Home
Links
Bible Versions
Contact
About us
Impressum
Site Map


WoL AUDIO
WoL CHILDREN


Bible Treasures
Doctrines of Bible
Key Bible Verses


Afrikaans
አማርኛ
عربي
Azərbaycanca
Bahasa Indones.
Basa Jawa
Basa Sunda
Baoulé
বাংলা
Български
Cebuano
Dagbani
Dan
Dioula
Deutsch
Ελληνικά
English
Ewe
Español
فارسی
Français
Gjuha shqipe
հայերեն
한국어
Hausa/هَوُسَا
עברית
हिन्दी
Igbo
ქართული
Kirundi
Kiswahili
Кыргызча
Lingála
മലയാളം
Mëranaw
မြန်မာဘာသာ
नेपाली
日本語
O‘zbek
Peul
Polski
Português
Русский
Srpski/Српски
Soomaaliga
தமிழ்
తెలుగు
ไทย
Tiếng Việt
Türkçe
Twi
Українська
اردو
Uyghur/ئۇيغۇرچه
Wolof
ייִדיש
Yorùbá
中文


ગુજરાતી
Latina
Magyar
Norsk

Home -- Burmese -- John - 034 (Healing of the paralytic)
This page in: -- Albanian -- Arabic -- Armenian -- Bengali -- BURMESE -- Cebuano -- Chinese -- Dioula -- English -- Farsi? -- French -- Georgian -- Greek -- Hausa -- Hindi -- Igbo -- Indonesian -- Javanese -- Kiswahili -- Kyrgyz -- Malayalam -- Peul -- Portuguese -- Russian -- Serbian -- Somali -- Spanish -- Tamil -- Telugu -- Thai -- Turkish -- Twi -- Urdu -- Uyghur? -- Uzbek -- Vietnamese -- Yiddish -- Yoruba

Previous Lesson -- Next Lesson

ယောဟန် - အမှောင်မှာ ထွန်းလင်းတဲ့ အလင်းတော်
ရှင်ယောဟန်ခရစ်ဝင်ကျမ်းကို လေ့လာခြင်း
အမှောင်ထဲမှာ လင်းတဲ့ အလင်း(ယောဟန် ၅း ၁ - ၁၁း ၅၄)
A - ယေရုရှလင်မြို့သို့ ဒုတိယခရီး (ယော ၅း ၁- ၄၇) အဓိကအချက်။ -- သခင်ယေရှုနှင့်  ဂျူးလူမျိုးများကြားမှာ မပြေလည်မှု ပေါ်ပေါက်လာခြင်း

1. ဗက်ဇဲဒမြို့မှ ခြေလက်မစွမ်းသူကို အနာငြိမ်းစေခြင်း (ယော ၅း ၁ - ၁၆)


ယော ၅း ၁၀ - ၁၃
၁၀ ထိုနေ့သည် ဥပုသ်နေ့ဖြစ်၏။ ထိုကြောင့် ယုဒလူတို့က၊ ဥပုသ်နေ့ဖြစ်၏။ အိပ်ရာကို မဆောင်အပ်ဟု ရောဂါကင်းသော သူအားဆိုကြ၏။- ၁၁ သူကလည်း၊ အကျွန်ုပ်ကို ကျန်းမာစေသောသူက၊ ကိုယ်အိပ်ရာကိုဆောင်၍ လှမ်းသွားလော့ဆိုသည်ဟု ပြန်ပြော၏။- ၁၂ ယုဒလူတို့ကလည်း၊ ကိုယ်အိပ်ရာကိုဆောင်၍ လှမ်းသွားလော့ဟု သင့်အားဆိုသောသူကား အဘယ်သူနည်းဟု မေးမြန်းကြ၏။- ၁၃ ထိုသူကား၊ အဘယ်သူဖြစ်သည်ကို ရောဂါကင်းသောသူသည် မသိ။ အကြောင်းမူကား၊ ထိုအရပ်၌ လူစုဝေးလျက်ရှိသည်ဖြစ်၍၊ ယေရှုသည် မထင်မရှား ထွက်ကြွတော်မူ၏။

စိတ်မဖြောင့်တဲ့ ပညတ်သမားတွေက လွဲလို့ ရေကန်မှာ ရှိနေသူတွေ ဝမ်းသာသွားကြတယ်။ ပညတ်သမားတွေက မနာလိုစိတ်နဲ့ ဥပုဒ်နေ့မှာ အနာငြိမ်းရမလားလို့ စိတ်ဆိုးကြတယ်။ ကျန်းမာစေရုံသာမက အိပ်ယာသယ်ပြီး မြိုကထဲမှာ လမ်းလျှောက်ခိုင်းတာကိုး။ သူတို့အမြင်က ဒါဟာ အပြစ်ဖြစ်တယ်။ ဥပုဒ်ပျက်တယ်။ အလုပ်က တခြားနေ့တွေမှာ လုပ်ရမယ်။ ကျူးလွန်သူက သေဒဏ်ထိုက်တယ်။ (တောလည်ရာ ၁၅း ၃၂ - ၃၆)

ဂျူးတွေရဲ့ အထင်က တနိုင်ငံလုံး ဥပုဒ်မစောင့်ဘဲ မေရှိယ ကြွမလာဘူး။ ဂျူးတွေက အိပ်ယာ ဆောင်သွားသူကို ချက်ချင်း ခဲနဲ့ မပေါက်သေးဘူး။ အပြစ်မပေးခင် သတိပေးဦးမယ်။ သတိပေးပြီ ဆိုရင် ကြောက်စရာ ကောင်းတယ်။ မသန်စွမ်းခဲ့တဲ့သူကလည်း သခင်ယေရှု ခိုင်းလို့ အိပ်ယာနဲ့ လမ်းလျှောက်တယ်။ လုံးလုံးပျောက်ကင်းတဲ့ သက်သေ ဖြစ်တယ်။

ပညတ်သမားတွေ စိတ်ဆိုးကြတယ်။ ကျန်းမာတာကို ဝမ်းမသာနိုင်ဘူး။ သခင်ယေရှုပြတဲ့ မေတ္တာကို မမြင်နိုင်ဘူး။ ဥပုဒ်နေ့မှာ အိပ်ယာဆောင်ပြီး မြို့ထဲ လမ်းလျှောက်ခိုင်းတဲ့ ဆေးသမားဟာ ဘယ်သူလဲ ဆိုပြီး မနာလို၊ မုန်းတီးကြတယ်။ ဒါကြောင့် သူတို့အမြင်မှာတော့ ကျူးလွန်သူ သခင်ယေရှုဟာ သေပြစ်ထိုက်တယ်။ ကျန်းမာသွားသူက သူ့ကို ကျန်းမာစေတဲ့သူကို မသိသေးဘူး။ သခင်ယေရှုက သူစိမ်း ဖြစ်နေတယ်။ ဒါက ဗက်ဇဲဒမြို့ကို ပထမဆုံးအကြိမ် လာတာ။ အနာငြိမ်းစေပြီး သခင်ယေရှုဟာ မထင်မရှား ကြွတယ်။ နိမိတ်လက္ခဏာ မြင်ပြီး သူ့ကို ယုံဖို့ အလိုတော် မရှိဘူး။ သူချစ်သလို ပြန်ချစ်ဖို့သာ အလိုတော်ရှိတယ်။

ယောဟန် ၅း ၁၄ - ၁၆
၁၄ ထိုနောက်မှ ယေရှုသည်ဗိမာန်တော်၌ ထိုသူကို တွေ့တော်မူလျှင် သင်သည် ကျန်းမာခြင်းရှိ၏။ သာ၍ဆိုးသောဘေးနှင့် ကင်းလွတ်မည်အကြောင်း နောက်တစ်ဖန် ဒုစရိုက်ကိုမပြုနှင့်ဟု မိန့်တော်မူ၏။- ၁၅ ထိုသူသည်သွား၍ မိမိကိုကျန်းမာစေသောသူသည် ယေရှုဖြစ်သည်ကို ယုဒလူတို့အားကြားပြောလေ၏။- ၁၆ ထိုအမှုကို ဥပုသ်နေ့၌ပြုတော်မူသောကြောင့်၊ ယုဒလူတို့သည် ယေရှုကိုညှဉ်းဆဲကြ၏။-

ကျန်းမာသွားတဲ့သူကို သခင်ယေရှု ရှာတဲ့အခါ ဗိမာန်တော်မှာ ဘုရားသခင်ကို ချီးမွမ်းနေတာ တွေ့တယ်။ သူက သခင်ယေရှုကိုတွေ့တော့ ကြောက်လည်းကြောက်၊ ဝမ်းလည်းသာနေတယ်။ သခင်ယေရှု ပြောတဲ့စကား သူသိထားတယ်။ - မင်း ကျန်းမာပြီ။ ၃၈ နှစ်လုံးလုံး မကျန်းမာရာက အံ့ဘွယ် ပျောက်ကင်းပြီ။ ဒါက ဘုရားအလုပ်။ လူလုပ်တာ မဟုတ်ဘူး။ လူ့ဇာတိခံတဲ့ ဘုရားသားတော်က မင်းမျက်လုံးကို ပွင့်စေပြီ။

ကိုယ့်အပြစ်တော့ သိမှာပေါ့။ ဘုရားမပါရင် ဘဝက ဆိုးပါတယ်။ အခုတော့ ကျန်းမာပြီ။ မင်းအပြစ် လွတ်ပြီ။ အတွင်းလူ ကျန်းမာဖို့ နားထောင်ပြီး အပြစ် မလုပ်ဖို့ လိုတယ်။ ခွင့်လွတ်ခြင်းခံရရင် နောက်ပြန်လှည့် အပြစ်မပြုဖို့ လိုတယ်။ ခရစ်တော်ရဲ့ တန်ခိုးပါတဲ့ စကားတော်ကို လက်ခံသူဟာ ဝမ်းနည်း၊ နောင်တရ၊ ဘုရားတန်ခိုးကို လက်ခံရင် မကောင်းမှုတွေကို အောင်မြင်မယ်။ မဖြစ်နိုင်တာ ခရစ်တော် မတောင်းဘူး။ ဝိညာဉ်တော်က စုံစမ်းနှောက်ယှက်ခြင်းတွေကို အောင်မြင်မယ့် တန်ခိုးပေးမယ်။ သမ္မာတရားရဲ့ ဝိညာဉ်တော်က မကောင်းမှုကို ရှောင်နိုင်၊ တားဆီးနိုင်စွမ်း ပေးမယ်။

တခါတရံ ထိခိုက်ဓဏ်ရာနဲ့ အနာရောဂါကို ဘုရားထံ လှည့်ပြန်ဖို့ ဆုံးမတဲ့အနေနဲ့ ပေးတတ်တယ်။ တခါတရံမှာတော့ မာကြောတဲ့ နှလုံးသားကို အပြစ်ပေးဖို့ စည်းစိမ်ဥစ္စာကို ပေးတတ်တယ်။ လူကလည်း ဥစ္စာကို စွဲလန်းပြီး ထာဝရ ပျက်စီးရပါတယ်။ အပြစ်မှာ မသာယာနဲ့။ ချည်နှောင်မှုကနေ ရုန်းထွက်ဖို့ ဆုတောင်းပါ။ ဘုရားနဲ့ အပြစ်ကြားမှာ ရပ်ပြီး ဟိုယိမ်းဒီယိမ်း မလိုက်ပါနဲ့။ အပြစ်ရဲ့ နှောင်ကြိုးတွေကို ဖြတ်ပစ်ပါ။ ဘုရားကို ဂတိပေးပါ။ ကယ်လွှတ်လိမ့်မယ်။

အံ့သြစရာပါ။ သခင်ယေရှုရဲ့ စကားကို ကြားပြီးတဲ့အခါ ကျန်းမာလာသူဟာ ဂျူးတွေထံသွားပြီး၊ သူ့ကို ကျန်းမာစေသူဟာ နာဇရက်မြို့သား ယေရှု၊ ဥပုဒ်နေ့ကို ပျက်စေတယ် လို့ ပြောပြတယ်။ ပညတ်သမားတွေက ဒီလူဟာ သခင်ယေရှုကို စပိုင်လုပ်ပြီး ဖမ်းဖို့ ကူညီလိမ့်မယ်လို့ မြော်လင့်ကြတယ်။

သခင်ယေရှုက ဗိမာန်တော် သန့်ရှင်းရေး လုပ်တဲ့အချိန်မှာ ယဇ်ပရောဟိတ်တွေ စိတ်ဆိုးတာထက်၊ ဥပုဒ်နေ့မှာ အနာငြိမ်းတဲ့အခါ ဖါရိရှဲတွေ စိတ်ဆိုးတာက ပိုပါတယ်။ ခရစ်တောက သူတို့ရဲ့ ဖြောင့်မတ်မှု ကင်းမဲ့တာကို ပြတယ်။ ကိုယ့်အလိုအတိုင်း ပညတ်စောင့်တာကို ပြတယ်။ ဘုရားက သနားခြင်း၊ ချစ်ခြင်းကို တောင်းဆိုတယ်။ ချစ်ခြင်းမပါဘဲ သန့်ရှင်းနေတယ်ဆိုတာ အလွဲပါ။ ဘုရားက ဘာသာရေး ထုံးစံ မလိုဘူး။ သနားတတ်သူသာ ဖြစ်စေချင်တယ်။ ထောင်ချီတဲ့ လူ့ပညတ်တွေရဲ့ဘေးက လွတ်မြောက်စေတာ ဘုရားကျေးဇူးတော်ပါ။ ချစ်ခြင်းမေတ္တာကိုသာ စောင့်ရှောက်စရာ ပေးပါတယ်။

မေးခွန်း ၃၈

  1. ဂျူးတွေက သခင်ယေရှုကို ဘာကြောင့် ညှည်းဆဲကြသလဲ။

www.Waters-of-Life.net

Page last modified on January 29, 2022, at 04:45 AM | powered by PmWiki (pmwiki-2.3.3)