Home
Links
Bible Versions
Contact
About us
Impressum
Site Map


WoL AUDIO
WoL CHILDREN


Bible Treasures
Doctrines of Bible
Key Bible Verses


Afrikaans
አማርኛ
عربي
Azərbaycanca
Bahasa Indones.
Basa Jawa
Basa Sunda
Baoulé
বাংলা
Български
Cebuano
Dagbani
Dan
Dioula
Deutsch
Ελληνικά
English
Ewe
Español
فارسی
Français
Gjuha shqipe
հայերեն
한국어
Hausa/هَوُسَا
עברית
हिन्दी
Igbo
ქართული
Kirundi
Kiswahili
Кыргызча
Lingála
മലയാളം
Mëranaw
မြန်မာဘာသာ
नेपाली
日本語
O‘zbek
Peul
Polski
Português
Русский
Srpski/Српски
Soomaaliga
தமிழ்
తెలుగు
ไทย
Tiếng Việt
Türkçe
Twi
Українська
اردو
Uyghur/ئۇيغۇرچه
Wolof
ייִדיש
Yorùbá
中文


ગુજરાતી
Latina
Magyar
Norsk

Home -- Burmese -- John - 045 (Jesus offers people the choice)
This page in: -- Albanian -- Arabic -- Armenian -- Bengali -- BURMESE -- Cebuano -- Chinese -- Dioula? -- English -- Farsi? -- French -- Georgian -- Greek -- Hausa -- Hindi -- Igbo -- Indonesian -- Javanese -- Kiswahili -- Kyrgyz -- Malayalam -- Peul -- Portuguese -- Russian -- Serbian -- Somali -- Spanish -- Tamil -- Telugu -- Thai -- Turkish -- Twi -- Urdu -- Uyghur? -- Uzbek -- Vietnamese -- Yiddish -- Yoruba

Previous Lesson -- Next Lesson

ယောဟန် - အမှောင်မှာ ထွန်းလင်းတဲ့ အလင်းတော်
ရှင်ယောဟန်ခရစ်ဝင်ကျမ်းကို လေ့လာခြင်း
အမှောင်ထဲမှာ လင်းတဲ့ အလင်း(ယောဟန် ၅း ၁ - ၁၁း ၅၄)
B - သခင်ယေရှုသည် အသက်မုန့် ဖြစ်တယ်။ (ယော ၆း ၁ - ၇၁)

4. လူတွေကို လက်ခံမလား၊ ငြင်းပယ်မလား ရွေးချယ်စေတယ်။ (ယော ၆း ၂၂ - ၅၉)


ရှင်ယောဟန် ၆:၅၁
၅၁ ငါသည် ကောင်းကင်မှဆင်းသက်သော အသက်မုန့်ဖြစ်၏။ ဤမုန့်ကို စားသောသူမည်သည်ကား၊ အစဉ်မပြတ် အသက်ရှင်လိမ့်မည်။ ငါပေးသောမုန့်ကား၊ လောကီသားတို့၏ အသက်အဖို့အလိုငှာ စွန့်သော ငါ၏အသားပေတည်းဟု မိန့်တော်မူ၏။

မုန့်က လှုပ်ရှားသွားလာ စကားပြောတာ မြင်ဖူးသလား။ သခင်ယေရှုက သူဟာ အသက်မုန့်တဲ့။ ရုပ်ဝတ္ထုမုန့် မဟုတ်ဘူး။ ဝိညာဉ်မုန့်၊ ဘုရားမုန့် ဖြစ်တယ်။ ကိုယ်ခန္ဓာနဲ့ စားဖို့ မဟုတ်ဘူး။ တို့က လူသားမစားကြဘူးလေ။

မကြာခင်ပဲ သေခြင်းအကြောင်း ပြောလာတယ်။ ဝိညာဉ်သေခြင်း မဟုတ်ဘဲ လူ့ဇာတိခံယူပြီး ကြုံလာမယ့် သေခြင်း ဖြစ်တယ်။ လူတွေရဲ့အပြစ်အတွက် အသက်ပေးရတယ်။ ကြားရသူတွေက ဆန့်ကျင်ကြတယ်။ သူ့ကို သာမန်လူလို့ပဲ သဘောထားကြတယ်။ ကောင်းကင်က ကောင်းကင်တမန်ဆင်းလာရင်တော့ သောင်းသောင်းဖြဖြ ကြိုကြမှာပေါ့။ သခင်ယေရှုရဲ့ ဝိညာဉ်နဲ့ ဘုန်းတော်က လူကို မကယ်ဘူး။ ကိုယ်စားအသေခံတဲ့ ကိုယ်ခန္ဓာကသာ ကယ်တယ်။

ရှင်ယောဟန် ၆:၅၂-၅၆
၅၂ ထိုအခါ ယုဒလူတို့က၊ ဤသူသည် မိမိအသားကို ငါတို့စားစရာဖို့အဘယ်သို့ ပေးနိုင်သနည်းဟု အချင်းချင်း ငြင်းခုံကြ၏။- ၅၃ ယေရှုကလည်း၊ ငါအမှန်အကန်ဆိုသည်ကား၊ လူသား၏အသားကိုမစား၊ အသွေးကိုမသောက်လျှင် သင်တို့၌ အသက်မရှိ။- ၅၄ ငါ၏အသားကိုစား၍ ငါ၏အသွေးကိုလည်း သောက်သောသူသည် ထာဝရအသက်ကိုရ၏။ ထိုသူကို နောက်ဆုံးသောနေ့၌ ငါထမြောက်စေမည်။- ၅၅ ငါ၏အသားသည် စားစရာကောင်း၏။ ငါ၏အသွေးလည်း သောက်စရာကောင်း၏။- ၅၆ ငါ၏အသားအသွေးကို သောက်စားသောသူသည် ငါ၌တည်၏။ ထိုသူ၌လည်း ငါတည်၏။-

ဂျူးတွေထဲမှာ ယုံကြည်သူရှိသလို၊ ငြင်းပယ်သူလည်း ရှိပါတယ်။ နှစ်ဖွဲ့ အကြီးအကျယ် ငြင်းခုံကြတယ်။ ရန်သူအုပ်စုက အသားကို စား၊ အသွေးကို သောက် ဆိုတဲ့ အယူအဆကို မကြိုက်ကြဘူး။ သခင်ယေရှုက အုပ်စု နှစ်ဖွဲ့ ကွဲမယ်ဆိုတာ ကြိုမြင်တယ်။ ပထမအုပ်စုက သခင်ယေရှုကို ချစ်ကြတယ်။ ဒုတိယက သူတပါးအပြစ်ကို ထောက်ပြတယ်။ “ငါအမှန်အကန်ဆိုသည်ကား ငါ၏ အသားကို မစား၊ အသွေးကို မသောက်လျှင် ထာဝရအသက်ကို မရ။ ငါနှင့် မဆက်ဆံလျှင် သင်တို့သည် ကိုယ့်အပြစ်၌ ထာဝရသေကြလိမ့်မည်။” ဒီစကားကြားတော့ မကြိုက်ကြဘူး။ သူတို့ကို တည့်တည့်ပဲ ပြောတယ်။ “ငါ့အသားကို စားကြ။ ဒါက အံ့ဘွယ်နိမိတ်လက္ခဏာ ဖြစ်လာမယ်။ ငါ့အသားက အသက်မုန့်ဖြစ်တယ်။ ဘုရားရဲ့အသက်ရလိမ့်မယ်။” သူတို့သွေးတွေ ဆူပြီး စိတ်ဆိုးကြတယ်။ ဒါပေမယ့် ယုံကြည်သူတွေက ဝိညာဉ်တော်ရဲ့ ဆွဲခေါ်မှုကြောင့် ယုံကြည်ပြီး ကောင်းသောစကား ပြောကြတယ်။ သူတို့သာ ပသခါပွဲအကြောင်း စဉ်စားမိရင် နှစ်ခြင်းဆရာ ယောဟန်ပြောတဲ့ သခင်ယေရှုဟာ ဘုရားသခင်ရဲ့ သိုးသူငယ်ဆိုတာ နားလည်နိုင်စရာပါ။ ဂျူးလူမျိုးတိုင်း ပွဲနေ့မှာ သိုးသူငယ်ကို သတ်ပြီး၊ သိုးသားစားကြပါတယ်။ ဒါဟာ အမျက်တော်မှ လွတ်ဖို့ ယဇ်ပူဇော်ပွဲနဲ့ ပုံဆောင်တာ ဖြစ်တယ်။ သခင်ယေရှုက သူဟာ ဤလောကရဲ့ အပြစ်ကိုဆောင်သွားတဲ့ ဘုရားသခင်ရဲ့ သိုးသူငယ်လို့ ထောက်ပြတယ်။

ဒီနေ့ခေတ်မှာတော့ ပွဲတော်မုန့်အားဖြင့် ခရစ်တော်ရဲ့ ကိုယ်ခန္ဓာမှာ ပါဝင်ကြောင်း၊ အသွေးတော်က အပြစ်တွေ ဆေးပေးကြောင်း ပြကြတယ်။ ဒီကျေးဇူးတော်ကို ချီးမွမ်းကြတယ်။ ဂါလိလဲလူတွေက ဒီအဆင့်မှာ နားမလည်ဘူး။ လိုက်မမှီဘူး။ သခင်ယေရှုက ယုံကြည်ခြင်းကို စမ်းသပ်နေတယ်။ မကြာခင် သူတို့ဒေါသ ပေါက်ကွဲလာတယ်။

ပွဲတော်မင်္ဂလာဟာ ပုံဆောင်ချက်ဖြစ်ကြောင်း ရှင်းပြလို့ သခင်ယေရှုကို ကျေးဇူးတင်စရာပါ။ အသေခံ၊ ယဇ်ပူဇော်မပေးဘဲ ဘုရားထံ ချဉ်းကပ်လို့ မရဘူး။ သခင်ယေရှုကယ်လို့သာ ပြည့်စုံတဲ့ ခွင့်လွှတ်ခြင်းကို ခံစားရတယ်။ ဒါက ယုံကြည်ရင် ရတယ်။ ခရစ်တော် ထမြောက်သလို ရှင်ခွင့်ရတယ်။ ဒါကြောင့် ရွေးနှုတ်ကယ်တင်တဲ့ သိုးသူငယ်တော်ကို ကိုးကွယ်ကြတယ်။ ကားတိုင်မှာ ကိုယ်စားအသေခံပေးရုံသာမက လူ့အထဲမှာ ကျိန်းဝပ်ပြီး သန့်ရှင်သူတွေ ဖြစ်စေတယ်။

ရှင်ယောဟန် ၆:၅၇-၅၉
၅၇ အသက်ရှင်တော်မူသော ခမည်းတော်သည် ငါ့ကိုစေလွှတ်တော်မူ၍၊ ငါသည်ခမည်းတော်အားဖြင့် အသက်ရှင်သည်နည်းတူ၊ ငါ့ကိုစားသောသူသည် ငါ့အားဖြင့် အသက်ရှင်လိမ့်မည်။- ၅၈ ဤမုန့်ကား၊ ကောင်းကင်မှဆင်းသက်သော မုန့်ဖြစ်၏။ သင်တို့ဘိုးဘေးများသည် မန္နကိုစားလျက် သေရသကဲ့သို့မဟုတ်။ ဤမုန့်ကိုစားသောသူသည် အစဉ်မပြတ် အသက်ရှင်လိမ့်မည်ဟု၊- ၅၉ ကပေရနောင်မြို့တရားဇရပ်၌ ဩဝါဒပေးစဉ်တွင် မိန့်တော်မူ၏။

ခရစ်တော်က အသက်ရှင်တဲ့ ဘုရားသခင်ပေးတဲ့ အသက်အကြောင်း ပြောပြတယ်။ ချစ်ခြင်းမေတ္တာနဲ့ ပြည့်စုံပြီး ရှေးထာဝရကာလမှ နောင်ထာဝရကလအထိ အသက်ရှင်တော်မူတယ်။ ခရစ်တော်က ကိုယ်အလိုအတိုင်း အသက်မရှင်ဘဲ ခမည်းတော်အလိုပတိုင်း အသက်ရှင်တယ်။ ကိုယ့်စိတ်တိုင်းကျ အသက်ရှင်ခြင်းမျိုးမဟုတ်ဘဲ ခမည်းတော်စကားကို နားထောင်တယ်။ ခမည်းတော်က သားတော်ကို ချစ်ပြီး၊ သားတော်အားဖြင့် အလုပ်လုပ်သလို၊ သားတော်က ခမည်းတော်ရဲ့အစေကို ခံတယ်။

ဒီနက်နဲရာအကြောင်းကို သခင်ယေရှုက ဆန့်ကျင်မှုတွေ မလာခင်ကတည်းက ဖွင့်ပြပြီးသား ဖြစ်တယ်။ မြင့်တဲ့အကြောင်းအရာကို ပြောပြတယ်။ “ငါသည် ခမည်းတော်အတွက် အသက်ရှင်လို၊ သင်တို့အကျိုးအတွက်လည်း အသက်ရှင်မည်။ သင်တို့လည်း ငါ၌ အသက်ရှင်၍ ငါ့အတွက်လည်း အသက်ရှင်လိမ့်မည်။” ခရစ်တော်နဲ့ ချိတ်ဆက်မိပြီလား မိတ်ဆွေ။ စိတ်နှလုံး အစွမ်းရှိသမျှနဲ့ ကိုယ်တော်ကို လက်ခံမလား။ ငြင်းပယ်မလား။ ကိုယ့်အလိုဆန္ဒသေပြီး ခရစ်တော်ကို အထဲမှာ ရှင်ခွင့်ပေးမလား။ ခရစ်တော်က လူတွေကို ပြုပြင်ဖို့ လာတာ မဟုတ်ဘူး။ အဆင်ပြေ ချမ်းသာဖို့ လည်း မဟုတ်ဘူး။ ဒေသဖွံ့ဖြိုးရေးလည်း မဟုတ်။ စိတ်နှလုံးပြောင်းလဲပြီး၊ ဘုရားဝတ်၌ မွေ့လျော်ဖို့ ဖြစ်တယ်။ ဘုရားဇာတိကို ဝေမျှဆက်ခံခွင့်ပေးတယ်။ ဒါက မသေတဲ့လူကို အသစ်ဖန်ဆင်းတာ ဖြစ်တယ်။ အသက်ရှင်ပြီး၊ ချစ်တတ်၊ အစေခံတတ်တယ်။ ဘုရားကိုပဲ ဦးထိပ်ထားတယ်။

အခန်း ၆ မှာ ခရစ်တော်က “ခမည်းတော်”၊ “အသက်”၊ “ထမြောက်ခြင်း” ဆိုတဲ့ စကား ၃ ခွန်းနဲ့ သူတို့ရဲ့ ဆက်စပ်စကားလုံးတွေ ဘယ်နှစ်ကြိမ် သုံးထားလဲ ရေကြည့်ပါ။ ရှင်ယောဟန်ခရစ်ဝင်ကျမ်းရဲ့ အဓိကအချက်ကို ချက်ချင်းနားလည်လာမယ်။ ခရစ်တော်၌ရှိတဲ့ ယုံကြည်သူဟာ ခမည်းတော်ရဲ့ ဝိညာဉ်တော်အားဖြင့် အသက်ရှင်ပြီး၊ ဘုန်းအသရေနဲ့ ထမြောက်မယ့်နေကို ဦးတည်သွားနေပါတော့တယ်။

ဆုတောင်း ကြွလာတော်မူပြီး ခမည်းတော်ရဲ့အသက်ကို ပေးတော်မူ၍ ဝမ်းမြောက်စွာ ကျေးဇူးတင်ရပါ၏။ အပြစ်များခွင့်လွှတ်၍ သန့်ရှင်းစေပါ။ ကိုယ့်အလိုအတွက် အသက်မရှင်ဘဲ ချစ်သောစိတ်နှင့် သည်းခံစွာ အမှုတော်ဆောင်စေပါ။ နူးညံ့သိမ်မွေ့စွာ နောက်တော်လိုက်စေပါ။

မေးခွန်း ၄၉

  1. သူ့အသားကို စား၊ အသွေးကို သောက်ရမယ်လို့ သခင်ယေရှု ဘာကြောင့် ပြောသလဲ။

www.Waters-of-Life.net

Page last modified on January 29, 2022, at 04:47 AM | powered by PmWiki (pmwiki-2.3.3)