Home
Links
Bible Versions
Contact
About us
Impressum
Site Map


WoL AUDIO
WoL CHILDREN


Bible Treasures
Doctrines of Bible
Key Bible Verses


Afrikaans
አማርኛ
عربي
Azərbaycanca
Bahasa Indones.
Basa Jawa
Basa Sunda
Baoulé
বাংলা
Български
Cebuano
Dagbani
Dan
Dioula
Deutsch
Ελληνικά
English
Ewe
Español
فارسی
Français
Gjuha shqipe
հայերեն
한국어
Hausa/هَوُسَا
עברית
हिन्दी
Igbo
ქართული
Kirundi
Kiswahili
Кыргызча
Lingála
മലയാളം
Mëranaw
မြန်မာဘာသာ
नेपाली
日本語
O‘zbek
Peul
Polski
Português
Русский
Srpski/Српски
Soomaaliga
தமிழ்
తెలుగు
ไทย
Tiếng Việt
Türkçe
Twi
Українська
اردو
Uyghur/ئۇيغۇرچه
Wolof
ייִדיש
Yorùbá
中文


ગુજરાતી
Latina
Magyar
Norsk

Home -- Burmese -- John - 095 (The world hates Christ)
This page in: -- Albanian -- Arabic -- Armenian -- Bengali -- BURMESE -- Cebuano -- Chinese -- Dioula? -- English -- Farsi? -- French -- Georgian -- Greek -- Hausa -- Hindi -- Igbo -- Indonesian -- Javanese -- Kiswahili -- Kyrgyz -- Malayalam -- Peul -- Portuguese -- Russian -- Serbian -- Somali -- Spanish -- Tamil -- Telugu -- Thai -- Turkish -- Twi -- Urdu -- Uyghur? -- Uzbek -- Vietnamese -- Yiddish -- Yoruba

Previous Lesson -- Next Lesson

ယောဟန် - အမှောင်မှာ ထွန်းလင်းတဲ့ အလင်းတော်
ရှင်ယောဟန်ခရစ်ဝင်ကျမ်းကို လေ့လာခြင်း
အပိုင်း ၃ - တမန်တော်တွေကြားမှာ ထွန်းလင်းတဲ့အလင်း။ (ယောဟန် ၁၁း ၅၅- ၁၇း ၂၆)
D - ဂေသရှေမန်သို့ အသွား နှုတ်ဆက်ခြင်း (ယောဟန် ၁၅း ၁- ၁၆း ၃၃)

3. လောကီသားတွေက ခရစ်တော်နဲ့ တပည့်တော်တွေကိုမုန်းတယ်။ (ယောဟန် ၁၅း ၁၈- ၁၆း ၃)


ယောဟန် ၁၆း ၁- ၃
၁ “သင်တို့သည် စိတ်မပျက်စေခြင်းငှါ ဤစကားကို ငါဟောပြော၏။ ၂ လောကီသားတို့သည် သင်တို့ကိုတရားဇရပ်မှ နှင်ထုတ်လိမ့်မည်။ သင်တို့ကို သတ်သောသူမည်သည်ကား ဘုရားဝတ်ကို ငါပြုပြီဟု မိမိထင်မှတ်သောအချိန်ကာလ ရောက်လိမ့်မည်။ ၃ ခမည်းတော်ကို မသိ။ ထိုသို့ ပြုကြလိမ့်မည်။”

အကြောင်းရင်း ၃ ချက်ကြောင့် အမုန်းခံရလိမ့်မယ်လို့ ဆိုတယ်။

ဘုရားသခင်ရဲ့ သားသမီးဖြစ်ပြီး လောကီသားမဟုတ်လို့။

လူတွေ ခရစ်တော်ကိုမသိ ဘုရားသခင်ရဲ့ သားတော် ဘုရားသခင်ရဲ့ ပုံသဏ္ဌာန်တော်အဖြစ် မရိပ်မိကြလို့။

ဘာသာရေး အယူသီးတဲ့ သူတွေဟာ မှန်သောဘုရားကို မသိ။ သူတို့ဝတ်ပြုကိုးကွယ်တာကလည်း မသိတဲ့အရာကို ဖုံးကွယ်နေလို့ ဖြစ်တယ်။ မုန်းတီးမှုတွေက ဆက်ရှိနေမယ်။ သခင်ယေရှု ခရစ်တော်ရဲ့ ခမည်းတော် ဘုရားသခင်ထံ လှည့်ပြန်သူကို အယူလွဲတဲ့သူ ဆိုပြီး အစွန်းရောက်တွေက သတ်လိမ့်မယ်။ ဒီလိုသတ်ရတာကို ဘုရားဝတ်ပြုတယ်လို့ ထင်နေမယ်။ တကယ်တော့ မာရ်နတ်ရဲ့အလုပ်ကို လုပ်တာ ဖြစ်တယ်။ မှန်သော ဘုရားသခင်ဆိုတာ ခမည်းတော် ဘုရားသခင်မှန်း သူတို့ မသိကြဘူး။ ခရစ်တော်ရဲ့ အသွေးတော် တန်ခိုးကိုလည်း သူတို့မခံစားဖူးဘူး။ သန့်ရှင်းသော ဝိညာဉ်တော် တန်ခိုးလည်း မရကြဘူး။ ဒါကြောင့် သန့်ရှင်းသော သုံးပါးတဆူ ဘုရားသခင်ကို ကိုယ်စားပြုတဲ့ သူတွေကို ညှင်းပန်း နှိပ်စက်ခြင်းနဲ့ ဖျက်ဆီးဖို့ သူတို့ကြိုးစားလာတယ်။ လူသတ်တယ်၊ စစ်ဆေးမေးမြန်း အရေးယူတယ်။ ဂျူးတွေလုပ်ခဲ့တဲ့ အမှားမျိုးကို ခရစ်တော် ပြန်ကြွလာသည့် တိုင်အောင် ရှိနေဦးမယ်။ အနာဂတ်မှာ ပိုကောင်းလာမယ်၊ နားလည်လာမယ် အသိအမြင် ပိုကြွယ်ဝလာမယ်လို့ မထင်ပါနဲ့။ ဒီစိတ်သဘော နှစ်ခုဟာ ကမ္ဘာပေါ်မှာ အဆုံးတိုင်အောင် လွန်ဆွဲနေမယ်။ ကောင်းကင်ကလာတဲ့ စိတ်သဘောနဲ့ အောက်အရပ်ကလာတဲ့ စိတ်သဘော ဖြစ်တယ်။ ကောင်းကင်နဲ့ ငရဲကို ဆယ်သွယ်ထားတဲ့ တံတားမရှိဘူး။ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဉ်တော်နဲ့ မိတ်သဟာယ ဖွဲ့မလား သို့မဟုတ် အဲဒီ ချည်နှောင်ခြင်း အပြစ်ရဲ့ ထောင်မှာ နေမလား။ သခင်ယေရှုရဲ့ နောက်လိုက်ဆိုရင် ချစ်တတ်တဲ့သူ သက်သေခံပြီး ခမည်းတော် ဘုန်းထင်ရှားစေသူ ဖြစ်လာမယ်။ ဘုရားသားသမီး မဖြစ်ရင်တော့ စိတ်သဘောနဲ့ အတွေးအခေါ်ထဲမှာ ဘုရားရဲ့ရန်သူ ဖြစ်လာမယ်။ ခရစ်တော်၌ တည်နေလျှင် ဘုရားသားသမီး ဖြစ်ရခြင်းရဲ့ အဖိုးအခ ရှိလာတယ်။ ရှေ့ရေးက ခက်လာမယ် ဝေဒနာတွေ ခံစားလာရမယ်။ လောကီသားတွေက သစ္စာရှိတဲ့ ခရစ်တော်ရဲ့ တပည့်တွေကို မုန်းတယ်။ ဘုရားသခင်ရဲ့ သားသမီး ဖြစ်လာပြီး ဤလောကမှာ ဧည့်သည်လို ဖြစ်လာမယ် သို့မဟုတ်ရင် ဘုရားသခင်ရဲ့ ရန်သူ ဖြစ်လာပြီး လောကီသားတွေက သူတို့အပေါင်းအသင်း အဖြစ် ကြိုဆိုကြမယ်။ ဒါကြောင့် အသက်နဲ့ သေခြင်းကြားမှာ ရွေးစရာဖြစ်လာတယ်။

ဆုတောင်း ခမည်းတော် ဘုရားအပေါ် သစ္စာရှိဖို့အတွက် သေခြင်းလမ်းကို ရွေးချယ်တဲ့အတွက် ကျေးဇူးတင်ပါတယ် သခင်ယေရှုဘုရား။ လောကီစိတ်သဘော မရှိဘဲ ချစ်ခြင်းမေတ္တာသာ အထဲမှာ ကျိန်းဝပ်စေပါ။ ဘုရားသခင် သားသမီးအဖြစ် တည်နေစေပါ။ ကိုယ်တော် ချစ်ခြင်းမေတ္တာဟာ ယုံကြည်သူအတွက် တန်ခိုးတော် လမ်းပြခြင်း ဖြစ်ပါတယ်။

မေးခွန်း ၉၉

  1. ခရစ်တော်ကို ယုံကြည်သူတွေ အပေါ် လောကီသားတွေ ဘာကြောင့် မုန်းကြသလဲ။

www.Waters-of-Life.net

Page last modified on January 29, 2022, at 04:57 AM | powered by PmWiki (pmwiki-2.3.3)