Home
Links
Bible Versions
Contact
About us
Impressum
Site Map


WoL AUDIO
WoL CHILDREN


Bible Treasures
Doctrines of Bible
Key Bible Verses


Afrikaans
አማርኛ
عربي
Azərbaycanca
Bahasa Indones.
Basa Jawa
Basa Sunda
Baoulé
বাংলা
Български
Cebuano
Dagbani
Dan
Dioula
Deutsch
Ελληνικά
English
Ewe
Español
فارسی
Français
Gjuha shqipe
հայերեն
한국어
Hausa/هَوُسَا
עברית
हिन्दी
Igbo
ქართული
Kirundi
Kiswahili
Кыргызча
Lingála
മലയാളം
Mëranaw
မြန်မာဘာသာ
नेपाली
日本語
O‘zbek
Peul
Polski
Português
Русский
Srpski/Српски
Soomaaliga
தமிழ்
తెలుగు
ไทย
Tiếng Việt
Türkçe
Twi
Українська
اردو
Uyghur/ئۇيغۇرچه
Wolof
ייִדיש
Yorùbá
中文


ગુજરાતી
Latina
Magyar
Norsk

Home -- Burmese -- John - 097 (The Holy Spirit reveals history's developments)
This page in: -- Albanian -- Arabic -- Armenian -- Bengali -- BURMESE -- Cebuano -- Chinese -- Dioula? -- English -- Farsi? -- French -- Georgian -- Greek -- Hausa -- Hindi -- Igbo -- Indonesian -- Javanese -- Kiswahili -- Kyrgyz -- Malayalam -- Peul -- Portuguese -- Russian -- Serbian -- Somali -- Spanish -- Tamil -- Telugu -- Thai -- Turkish -- Twi -- Urdu -- Uyghur? -- Uzbek -- Vietnamese -- Yiddish -- Yoruba

Previous Lesson -- Next Lesson

ယောဟန် - အမှောင်မှာ ထွန်းလင်းတဲ့ အလင်းတော်
ရှင်ယောဟန်ခရစ်ဝင်ကျမ်းကို လေ့လာခြင်း
အပိုင်း ၃ - တမန်တော်တွေကြားမှာ ထွန်းလင်းတဲ့အလင်း။ (ယောဟန် ၁၁း ၅၅- ၁၇း ၂၆)
D - ဂေသရှေမန်သို့ အသွား နှုတ်ဆက်ခြင်း (ယောဟန် ၁၅း ၁- ၁၆း ၃၃)

4. ဝိညာဉ်တော်က လူ့သမိုင်းရဲ့ အကြီးကျယ်ဆုံး တိုးတက် ပြောင်းလဲမှုကို ဖေါ်ပြတယ်။ (ယောဟန် ၁၆း ၄- ၁၅)


ယောဟန် ၁၆း ၁၂- ၁၃
၁၂ “သင်တို့အား ငါပြောစရာစကား အများရှိသော်လည်း သင်တို့သည် ယခုမခံနိုင်ကြ။ ၁၃ သမ္မာတရားနှင့် ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြသလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက် ဟောပြောမည်မဟုတ်။ ကြားသမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတံ့သော အရာတို့ကိုလည်း သင်တို့အားဖေါ်ပြလိမ့်မည်။”

ခရစ်တော်က အားလုံးသိတော့ တပည့်တော်တွေကို ဘုရားသခင်အကြောင်း အနာဂတ်အကြောင်း လျှို့ဝှက်ချက်တွေ ပြောပြခြင်တယ်။ ဒါပေမယ့် သူ့ရဲ့စိတ်ဝိညာဉ်က ဒီလို သမ္မာတရားကို အပြည့်အဝ ခံယူနိုင်စွမ်း မရှိဘူး။ ဒါကြောင့် ခရစ်တော်က ကောင်းကင်ဘုံမှာ ဘုရားသခင်ရဲ့ လက်ျာဘက်မှာ ထိုင်တော်မူတယ်။ တချိန်တည်းမှာပဲ လူ့စိတ်နှလုံးထဲမှာ ကျိန်းဝပ်တယ် ဆိုတာကို သန့်ရှင်းသော ဝိညာဉ်တော်က နားလည် ခွင့်မပေးရင် စဉ်းစား နားလည်ဖို့ မဖြစ်နိုင်ဘူး။ ဘုရားသခင်က ပုဂ္ဂိုလ်သုံးပါးတဆူ ဖြစ်တယ် ဆိုတာကိုလည်း လူ့သဘာဝအားဖြင့် နားလည်ဖို့ မလွယ်ဘူး။ လူ့ဦးနှောက်က လိုက်မမှီဘူး။ သန့်ရှင်းသော ဝိညာဉ်တော်ကသာ လူ့အားနည်းချက်ကို ကူမပြီး စိတ်နှလုံးကို ဥာဏ်အလင်း ပေးနိုင်တယ်။ ဝိညာဉ်တော်ကသာ အနာဂတ်ရဲ့လျှို့ဝှက်ချက်တွကို ဖေါ်ပြပြီး စိတ်နှလုံးရဲ့ လျှို့ဝှက် အကြံအစည်တွေ ကိုလည်း ဖေါ်ပြနိုင်စွမ်းရှိတယ်။ ဘုရားသခင်ဟာ လျှို့ဝှက်အရာတွေကို သိမြင်သူ ဖြစ်တယ်။

သမ္မာတရားရဲ့ ဝိညာဉ်ကြွလာမယ် သမ္မာတရားလမ်းကို ပြညွှန်မယ်လို့ ခရစ်တော်က ကြိုပြောတယ်။ သမ္မာတရား ဆိုတာ ဘာလဲ။ သခင်ယေရှုက သမ္မာတရားများ Truths လို့ မသုံးဘူး။ ဒါက လောကီအရာတွေမှာ သုံးကြတာ ဖြစ်တယ်။ အနည်းအနေနဲ့သာ သုံးပြီး ငါသည် သမ္မာတရား ဖြစ်၏လို့ ဆိုတယ်။ ဝိညာဉ်တော် ကြွလာမယ့်အကြောင်းက ခရစ်တော်ရဲ့ ပြည့်စုံခြင်းဟာ လူတွေအထဲမှာ အပြုအမူရော အနှစ်သာရပါ ဦးဆောင်မှု ပေးမယ် လို့ ဆိုလိုတယ်။ သခင်ယေရှုဟာ လူသာမန်မဟုတ်တဲ့အတွက် ခမည်းတော်က သူ့ထံမှာရှိပြီး သူကလည်း ခမည်းတော်၌ ရှိတယ်။ ဒါကြောင့် သမ္မာတရားက လမ်းပြတယ် ဆိုတာဟာ ခမည်းတော်ကို သိခြင်း၊ ခမည်းတော်ရဲ့ မေတ္တာ၌ တည်နေခြင်း၊ ထာဝရကာလမှာ အသက်ရှင်ခြင်း အကြောင်းတွေကို ပြညွှန်တာ ဖြစ်တယ်။ Truth ဆိုတဲ့ သမ္မာတရားဟာ ခရစ်ဝင်ကျမ်းထဲမှာ အမှန်တရား သို့မဟုတ် ဆင်ခြင်တုံအရ မှန်ကန်ဖို့ ကိုယ်ကျင့်တရား စစ်မှန်သော ဆိုတဲ့ အဓိပ္ပါယ်မျိုး မပေါက်ဘဲ ဒီ့ထက် ပိုကျယ်ပြောပြီး အကြောင်းအရာ အားလုံးခြုံငုံကာ အကြမ်းဖျင်းအားဖြင့် ဖြစ်စေ အသေးစိတ်အားဖြင့် ဖြစ်စေ သုံးတဲ့ စကားလုံး ဖြစ်တယ်။ ဝိညာဉ်တော်က ကောင်းကင်နဲ့ ဆိုင်တဲ့ တရားတွေကို ဦးဆောင်မယ် ဆိုတာ သုံးပါးတဆူ ဘုရားသခင်ကို သိပြီး၊ သူ့ရဲ့ အံ့ဩဖွယ်ရာ တန်ခိုးတော်တွေကို ခံစားရဖို့ ဖြစ်တယ်။

ဒီနေရာမှာ သန့်ရှင်းသော ဝိညာဉ်တော်ဟာ လွတ်လပ်တဲ့ပုဂ္ဂိုလ် ဖြစ်တယ်။ စကားပြောတယ်၊ နားထောင်တယ်၊ လွတ်လပ်တဲ့ စိတ်ဆန္ဒ ရှိတယ်။ တချိန်တည်းမှာပဲ ဘုရားသခင်ရဲ့ အလိုတော်က လွဲပြီး တခြားအရာကို လုပ်ဆောင်လေ့ မရှိဘူး။ သီးခြားအတွေးနဲ့ မတွေးဘူး။ ခမည်းတော် ပြောစကားကိုပဲ ပြောတယ်။ သုံးပါးတဆူ ဘုရားသခင်မှာ မေတ္တာရဲ့ လွတ်လပ်ခြင်းနဲ့ အတူ ရင့်ကျက်တဲ့ ဝန်ခံခြင်းက လွဲပြီး တခြား ဘာမှမရှိဘူး။ ဘုရားသခင်ရဲ့ သားတော် အကြောင်းကို သက်သေခံရာမှာ သစ္စာရှိစွာ သက်သေခံတယ်။ ဒါကြောင့် ဝိညာဉ်တော်က ခရစ်တော်ရဲ့ ကိုယ်ခန္ဓာဖြစ်တဲ့ အသင်းတော် တခုလုံးကို တည်ဆောက်လိုတယ်။ အဲဒီ အသင်းတော်ဟာ သတို့သမီးအဖြစ်နဲ့ ခရစ်တော် ကြွလာချိန်မှာ စုံလင်နေဖို့ဖြစ်တယ်။

ယောဟန် ၁၆း ၁၄- ၁၅
၁၄ “ထိုသူသည် ငါ့ဘုန်းကို ထင်ရှားစေလိမ့်မည်။ အကြောင်းမူကား ငါနှင့် စပ်ဆိုင်သောအရာကို ယူ၍ သင်တို့အား ဖေါ်ပြလိမ့်မည်။ ၁၅ ခမည်းတော်နှင့် စပ်ဆိုင်သမျှသည် ငါနှင့်စပ်ဆိုင်၏။ ထိုကြောင့် ငါနှင့် စပ်ဆိုင်သော အရာကိုယူ၍ သင်တို့အား ဖေါ်ပြလိမ့်မည်ဟု ငါပြော၏။”

သန့်ရှင်းသော ဝိညာဉ်တော်ရဲ့အောက်က ရည်ရွယ်ချက်ကတော့ ခရစ်တော်ရဲ့ ဘုန်းထင်ရှားဖို့ ဖြစ်တယ်။ ခရစ်တော်က သူ့အလိုကို ငြင်းပယ်ပြီး ခမည်းတော် တပါးတည်းရဲ့ ဘုန်းကိုသာ ထင်ရှားစေတယ်။ သန့်ရှင်းသော ဝိညာဉ်တော်ကလည်း သူ့အသွင်ကိုမရှာဘဲ သူလုပ်ဆောင်သမျှဟာ သခင်ယေရှုရဲ့ ဘုန်းထင်ရှားဖို့သာ ဖြစ်တယ်။ ဒါကြောင့် လူဟာ ကိုယ့်ရဲ့အခြေအနေ လုပ်ဆောင်မှု အောင်မြင်မှုတွေကို ပြောဖို့မလိုဘူး။ ကယ်တင်ရှင် သခင်ယေရှု တပါးတည်းရဲ့ ဘုန်းကိုသာ ထင်ရှားဖို့ ဖြစ်တယ်။ ကိုယ်ပြောတဲ့ စကားတွေက အခြေခံအားဖြင့် အရေးမကြီးဘဲ၊ ခရစ်တော်ရဲ့ အဖိုးထိုက်တဲ့ အသွေးတော်က လူ့အပြစ်ကို ဆေးကြောခြင်းကသာ အရေးကြီးတယ်။ ဝိညာဉ်တော်ရဲ့ လှုပ်ရှားမှုတွေ သူ့တန်ခိုးတွေဟာ အသွေးတော်နဲ့ ရွေးဝယ်တဲ့ သခင်ယေရှုရဲ့ ဘုန်းထင်ရှားဖို့ ဆိုတဲ့ ရည်ရွယ်ချက်သာ ရှိတယ်။ သန့်ရှင်းသော ဝိညာဉ်တော်က တမန်တော်တွေ သက်သေခံခြင်း အားဖြင့် ခရစ်တော်ရဲ့ အသေခံခြင်းနဲ့ ရှင်ပြန်ထမြောက်ခြင်း အကြောင်းကို ပြောပြတဲ့အခါ ကြားရသူတွေ အပေါ်မှာ ထိရောက်မှု ဖြစ်စေတယ်။

သန့်ရှင်းသော ဝိညာဉ်တော်က သူ့အလုပ်ကို ပြောနေတာ မဟုတ်ပဲ ခရစ်တော် ပြောတဲ့စကား လုပ်တဲ့ အလုပ်တွေကိုသာ ပြောတယ်။ သခင်ယေရှု ပြောတဲ့ စကားတွေကို တပည့်တော်တွေ ပြန်မှတ်မိစေတယ်။ ခရစ်တော်ရဲ့ ဘုရားအသက်ကို တပည့်တော်တွေ အထဲမှာ ထည့်ပေးတယ်။ ပညတ်တော်တွေကို စောင့်ထိန်းဖို့ ကူညီတယ်။ သူတို့အထဲမှာ ကယ်တင်ရှင် ရှိနေစေတယ်။ သုံးပါးတဆူ ဘုရားဟာ အမြဲတမ်း တလုံးတဝတည်း ရင်းရင်းနှီးနှီး လုပ်ဆောင်တာ တွေ့ရတယ်။ တယောက်တည်းက ဂုဏ်အသရေကို မယူပဲ တခြားသူကိုသာ ချီးမွမ်း ဂုဏ်ပြုလေ့ ရှိတယ်။

မြေကြီးပေါ်မှာ အမှုတော် ဆောင်စဉ် သခင်ယေရှုဟာ အမြဲတမ်း နှိမ့်ချသူ ဖြစ်တယ်။ ခမည်းတော်ဟာ ငါ့ထက် ကြီးမြတ်သူ ဖြစ်တယ်လို့ ဆိုတယ်။ ဒါပေမဲ့ နှုတ်ဆက်စကား ပြောနေချိန်မှာတော့ ကောင်းကင်နဲ့ မြေကြီးပေါ်မှာ ရှိသမျှသော အခွင့်အာဏာ အားလုံးကို ငါခံရပြီလို့ ဆိုတယ်။ ဒါက သခင်ယေရှုဟာ ခမည်းတော် ဘုရားသခင်နဲ့ မိတ်သဟာယ ဖွဲ့ထားလို့ ဖြစ်တယ်။ ခမည်းတော်ကို သူပိုင်တယ်။ ခမည်းတော်ကလည်း ဝိညာဉ် သားသမီးတွေကို ပိုင်တယ်။

ဆုတောင်း ကားတိုင်ပေါ်မှာ အပြစ်များကို ပေးဆပ်ပြီး အဖိုးအခ ဖြေရှင်းပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ကိုယ်တော့်ရဲ့ ထူးကဲတဲ့ မေတ္တာအတွက် ကျေးဇူးတင်ပါတယ်။ ဝိညာဉ်တော်နဲ့ ပြည့်ဝစေပါ။ ကိုယ်တော့် အသေခံခြင်း ရှင်ပြန် ထမြောက်ခြင်းကို ဘုန်းထင်ရှားစေသော အသက်တာမျိုး ဖြစ်စေတော်မူပါ။ လျှို့ဝှက်မှု မာန်မာနများနဲ့ ကင်းစင်စေလျှက် ကိုယ်တော် နှစ်သက်သော အသက်တာနဲ့ အသက်ရှင်စေတော်မူပါ။

မေးခွန်း ၁၀၁

  1. လောကရဲ့ တိုးတက် ပြောင်းလဲမှုများ ကြားမှာ သန့်ရှင်းသော ဝိညာဉ်တော်က ဘယ်လို အလုပ်လုပ်သလဲ။

www.Waters-of-Life.net

Page last modified on January 29, 2022, at 04:58 AM | powered by PmWiki (pmwiki-2.3.3)