Home
Links
Bible Versions
Contact
About us
Impressum
Site Map


WoL AUDIO
WoL CHILDREN


Bible Treasures
Doctrines of Bible
Key Bible Verses


Afrikaans
አማርኛ
عربي
Azərbaycanca
Bahasa Indones.
Basa Jawa
Basa Sunda
Baoulé
বাংলা
Български
Cebuano
Dagbani
Dan
Dioula
Deutsch
Ελληνικά
English
Ewe
Español
فارسی
Français
Gjuha shqipe
հայերեն
한국어
Hausa/هَوُسَا
עברית
हिन्दी
Igbo
ქართული
Kirundi
Kiswahili
Кыргызча
Lingála
മലയാളം
Mëranaw
မြန်မာဘာသာ
नेपाली
日本語
O‘zbek
Peul
Polski
Português
Русский
Srpski/Српски
Soomaaliga
தமிழ்
తెలుగు
ไทย
Tiếng Việt
Türkçe
Twi
Українська
اردو
Uyghur/ئۇيغۇرچه
Wolof
ייִדיש
Yorùbá
中文


ગુજરાતી
Latina
Magyar
Norsk

Home -- Burmese -- John - 029 (Jesus leads the adulteress to repentance)
This page in: -- Albanian -- Arabic -- Armenian -- Bengali -- BURMESE -- Cebuano -- Chinese -- Dioula -- English -- Farsi? -- French -- Georgian -- Greek -- Hausa -- Hindi -- Igbo -- Indonesian -- Javanese -- Kiswahili -- Kyrgyz -- Malayalam -- Peul -- Portuguese -- Russian -- Serbian -- Somali -- Spanish -- Tamil -- Telugu -- Thai -- Turkish -- Twi -- Urdu -- Uyghur? -- Uzbek -- Vietnamese -- Yiddish -- Yoruba

Previous Lesson -- Next Lesson

ယောဟန် - အမှောင်မှာ ထွန်းလင်းတဲ့ အလင်းတော်
ရှင်ယောဟန်ခရစ်ဝင်ကျမ်းကို လေ့လာခြင်း
အပိုင်း ၁ - ဘုရားအလင်းတော် ထွန်းလင်းခြင်း - (ယောဟန် ၁း ၁ - ၄း ၅၄)
C - ယေရုရှလင်မြို့သို့ ပထမဆုံးသော ခရီး (ယော ၂း ၁၃ - ၄း ၅၄) -- မှန်သော ကိုးကွယ်ခြင်း
4. ရှမာရိပြည်သို သခင်ယေရှု ကြွတော်မူခြင်း။ (ယော ၄း ၁ - ၄၂)

a) မှားယွင်းသူကို နောင်တရစေခြင်း။ (ယော ၄း ၁- ၂၆)


ယောဟန် ၄း ၁၆ -၂၄
၁၆ ယေရှုကလည်း၊ သွားလော့။ သင်၏လင်ကိုခေါ်၍ သည်ကိုလာဦးလော့ဟု မိန့်တော်မူ၏။ ၁၇ မိန်းမကလည်း အကျွန်ုပ်၌ လင်မရှိဟုဆိုလျှင်၊ ယေရှုက လင်မရှိဟူသော စကားသည် မှန်၏။ ၁၈ အကြောင်းမူကား၊ သင်၌ လင်ငါးယောက်ရှိဖူးပြီ။ ယခုသင်နှင့်နေသောသူသည် သင်၏လင်မဟုတ်။ ဤအရာ၌ သင်သည် မှန်သော စကားကို ပြောပြီဟု မိန့်တော်မူ၏။ ၁၉ ထိုမိန်းမကလည်း၊ သခင်၊ ကိုယ်တော်သည် ပရောဖက်ဖြစ်သည်ကို အကျွန်ုပ် ရိပ်မိပါ၏။ ၂၀ အကျွန်ုပ်တို့ ဘိုးဘေးများသည် ဤတောင်ပေါ်၌ ကိုးကွယ်လေ့ရှိကြ၏။ ယေရုရှလင်မြို့၌သာ ကိုးကွယ်ရမည်ဟု သင်တို့သည် ဆိုတတ်ကြ၏ဟု လျှောက်လျှင်၊ ၂၁ ယေရှုက၊ အချင်းမိန်းမ၊ ငါ့စကားကို ယုံလော့။ ဤတောင်သို့မလာ၊ ယေရုရှလင်မြို့သို့ မသွားဘဲ ခမည်းတော်ကို ကိုးကွယ်ရမည့် အချိန်ကာလ ရောက်ဆဲရှိ၏။ ၂၂ သင်တို့သည် ကိုယ်မသိသောအရာကို ကိုးကွယ်ကြ၏။ ငါတို့သည် ကိုယ်သိသောအရာကို ကိုးကွယ်ကြ၏။ အကြောင်းမူကား၊ ယုဒလူတို့၌ ကယ်တင်ခြင်းအကြောင်း ရှိ၏။ ၂၃ ကိုးကွယ်သောသူ မှန်သမျှတို့သည် ခမည်းတော်ကို နာမ်ဝိညာဉ်နှင့်၎င်း၊ သစ္စာတရားနှင့်၎င်း ကိုးကွယ့်ရမည့် အချိန်ကာလသည် လာ၍၊ ယခုပင် ရောက်လျက်ရှိ၏။ အကြောင်းမူကား၊ ထိုသို့ ကိုးကွယ်သောသူတို့ကို ခမည်းတော်သည် အလိုရှိတော်မူ၏။ ၂၄ ဘုရားသခင်သည် နာမ်ဝိညာဉ် ဖြစ်တော်မူ၏။ ဘုရားသခင်ကို ကိုးကွယ်သော သူတို့သည် နာမ်ဝိညာဉ်နှင့်၎င်း၊ သစ္စာနှင့်၎င်း ကိုးကွယ့်ရမည်ဟု မိန့်တော်မူ၏။

အမျိုးသမီးက အသက်ရေကို ဆာငတ်လာတဲ့အခါ ဘုရားကျေးဇူးကို ခံစားရဖို့ ဆီးတားတဲ့အရာက အပြစ်ပါပဲ။ “သင်ဟာ ဖေါက်ပြန်တဲ့ အမျိုးသမီးပဲ။” လို့ အလျင်စလို အပြစ်မတင်ပါဘူး။ သူ့ယောင်္ကျားကို ခေါ်ခဲ့လို့ပဲ ညင်သာစွာ ပြောပါတယ်။ ဒီစကားက အတော်ထိတယ်။ မိန်းမသားဆိုတော့ အကွယ်အကာ ယောင်္ကျားသား လိုတာပေါ့။ ဒါပေမယ့် အခုတော့ တယောက်တည်း အစွန့်ပစ်ခံ ဖြစ်နေတယ်။ ရှက်စရာမို့ မပြောချင်တော့ “ကျွန်မမှာ ယောင်္ကျား မရှိဘူး။” လို့ ပြောတယ်။

မှန်တယ်လို့ သခင်ယေရှု ပြောတယ်။ အားလုံးသိပြီးသားပဲ။ တယောက်တည်း၊ အစွန့်ပစ်ခံဘဝနဲ့ အချစ်ကို တပ်မက်မှုမှာ ရှာရင်း အထပ်ထပ် မှားနေသူပါ။

ဖေါက်ပြန်မှု မှန်သမျှဟာ အကျိုးနဲစေတယ်။ အသိစိတ်ကို ညာတယ်။ ခံစားချက်တွေ နာကြင်စေတယ်။ မိန်မသားဟာ အိမ်ထောင်ကွဲသွားရင်လည်း ပြန်ပေါင်းချင်စိတ် ရှိနေတတ်တယ်။

အခုတော့ သခင်ယေရှုဟာ လူသာမန် မဟုတ်မှန်း သိသွားပြီ။ ပရောဖက် အမြင်ရှိတယ်။ ဘုရားသခင်ကသာ ကယ်မနိုင်တာလည်း သိသွားပြီ။ ဒါပေမယ့် ဘုရားကို ဘယ်မှာ ရှာမလဲ။ ဘယ်လိုရှာမလဲ။ ဆုတောင်းတာ၊ ဘာသာရေးထုံးစံလုပ်တာက လုပ်ဖူးပြီပဲ။ ဘာသာရေး အခမ်းအနား မတက်ဖြစ်တာတော့ နှစ်ချီ ကြာခဲ့ပြီ။ ဒါပေမယ့် ဘုရားကယ်ဖို့ စိတ်ငြိမ်သက်ဖို့တော့ လိုချင်တယ်။

ဝိညာဉ်က ဆာငတ်သွားတဲ့အခါ ဘာသာရေးမှာ ဘယ်ဖက်က ပါတယ်ဆိုတာထက် ဘယ်သူ့ကို ကိုးကွယ်တယ် ဆိုတာက ပိုအရေးကြီးကြောင်း ရှင်းပြတယ်။ ဘုရားသခင်ဟာ ကောင်းကင်က အဖေ ဖြစ်တယ်လို့ ပြောပြတယ်။ ဘုရားသခင်ကို သိစေပြီး၊ ကယ်တင်ခြင်း ရစေတယ်။ “ခမည်းတော်” ဆိုတဲ့ စကားကို သုံးခါ သုံးတယ်။ ဥာဏ်ပညာ၊ ဘုရားတရား ကိုင်းရှိုင်းမှုတွေက ဘုရားကို သိမလာစေဘူး။ ခရစ်တော်ကို ယုံကြည်ခြင်းကသာ သိစေတယ်။

ခမည်းတော် ဆိုတဲ့ နာမကို တခြားသူတွေ မသုံးရဘူး။ ရှမာရိတွေမှာ ဘုရားအများကြီး ရှိတယ်။ ဂျူးတွေကတော့ သမိုင်းအရ၊ ဒါဝိဒ်ရဲ့အမျိုးမှ ကယ်တင်ရှင် စေလွှတ်မယ်ဆိုတဲ့ ထာဝရဘုရား တပါးပဲ ရှိတယ်။

ကျမ်းစာနဲ့ညီတဲ့ ဘုရားတရားဟာ တကမ္ဘာလုံးနဲ့ ဆိုင်တယ်။ ဘုရားသခင်ကို ကိုးကွယ်ရာမှာ ဘုရားကျောင်းနဲ့ မဆိုင်ဘူး။ ယုံကြည်သူ ကိုယ်တိုင်က ဝိညာဉ်တော် ကျိန်းဝပ်ရာ ဗိမာန်တော် ဖြစ်တယ်။ အသက်တာကလည်း ဘုရားဘုန်း ထင်ရှားဖို့ ဖြစ်တယ်။ ခရစ်တော်က ရွေးနှုတ်တယ်။ ဘုရားမေတ္တာကို ကျယ်ပြောစွာ ခံစားရတယ်။ မှန်ကန်၊ ရိုးသား၊ သန့်ရှင်းတဲ့ အသက်တာကို ကျင်လည်ဖို့ ရွေးချယ်လိုက်တယ်။ သူတို့ကို အသစ်ဖြစ်စေတယ်။ ဘုရားသခင်ကို ချီးမွမ်းလာတယ်။ “ကောင်းကင်ဘုံ၌ ရှိတော်မူသော ကျွန်ုပ်တို့အဘ” လို့ ဆုတောင်းတာကိုလည်း ဘုရားသခင် နှစ်သက်တယ်။

ဘုရားသခင်က နာမ်ဝိညာဉ် ဖြစ်တယ်။ ရုပ်တုဆင်းတု မဟုတ်ဘူး။ လူသားတို့ရဲ့ ဖခင် ဖြစ်တယ်။ လူတွေရဲ့ အားနည်းချက်ကို သိတယ်။ ဘုရားထံ မချဉ်းကပ်နိုင်တာကိုလည်း သိတယ်။ သားတော်အားဖြင့် ကြွလာပြီး၊ ယဇ်ပူဇော်ပေးစေတယ်။ ဘုရားသခင်က လူတွေကို ဖိတ်ခေါ်နေတယ်။ ဘုရားသားတွေသာလျှင် နာမ်ဝိညာဉ်နဲပ သစ္စာနဲ့ ကိုးကွယ်နိုင်တယ်။

ဘုရားမေတ္တာကို ရောင်ပြန်ဟပ်နေတဲ့ အသက်တာ ဖြစ်အောင် ဝိညာဉ်တော်နဲ့ ပြည့်ဝဖို့ ဆုတောင်းရတယ်။ ကိုယ့်အလိုနဲ့ ကိုးကွယ်ရင် အမှန် မဖြစ်နိုင်တာကြောင့် ဝိညာဉ်တော်ကို ပေးရတယ်။ ဝိညာဉ်တော်အားဖြင့် သစ္စာရှိသော၊ ဝမ်းမြောက်ပျော်ရွှင်နေသော အစေခံတွေ ဖြစ်လာရတယ်။ ရဲရင့်စွာ သက်သေခံလာနိုင်တယ်။ ဒါမှ ခရစ်တော်ရဲ့ ကားတိုင်အားဖြင့်ရတဲ့ ဝိညာဉ်တန်ခိုးနဲ့ ခမည်းတော်ကို ကိုးကွယ်လာနိုင်တယ်။

ခရစ်တော်က ဝတ်ပြုရာ ဗိမာန်တော်ကို သန့်ရှင်းစေခဲ့တယ်။ အပြစ်ရှိတဲ့ အမျိုးသမီးဟာ ခရစ်တော်အားဖြင့် ခမည်းတော်ကို မြင်ရပြီ။ အပြစ်ဝန်ခံပြီး၊ အသက်ရေကို ဆာငတ်တဲ့အတွက် ဘုရားကျေးဇူး ခံစားရတယ်။

ဆုတောင်း စိတ်နှလုံးနဲ့ ချီးမွမ်းဖို့၊ သန့်ရှင်းစွာ အသက်ရှင်ဖို့ အလိုတော်ရှိတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကိုးကွယ်မှုကို သန့်ရှင်းစေပါ။ အမြဲတမ်း ဘုန်းတော်ထင်ရှားတဲ့ ကိုယ်တော်သားတော်ကဲ့သို့ ဖြစ်စေပါ။ ဧဝံဂေလိတရားကို ကြားလျက် ဆုတောင်းသော ဝိညာဉ်နှင့် ပြည့်စေပါ။

မေးခွန်း ၃၃

  1. စစ်မှန်သော ကိုးကွယ်ခြင်းကို ဘာက တားဆီးသလဲ။ ဘယ်အရာက စစ်မှန်စေသလဲ။

ယောဟန် ၄း ၂၅ - ၂၆
၂၅ မိန်းမကလည်း မေရှိယ ကြွလာတော်မူသည်ဟု အကျွန်ုပ် သိပါ၏။ ရောက်တော်မူသောအခါ အကျွန်ုပ်တို့အား အလုံးစုံတို့ကို ဖေါ်ပြတော်မူမည်ဟု လျှောက်ပြန်၏။ မေရှိယ အနက်ကား ခရစ်တော်ဟု ဆိုလိုသတည်း။ ၂၆ ယေရှုကလည်း၊ သင်နှင့်စကားပြောသော ငါသည် မေရှိယပင် ဖြစ်သည်ဟု မိန့်တော်မူ၏။

အမျိုးသမီးက သခင်ယေရှုရဲ့ ချစ်ခြင်းမေတ္တာနဲ့ တန်ခိုးကို သိတယ်။ ပေးတဲ့ဂတိတော်တွေ ပြည့်စုံစေချင်လာတယ်။ ခရစ်တော် ကြွလာမယ့် ပရောဖက်ပြုစကားတွေကို မှတ်မိလာတယ်။ နာမတော်ကို မြော်လင့်လာတယ်။ ကိုယ်တော်အားဖြင့်သာ ဘုရားသခင်ကို စစ်မှန်စွာ ကိုးကွယ်နိုင်မယ်ဆိုတာ သိလာတယ်။

ထူးဆန်းတာက ဒီအရင်က သခင်ယေရှုက ဒီလောက် ရှင်းရှင်းလင်းလင်း မပြောပြသေးဘူး။ အခုတော့ ကြွလာမယ့်သူဟာ ငါပဲ လို့ ပြောလိုက်ပြီ။ “ဘုရားသခင်စေလွတ်သူဟာ ငါပဲ။ လူ့ဇာတိခံယူတဲ့ နှုတ်ကပတ်တော် ဖြစ်တယ်။ ကယ်တင်ရှင် ဖြစ်တယ်။” လို့ ပြောပြလိုက်ပြီ။

အမျိုးသမီးကတော့ မေရှိယဟာ ဘုရင်တကာတို့ရဲ့ ဘုရင်၊ အကြီးမြတ်ဆုံး ပရောဖက်၊ ယဇ်ပရောဟိတ်မင်း လို့ မသိသေးဘူး။ ကြွလာခြင်းမှာ ရှင်ပြန်ထမြောက်ခြင်းနဲ့ ကမ္ဘာအတွက် ငြိမ်သက်ခြင်း ပါမယ်လို့တော့ သိနိုင်လောက်တယ်။ ဒီနာမတော်နဲပ ပါတ်သက်တဲ့ ဂျူးတွေရဲ့ ရည်မှန်းချက်တွေကိုလည်း သိလောက်တယ်။ ဒါပေမယ့် သူ့မှာ လိုတာက သူ့အပြစ်တွေကို လွှတ်ပြီး၊ ကယ်တင်ဖို့ပဲ။ သူက ခရစ်တော်ကို ဒီအတွက် ယုံကြည်တာ ဖြစ်တယ်။

သခင်ယေရှုက “အခု စကားပြောနေသူဟာ အဲဒီပုဂ္ဂိုလ်ပဲ။” ခို့ ပြောတယ်။ ကောင်းကင်ရဲ့ အကြံအစည်တွေနဲ့ ပရောဖက်တွေရဲ့ ဂတိတွေဟာ ဒီနေရာမှာ ပြည့်စုံသွားတယ်။ ငါဟာ မေရှိယ လို့ ဘယ်သူမှ မပြောရဲဘူး။ ခရစ်တော် အတုကလည်း လာပြီး ဒီလိုပြောပါလိမ့်မယ်။ ဒါပေမယ့် ခရစ်တော်က အပြစ်သားကို မပစ်ပယ်ဘူး။ မေတ္တာ ထားတယ်။ ရှမာရိ အမျိုးသမီးကိုလည်း ကရုဏာ ထားတယ်။ အပြစ်မတင်ဘဲ သနားကြင်နာတယ်။

www.Waters-of-Life.net

Page last modified on January 29, 2022, at 04:29 AM | powered by PmWiki (pmwiki-2.3.3)