Waters of LifeBiblical Studies in Multiple Languages |
|
Home Bible Treasures Afrikaans |
This page in: -- Albanian -- Arabic -- Armenian -- Bengali -- BURMESE -- Cebuano -- Chinese -- Dioula -- English -- Farsi? -- French -- Georgian -- Greek -- Hausa -- Hindi -- Igbo -- Indonesian -- Javanese -- Kiswahili -- Kyrgyz -- Malayalam -- Peul -- Portuguese -- Russian -- Serbian -- Somali -- Spanish -- Tamil -- Telugu -- Thai -- Turkish -- Twi -- Urdu -- Uyghur? -- Uzbek -- Vietnamese -- Yiddish -- Yoruba
Previous Lesson -- Next Lesson ယောဟန် - အမှောင်မှာ ထွန်းလင်းတဲ့ အလင်းတော်
ရှင်ယောဟန်ခရစ်ဝင်ကျမ်းကို လေ့လာခြင်း
အပိုင်း ၁ - ဘုရားအလင်းတော် ထွန်းလင်းခြင်း - (ယောဟန် ၁း ၁ - ၄း ၅၄)
C - ယေရုရှလင်မြို့သို့ ပထမဆုံးသော ခရီး (ယော ၂း ၁၃ - ၄း ၅၄) -- မှန်သော ကိုးကွယ်ခြင်း
4. ရှမာရိပြည်သို သခင်ယေရှု ကြွတော်မူခြင်း။ (ယော ၄း ၁ - ၄၂)
a) မှားယွင်းသူကို နောင်တရစေခြင်း။ (ယော ၄း ၁- ၂၆)ယော ၄း ၁ - ၆ ရှင်ယောဟန်က သခင်ယေရှုကို “သခင်ဘုရား” လို့ ခေါ်တယ်။ သမိုင်းလျှောက် စိုးစံတဲ့ ထာဝရဘုရင် ဖြစ်တယ်။ အပြစ်ပေးပိုင်သလို၊ ကျေးဇူးလည်း ပြုတယ်။ လမ်းပြသလို၊ စီရင် ဆုံးဖြတ်တယ်။ ကြီးမြတ်တဲ့ နာမတော်နဲ့ လိုက်ဖက်တဲ့ ဘုန်းအသရေကိုလည်း တွေ့ရတယ်။ ဖါရိရှဲတွေက ရန်ပြုဖို့ ပြင်ဆင်လာတယ်။ ယုဒပြည်မှာ ခရစ်တော် ဟောပြောတာ အလွန် အောင်မြင်တယ်။ နှစ်ခြင်းဆရာလိုပဲ နောင်တနဲ့ အပြစ်ဝန်ခံဖို့ ဟောတယ်။ ဒါက နှစ်ခြင်းဆရာထံက လွှဲယူလိုက်တာ ဖြစ်တယ်။ (ကိုယ်တိုင် နှစ်ခြင်း မပေးဘဲ၊ တပည့်တော်တွေကို ပေးခိုင်းတယ်။) သခင်ယေရှု သင်ပေးတာက ရေနှစ်ခြင်းဟာ တခြားမဟုတ်ဘူး။ ဝိညာဉ်တော်နှစ်ခြင်းကို ပုံဆောင်တာ ဖြစ်တယ်။ ဒါပေမယ့် သူ့အချိန်မရောက်သေးတော့ ကိုယ်တိုင် နှစ်ခြင်း မပေးဘူး။ ဓမ္မဟောင်းမှာ ရှမာရိတွေကို အသိအမှတ် မပြုဘူး။ သူတို့က အစ္စရေး ကပြားတွေ ဖြစ်တယ်။ ဘီစီ ၇၂၂ မှာ အာဆီးရီးယန်းတွေက ရှမာရိကို သိမ်းပိုက်တဲ့အခါ အာဗြဟံရဲ့ အနွယ်အများစုကို မက်ဆိုပိုတေးမီးယားကို ပို့လိုက်တယ်။ ရှမာရိမှာ တခြားလူမျိုးတွေနဲ့ နေကြတယ်။ ကပြားဖြစ်သွားတော့ ယုံကြည်မှုတွေလည်း ရောနှော သွားတယ်။ သခင်ယေရှုက ရှေခင်မြို့နားက ရှုခါအရပ်ကို ရောက်လာတယ်။ ဘိုးဘေးတွေရဲ့ မူလနေရာ ဖြစ်တယ်။ ယောရှုက သူ့လူတွေကို ဘုရားသခင်နဲ့ ပဋိညာဉ်ပြုစေတဲ့ အရပ်လည်း ဖြစ်တယ်။ (ကမ္ဘာ ၁၂း ၆ နဲ့ ယောရှု ၈း ၃၀ - ၃၅) အဲဒီမှာ ရှေးရေတွင်း တတွင်းရှိတယ်။ ယာကုပ်ရေတွင်းလို့ မှတ်ယူကြတယ်။ (ကမ္ဘာ ၃၃း ၁၉) ယောသပ်ရဲ့အရိုးတွေကို နာဗလ အရပ်ဒေသမှာ သင်္ဂြိုဟ်ကြတယ်။ (ယောရှု ၂၄း ၃၂) ဒီဒေသက ဓမ္မဟောင်းရဲ့ အချက်အချာ ဒေသတခုပဲ။ သခင်ယေရှုက ရေတွင်းနားမှာ ထိုင်တယ်။ ခရီးဝေးသလို နေကလည်း ပြင်းတော့ ပင်ပန်းတယ်။ လူသားစင်စစ် ဆိုတော့ မောတယ်။ ရေဆာတယ်။ လူဟန်ဆောင်ပြီး ဖန်ဆင်းပြနေတာ မဟုတ်ဘူး။ အားနည်းတဲ့ လူသား တယောက်လိုပါပဲ။ သခင်ယေရှုက ရေတွင်းနားမှာ ထိုင်တယ်။ ခရီးဝေးသလို နေကလည်း ပြင်းတော့ ပင်ပန်းတယ်။ လူသားစင်စစ် ဆိုတော့ မောတယ်။ ရေဆာတယ်။ လူဟန်ဆောင်ပြီး ဖန်ဆင်းပြနေတာ မဟုတ်ဘူး။ အားနည်းတဲ့ လူသား တယောက်လိုပါပဲ။ ယောဟန် ၄း ၇ - ၁၅ သခင်ယေရှု ရေတွင်းနားမှာ ရပ်နေတုန်း၊ ရှမာရိအမျိုးသမီးက ရေလာခပ်တယ်။ သူက တခြား အမျိုးသမီးတွေလို မနက်ပိုင်းနဲ့ ညနေဖက်မှာ ရေလာမခပ်ဘူး။ နေ့လည်ခင်းမှာ ခပ်တယ်။ သူက တခြားသူတွေနဲ့ မတွေ့ချင်ဘူး။ အရှက်ရစရာ ရှိတော့ သွားလေရာမှာ ကဲ့ရဲ့ခံရတယ်။ သူ့စိတ်ခံစားချက်ကို သခင်ယေရှု သိတယ်။ အပြစ်တွေ ဆေးကြောချင်တဲ့ သူ့တောင့်တမှုကို သိတယ်။ သူ့ကို ကူညီပါတယ်။ ပညတ်တော် ဆယ်ပါးကို မပြောဘူး။ မကဲ့ရဲ့ဘူး။ ရေတောင်းတယ်။ သူ့ကို တခြားသူတွေလိုပဲ သဘောထားတယ်။ ဂျူးလူမျိုးတယောက်လို့ သိလိုက်တော့ တွန့်သွားတယ်။ လူမျိုးနှစ်မျိုးက ကွာခြားလွန်းတယ်။ တဖက်ရဲ့ အသုံးအဆောင်ကို တခြားတဖက်က ရွံလို့ မကိုင်ဘူး။ ဒါပေမယ့် သခင်ယေရှုက အတားအဆီးတွေ မထားဘဲ ရေတောင်းသောက်တယ်။ လေးစားမှုကို ပြတယ်။ ခရစ်တော်ရဲ့ ရည်ရွယ်ချက်က ဘုရားကို ဆာငတ်လာဖို့ပဲ။ ရေတွင်းဆိုတော့ ရေအကြောင်းပြောလို့ ကောင်းတာပေါ့။ ဘုရားပေးတဲ့ လက်ဆောင်ကို တောင့်တာလာမယ်။ ဘုရားတရား အလေးထားတာကို အသိအမှတ်ပြုပေးတယ်။ အပြစ်တင်ဖို့ မဟုတ်ဘဲ၊ ကျေးဇူးတော် လက်ဆောင် ပေးဖို့ ဖြစ်တယ်။ တကယ့် အံ့သြဘွယ်ပါပဲ။ ကျေးဇူးတော်က လေနဲ့အတူ ပါမလာဘူး။ ခရစ်တော်အားဖြင့်သာ ရတယ်။ ကျေးဇူးတရားနဲ့ အစွမ်းအစတွေ ပေးသနားသူ ဖြစ်တယ်။ အမျိုးသမီးက သာမန်လူလို့ ထင်နေတုန်းပဲ။ ခရစ်တော်ရဲ့ ဘုန်းတော်က သူ့မျက်စိရှေ့မှာ မထင်ရှားဘူး။ ဒါပေမယ့် ဖြူစင်တဲ့ ချစ်ခြင်းကိုပဲ မြင်သာအောင်ပြတယ်။ အသက်ရေကို ပေးပိုင်တယ်လို့ ပြောတယ်။ စိတ်ဝိညာဉ်ကို အဆာအငတ် ပြေစေတယ်။ ချစ်ခြင်းမေတ္တာနဲ့ သမ္မာတရားကို ဆာငတ်သူဟာ ဘုရားထံ ပြန်လာမယ်။ သခင်ယေရှုထံလာရင် အငတ်အမွတ် ပြေမယ်။ ဘုရားလက်ဆောင်ဟာ တောင်းသူတိုင်းကို ပေးပါတယ်။ ကိုယ်လိုတာကို ဝန်ခံဖို့ လိုပါတယ်။ သခင်ယေရှုက အသက်ရေ လိုကြောင်း ပြနေတယ်။ အခမဲ့ပေးတဲ့ အသက်ရေကို မတောင်းဆိုရင် မရနိုင်ဘူး။ အမျိုးသမီးက နားမလည်ဘူး။ သူပြောနေတာက တကယ့်လက်တွေ့။ “ရှင့်မှာ ခပ်စရာပုန်း မရှိဘဲ ဘယ်လိုခပ်မလဲ။ ရေတွင်းက နက်တယ်။ ရေဘယ်လိုလုပ် ပေးမလဲ။” သခင်ယေရှုကို ကြည့်တော့လည်း ချစ်တတ်၊ ကြင်နာတတ်သူ ဆိုတော့ စိတ်ရှုပ်သွားတယ်။ သူတွေ့ဖူးတဲ့သူတွေလို သခင်ယေရှုက သူ့ကို မပစ်ပယ်ဘူး။ မြင့်မြတ်လွန်းပေမယ့် သန့်ရှင်းစွာ ချစ်တတ်သူ ဖြစ်တယ်။ သူ့လို စင်ကြယ်သူကို မတွေ့ဖူးဘူး။ ဒါကြောင့် “ကျွန်မတို့ ဘိုးဘေး ယာကုပ်ထက် ပို မြင့်မြတ်သလား။ ထူးခြားတဲ့ ရေတွင်းအသစ် ပေးမလို့လား။” လို့ မေးမိတယ်။ သခင်ယေရှုက မြေကြီးပေါ်က ရေကို ပြောတာ မဟုတ်ဘူး လို့ ရှင်းပြတယ်။ ဒီလောကရေကို သောက်သူက နောက်တခါ ပြန်ဆာဦးမှာပဲ။ သောက်ပြီး ပြန်ပျောက်မှာပဲ။ ဒါပေမယ့် ဆာငတ်သူတိုင်းကို အသက်ရေ ပေးပါတယ်။ ခရစ်ယာန်တွေ ဘုရားကို ရှာရင် တွေ့ပါတယ်။ လက်တွေ့မကျတဲ့ အတွေးအခေါ်ပညာရှင်တွေ မဟုတ်ဘူး။ ဘုရားကို တွေ့ခွင့်ရကြတယ်။ သိခွင့်ရကြတယ်။ ဘုရားမေတ္တာက အားလုံး ပြည့်စုံစေတယ်။ ဗျာဒိတ်စကား ဖွင့်ပြတာကလည်း ဘယ်တော့မှ ခေတ်နောက်မကျဘူး။ ဘုရားကို သိကျွမ်းခြင်းဟာ နေ့စဉ် အသစ် ခံစားရတယ်။ အတွေးအခေါ်မျှသာ မဟုတ်ဘူး။ တန်ခိုးနဲ့ ငြိမ်သက်ခြင်းကို ခံစားရတယ်။ သန့်ရှင်းသော ဝိညာဉ်တော်က ဘုရားပေးတဲ့ အသက်စမ်းရေ ဖြစ်တယ်။ အသက်ရေ ပေးပိုင်ကြောင်း သခင်ယေရှုက သုံးကြိမ် ပြောတယ်။ စိတ်ဝိညာဉ်ရဲ့ ဆာငတ်မှုကို ဘာသာတရား၊ နိုင်ငံရေးနဲ့ ဆွေမျိုး၊ မိတ်ဆွေတွေက မပေးနိုင်ဘူး။ သခင်ယေရှုကသာ ပေးနိုင်တယ်။ ဘုရားလက်ဆောင်ရသူဟာ ပြောင်းလဲလာတယ်။ အသက်စမ်းရေက တခြားသူတွေအတွက် စီးထွက်လာတယ်။ ကျေးဇူးပြုခြင်း၊ ဝမ်းမြောက်ခြင်း၊ ချစ်ခြင်းစတဲ့ ဝိညာဉ်ဆုကျေးဇူးတွေ ဖြာထွက်လာတယ်။ ကျေးဇူးတော်တွေကို တပါးမှတပါး ထက်ဆင့်ခံစားရင်း သူကိုယ်တိုင် လူအများအတွက် ဘုရားလက်ဆောင် ဖြစ်လာတယ်။ သခင်ယေရှုဟာ စစ်မှန်တဲ့သူ ဖြစ်တာ အမျိုးသမီးသိတယ်။ အသက်ရေပေးဖို့ တောင်းဆိုတယ်။ ရေလိုတာတော့ ဝန်ခံတယ်။ ဒါပေမယ့် သခင်ယေရှုက လောကရေအကြောင်း ပြောတယ်လို့ ထင်နေတယ်။ လူအများကြားမှာ နောက်တခါ ရေလာမခပ်ချင်တော့ဘူး။ ဆုတောင်း အသက်ရေကိုပေးသော အရှင်၊ ချစ်ခြင်းနှင့် အသိညဏ်ကို အဆာငတ်ပြေစေပါ။ အပြစ်များကို ခွင့်လွှတ်တော်မူပါ။ အပြစ်များကို ဆေးကြောပေးမူပါ။ ဝိညာဉ်တော်ဆင်းသက်လျက် ကျိန်းဝပ်တော်မူပါ။ အသက်စမ်းရေ ထွက်ရာ အသက်တာများ ဖြစ်စေမူပါ။ နူးညံ့ခြင်း၊ ချစ်ခြင်း၊ ယုံကြည်ခြင်းကို သင်ပေးတော်မူပါ။ မေးခွန်း ၃၂
|