Home
Links
Bible Versions
Contact
About us
Impressum
Site Map


WoL AUDIO
WoL CHILDREN


Bible Treasures
Doctrines of Bible
Key Bible Verses


Afrikaans
አማርኛ
عربي
Azərbaycanca
Bahasa Indones.
Basa Jawa
Basa Sunda
Baoulé
বাংলা
Български
Cebuano
Dagbani
Dan
Dioula
Deutsch
Ελληνικά
English
Ewe
Español
فارسی
Français
Gjuha shqipe
հայերեն
한국어
Hausa/هَوُسَا
עברית
हिन्दी
Igbo
ქართული
Kirundi
Kiswahili
Кыргызча
Lingála
മലയാളം
Mëranaw
မြန်မာဘာသာ
नेपाली
日本語
O‘zbek
Peul
Polski
Português
Русский
Srpski/Српски
Soomaaliga
தமிழ்
తెలుగు
ไทย
Tiếng Việt
Türkçe
Twi
Українська
اردو
Uyghur/ئۇيغۇرچه
Wolof
ייִדיש
Yorùbá
中文


ગુજરાતી
Latina
Magyar
Norsk

Home -- Burmese -- John - 043 (Jesus offers people the choice)
This page in: -- Albanian -- Arabic -- Armenian -- Bengali -- BURMESE -- Cebuano -- Chinese -- Dioula? -- English -- Farsi? -- French -- Georgian -- Greek -- Hausa -- Hindi -- Igbo -- Indonesian -- Javanese -- Kiswahili -- Kyrgyz -- Malayalam -- Peul -- Portuguese -- Russian -- Serbian -- Somali -- Spanish -- Tamil -- Telugu -- Thai -- Turkish -- Twi -- Urdu -- Uyghur? -- Uzbek -- Vietnamese -- Yiddish -- Yoruba

Previous Lesson -- Next Lesson

ယောဟန် - အမှောင်မှာ ထွန်းလင်းတဲ့ အလင်းတော်
ရှင်ယောဟန်ခရစ်ဝင်ကျမ်းကို လေ့လာခြင်း
အမှောင်ထဲမှာ လင်းတဲ့ အလင်း(ယောဟန် ၅း ၁ - ၁၁း ၅၄)
B - သခင်ယေရှုသည် အသက်မုန့် ဖြစ်တယ်။ (ယော ၆း ၁ - ၇၁)

4. လူတွေကို လက်ခံမလား၊ ငြင်းပယ်မလား ရွေးချယ်စေတယ်။ (ယော ၆း ၂၂ - ၅၉)


ရှင်ယောဟန် ၆:၃၄-၃၅
၃၄ သခင်၊ ထိုမုန့်ကိုအကျွန်ုပ်တို့အား အစဉ်မပြတ်ပေးတော်မူပါဟု လျှောက်ကြ၏။- ၃၅ ယေရှုကလည်း၊ ငါသည် အသက်မုန့်ဖြစ်၏။ ငါ့ထံသို့လာသောသူသည် နောက်တစ်ဖန် အဆာအမွတ်မခံရ။ ငါ့ကို ယုံကြည်သောသူသည် နောက်တစ်ဖန် ရေငတ်မခံရ။-

ဘုရားသခင်ရဲ့မုန့်ကို ကြားရသူတွေ ဆာငတ်လာစေတယ်။ ချည်နှောင်ခြင်းအသီးသီးထဲက လွတ်မြောက်စေတယ်။ ကယ်တင်ခြင်းအကြောင်း စဉ်းစားစေတယ်။ ဘုရားပေးတဲ့လက်ဆောင်ကို လက်ခံချင်လာတယ်။ ယုံကြည်ခြင်းလိုကြောင်း သိလာတယ်။ ပရိတ်သတ်က အပေါ်ယံ စိတ်လှုပ်ရှားပြီး “ဘုရားသခင်ရဲ့ မုန့်တွေကို နေ့တိုင်းပေးပါ။ ပင်ပန်းခြင်းနဲ့ လွတ်ဖို့ပါ။ ထာဝရအသက်နဲ့ ပြည့်စေပါ။တန်ခိုးကို ပေးပါ” လို့ ပြောကြတယ်။ လောကီသဘောနဲ့ ပြောတုန်းပါပဲ။ ဒါပေမယ့် ဘုရားလက်ဆောင်က ထူးခြားတယ်လို့ သိနေတယ်။

သခင်ယေရှုထံ ချဉ်းကပ်သူတွေကို ကဲ့ရဲ့ပစ်ပယ်လေ့မရှိဘူး။ ဘုရားသခင်ရဲ့မုန့်ဟာ အားလုံးအတွက် ဖြစ်တယ်။ အစားအစားကျွေးရုံမဟုတ်ဘူးလို့ ရှင်းပြတယ်။ ပေးတာက ထာဝရအသက် ဖြစ်တယ်။ “ငါကို အမှီမပြုဘဲ ထာဝရအသက်မရဘူး။ ဘုရားပေးတဲ့ လက်ဆောင်ဆိုတာ ငါပဲ။ ငါမပါရင် သေခြင်းမှာ တည်လိမ့်မယ်။” လို့ ဆိုတယ်။

“မုန့်ကိုစားတော့ အားရှိသလို၊ စိတ်နှလုံး ရှင်သန်လာမယ်။ ဝိညာဉ်သဘောနဲ့ အသက်ရှင်နိုင်မယ်။ ငါမပါဘဲ ဘာမှမတတ်နိုင်ဘူး။ နေ့တိုင်း ငါပါမှ ဖြစ်မယ်။ ငါအားဖြင့် အသက်ရှင်ပါ။ ဘာမှပေးစရာ မလိုဘူး။ စိတ်နှလုံးထဲကို ဝင်ခွင့်ပေးရုံပဲ။” လို့ဆိုတယ်။

မိတ်ဆွေ … သင့်မှာ ခရစ်တော် လိုတယ်။ ကျမ်းစာဖတ်ရုံ၊ ဆင်ခြင်ရုံနဲ့ မလုံလောက်ဘူး။ အထဲမှာ လိုအပ်တာ ဖြစ်တယ်။ အစာရေစာလို နေ့တိုင်း လိုတယ်။ လက်ခံဖို့ လိုတယ်။ မဟုတ်ရင် ဒုက္ခရောက်မယ်။ ကျွန်တော့အထဲကို ဘယ်လိုဝင်မလဲ လို့ မေးစရာ ရှိတယ်။ အဖြေက … စိတ်နှလုံးက ဆာငတ်ပါ။ အနားကို လာပါ။ ငါ့ကို လက်ခံပါ။ ယုံကြည်ပါ။ ယုံကြည်ရင် စိတ်နှလုံးထဲ ခရစ်တော် ဝင်လာမယ်။ ဘုရားပေးတဲ့လက်ဆောင်ဖြစ်တဲ့ သခင်ယေရှုကြောင့် ကျေးဇူးတင်ပါ။ အဖိုးအခ မလိုဘူး။ ဝမ်းမြောက်စွာ ချီးမွမ်းပါ။ ခရစ်တော် အထဲကို ဝင်လာမယ်။ စိတ်ချမှုကို ပေးမယ်။ “ငါ့ကို လက်ခံလို့ မင်းအထဲမှာ ငါရှိနေမယ်။ ဆာငတ်မှုကို ပြေစေမယ်။ ဘာသာရေးတွေ ပြောမနေနဲ့။ ဗွက်အိုင်ထဲမှာ လူးပြီး ရွံ့ရေသောက်မနေနဲ့။ တန်ခိုး၊ ဥာဏ်နဲ့ ငြိမ်သက်ခြင်းကို ငါပေးမယ်။ ”

'''ရှင်ယောဟန် ၆:၃၆-၄၀
၃၆ သို့သော်လည်းသင်တို့သည် ငါ့ကိုမြင်လျက်ပင် မယုံကြည်ကြဟု ငါဆိုခဲ့ပြီ။- ၃၇ ခမည်းတော်သည် ငါ့အား ပေးတော်မူသမျှသောသူတို့သည် ငါထံသို့လာကြလိမ့်မည်။ ငါ့ထံသို့ လာသောသူကို ငါသည်အလျှင်းမပယ်။- ၃၈ အကြောင်းမူကား၊ ငါသည် ကိုယ်အလိုသို့လိုက်ခြင်းငှာ ကောင်းကင်မှဆင်းသက်သည်မဟုတ်။ ငါ့ကို စေလွှတ်တော်မူသောသူ၏ အလိုတော်သို့လိုက်ခြင်းငှာ ဆင်းသက်၏။- ၃၉ ငါ့ကိုစေလွှတ်တော်မူသောခမည်းတော်၏ အလိုတော်ကား၊ ငါ့အားပေးသောသူတို့တွင် တစ်စုံတစ်ယောက်ကိုမျှ ငါမပျောက်စေရဘဲ၊ နောက်ဆုံးသောနေ့၌ ထိုသူအပေါင်းတို့ကို ထမြောက်စေခြင်းငှာလည်းကောင်း၊- ၄၀ သားတော်ကို ကြည့်မြင်၍ ယုံကြည်သောသူရှိသမျှတို့သည် ထာဝရအသက်ကို ရစေခြင်းငှာလည်းကောင်း အလိုတော်ရှိ၏။ ငါသည်လည်း နောက်ဆုံးသောနေ့၌ ထိုသူတို့ကို ထမြောက်စေမည်ဟု မိန့်တော်မူ၏။'''

ဂါလိလဲပြည်သားတွေကို ကျေးဇူးတော်မုန့် အခမဲ့ ပေးခဲ့တယ်။ အခွင့်အာဏာတော်ကို တွေ့မြင်တယ်။ ဒီလိုနားလည်ရုံက ကိုယ့်အပြစ်ကို မြင်မလာဘူး။ ယုံကြည်ခြင်းလည်း ဖြစ်မလာဘူး။ မရေမရာ အသက်ရှင်နေတုန်း။ မုန့်ပေးတဲ့သူအဖြစ် သဘောကျပေမယ့် ယုံကြည်ဖို့တော့ တွန့်ဆုတ်နေတယ်။ လိုလိုလားလား လက်မခံဘူး။ ယေရုရှလင်မှာ ပြုခဲ့တာတွေကြောင့် လူတွေက မကြိုက်ကြဘူး။ ဘာကြောင့် မကြိုက်ကြသလဲ။ “မင်းတို့ မှားတာပေါ့” လို့ သခင်ယေရှုက မပြောဘဲ၊ ခမည်းတော်ဘုရားအပေါ်မှာ ယုံကြည်ခြင်းတည်ရမယ့်အကြောင်း ပြောပြတယ်။

လူတွေကို မလှည့်စားဘူး။ မငြင်းခုံဘူး။ တရားစကားကို ဝေမျှရုံသာ ဖြစ်တယ်။ နောင်တရ၊ ပြောင်းလဲလာချင် ပြောင်းလဲလာမယ်။ တယောက်နဲ့တယောက် မတူဘူး။ ဝိညာဉ်တော် သွေးဆောင်မှ ရတယ်။ အပြစ်မြင်လာကြရင် လူလိမ်၊ ဖေါက်ပြန်သူ၊ သူခိုး လို့ အပြစ်မတင်ဘူး။ သူ့ထံလာရင် မငြင်းပယ်ဘူး။ ရန်သူကိုပင် လက်ခံတယ်။ သနားပြီး ကယ်တင်တယ်။

ခရစ်တော်က သူ့အတွက်၊ သူအောင်မြင်ဖို့ အသက်မရှင်ဘူး။ ခမည်းတော်ရဲ့အလိုတော်ကြောင့် လာတယ်။ သူ့မေတ္တာနဲ့လည်း ကယ်ချင်တယ်။ သူ၌ တည်စေချင်တယ်။ ကယ်တင်တဲ့ စေတနာနဲ့ တန်ခိုးတော်က အံ့သြဘွယ်ပါ။ သူ့လက်ထဲက လူကို သေခြင်း၊ စာတန်နဲ့ အပြစ်က ဆွဲယူလို့ မရဘူး။

ဘုရားအလိုတော်ကို သိပါရဲ့လား။ သားတော်ကို ကြည့်စေ၊ သိစေ၊ အားကိုးစေချင်တယ်။ ဝိညာဉ်တော်အားဖြင့် မွေးဖွါးလာတယ်။ ကျေးဇူးတရား၊ သမ္မတရားနဲ့ ပြည့်စုံတယ်။ ကယ်တင်ရှင်နဲ့ အတူ ယုံကြည်သူအားလုံးနဲ့ လက်တွဲစေချင်တယ်။ ဒါက အလိုတော်ပဲ။ ထာဝရအသက်က ဝိညာဉ်တော်အားဖြင့် ချက်ချင်းရတယ်။ အထဲကို ဝင်လာ ကျိန်းဝပ်တယ်။ ထာယရအသက်အတွက် စိတ်ချမှုပေးတယ်။ ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ နူးညံ့မှုတွေ ဖြစ်လာတယ်။ အဆုံးမရှိ၊ မပျောက်ပျက်တဲ့ အသက်ဖြစ်တယ်။ အလိုတော် နောက်ဆုံးအဆင့်ကတော့ သင့်ကို သေခြင်းမှ ထမြောက်စေမယ်။ ဒါဟာ ခရစ်ယာန်တွေရဲ့ ကြီးမြတ်တဲ့ မြော်လင့်ခြင်း ဖြစ်တယ်။ ဒီအချိန်က အသက်တာရဲ့ အကြီးမြတ်ဆုံး အချိန်ဖြစ်ပြီး မေတ္တာတော်ရောင်ခြည်နဲ့ သားတော်ဘုရား ပေါ်ထွန်းချိန်ဖြစ်တယ်။

ဆုတောင်း ကိုယ်တော်နှင့် နီးရပါ၏။ ကြွလာခဲ့ချိန်မှာ လူအများက ငြင်းပယ်ခဲ့ပါ၏။ ကိုယ်တော်ကို မြင်စေဖို့ ဥာဏ်အလင်းပေး၍၊ အသက်မုန့်ကို လက်ခံစေပါ၏။ မငြင်းပယ်တဲ့အတွက် ကျေးဇူးတင်ပါ၏။ စိတ်ဝိညာဉ်ဆာငတ်မှုကို ပြေစေ၍ ထာဝရဘုန်းအသရေထဲမှာ ဝမ်းမြောက်နေစေဖို့ အသက်ပြန်ရှင်စေမည် ဖြစ်ပါ၏။

မေးခွန်း ၄၇

  1. အသက်မုန့်ဆိုတာ ဘာလဲ။

www.Waters-of-Life.net

Page last modified on January 29, 2022, at 04:46 AM | powered by PmWiki (pmwiki-2.3.3)