Home
Links
Bible Versions
Contact
About us
Impressum
Site Map


WoL AUDIO
WoL CHILDREN


Bible Treasures
Doctrines of Bible
Key Bible Verses


Afrikaans
አማርኛ
عربي
Azərbaycanca
Bahasa Indones.
Basa Jawa
Basa Sunda
Baoulé
বাংলা
Български
Cebuano
Dagbani
Dan
Dioula
Deutsch
Ελληνικά
English
Ewe
Español
فارسی
Français
Gjuha shqipe
հայերեն
한국어
Hausa/هَوُسَا
עברית
हिन्दी
Igbo
ქართული
Kirundi
Kiswahili
Кыргызча
Lingála
മലയാളം
Mëranaw
မြန်မာဘာသာ
नेपाली
日本語
O‘zbek
Peul
Polski
Português
Русский
Srpski/Српски
Soomaaliga
தமிழ்
తెలుగు
ไทย
Tiếng Việt
Türkçe
Twi
Українська
اردو
Uyghur/ئۇيغۇرچه
Wolof
ייִדיש
Yorùbá
中文


ગુજરાતી
Latina
Magyar
Norsk

Home -- Burmese -- John - 116 (Peter and John race to the tomb)
This page in: -- Albanian -- Arabic -- Armenian -- Bengali -- BURMESE -- Cebuano -- Chinese -- Dioula? -- English -- Farsi? -- French -- Georgian -- Greek -- Hausa -- Hindi -- Igbo -- Indonesian -- Javanese -- Kiswahili -- Kyrgyz -- Malayalam -- Peul -- Portuguese -- Russian -- Serbian -- Somali -- Spanish -- Tamil -- Telugu -- Thai -- Turkish -- Twi -- Urdu -- Uyghur? -- Uzbek -- Vietnamese -- Yiddish -- Yoruba

Previous Lesson -- Next Lesson

ယောဟန် - အမှောင်မှာ ထွန်းလင်းတဲ့ အလင်းတော်
ရှင်ယောဟန်ခရစ်ဝင်ကျမ်းကို လေ့လာခြင်း
အပိုင်း ၄ - အလင်းက အမှောင်ကို နိုင်တယ်။
B - ခရစ်တော် ရှင်ပြန်ခြင်းနဲ့ ကိုယ် ထင်ရှားပြခြင်း (ယောဟန် ၂၀း ၁- ၂၁း ၂၅)
1. ပသခါပွဲနေ့ အာရုဏ် တက်ချိန်မှ ဖြစ်ရပ်များ ( Easter) (ယောဟန် ၂၀း ၁- ၁၀)

b) ပေတရု နဲ့ ယောဟန် သင်္ချိုင်း ဘက်ကို ပြေးသွား ကြတယ်။ (ယောဟန် ၂၀း ၃- ၁၀)


ယောဟန် ၂၀း ၆- ၈
၆ “ရှိမုန် ပေတရုသည် နောက်သို့လိုက်၍ ရောက်သောအခါ တွင်းထဲသို့ဝင်လျှင် ပိတ်ပုဆိုး ရှိရစ်သည်ကို လည်းကောင်း ၇ ခေါင်းတော်၌ ရှိသော ပုဝါသည် ပိတ်ပုဆိုးနှင့် အတူမရှိပဲ တခြားစီ လိပ်လျက် ရှိသည်ကို လည်းကောင်း မြင်လေ၏။ ၈ ထိုအခါ သင်္ချိုင်းတော်သို့ အရင်ရောက်သော အခြား တပည့်တော်သည် ဝင်၍ မြင်သဖြင့် ယုံလေ၏။”

ယောဟန်က ပေတရုကို စောင့်ရင်း သင်္ချိုင်းဂူ အပြင်ဘက်မှာ ရပ်နေတယ်။ ဒါကတော့ ကိုယ့်ထက် ကြီးတဲ့ တမန်တော်ကို အရို အသေပေးတဲ့ သဘော၊ သင်္ချိုင်းဂူကို အရင်ကြည့်သင့်တယ် ဆိုတဲ့ သဘောဖြစ်တယ်။ ငယ်တဲ့ ယောဟန်ဟာ ကျောက်တုံးကြီး လိမ့်နေ၊ သင်္ချိုင်းတံခါး ပွင့်နေ၊ အလောင်း မရှိတာကြောင့် လှုပ်လှုပ်ရှားရှား ဖြစ်သွားတယ်။ အလောင်းကို ပတ်ထားတဲ့ အဝတ်အစားတွေက သေသေချာချာ သိမ်းခေါက်ထားတာ တွေ့ရတယ်။ သူ့စိတ်ထဲမှာ အတွေးတွေ အမျိုးမျိုး ဖြစ်လာပြီး ဖြစ်ပျက်ခဲ့တာတွေကို သိနိုင်ဖို့ ဘုရားသခင်ထံက အလင်းရဖို့ ဆုတောင်းခဲ့တယ်။

ပေတရု ရောက်လာတဲ့အခါ သင်္ချိုင်းဂူထဲကို တိုက်ရိုက်ဝင်တယ်။ သခင်ယေရှုရဲ့ မျက်နှာတော်ကို ပတ်တဲ့ အဝတ်ဟာ သီးခြား တွေ့နေရတယ်။ အဓိပ္ပါယ်က အလောင်း ခိုးယူခံရတာ မဟုတ်ဘဲ အေးဆေး တည်ငြိမ်စွာနဲ့ ဒီအဝတ်တွေ ကြားထဲက ထွက်သွားတာ ဖြစ်တယ်။

စူးစမ်းလေ့လာတဲ့အနေနဲ့ ပေတရု ဝင်သွားတဲ့အခါ ဒီအဖြစ်အပျက်တွေကို သူ ရုတ်တရက် နားမလည်ဘူး။ ယောဟန်ကတော့ ရှုတ်ထွေးနေပြီး စဉ်းစားဆင်ခြင်ခဲ့တဲ့အတွက် မျှော်လင့်ခြင်း ရှိလာတယ်။ ပေတရု ခေါ်လို့ သူပါ လိုက်ဝင်သွားတဲ့အခါ သူရဲ့စိတ်ဝိညာဉ်ဟာ အလင်းရပြီး သခင်ယေရှု ရှင်ပြန်ထမြောက်ပြီ လို့ ယုံကြည်သွားတယ်။ သူဟာ ရှင်ပြန်ထမြောက်တဲ့ ခရစ်တော်နဲ့ တိုက်ရိုက်တွေ့ခဲ့တာ မဟုတ်ဘဲ အလောင်းမရှိတဲ့ သင်္ချိုင်းဂူနဲ့ အလောင်းကို ပတ်ရစ်ထားတဲ့ အဝတ်တွေ ခေါက်သိမ်းထားတာကို တွေ့တာနဲ့ ယုံကြည်သွားတာ ဖြစ်တယ်။

ယောဟန် ၂၀း ၉- ၁၀
၉ “ကိုယ်တော်သည် သေခြင်းမှ ရှင်ပြန်ထမြောက်ရမည်ဟူသော ကျမ်းစကားကို တပည့်တော်တို့သည် နားမလည် ကြသေး။ ၁၀ နောက်မှ ထိုသူနှစ်ယောက်တို့သည် မိမိတို့ အပေါင်းအသင်း ရှိရာသို့ ပြန်သွားကြ၏။”

သခင်ယေရှုဟာ အတွေးအခေါ်ပညာရှင်တွေ၊ ပရောဖက်တွေ၊ အပြစ်သားတွေလို သင်္ချိုင်းမှာ အလောင်း ဆက်ရှိနေသူ မဟုတ်ဘူး။ သေခြင်းမှ ရှင်ပြန်ထမြောက်ပြီး အဝတ်တွေ ခေါက်သိမ်းထားခဲ့သူ ဖြစ်တယ်။ သန့်ရှင်းသော ခရစ်တော်ဟာ အပြစ်ကင်းမဲ့တယ်။ သေခြင်းတရားဟာ သူ့ကို အစိုးမရဘူး။ ဘုရားသခင်ရဲ့ ချစ်ခြင်း မေတ္တာဟာ ဘယ်တော့မှ မရှုံးဘူး။

ခရစ်တော်ရဲ့ ရန်သူတွေက ခရစ်တော်ရဲ့အလောင်းဟာ သင်္ချိုင်းထဲမှာ မရှိတော့တဲ့အတွက် ဘာကြောင့် ဆိုတာ မဖြေရှင်းနိုင်တော့ဘူး။ ခရစ်တော်ဟာ ထွက်ပြေးတာ မဟုတ်။ ပျောက်ပျက်သွားတာလဲ မဟုတ်ဘူး။ သင်္ချိုင်း ဂူဟာ စနစ်တကျလေး အခြေအနေ ရှိနေခဲ့တယ်။ နွားစားခွက်ထဲမှာ အဝတ်နဲ့ ပတ်ရစ်ပြီး လူ့ဘဝခရီးကို စခဲ့တဲ့ သူဟာ သင်္ချိုင်းဂူထဲမှာ အဝတ်တွေကို ထားခဲ့ပြီး ရှင်ပြန်ထမြောက်တယ်။ ဒါကြောင့် ရှင်ပြန် ထမြောက်ခြင်းဟာ ခရစ်တော်ရဲ့ စာမျက်နှာသစ်အဖြစ်နဲ့ ကောင်းကင်ဖက်ကို ခြေလှမ်း လှည့်လိုက်တယ်။ လူ့အသွင် သဏ္ဌာန်တော်ကို အမြဲ ဆောင်မြဲရှိတာ တွေ့ရတယ်။ ဘုရားသခင်ရဲ့ သားတော် ရှင်ပြန် ထမြောက်တာ ပထမဦးဆုံး ရိပ်မိသူဟာ သူဖြစ်ပေမယ့် သူ့ အတွေ့အကြုံကို မကြွားဝါခဲ့ဘူး။ ကျမ်းစာထဲမှာ ရှင်းရှင်းလင်းလင်း ရေးထားပေမယ့် ဒီနိမိတ် လက္ခဏာကို နောက်ကျမှသာ ယုံလာမိကြောင်း ဝန်ခံထားတယ်။ သေခြင်းနဲ့ ဘုရားသခင်ရဲ့ အစေခံကျွန် အကြောင်းကို သူဖတ်ထားတဲ့ ကျမ်းချက်ကို သူ မမြင်ခဲ့မိဘူး။ ဟေရှာယ ၅၃။ ဒီအကြောင်းအရာကိုပဲ ဒါဝိဒ် ပရောဖက်ပြု ထားတာလည်း မစဉ်းစားမိဘူး။ (လုကာ ၂၄း ၄၄- ၄၈) (တမန်တော် ၂၂း ၃၅- ၃၈။ ဆာလံ ၁၆း ၈- ၁၁)

ပွဲတော် နေ့ရဲ့ မနက်ခင်းမှာ တပည့်တော် နှစ်ယောက်ဟာ အိမ် ပြန်ကြပြီး စိတ်က တုန်လှုပ်ပေမယ့် မျှော်လင့်ခြင်းနဲ့အတူ မေးခွန်းတွေရှိပေမယ့် ယုံကြည်ခြင်းနဲ့အတူ ခရစ်တော် သင်္ချိုင်းကနေ စွန့်ခွါသွားပြီး ဘယ်မှာ ရောက်မှန်း မသိတဲ့အတွက် သူတို့ ဆုတောင်းမိကြတယ်။

ဆုတောင်း တပည့်တော် များရဲ့ စိတ်နှလုံးကို ကိုယ်တော်ရရှိတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကိုယ်တော် အသက်ရှင်ကြောင်းကို အားကိုး တတ်စေတယ်။ ထာဝရအသက်နဲ့ဆိုင်တဲ့ ကြီးမြတ်တဲ့ မြှော်လင့်ခြင်းကို ပေးတယ်။ ထာဝရ ဘုရားသခင် ဖြစ်သောကြောင့် ကိုယ်တော်ကို ကိုးကွယ်ပါ၏။ ကျေးဇူးတော်ကြောင့် မသေနိုင်သောအဖြစ်သို့ ရောက်ရပါ၏။ မိတ်ဆွေများကိုလည်း သူတို့အပြစ်ထဲမှ ကယ်နှုတ်တော်မူပါ။ ကိုယ်တော် အသေခံခြင်းကို ယုံကြည်ခြင်းအားဖြင့် ထာဝရအသက် ရစေပါ။

မေးခွန်း ၁၂၀

  1. သင်္ချိုင်း ဂူထဲမှာရှိစဉ် ယောဟန် ဘယ်အရာကို အားကိုးခဲ့ သလဲ။

www.Waters-of-Life.net

Page last modified on January 29, 2022, at 05:01 AM | powered by PmWiki (pmwiki-2.3.3)