Home
Links
Bible Versions
Contact
About us
Impressum
Site Map


WoL AUDIO
WoL CHILDREN


Bible Treasures
Doctrines of Bible
Key Bible Verses


Afrikaans
አማርኛ
عربي
Azərbaycanca
Bahasa Indones.
Basa Jawa
Basa Sunda
Baoulé
বাংলা
Български
Cebuano
Dagbani
Dan
Dioula
Deutsch
Ελληνικά
English
Ewe
Español
فارسی
Français
Gjuha shqipe
հայերեն
한국어
Hausa/هَوُسَا
עברית
हिन्दी
Igbo
ქართული
Kirundi
Kiswahili
Кыргызча
Lingála
മലയാളം
Mëranaw
မြန်မာဘာသာ
नेपाली
日本語
O‘zbek
Peul
Polski
Português
Русский
Srpski/Српски
Soomaaliga
தமிழ்
తెలుగు
ไทย
Tiếng Việt
Türkçe
Twi
Українська
اردو
Uyghur/ئۇيغۇرچه
Wolof
ייִדיש
Yorùbá
中文


ગુજરાતી
Latina
Magyar
Norsk

Home -- Burmese -- John - 115 (Mary Magdalene at the graveside; Peter and John race to the tomb)
This page in: -- Albanian -- Arabic -- Armenian -- Bengali -- BURMESE -- Cebuano -- Chinese -- Dioula? -- English -- Farsi? -- French -- Georgian -- Greek -- Hausa -- Hindi -- Igbo -- Indonesian -- Javanese -- Kiswahili -- Kyrgyz -- Malayalam -- Peul -- Portuguese -- Russian -- Serbian -- Somali -- Spanish -- Tamil -- Telugu -- Thai -- Turkish -- Twi -- Urdu -- Uyghur? -- Uzbek -- Vietnamese -- Yiddish -- Yoruba

Previous Lesson -- Next Lesson

ယောဟန် - အမှောင်မှာ ထွန်းလင်းတဲ့ အလင်းတော်
ရှင်ယောဟန်ခရစ်ဝင်ကျမ်းကို လေ့လာခြင်း
အပိုင်း ၄ - အလင်းက အမှောင်ကို နိုင်တယ်။
B - ခရစ်တော် ရှင်ပြန်ခြင်းနဲ့ ကိုယ် ထင်ရှားပြခြင်း (ယောဟန် ၂၀း ၁- ၂၁း ၂၅)
1. ပသခါပွဲနေ့ အာရုဏ် တက်ချိန်မှ ဖြစ်ရပ်များ ( Easter) (ယောဟန် ၂၀း ၁- ၁၀)

a) သင်္ချိုင်းတွင် မာဂဒလ မာရိ (ယောဟန် ၂၀း ၁-၂)


ယောဟန် ၂၀း ၁-၂
၁ “ခုနစ်ရက်တွင် ပထမနေ့ရက် မိုးမလင်းမီ စောစောအချိန်၌ မာဂဒလမာရိသည် သင်္ချိုင်းတော်သို့ သွား၍ တွင်းဝ၌ ပိတ်သော ကျောက်သည် ရွှေ့လျက်ရှိသည်ကို မြင်လျှင်၊ ၂ ရှိမုန်ပေတရုနှင့် ယေရှုချစ်တော်မူသော အခြားတပည့်တော်ထံ ပြေးသွား၍ သင်္ချိုင်းတော်မှ သခင်ကို ယူသွား ကြပြီ။ အဘယ်မှာ ထားကြသည်ကို မသိဟု ပြောဆို၏။”

တပည့်တော်တွေနဲ့ သခင်ယေရှုနောက်ကို လိုက်တဲ့ အမျိုးသမီ တွေဟာ သောကြာနေ့ရဲ့ အဖြစ်အပျက် တွေကြောင့် စိတ်ကြေကွဲ ဝမ်းနည်းနေကြတယ်။

သခင်ယေရှုကို သင်္ဂြိုဟ်တဲ့အခါ အမျိုးသမီးတွေက ခပ်လှမ်းလှမ်းက စောင့်ကြည့်နေ ကြတယ်။ အမျိုးသမီး တွေနဲ့ တပည့်တော်တွေဟာ အိမ်ကို အပြေး ပြန်ကြပြီး ဥပုသ်နေ့ မပျက်စေဖို့ သောကြာနေ့ ညနေ ၆ နာရီမှာ ဥပုသ် စောင့်ရမယ်။ ဥပုသ်နေ့မှာတော့ ပသခါ ပွဲနေ့ ဖြစ်နေတယ်။ ဘယ်သူမှ သင်္ချိုင်းကို မသွားရဲဘူး။ သိုးသူငယ်ကို သတ်ခြင်းက ဣသရေလလူမျိုးဟာ ဘုရားသခင်နဲ့ ရန်ငြိမ်းခြင်းကို ပုံဆောင်တဲ့အတွက် လူတွေ ဝမ်းမြောက် နေကြချိန် ဖြစ်တယ်။ ခရစ်ယာန်တွေကတော့ ကြောက်ရွံ့စွာနဲ့ ငိုကြွေးရင်း စုဝေးနေရချိန် ဖြစ်တယ်။ ဥပုသ်နေ့မှာ သင်္ဂြိုဟ်ခံထားရတဲ့ သခင်ယေရှုနဲ့အတူ သူတို့မျှော်လင့်ခြင် တွေ သင်္ဂြိုဟ်ခံထားရသလို ဖြစ်တယ်။

အမျိုးသမီးတွေဟာ မြို့တံခါး အပြင်ဘက် မထွက်ကြတော့ဘူး။ အလောင်းတော်ကို သုတ်လိမ်းဖို့ အမွှေး နံ့သာလည်း မဝယ်နိုင်ကြတော့ဘူး။ သူတို့ဟာ တနင်္ဂနွေ မနက်ခင်းအထိ စောင့်နေရတယ်။ ကျမ်းရေးသူက မာဂဒလမာရိ သင်္ချိုင်းဂူကို ပြေးသွားကြောင်း အဓိကထား မှတ်တမ်းတင်တယ်။ ဒါပေမယ့် မာရိရဲ့ အသုံးအနှုန်း “ငါတို့သည်” လို့ ပြောပုံအရ တခြား အမျိုးသမီးအဖေါ်တွေပါတယ် ဆိုတာ ရိပ်မိနိုင်တယ်။ ယောဟန်ရဲ့ အမေ ဆလိုမီနဲ့ တခြား အမျိုးသမီး တွေဟာ တနင်္ဂနွေနေ့ မနက်အစောကြီးမှာ အလောင်းကို အမွှေးနံ့သာ သုတ်ဖို့ သွားခဲ့ ကြတယ်။ မနက်အစောကြီး ဖြစ်လို့ သင်္ချိုင်း ဂူဟာ ပိတ်ထားမယ်လို့ စိုးရိမ်ခဲ့ကြတယ်။ သူတို့ မျှော်လင့်ခြင်းတွေ လွင့်ပါးသွားပြီး စိတ်ပျက်နေကြပြီ။

ရှင်ပြန်ထမြောက်ခြင်းရဲ့ အလင်းဟာ သူတို့အပေါ်ကို မသက်ရောက်သေးဘူး။ ထာဝရအသက်က သူတို့ စိတ်ထဲမှာ မပေါ်သေးဘူး။ ရောက်တဲ့အခါ ကျောက်တုံးကြီးကို ကြည့်ပြီး ဘယ်လိုရွှေ့ကြမလဲလို့ စဉ်းစားမိတယ်။ ကျောက်တုံးကြီး ပွင့်နေတာက အဲဒီနေ့ရဲ့ ပထမဦးဆုံး နိမိတ်လက္ခဏာ ဖြစ်တယ်။ ခရစ်တော်ဟာ အဲဒီ ကျောက်တုံးကြီးကို ဘယ်လို တွန်းဖယ်လိုက်နိုင်လဲ ဆိုတဲ့ သံသယတွေ မရှိသင့်ပါဘူး။ လူသားတွေရဲ့ ကြီးမား လေးလံတဲ့ စိတ်နှလုံးထဲက ကျောက်တုံးတွေကိုလဲ တွန်းဖယ်လှိမ့်ပစ်နိုင်ပါတယ်။

ယုံကြည်သူဟာ ဘုရားရဲ့ မစခြင်းကို တွေ့ရမယ်။ ယုံကြည်ခြင်းဟာ လှပတဲ့ အနာဂတ်ကို မြင်ယောင်တယ်။ ယောဟန်က ကောင်းကင်တမန်တွေအကြောင်းကို ရေးမထားဘူး။ မာဂဒလမာရိက သူငယ်ချင်း တွေကို ဦးဆောင် သွားပြီး သင်္ချိုင်းဂူကို အရင်ကြည့်ပုံရတယ်။ အလောင်းကို မတွေ့တော့ဘူး။ ကြောက်လန့်တကြား တပည့်တော်တွေ ရှိရာ ပြေးတယ်။ တမန်တော်တွေရဲ့ခေါင်းဆောင်မှုကို သူ ယုံကြည် စိတ်ချတယ်။ ဒီ နိမိတ်လက္ခဏာကို တမန်တော်တွေ သိမယ်လို့ မျှော်လင့်တယ်။ မာဂဒလ မာရိဟာ ပေတရုနဲ့ တခြားတပည့်တော်ထံ ရောက်တဲ့အခါ သခင်ဘုရားရဲ့ အလောင်းတော် မရှိတော့ဘူး။ တယောက်ယောက်က ယူသွားပြီ၊ ဘယ်မှာထားလဲ မသိဘူး။ ဒါက နောက်ထပ် ရာဇဝတ်မှု လုပ်တာပဲ လို့ ပြောတယ်။ ဒါက သူနဲ့ တပည့်တော်တွေဟာ ဝိညာဉ်ရေးအရ ကန်းနေပြီး တယောက်ယောက်က အလောင်းကို ခိုးသွားတယ် လို့ ထင်နေတယ်။ သခင်ဘုရား သေခြင်းမှ ထမြောက် လိမ့်မယ်လို့ သူတို့ စိတ်ထဲမှာ မထင်ခဲ့ဘူး။


b) ပေတရု နဲ့ ယောဟန် သင်္ချိုင်း ဘက်ကို ပြေးသွား ကြတယ်။ (ယောဟန် ၂၀း ၃- ၁၀)


ယောဟန် ၂၀း ၃- ၅
၃ “ထိုအခါ ပေတရုနှင့် အခြားသော တပည့် တော်သည် ထွက်၍ သင်္ချိုင်း တော်သို့ သွားကြ၏။ ၄ ထိုသူ နှစ်ယောက်တို့သည် အတူ ပြေးသည်တွင် အခြားသော တပည့်တော်သည် ပေတရုကို လွန်၍ သင်္ချိုင်း တော်သို့ အရင်ရောက်သည်ရှိသော် ငုံ့၍ ကြည့်သဖြင့်၊ ၅ ပိတ်ပုဆိုး ရှိရစ်သည်ကို မြင်လျှင် မဝင်ဘဲနေ၏။”

ဒါက မေတ္တာပြိုင်ပွဲလို့ ပြောရင်ရတယ်။ သူတို့ နှစ်ယောက်လုံးဟာ မြင်ချင်တွေ့ချင်ကြတယ်။ ပေတရုက ပို အသက်ကြီးတယ်။ ရှေ့ကပြေးတဲ့ ယောဟန် နောက်မှာမှီအောင် မလိုက်နိုင်ဘဲ မောနေတယ်။ နှစ်ယောက်လုံးဟာ အစောင့် စစ်သူရဲတွေကို မေ့သွားပြီး မြို့တံခါးတွေကို ဖြတ်သွားတယ်။ ယောဟန်က သင်္ချိုင်းကို ရောက်တဲ့အခါ ရိုသေမှု နဲ့အတူ နောက် ပြန်ဆုတ်ပြီး မဝင်ဘဲနေတယ်။ သင်္ချိုင်းမှာ ကျောက်တုံးကို မတွေ့ဘဲ ပိတ်ဖြူတွေ ခေါက်ထား လျက်သား အလိပ်လိုက် တွေ့ရတယ်။ အလောင်းကို ပတ်ထားတဲ့ အဝတ်ဟာ ဖြည်လျော့ ကျနေခြင်း မျိုးမဟုတ်ဘူး။ အလောင်းထားရာအရပ်မှာ ရှိနေတယ်။ ဒါက ရှင်ပြန်ထမြောက်ခြင်းရဲ့ တတိယ နိမိတ်လက္ခဏာ ဖြစ်တယ်။ သခင်ယေရှုဟာ ဒီအဝတ်အစားတွေကို ဆွဲဖြုတ်သွားတာ မဟုတ်ဘဲ၊ ဒီ အဝတ်အစားတွေထဲက ထွက်မြောက်သွားတာ ဖြစ်တယ်။ ကောင်းကင်တမန်တွေက သခင်ယေရှု ထွက်လို့ ရအောင် ကျောက်တုံးတွေကို ရွှေ့ဖို့ ကူညီခဲ့တာ မဟုတ်ဘဲ ဒီ အမျိုးသမီးတွေ ဝင်လို့ ရအောင် ရွှေ့ခဲ့တာဖြစ်တယ်။ သခင်ဘုရားက ဒီကျောက်တုံး ထဲက ဖြတ်ထွက်လာတာ ဖြစ်တယ်။

ဆုတောင်း သေခြင်းမှ ရှင်ပြန်ထမြောက်တဲ့အတွက် ကျေးဇူးတင်ပါတယ်။ မကောင်းမှု အားလုံးကို နိုင်ပြီး ဘုရား သခင်ထံ သွားမယ့်လမ်း အားလုံးကို ဖွင့်ပေးတော်မူတယ်။ သေခြင်းရဲ့ အရိပ် လွှမ်းမိုးခြင်းချိုင့်ထဲမှာ ကိုယ်တော် အတူ ပါရှိပြီး ကျွန်ုပ်တို့ကို မစွန့်ပစ်ခဲ့ပါဘူး။ ကျွန်တော်တို့ရဲ့ အသက်ဟာ ကိုယ်တော့်အသက် ဖြစ်ပြီး ကိုယ်တော့် တန်ခိုးဟာ အားနည်းခြင်း အဖြစ်မှာ စုံလင်စေပါတယ်။ ကိုယ်တော့် ရှေ့မှာ ပြတ်ဝပ်ကိုးကွယ်လျှက် ယုံကြည်သူအားလုံးကို အောင်မြင်သော မြှော်လင့်ခြင်းပေးတဲ့အတွက် ကိုယ်တော့်ကို ချစ်ကြပါ၏။

မေးခွန်း ၁၁၉

  1. ခရစ်တော် ရှင်ပြန် ထမြောက်တဲ့အခါ ထင်ရှားတဲ့ အဖြစ်အပျက် ၃ ခု ပြောပြပါ။

www.Waters-of-Life.net

Page last modified on January 29, 2022, at 05:01 AM | powered by PmWiki (pmwiki-2.3.3)