမကို ကြေမွသွားစေပြီး တိုးတိုးကလေး “အကျွန်ုပ်သခင်နဲ့ အကျွန်ုပ်ဘုရားသခင်ပါ တကား” လို့ ဝန်ခံရေရွတ်လာတယ်။ ဒါကို သူ သိချင်နေခဲ့တယ်။ ကိုယ်ခန္ဓာမှာ ဘုရားဇာတိ အပြည့်အစုံကို တွေ့ရတယ်။ ဘုရားသခင်ဟာ တပါးတည်း ဖြစ်တယ်။ နှစ်ပါးမဟုတ်ဘူး။ သောမက သခင်ယေရှုကို ဘုရားသခင်လို့ ခေါ်တယ်။ သန့်ရှင်းသော ဝိညာဉ်တော်က သူ့ကို မယုံကြည်လို့ တရားမစီရင်ဘူး။ သခင်ဘုရားကို မြင်တွေ့ခွင့်ပဲ ပြုလိုက်တယ်။ သောမက သခင်ဘုရား လို့လဲ ခေါ်တယ်။ သူ့ရဲ့ အတိတ်၊ အနာဂတ်၊ အားလုံးကို ကယ်တင်ရှင်ရဲ့လက်ထဲမှာ အပ်နှံပြီး သခင်ယေရှုကို လုံးလုံး ယုံကြည်သွားတယ်။ ချစ်သောညီအကို သင်လဲ ဘယ်လို ပြောမလဲ။ သောမရဲ့ ဝန်ခံချက်မျိုး ပြောနိုင်မလား။ ရှင်ပြန်ထမြောက်တဲ့ သူက သင့်ထံလာတဲ့အခါ ကိုယ်တော်ရဲ့ ကြီးမြတ်မှုတွေကြောင့် သင့်ရဲ့ သံသယကို ချေဖျက်လို့ ရမလား။ ကိုယ်တော်ရဲ့ သနားခြင်းထဲမှာ ကိုယ့်ကိုကိုယ် အပ်နှံလျက် “အကျွန်ုပ်ရဲ့သခင်၊ အကျွန်ုပ်ရဲ့ဘုရားသခင်ပါ တကား” လို့ ဝန်ခံ လိုက်ပါ။

ဆုတောင်း သံသယ ရှိတဲ့ သောမက်စ်ကို မငြင်းပယ်တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကိုယ်တော် သူ့ကို ကိုယ် ထင်ပြခဲ့တယ်။ ကျွန်တော်တို့ရဲ့ အသက်တ များကိုလည်း ကိုယ်တော့်အတွက် အသက်ရှင်နိုင်ဖို့ မကောင်းသော နှုတ်လျှာ အားလုံးကို သန့်ရှင်းစင်ကြယ်စေတော်မူပါ။

မေးခွန်း ၁၂၇:

  1. သောမက်စ်ရဲ့ ဝန်ခံချက်ကို ဘယ်လို အသုံးချနိုင်သလဲ။

www.Waters-of-Life.net

Page last modified on January 29, 2022, at 05:02 AM | powered by PmWiki (pmwiki-2.3.3)