Home
Links
Bible Versions
Contact
About us
Impressum
Site Map


WoL AUDIO
WoL CHILDREN


Bible Treasures
Doctrines of Bible
Key Bible Verses


Afrikaans
አማርኛ
عربي
Azərbaycanca
Bahasa Indones.
Basa Jawa
Basa Sunda
Baoulé
বাংলা
Български
Cebuano
Dagbani
Dan
Dioula
Deutsch
Ελληνικά
English
Ewe
Español
فارسی
Français
Gjuha shqipe
հայերեն
한국어
Hausa/هَوُسَا
עברית
हिन्दी
Igbo
ქართული
Kirundi
Kiswahili
Кыргызча
Lingála
മലയാളം
Mëranaw
မြန်မာဘာသာ
नेपाली
日本語
O‘zbek
Peul
Polski
Português
Русский
Srpski/Српски
Soomaaliga
தமிழ்
తెలుగు
ไทย
Tiếng Việt
Türkçe
Twi
Українська
اردو
Uyghur/ئۇيغۇرچه
Wolof
ייִדיש
Yorùbá
中文


ગુજરાતી
Latina
Magyar
Norsk

Home -- Burmese -- John - 035 (God works with His Son)
This page in: -- Albanian -- Arabic -- Armenian -- Bengali -- BURMESE -- Cebuano -- Chinese -- Dioula -- English -- Farsi? -- French -- Georgian -- Greek -- Hausa -- Hindi -- Igbo -- Indonesian -- Javanese -- Kiswahili -- Kyrgyz -- Malayalam -- Peul -- Portuguese -- Russian -- Serbian -- Somali -- Spanish -- Tamil -- Telugu -- Thai -- Turkish -- Twi -- Urdu -- Uyghur? -- Uzbek -- Vietnamese -- Yiddish -- Yoruba

Previous Lesson -- Next Lesson

ယောဟန် - အမှောင်မှာ ထွန်းလင်းတဲ့ အလင်းတော်
ရှင်ယောဟန်ခရစ်ဝင်ကျမ်းကို လေ့လာခြင်း
အမှောင်ထဲမှာ လင်းတဲ့ အလင်း(ယောဟန် ၅း ၁ - ၁၁း ၅၄)
A - ယေရုရှလင်မြို့သို့ ဒုတိယခရီး (ယော ၅း ၁- ၄၇) အဓိကအချက်။ -- သခင်ယေရှုနှင့်  ဂျူးလူမျိုးများကြားမှာ မပြေလည်မှု ပေါ်ပေါက်လာခြင်း

2. ဘုရားက သားတော်အားဖြင့် အလုပ်လုပ်တယ်။ (ယော ၅း ၁၇ - ၂၀)


ယော ၅း ၁၇ - ၁၈
၁၇ ယေရှုကလည်း၊ ငါ့ခမည်းတော်သည် ယနေ့တိုင်အောင် အလုပ်လုပ်တော်မူသည်ဖြစ်၍၊ ငါသည်လည်း လုပ်၏ဟု ပြန်ပြောတော်မူ၏။ ၁၈ သို့ဖြစ်၍ ဥပုဒ်နေ့ကို ဖျက်သည်သာမက၊ ဘုရားသခင်ကို မိမိအဘဟုခေါ်၍ မိမိကို ဘုရားသခင်နှင့် ပြိုင်နှိုင်းတော်မူသောကြောင့်၊ ယုဒလူတို့သည် ကိုယ်တော်ကို သတ်ခြင်းငှါ သာ၍ရှာကြံကြ၏။

ဗက်ဇဲဒမြို့မှာ အနာမငြိမ်းခင်က သခင်ယေရှုမှာ ရန်သူနဲနဲပဲ ရှိတယ်။ အခုတော့ များလာပြီ။ ရန်သူတွေက သတ်ဖို့ ရှာကြံလာတယ်။ နိမိတ်လက္ခဏာတွေကြောင့် ဂျူးတွေနဲ့ ဆက်ဆံရေးပြောင်းသွားတယ်။ သခင်ယေရှုကို နာမည်ဖျက်ကြပြီး ညှည်းဆဲလာတယ်။ ဒီအပြောင်းအလဲဖြစ်ရပ် ဘာကြောင့် ဖြစ်ခဲ့ရသလဲ။ ခရစ်တော်ရဲ့ ချစ်ခြင်းမေတ္တာနဲ့ ပညတ်တရားရဲ့တင်းမာမှုကြားက ပြသနာပါ။ ဓမ္မဟောင်းကာလမှာ လူတွေဟာ ထောင်ကျနေတဲ့သူလို ဖြစ်တယ်။ စီရင်ထုံးတွေကလည်း လူတွေ ကောင်းတာလုပ်ဖို့ပဲ တုံးတိ ဆိုတယ်။ ဘာသာရေးသမားက ပြစ်မှားသူအတွက် ဘုရားရဲ့ သက်ညှာခွင့်ကို မပေးဘူး။ ပညတ်တရားစောင့်တာကလည်း အတ္တကြီးပြီး မေတ္တာစိတ်ထားခေါင်းပါးနေတယ်။ လူမျိုးက ဘုရားနဲ့ ပဋ္ဋိညာဉ်ပြုထားတော့ အစွန်းရောက်သူတွေက သူတို့ရဲ့ များပြားလှတဲ့ ပညတ်တွေကို လူတွေ လိုက်နာဖို့ ဖိအားပေးလာတယ်။ အရေးအကြီးဆုံးက ဥပုဒ်နေ့မှာ လုံးဝ အလုပ်မလုပ်ရဘူးဆိုတဲ့ အယူသည်းမှု ဖြစ်တယ်။ ဘုရားက ဖန်ဆင်းခြင်းကို ခုနှစ်ရက်မြောက်မှာ နားလို့၊ လူက ဘုရားရှိခိုးတဲ့နေ့မှာ ဘာမှ မလုပ်ရဘူး။ သေဒဏ်လို့ ဆိုတယ်။ ဥပုဒ်နေ့ဟာ ဘုရားနဲ့ ဂျူးလူမျိုးကြားမှာ ဆက်နွယ်မှု အမှတ်အသား ဖြစ်တယ်။ အပြစ်သာမလုပ်လို့ကတော့ ဘုရားအတူရှိတယ်ဆိုတဲ့ သဘောပါ။ ဥပုဒ်နေ့ကို ကျူးလွန်တယ်လို့ ပြောသူတွေကို သခင်ယေရှုက “ဘုရားသခင် အလုပ်လုပ်နေတယ်” လို့ ရိုးရိုးပဲ ဖြေတယ်။ “အလုပ်” ဆိုတဲ့ စကား အသုံးကို သခင်ယေရှုက ဖါရိရှဲတွေကို ဖြေရာမှာ ခုနှစ်ကြိမ် သုံးသွားတယ်။ ပညတ်သမားအတွက် အဖြေက ဘုရားက ချစ်လို့ အလုပ်လုပ်နေတယ်ပဲ ဖြစ်တယ်။ ဖန်ဆင်းစကတည်းက အခုထိ ဘုရားက ဘာလို့ နားမလဲ။ အလုပ်ဆက်လုပ်နေမှာပေါ့။ အပြစ်တရား ဝင်လာကတည်းက လူတွေ သေကြ။ သဘာဝတရားလည်း ပျက်စီးရ၊ ဘုရားက လမ်းလွဲသူကို ကယ်ရ၊ ပုန်ကန်သူကို ပြန်လက်ခံနေရတယ်။ အဓိကက သန့်ရှင်းတဲ့ ဘုရားမေတ္တာကို သိဖို့ပါ။ ဥပုဒ်နေ့မှာ ကျန်းမာစေတာ ဘုရား အလုပ်လုပ်လို့ပါ။ သခင်ယေရှုက ကျေးဇူးတော်ကို ဟောပြောတယ်။ မေတ္တာနဲ့ လုပ်ဆောင်တယ်။ ပညတ်တော်နဲ့ မညီသလို ထင်ရလည်း လုပ်တယ်။ မေတ္တာဟာ ပညတ်တရား ပြည့်စုံရာပါ။ ဥပုဒ်နေ့မှာ ကျန်းမာစေတာဟာ မေတ္တာမပါတဲ့ ဘာသာရေးကို တိုက်ခိုက်သလို ဖြစ်သွားတယ်။

ဒါကြောင့် ဂျူးတွေက “ယေရှုက ဥပုဒ်နေ့ကို ဖျက်နေတယ်။ ကူကြပါဦး။ ပဋိညာဉ်တရား ကျိုးပျက်တော့မယ်။ ဒီပညတ်တရားကို ဖျက်ဆီးနေသူဟာ သူ့ကိုယ်သူ ပညတ်တရား ပေးပိုင်သူ ဖြစ်နေတယ်။ ဒို့လူမျိုးရဲ့ အန္တရာယ် ဖြစ်တယ်။” လို့ အော်ဟစ်လာတယ်။ သူတို့က ခရစ်တော်ရဲ့ မေတ္တာကို အလေးမမူဘူး။ လောကကို အောင်မြင်တာ မမြင်ဘူး။ အယူလွဲမှာ ဆက်ကန်းနေတယ်။ ဒီနေ့ခေတ်မှာလည်း သခင်ယေရှုကို ကယ်တင်ရှင်အဖြစ် မမြင်ရင်၊ အယူလွဲပြီး တင်းမာနေရင် မအံ့သြပါနဲ့။ ဂျူးတွေ စိတ်ဆိုးတာက သခင်ယေရှုက ဘုရားသခင်ကို ခမည်းတော်လို့ ခေါ်တဲ့အတွက် ဖြစ်ပါတယ်။ ဒါက လက်မခံနိုင်စရာပါ။ ဒါကြောင့် သူတို့က “ဘုရားသခင် တဆူတည်း ရှိတယ်။ ဘုရားသခင်မှာ သား မရှိဘူး။ ဘာလို့ ခမည်းတော်လို့ ခေါ်ရလဲ” လို့ အော်ဟစ်လာကြတယ်။

ဒါက သူတို့ မသိတာပါ။ ဝိညာဉ်တော်ရဲ့ ဖွင့်ပြမှု မခံရ၊ ကျမ်းစာလည်း နားမလည်လို့ပါ။ ဘုရားသခင်ဟာ ခမည်းတော် ဖြစ်တယ်၊ အဖေဖြစ်တယ် ဆိုတဲ့ ပရောဖက်စကား ရှိပါတယ်။ ပဋ္ဋိညာဉ်ဖွဲ့ထားတဲ့ လူမျိုးတော်ကို “ငါ့သား” လို့ ခေါ်ထားတယ်။ (ထွက် ၄း ၂၂။ ဟောရှေ ၁၁း ၁) လူမျိုးတော်က ဘုရားသခင်ကို အဖ လို့ ခေါ်ချိန်မှာ (တရားဟော ၃၂း ၆။ ဆာလံ ၁၀၃း၁၃။ ဟေရှာယ ၆၃း ၁၆။ ယေရမိ ၃း ၄၊ ၁၉ နှင့် ၃၁း ၉) ၊ ဘုရားသခင်က ယုံကြည်သူ ဘုရင်ကို “ငါ့သား” လို့ ခေါ်ပါတယ်။ (၂ ရာ ၇း ၁၄) ဒါပေမယ့် လူမျိုးတော်ထဲက တဦးချင်းကတော့ ဘုရားသခင်ကို “အဖ” လို့ ခေါ်ခွင့် မရှိဘူး။ ဒါက ဂျူးတွေ လက်မခံနိုင်၊ လွန်ကျူးတယ်လို့ မှတ်ယူတယ်။ ဂျူးတွေက သခင်ယေရှုဟာ ဂတိတော်အတိုင်း ကြွလာတဲ့ မေရှိယ လို့ သိတယ်။ ကောင်းကင်က လာတယ်၊ အသက်ပေးပိုင်တယ် လို့ သိပါတယ်။ သူတို့ မုန်းတာက သူတို့ မေရှိယကို တကယ်မယုံဘူးဆိုတာ သခင်ယေရှု ထောက်ပြနေလို့ပါ။ ခမည်းတော် လုပ်ဆောင်သလို မေတ္တာနဲ့ ပညာနဲ့ လုပ်ဆောင်နေတယ်လို့ သခင်ယေရှု ဆိုတယ်။ အရာအားလုံးကို လုပ်ဆောင်နိုင်တော့ သူဟာ ဘုရားသခင်နဲ့ တူတယ် လို့ သခင်ယေရှု ဆိုတယ်။ ဒီအယူအဆကို ဂျူးတွေက ကြမ်းကြမ်းတမ်းတမ်း တုန့်ပြန်လာတယ်။ ဘုရားနဲ့ တတန်းထဲထားတာကို သူတို့ လက်မခံဘူး။ ဘုရားကို ပြစ်မှားသူ၊ သေထိုက်သူ လို့ မုန်းတီးလာတယ်။

ယော ၅း ၁၉ - ၂၀
၁၉ ယေရှုကလည်း၊ သင်တို့အား ငါအမှန်အကန်ဆိုသည်ကား၊ ခမည်းတော်ပြုတော်မူသောအမှုကို သားတော်သည် မြင်၍သာပြု၏။ မိမိအလိုအလျောက် အဘယ်အမှုကိုမျှမပြုနိုင်၊ ခမည်းတော်ပြုတော်မူသမျှအတိုင်း သားတော်လည်းပြု၏။- ၂၀ ခမည်းတော်သည် သားတော်ကိုချစ်တော်မူ၍ ပြုတော်မူသမျှတို့ကို သားတော်အားပြတော်မူ၏။ သင်တို့သည် အံ့ဩဖွယ်ရှိစေခြင်းငှာ ဤမျှမက သာ၍ကြီးစွာသော အမူအရာတို့ကို သားတော်အားပြတော်မူလိမ့်မည်။-

ဂျူးတွေမှာ ချစ်ခြင်းမေတ္တာ မရှိဘဲ၊ ဘုရားက မေတ္တာနဲ့ ကူညီမစတာကို အပြစ်ရှာနေတဲ့ သူတို့ရဲ့ အမုန်းစိတ်ကို သခင်ယေရှုက ထောက်ပြခဲ့တယ်။ ဘုရားသခင် လုပ်ဆောင်လို့ သခင်ယေရှု လုပ်ဆောင်တာ ဖြစ်တယ်။ သူ့သဘောနဲ့သူ မလုပ်ဘူး။ အဖေလုပ်သမျှကို အနားမှာ ထိုင်ကြည့်နေတဲ့ ကလေးတယောက်လို့ ခမည်းတော် လုပ်တဲ့အတိုင်း လုပ်ဆောင်တာ ဖြစ်တယ်။ ကိုယ့်ကိုကိုယ် နှိမ့်ချပြီး ခမည်းတော်ဘုန်းကို ထင်ရှားစေတာ ဖြစ်တယ်။ ခမည်းတော်ကို ချီးမြှောက်သူသာ ဖြစ်တယ်။ ကိုယ့်ကိုကိုယ် မထိုက်တန်မှန်းသိလျက် သခင်ယေရှုလိုပဲ ခမည်းတော်ဘုန်းကိုသာ ချီးမွမ်းကြပါစို့။ ကိုယ့်အလိုငြင်းပယ်ရင်း၊ နှိမ့်ချစွာနဲ့ ခမည်းတော်ရဲ့ အလုပ်ကို လုပ်ဖို့ အခွင့်ရယူကြပါစို့။ ခမည်းတော်ရဲ့ ဂုဏ်တော်၊ နာမတော်နဲ့ အလုပ်တွေ အားလုံး သခင်ယေရှု ရရှိပါတယ်။ သခင်ယေရှုဟာ မှန်သော၊ ချစ်တတ်သော၊ ကျေးဇူးပြုသော၊ တန်ခိုးရှိသော၊ ထာဝရတည်သော ဘုရားသခင် ဖြစ်တယ်။ သားတော်နဲ့ ခမည်းတော်ရဲ့ တလုံးတဝဖြစ်မှုဟာ စုံလင်တယ်။ ကိုယ်အလိုကို ငြင်းပယ်ပြီး ဘာမှမကွယ်ဝှက်တဲ့ သခင်ယေရှုကို ခမည်းတော်က ချစ်တယ်။ လုပ်ပိုင်ခွင့်၊ အကြံအစည်နဲ့ လုပ်ငန်းမှန်သမျှ သားတော်ကို ဝေမျှတယ်။ ခမည်းတော်နဲ့ သားတော်ဟာ တလုံးတဝတည်း မေတ္တာရော၊ လက်တွေ့ပါ ညီညွတ်တာ တွေ့ရတယ်။ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဉ်တော် အတူတွဲပြီး အရာအားလုံးကို လုပ်ဆောင်တာကြောင့် လောကရဲ့ စစ်ပွဲများ၊ လူမျိုးရေး မုန်းတီးမှုများ၊ ဘာသာရေး အစွန်းရောက်မှုတွေကို သုံးပါးတဆူ ဘုရားသခင် အဆုံးသတ်စေလိမ့်မယ်လို့ စိတ်သက်သာရာ ရနိုင်ပါတယ်။ ပညတ်တရားနဲ့ ဘုရားမေတ္တာက သိပ်ကွာပါတယ်။

ဆုတောင်း သားတော်ကို စေလွှတ်တဲ့အတွက် ကျေးဇူးတင်ပါတယ် အဘ။ သားတော်အားဖြင့် ဘုရားသခင်ကို သိခွင့်၊ ဘုရားလုပ်ဆောင်မှုကို နားလည်ခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အယူသည်းမှုတွေကို နောင်တရလျက် ဝိညာဉ်မျက်စိကန်းသူများ ကိုယ်တော့မေတ္တာကို မြင်လာပါစေသော။ နူးညံ့စွာဖြင့် နာခံ၊ ဝန်ခံတတ်ပါစေသော။

မေးခွန်း ၃၉

  1. ဘုရားသခင်က သားတော်နဲ့ ဘယ်လိုအလုပ်လုပ်သလဲ။ ဘာကြောင့် လုပ်သလဲ။

www.Waters-of-Life.net

Page last modified on January 29, 2022, at 04:45 AM | powered by PmWiki (pmwiki-2.3.3)