Waters of LifeBiblical Studies in Multiple Languages |
|
Home Bible Treasures Afrikaans |
This page in: -- Albanian -- Arabic -- Armenian -- Bengali -- BURMESE -- Cebuano -- Chinese -- Dioula? -- English -- Ewe -- Farsi? -- French -- Georgian -- Greek -- Hausa -- Hindi -- Igbo -- Indonesian -- Javanese -- Kiswahili -- Kyrgyz -- Malayalam -- Peul -- Portuguese -- Russian -- Serbian -- Somali -- Spanish -- Tamil -- Telugu -- Thai -- Turkish -- Twi -- Urdu -- Uyghur? -- Uzbek -- Vietnamese -- Wolof? -- Yiddish -- Yoruba
Previous Lesson -- Next Lesson ယောဟန် - အမှောင်မှာ ထွန်းလင်းတဲ့ အလင်းတော်
ရှင်ယောဟန်ခရစ်ဝင်ကျမ်းကို လေ့လာခြင်း
အပိုင်း ၃ - တမန်တော်တွေကြားမှာ ထွန်းလင်းတဲ့အလင်း။ (ယောဟန် ၁၁း ၅၅- ၁၇း ၂၆)
D - ဂေသရှေမန်သို့ အသွား နှုတ်ဆက်ခြင်း (ယောဟန် ၁၅း ၁- ၁၆း ၃၃)
4. ဝိညာဉ်တော်က လူ့သမိုင်းရဲ့ အကြီးကျယ်ဆုံး တိုးတက် ပြောင်းလဲမှုကို ဖေါ်ပြတယ်။ (ယောဟန် ၁၆း ၄- ၁၅)ယောဟန် ၁၆း ၄-၇ သခင်ယေရှုက သာမန်အားဖြင့် အခက်အခဲတွေ ဝေဒနာတွေ ညှဉ်းဆဲခြင်းတွေ အကြောင်းကို တပည့်တော်တွေနဲ့ ပြောလေ့မရှိဘဲ ကောင်းကင်ဖွင့်လှစ်တာ ကောင်းကင်တမန်တွေ လူသားအပေါ်မှာ ဆင်းသက်နေတာကို ပြောတယ်။ နိမိတ် လက္ခဏာတွေ ပြပြီး ဘုရားရဲ့ တန်ခိုးတော်ကို မြင်ရတဲ့အခါ တပည့်တော်တွေ ဝမ်းသာကြတယ်။ အယူသီးတဲ့ သူတွေက စိတ်နှလုံးခိုင်မာပြီး အပြုအမူ ကြမ်းလာတဲ့ အတွက် လူပရိတ်သတ်က သခင်ယေရှုကို ရှောင်လာတယ်။ တပည့်တော်တွေမှ တပါး တခြားသူတွေ မရှိတော့ဘူး။ သခင်ယေရှုကလည်း ခမည်းတော်ထံ ပြန်ဖို့ နီးနေပြီ။ အဲဒီအချိန်မှာမှ ညှဉ်းဆဲခြင်းနဲ့ သေခြင်း အကြောင်းတွေကို ပြောပြလာတယ်။ ဒါဟာ ရှေ့ရေးအတွက် အားပေးတယ်လို့ တပည့်တော်တွေ အားကျမှာ မဟုတ်ဘူး။ ဒါပေမယ့် သူတို့သိထားတာ တခုက သခင်ယေရှုဟာ သူခံစားရမယ့် ဒုက္ခ ညှဉ်းဆဲခြင်း သေခြင်း အကြောင်းတွေကို ပြောနေတာ မဟုတ်ဘူး။ ခမည်းတော် ဘုရားထံ သွားမယ့် အကြောင်းတွေသာ ပြောနေတာ ဖြစ်တယ်။ ကိုယ်တော် ဘယ်ကိုသွားမှာလဲလို့ မေးကြတယ်။ အတူနေစေချင်တဲ့ ဆန္ဒရှိတာကြောင့် ကောင်းကင်ကို တက်ဖို့ မမြင်ချင်ကြသေးဘူး။ သခင်ယေရှုကတော့ သွားရချိန် တန်ပြီလို့ ရှင်းရှင်းလင်း ပြန်ပြောတယ်။ လက်ဝါးကပ်တိုင် ခရီးမရှိရင် ဝိညာဉ်တော်ကို ပေးလို့ မရသေးဘူး။ ဘုရားနဲ့လူ ရန်ငြိမ်းစေမှ သာလျှင် ဘုရားသခင်ရဲ့ သိုးသူငယ်တော် အသေခံပြီး အပြစ်ကို တခါတည်း ဖြေရှင်းပေးမှ သာလျှင် ဘုရားသခင်ရဲ့ တန်ခိုးတော်တွေဟာ ဖွင့်လှစ်လာပြီး ယုံကြည်သူတွေ အပေါ်မှာ သက်ရောက်မှာ ဖြစ်တယ်။ ဘုရားသခင် အသက်နဲ့ ယုံကြည်သူတွေ အပေါ်မှာ သက်ရောက်ဖို့ သခင်ယေရှုက ဖြောင့်မတ်ခြင်း တရားနဲ့ ပြည့်စုံသူ ဖြစ်တယ်။ သခင်ယေရှုရဲ့ သေခြင်းဟာ ဓမ္မသစ် ပဋိညာဉ်အတွက် အခြေခံ ဖြစ်တယ်။ ဘုရားသခင်နဲ့ မိတ်သဟာယ ဖွဲ့ခွင့်ကို ပြင်ဆင်ပေးတယ်။ သန့်ရှင်းသော ဝိညာဉ်တော်က ဒီအကျိုးကို ယူပြီး လူတွေကို နှစ်သိမ့်ပေးတယ် ဘုရားသခင် အတူရှိကြောင်း စိတ်ချစေတယ်။ ယောဟန် ၁၆း ၈- ၁၁ ဝိညာဉ်တော်က ယုံကြည်သူတွေရဲ့ မျက်စိကိုဖွင့်ပြီး ယုံကြည်သူကို စိတ်သက်သာရာ ရစေနိုင်တယ်။ မယုံကြည်သူရဲ့ စိတ်နှလုံးကိုတော့ ဒီအကြောင်းအရာတွေ ဖေါ်ပြပြီး တရားစီရင်မယ်။ အပြစ်နဲ့ အပြစ်ရဲ့ အကျိုးဆက်တွေကို သင်ပေးတယ်။ ခရစ်တော် ကြွမလာခင် အပြစ်ဟာ ပညတ်တော်ကို လွန်ကျူးခြင်းနဲ့ ဘုရား အလိုတော်ကို မလိုက်နာခြင်း ဖြစ်တယ်။ ဒါဟာ ဘုရားကိုပုန်ကန်ခြင်း၊ ယုံကြည်မှု ကင်းမဲ့ခြင်း၊ ချစ်ခြင်းမေတ္တာ မရှိခြင်းလို့ ဆိုနိုင်တယ်။ ဘုရားမပါတဲ့ အသက်တာဟာ ဘုရားကို ဆန့်ကျင်နေတယ်။ ကိုယ်ကျင့်တရား လူမှုရေးနဲ့ အပြစ်အားလုံးဟာ ဘုရားသခင်ရဲ့ ကြီးမြတ်မှုနဲ့ ဆန့်ကျင်ဘက် ဖြစ်နေတယ်။ အပြစ်ဆိုတာ လွန်ကျူးခြင်း ဆိုတဲ့ အဓိပ္ပါယ်ထဲမှာ သခင်ယေရှုခရစ်ကို ကယ်တင်ရှင်အဖြစ် ငြင်းပယ်ခြင်း တနည်းဆိုရင် ဘုရားရဲ့ အခမဲ့ကယ်တင်ခြင်း တရားကို အပြစ်လို့ ထပ်ပေါင်းလို့ လာရမယ်။ သခင်ယေရှုရဲ့ အခမဲ့ ခွင့်လွှတ်ခြင်းကို ပစ်ပယ်တဲ့သူဟာ သန့်ရှင်းသော ဘုရားကို ကဲ့ရဲ့သူ ဖြစ်တယ်။ ခမည်းတော်နဲ့ သခင်ယေရှုကို မယုံကြည်သူဟာ သုံးပါးတဆူ ဘုရားသခင်ရဲ့ ရန်သူ ဖြစ်တယ်။ ဘုရားသခင်ဟာ ချစ်ခြင်းမေတ္တာ ဖြစ်တယ်။ ခရစ်တော်၌ ပြတဲ့ ချစ်ခြင်းမေတ္တာကို ငြင်းပယ်သူဟာ ကယ်တင်ခြင်းနဲ့ ဝေးကွာတဲ့အပြစ် ဖြစ်သွားတယ်။ ကားတိုင်ပေါ်မှာ ခရစ်တော်က လောကီသားတွေ အတွက် ကယ်တင်ခြင်းကို ပြည့်စုံစေခဲ့တယ်။ တခါ ပြန်သေပေးဖို့ မလိုဘူး။ ခေတ်အဆက်ဆက်မှာ ရှိတဲ့ လူသားတွေရဲ့ အပြစ်အားလုံးကို ခွင့်လွှတ်ပေးနိုင်တယ်။ ခရစ်တော်ရဲ့ အသွေးတော်၌ ကျေးဇူးတော်ကြောင့် အားလုံး အပြစ်လွှတ်ခြင်း ခံရနိုင်တယ်။ ခရစ်တော်ဟာ ယဇ်ပုရောဟိတ်မင်းကိုလည်း ပုံဆောင်တယ်။ ယဇ်ပုရောဟိတ်မင်းရဲ့ အလုပ်ဟာ အဆင့် ၃ဆင့်ရှိတယ်။ ၁။ ယဇ်ကောင်ကို သတ်ရတယ်။ ၂။ အသန့်ရှင်းဆုံးဌာနမှာ အသွေးကို ပူဇော်ပြီး ဘုရားသခင်ရှေ့မှာ တခါတည်း အပြစ်ဖြေဖို့ ရပ်တည်ပေးရတယ်။ ၃။ စောင့်ဆိုင်းနေတဲ့ ယုံကြည်သူတွေကို ကောင်းကြီးပေးရတယ်။ အဲဒီအလုပ် အားလုံးကို သခင်ယေရှု လုပ်ခဲ့တယ်။ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ ကောင်းကြီးကို သွန်းလောင်းပေးခြင်း အားဖြင့် ယုံကြည်သူတွေဟာ ဖြောင့်မတ်ကြောင်း စိတ်ချမှု ရစေတယ်။ ရှင်ပြန် ထမြောက်ခြင်းနဲ့ ကောင်းကင် တက်ကြွခြင်းက ကားတိုင်မှာ စတင်ခဲ့တဲ့ အပြစ်လွှတ်ခြင်းတရား ပြည့်စုံသွားပြီ ဆိုတဲ့ သဘောဖြစ်တယ်။ လောကသားတွေကို တရားစီရင်တဲ့ ရည်ရွယ်ချက်က မယုံကြည်သူကို ငရဲထဲ ပစ်ချရုံမျှသာ မဟုတ်ဘူး။ စာတန်နဲ့ သူ့ရဲ့ ကျွန်ပြုမှုတွေကို အဆုံးသတ် ဖျက်စီးမယ်။ မာရ်နတ်က ဘုရားနဲ့ လူနဲ့ မိတ်သဟာယ ဖွဲ့ခြင်းကို ဖျက်လိုဖျက်စီး လုပ်နေတယ်။ သူ ချည်နှောင်တဲ့ကြိုးက အမုန်းတရားကြိုး ဖြစ်တယ်။ အထင်အမြင် လွဲမှားမှုတွေနဲ့ ပြည့်နေစေတယ်။ သခင်ယေရှုက မြေပေါ်မှာရှိစဉ် နူးညံ့သိမ်မွေ့စွာ သွားလာပြီး မာန်မာနရှိတဲ့ သူတွေကို အပြစ်တင်စေတယ်။ ခရစ်တော်ရဲ့ ချစ်ခြင်းမေတ္တာက မာရ်နတ်ကို လက်နက်မဲ့သွား စေတယ်။ သခင်ယေရှုက သူ့စိတ်ဝိညာဉ်ကို ခမည်းတော် ဘုရားသခင်ရဲ့ လက်တော်ထဲ အပ်နှံလိုက်တဲ့အခါ စာတန် ဖြန့်ကျက်ထားတဲ့ မှောင်မိုက်အရိပ်ကို အောင်မြင်သွားတယ်။ သခင်ယေရှုဟာ အားနည်းတဲ့ပုံ ပေါက်သော်လည်းပဲ အောင်မြင်သူ ဖြစ်တယ်။ သေသည့်တိုင်အောင် သစ္စာရှိခြင်းဟာ စာတန်ကို တရားစီရင်ပြီး သူ့ကို နှိမ့်ချနိုင်ခဲ့တယ်။ ယနေ့ကာလ လက်တွေ့ခံစားရချိန် ဖြစ်တယ်။ ဒါကြောင့် ဆုတောင်းတဲ့အခါမှာ အပြစ် သွေးဆောင်ရာသို့ မလိုက်မပါစေပဲ မကောင်းသော အမှုအရာတို့မှ ကယ်နှုတ်တော်မူပါလို့ ဆုတောင်းရတယ်။ ခရစ်တော်ရဲ့ အောင်မြင်မှုက ဒီလို ကွယ်ကာ စောင့်ရှောက်ဖို့ စိတ်ချမှုတွေကို ပေးထားပြီ ဖြစ်တယ်။ ဆုတောင်း ကောင်းသောစစ်ကို ကောင်းစွာ တိုက်ခဲ့တဲ့အတွက် ကိုယ်တော့်ကို ကျေးဇူးတင်ပါတယ် သခင်ယေရှု နှိမ့်ချစွာ ချစ်ခြင်းမေတ္တာ မြှော်လင့်ခြင်းများနဲ့ ကိုယ်တော် ရပ်တည်ခဲ့တယ်။ ခမည်းတော်ထံ ချဉ်းကပ်ခွင့်ရပြီး အပြစ်လွှတ်ခြင်းကို ပြီးပြည့်စုံစေ ခဲ့တယ်။ ဟာလေလုယာလို့ ကိုယ်တော့ကို ချီးမွမ်းကြပါတယ်။ ယဇ်ပူဇော်ပေးခြင်း အားဖြင့် ကောင်းကြီး မင်္ဂလာများကို သန့်ရှင်းသော အားဖြင့်လည်း ဝေငှပေးပါပြီ။ ကိုယ်တော့ ချစ်ခြင်းမေတ္တာမှာ တည်နေစေတော် မူပါ။ ရန်သူ အုပ်စိုးခြင်းကို မခံရပါစေနှင့် စာတန်လက်မှ ကယ်နှုတ်ပြီး ကိုယ့်တော့နိုင်ငံ တည်ပါစေသော။ ခမည်းတော်၏ နာမတော်လည်း လောကီသား အားလုံးအပေါ်မှာ သန့်ရှင်းခြင်း ရှိပါစေသော။ မေးခွန်း ၁၀၀
|