Home
Links
Bible Versions
Contact
About us
Impressum
Site Map


WoL AUDIO
WoL CHILDREN


Bible Treasures
Doctrines of Bible
Key Bible Verses


Afrikaans
አማርኛ
عربي
Azərbaycanca
Bahasa Indones.
Basa Jawa
Basa Sunda
Baoulé
বাংলা
Български
Cebuano
Dagbani
Dan
Dioula
Deutsch
Ελληνικά
English
Ewe
Español
فارسی
Français
Gjuha shqipe
հայերեն
한국어
Hausa/هَوُسَا
עברית
हिन्दी
Igbo
ქართული
Kirundi
Kiswahili
Кыргызча
Lingála
മലയാളം
Mëranaw
မြန်မာဘာသာ
नेपाली
日本語
O‘zbek
Peul
Polski
Português
Русский
Srpski/Српски
Soomaaliga
தமிழ்
తెలుగు
ไทย
Tiếng Việt
Türkçe
Twi
Українська
اردو
Uyghur/ئۇيغۇرچه
Wolof
ייִדיש
Yorùbá
中文


ગુજરાતી
Latina
Magyar
Norsk

Home -- Burmese -- John - 044 (Jesus offers people the choice)
This page in: -- Albanian -- Arabic -- Armenian -- Bengali -- BURMESE -- Cebuano -- Chinese -- Dioula? -- English -- Farsi? -- French -- Georgian -- Greek -- Hausa -- Hindi -- Igbo -- Indonesian -- Javanese -- Kiswahili -- Kyrgyz -- Malayalam -- Peul -- Portuguese -- Russian -- Serbian -- Somali -- Spanish -- Tamil -- Telugu -- Thai -- Turkish -- Twi -- Urdu -- Uyghur? -- Uzbek -- Vietnamese -- Yiddish -- Yoruba

Previous Lesson -- Next Lesson

ယောဟန် - အမှောင်မှာ ထွန်းလင်းတဲ့ အလင်းတော်
ရှင်ယောဟန်ခရစ်ဝင်ကျမ်းကို လေ့လာခြင်း
အမှောင်ထဲမှာ လင်းတဲ့ အလင်း(ယောဟန် ၅း ၁ - ၁၁း ၅၄)
B - သခင်ယေရှုသည် အသက်မုန့် ဖြစ်တယ်။ (ယော ၆း ၁ - ၇၁)

4. လူတွေကို လက်ခံမလား၊ ငြင်းပယ်မလား ရွေးချယ်စေတယ်။ (ယော ၆း ၂၂ - ၅၉)


ရှင်ယောဟန် ၆:၄၁-၄၂
၄၁ ငါသည် ကောင်းကင်မှဆင်းသက်သောမုန့်ဖြစ်၏ဟု မိန့်တော်မူသည်ကို ယုဒလူတို့က၊- ၄၂ ဤသူသည် ယောသပ်၏သားယေရှုဖြစ်သည် မဟုတ်လော။ သူ၏မိဘကို ငါတို့သိသည်မဟုတ်လော။ ငါသည် ကောင်းကင်မှဆင်းသက်၏ဟု သူသည်အဘယ်သို့ဆိုရသနည်းဟု ကဲ့ရဲ့ပြစ်တင်လျက် ဆိုကြ၏။-

ရှင်ယောဟန်က ဂါလိလဲဂျူးတွေထဲမှာမပါဘဲ ဂါလိလဲဂျူးလို့ ခေါ်သူတွေအကြောင်းလည်း ရေးထားတယ်။ တောင်ပိုင်းမှာနေတယ်။ သခင်ယေရှုကို ငြင်းပယ်ကြတဲ့အတွက် တခြားဂျူးတွေထက် ပိုတော့ မကောင်းဘူး။

ကျမ်းတတ်တွေ ငြင်းပယ်တာက ပညတ်တရားအယူအဆနဲ့ ကိုယ့်ကိုကိုယ် ပြုပြင်ပြီး ကောင်းအောင်နေဖို့ အယူအဆကြောင့် ဖြစ်တယ်။ ခရစ်တော်ရဲ့ မေတ္တာနဲ့ ဆန့်ကျင်ဖက် ဖြစ်တယ်။ ဒါပေမယ့် ဂါလိလဲလူတွေက သခင်ယေရှုရဲ့ မိသားစုအခြေအနေနဲ့ဆိုင်တဲ့ လူမှုရေးကြောင့် ငြင်းကြတယ်။ ဖအေဖြစ်သူ ယောသပ်က လက်သမား၊ ပညာမတတ်၊ လူသာမန်၊ ကျမ်းစာအတတ်ပညာ မရှိ။ မာရိကလည်း တခြားသူနဲ့ သိပ်မကွာ။ မုဆိုးမဖြစ်တော့ ဘုရားဒဏ်ခတ်တာလို့ ထင်ကြတယ်။ ဒါကြောင့် ဂါလိလဲတွေက သခင်ယေရှုကို ကောင်းကင်က မုန့်လို့ မယုံကြဘူး။

ရှင်ယောဟန် ၆:၄၃-၄၆
၄၃ ယေရှုကလည်း၊ ငါ့ကိုအချင်းချင်းကဲ့ရဲ့၍ အပြစ်မတင်ကြနှင့်။- ၄၄ ငါ့ကို စေလွှတ်တော်မူသော ခမည်းတော်သည် သွေးဆောင်တော်မမူလျှင်၊ အဘယ်သူမျှ ငါ့ထံသို့ မလာနိုင်။ လာသောသူကို နောက်ဆုံးသောနေ့၌ ငါထမြောက်စေမည်။- ၄၅ အနာဂတ္တိကျမ်းစာ၌လာသည်ကား၊ ထိုသူအပေါင်းတို့သည် ဘုရားသခင် ဆုံးမသွန်သင်တော်မူသောသူ ဖြစ်ကြလိမ့်မည်ဟု လာသည်နှင့်အညီ၊ ခမည်းတော်ထံ၌နားထောင်၍ နည်းခံသောသူမှန်သမျှတို့သည် ငါ့ထံသို့ လာကြ၏။- ၄၆ ထိုသို့ငါဆိုသော၊ ဘုရားသခင့်အထံတော်က ကြွလာသောသူမှတစ်ပါး တစ်စုံတစ်ယောက်သော သူသည် ခမည်းတော်ကိုမြင်ခဲ့ပြီဟု မဆိုလို။ ကြွလာသောသူမူကား၊ ခမည်းတော်ကို မြင်ခဲ့ပြီ။-

မယုံတဲ့သူကို အပျိုကညာက ဖွါးတဲ့အကြောင်း ရှင်းမပြဘူး။ ဒါက ဝိညာဉ်တော် အလင်းပေးမှ ရတယ်။ ယုံကြည်ခြင်းနဲ့လာမှ မြင်တယ်။ သမ္မာတရားကို သိတယ်။ ဗျာဒိတ်တွေ မတောင်းဖို့ သခင်ယေရှု တားတယ်။ ခေါင်းမာတဲ့သူက ဘုရားသခင်ရဲ့နိုင်ငံတော်နဲ့ မဆိုင်ဘူး။ ကိုယ်အားနည်းကြောင်းသိမှ ဘုရားမေတ္တာကို ခံစားရမှာ ဖြစ်တယ်။

ဘုရားမေတ္တာနဲ့ သခင်ယေရှုထံ ဆွဲခေါ်တဲ့အခါ ယေရမိ ၃၁း ၃ မှာလိုပဲ ဥာဏ်အလင်းကို တောင့်တလာစေတယ်။ သင်ပြတယ်။ ဓမ္မသစ်အရ ယုံကြည်တယ်ဆိုတာ လူလုပ်တာ မဟုတ်ဘူး။ ဝိညာဉ်တော်က ဥာဏ်အလင်းပေးပြီး အထဲမှာ ဝိညာဉ်သက်ကို ဖန်ဆင်းတယ်။ ခမည်းတော်ဘုရားကို သိလာစေတယ်။ သွန်သင်တယ်။ မိတ်ဆွေဖွဲ့တယ်။ ဝိညာဉ်တော်အားဖြင့် ယုံကြည်ခြင်း ဖြစ်စေတယ်။ ဒါမျိုး အသိစိတ်မှာ ခံစားဖူးသလား။ ဘုရားမေတ္တာအတွက် စိတ်နှလုံးဖွင့်ဟရဲ့လား။

ဝိညာဉ်တော်က ဦးဆောင်ပြီး သခင်ယေရှုထံပါးနီးစေတယ်။ ခရစ်တော်ထံမရောက်မချင်း ဆာငတ်နေစေတယ်။ ရှိတဲ့အတိုင်း လက်ခံပြီး၊ မငြင်းပယ်ဘူး။ ထာဝရအသက်ကို ပေးပြီး၊ ဘုရားဘုန်းတော်ကို ဝေမျှဖို့ တန်ခိုးတော်ကို ပေးတယ်။

ဒါပေမယ့် ယုံကြည်သူနဲ့ သခင်ယေရှုဟာ မတူတော့မတူသေးဘူး။ ခမည်းတော်ကို သားတော်ကလွဲရင် ဘယ်သူမှ မမြင်စဖူးဘူး။ ခမည်းတော်နဲ့ အတူရှိခဲ့၊ မြင်ခဲ့သူ ဖြစ်တယ်။ ခမည်းတော်နဲ့ သားတော်ဟာ ခွဲခြားမရဘူး။ ကောင်းကင်ဘုံမှာ ဂုဏ်တော်အတူနဲ့ စံတော်မူတယ်။

ရှင်ယောဟန် ၆:၄၇-၅၀
၄၇ ငါအမှန်အကန်ဆိုသည်ကား၊ ငါ့ကို ယုံကြည်သောသူသည် ထာဝရအသက်ကိုရ၏။- ၄၈ ငါသည် အသက်မုန့်ဖြစ်၏။- ၄၉ သင်တို့ဘိုးဘေးများသည် တော၌ မန္နကိုစားလျက် သေရကြ၏။- ၅၀ ကောင်းကင်မှဆင်းသက်သောမုန့်ကို စားသောသူသည် သေခြင်းနှင့်ကင်းလွတ်၏။-

ခမည်းတော်၊ ဝိညာဉ်တော်ရဲ့အလုပ်တွေနဲ့ သားတော်ဟာ တထပ်တည်း ဖြစ်ကြောင်း ပြောပြီးတဲ့အခါ အဓိကက သူ့ကို ကိုးစားဖို့ ဆိုတာ ပြောပြတယ်။ ခရစ်ယာန်တရားရဲ့အချုပ်ဖြစ်တဲ့ သခင်ယေရှုကို ယုံကြည်သူဟာ ထာဝရအသက်ရှင်မယ် ဆိုတာ ပြောပြတယ်။ ဒါဟာ သေခြင်းက မဖျက်နိုင်တဲ့ စိတ်ချမှုဖြစ်တယ်။

သခင်ယေရှုဟာ ကောင်းကင်က မုန့်ဖြစ်တယ်။ လူ ၅ ထောင်ကို ဝေတဲ့အခါ လက်ထဲမှာ မကုန်သလို၊ တလောကလုံးအတွက် လုံလောက်တယ်။ ခေတ်အဆက်ဆက်အတွက် လုံလောက်တယ်။ ကိုယ်တော်ထံမှ မြောင်လင့်ခြင်း၊ ဝမ်းမြောက်ခြင်းနဲ့ ကောင်းကြီးတွေ ရတယ်။ တနည်းက ဘုရားရဲ့အသက်ကို ပေးတယ်။ ဒါပေမယ့် လူတွေက ငြင်းပယ်တယ်။ တောအရပ်က မန္နမုန့်ဟာ ဘုရားလက်ဆောင်ရဲ့ သက်သေဖြစ်တယ်။ တခဏသာ တည်တယ်။ စားရလည်း တနေ့တော့ သေတာပဲ။ ဒါကြောင့် လူမှုရေး ကူညီမှု၊ နည်းပညာ၊ ဖွံ့ဖြိုးရေးနဲ့ သိပ္ပံတွေ့ရှိချက်တွေဟာ ခဏသာ ကူညီတယ်။ အပြစ်နဲ့ သေခြင်းတရားကိုတော့ မနိုင်ကြဘူး။ ဒါပေမယ့် ခရစ်တော်ကို လက်ခံရင် မသေတော့ဘူး။ ဒါက ခရစ်တော် သင့်အထဲကို ဝင်လာရခြင်းရဲ့ အဓိက ရည်ရွယ်ချက်ပဲ။ သင့်အထဲမှာ ကျိန်းဝပ်ချင်တယ်။ တခြားဝိညာဉ်တွေ မဝင်နိုင်တော့ဘူး။ ဆိုးညစ်တဲ့အတွေးတွေ ဖယ်ရှားရင် ကြောင်စိတ်ကို ပြေစေမယ်။ အားနည်းချက်တွေကို အားအင်ဖြစ်စေမယ်။ ကိုယ်တော်ဟာ ဘုရားပေးတဲ့ မုန့်ပဲ။ စားပြီး အသက်ရှင်ပါ။ အပြစ်သားဘဝနဲ့ ဆုံးရှုံးခြင်း မရောက်တော့ဘူး။

မေးခွန်း ၄၈

  1. ကြားနာသူတွေရဲ့ ပြစ်တင်ညည်းတွားမှုတွေကို ဘယ်လို တုန့်ပြန်တော်မူသလဲ။

www.Waters-of-Life.net

Page last modified on January 29, 2022, at 04:46 AM | powered by PmWiki (pmwiki-2.3.3)