Home
Links
Bible Versions
Contact
About us
Impressum
Site Map


WoL AUDIO
WoL CHILDREN


Bible Treasures
Doctrines of Bible
Key Bible Verses


Afrikaans
አማርኛ
عربي
Azərbaycanca
Bahasa Indones.
Basa Jawa
Basa Sunda
Baoulé
বাংলা
Български
Cebuano
Dagbani
Dan
Dioula
Deutsch
Ελληνικά
English
Ewe
Español
فارسی
Français
Gjuha shqipe
հայերեն
한국어
Hausa/هَوُسَا
עברית
हिन्दी
Igbo
ქართული
Kirundi
Kiswahili
Кыргызча
Lingála
മലയാളം
Mëranaw
မြန်မာဘာသာ
नेपाली
日本語
O‘zbek
Peul
Polski
Português
Русский
Srpski/Српски
Soomaaliga
தமிழ்
తెలుగు
ไทย
Tiếng Việt
Türkçe
Twi
Українська
اردو
Uyghur/ئۇيغۇرچه
Wolof
ייִדיש
Yorùbá
中文


ગુજરાતી
Latina
Magyar
Norsk

Home -- Burmese -- Tracts -- Tract 01 (Do You Know Jesus?)
This page in: -- Armenian -- Baoule -- BURMESE -- Chinese -- Dagbani -- Dioula -- English -- French -- German? -- Greek -- Hausa -- Hebrew -- Hindi -- Igbo -- Indonesian -- Japanese -- Korean -- Lingala -- Maranao -- Nepali -- Peul -- Somali -- Spanish -- Sundanese -- Telugu -- Thai -- Turkish -- Twi -- Uzbek -- Yoruba

Next Tract

ဝေစာ - ဖြန့်ဝေဖို့ရန် နုတ်ကပတ်တော်များ

ဝေစာအမှတ်စဉ် 1 -- ယေရှုကိုသိပါသလား?


လူမျိုးနိုင်ငံတွေထဲမှာ သြဇာလွှမ်းမိုးပြီး လူတွေအလေးပေးတဲ့ခေါင်းဆောင်တွေ သမိုင်းအဖြစ်အပျက် များကို လေ့လာတဲ့အခါ အမြဲတွေ့ရှိရပါတယ်။ အဲ့ဒီထဲကတစ်ယောက်သောသူကတော့ ယေရှု၊ မာရိရဲ့သား ဖြစ်ပါတယ်။ ကမ္ဘာ့လူဦးရေ ၃/၁ ပုံက သူ့ရဲ့သွန်သင်ချက်များကို လိုက်နာပြီး သူ့နောက်တော်သို့ လိုက်ကြ ပါတယ်။ ယေရှုခရစ်တော်နာမဟာ ဓမ္မသစ်ကျမ်းထဲမှာ အရေးပါသော နာမည်ဖြစ်ပြီး၊ ဓမ္မသစ်ကျမ်း (၂၇)ကျမ်း ရှိတဲ့ အထဲမှာ (၉၇၅) ကြိမ် ယေရှုရဲ့နာမည်ကို အမည်ပြု အသုံးပြုခြင်းကိုတွေ့ရပါတယ်။ အပျို မာရိဆီကို ဘုရားသခင်က ကောင်းကင်တမန် ဂါဗြေလ (Gabril) ကို စေလွတ်ခဲ့တယ်။ ထိုနည်းတူ ယောသပ်ထံ ကိုလည်း ဘုရားသခင်၏ ကောင်းကင်တမန်သည် ထင်ရှားပါတယ်။ မာရိသည် သန့်ရှင်းသောဝိညာဉ်တော်ကြောင့် ပဋိသန္ဓေစွဲစေပြီး သားယောကျာ်းကို ဘွားမြင်လိမ့်မည်။ ထိုသား သည် မိမိလူတို့ကို အပြစ်မှ ကယ်ချွတ်မည့်သူ ဖြစ်သောကြောင့်၊ “ယေရှု” ဟူသောအမည်ဖြင့် မှည့်ရမည်ဟု ကောင်းကင်တမန်ဆို၏ (မဿဲ ၁း၂၀-၂၃၊ လုကာ ၁း၃၁)။ “ယေရှု” ဆိုသောနာမည်ဟာ လူတွေမည့်ပေးသော နာမည်မဟုတ်ပါ။ ဘုရားသခင် မည့်ပေးသော နာမည်ဖြစ်ပါတယ်။ “ယေရှု” ဆိုတဲ့နာမည်ထဲမှာ လူတွေကိုအပြစ်မှ ကယ်ချွတ်ဖို့ရန် ဘုရားသခင်ရဲ့ ကြီးမား သော အကြံအစည်ဖြစ်ပါတယ်။ စာပေအရ “ယေရှု” ဆိုသော အဓိပ္ပါယ်က “ထာဝရဘုရား ပဋိညာဉ်တော် မစခြင်းနဲ့ ကယ်တင်တော်မူခြင်း” ဟူ၍ ဖြစ်ပါတယ်။ နာဇရက်သား ယေရှုခရစ်တော်အားဖြင့် ခမည်းတော် ဘုရားသခင်က ကမ္ဘာ့လမ်းကြောင်းစဉ်လာကို ပြောင်းလဲ စေခဲ့ပါတယ်။ သားတော်ယေရှုသည် မိမိအလို အလျောက် အဘယ်အမှုကိုမျှမပြုနိုင်ဘဲ ခမည်းတော် ပြုတော်မူ သမျှအတိုင်း သားတော်ပြုလုပ်ခြင်း ဖြစ်ပါတယ် (ယော ၅း၁၉-၂၁; ၁၄း၁၀-၂၄)။ ယေရှုလောကထဲသို့ ကြွလာတော်မူခြင်းရဲ့ ရည်ရွယ်ချက်က ဘာဖြစ်မလဲ? သူ့ရဲ့တန်ခိုး လျှို့ဝှက်ချက်က ဘာဖြစ်မလဲ?


မာနထောင်လွှားခြင်းမှ လွတ်မြောက်ခြင်းကိုပေးသောအရှင်

ယေရှုက “ဝန်လေး၍ ပင်ပန်းသောသူအပေါင်းတို့၊ ငါ့ထံသို့လာကြလော့။ ငါသည် ချမ်းသာပေးမည်။ ငါ့ထမ်းဘိုးကိုတင်၍ ထမ်းကြလော့။ ငါ့ထံ၌ နည်းခံကြလော့။ ငါသည် နူးညံ့သိမ်မွေ့နှိမ့်ချသော စိတ်သဘော ရှိ၏။ သင်တို့ စိတ်နှလုံးသည် သက်သာခြင်းကိုရလိမ့်မည်” (မဿဲ ၁၁း၂၈-၂၉)။ရုန်းကန်၍ထိန်းချုပ်ဖို့ရန် ခက်ခဲခြင်းမျိုးစုံနဲ့ ရင်ဆိုင်နေရသော ၇ရက်သားသမီးတိုင်း ထမ်းနေရတဲ့ဝန်ထုပ်တွေကို ပျောက်ကင်းပြီး ထောင်လွှားသော မာနတွေကို ကင်းစင်ဖို့ ယေရှုက ချမ်းသာလွတ်မြောက်ခြင်းကို ပေးမှာဖြစ်ပါတယ်။ ယေရှုက ပြောတယ် “သူတစ်ပါးအစေကို ခံခြင်းဌာ၊ မိမိအသက်ကိုစွန့်၍ လူအများကို ရွေးခြင်းဌာ၎င်းကြွလာခြင်း” ဖြစ်တယ်လို့ (မဿဲ၂၀း၂၈) မှာ ဖော်ပြထားပါတယ်။ ယေရှုရဲ့ခွန်အားမစခြင်းနဲ့ သူ့ထံသို့ ရောက်လာသော သူတွေက မာနထောင်လွှားခြင်းမှ ပျော်ရွှင်ခြင်းကိုပေးပြီး လွတ်မြောက်စေမှာ ဖြစ်ပါတယ်။


ထာဝရဘုရား အပြစ်စီရင်ခြင်းမှ လွတ်မြောက်ခြင်းကိုပေးသောအရှင်

လူသားအပေါင်းတို့သည် အပြစ်ရှိသောကြောင့် အပြစ်စီရင်ခြင်းကို ခံရမှာဖြစ်ပါတယ်။ ဒါပေမယ့် ယေရှု အသွေးတော်အားဖြင့် ယုံကြည်သောသူအပေါင်းတို့သည် အပြစ်စီရင်ခြင်းမှ လွတ်မြောက်ခြင်းကိုရရှိမှာဖြစ်ပါ တယ် (ယော ၃း၁၈; ၅း၂၄)။ ထာဝရဘုရားသည် ပရောဖက် ဟေရှာယမှာ “အရှင်ထာဝရဘုရား မိန့်တော် မူသည်ကား၊ ငါ၏လူတို့သည် အထက်ကအဲဂုတ္တုပြည်၌ တည်းခိုအံ့သောငှါ သွားကြ၏။ နောက်မှ အာရှုရိလူတို့ သည် အကြောင်းမရှိဘဲ ညှဉ်းဆဲကြ၏။ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါ၏လူတို့ကို အကြောင်းမရှိဘဲ ယူ သွား၍၊ အစိုးရသောသူတို့သည် ဝါကြွားလျက်ငါ့နာမကို နေ့တိုင်းကဲ့ရဲ့ကြသည်ဖြစ်၍၊ ငါသည်အဘယ်သို့ ပြုရ မည်နည်း။ သို့ဖြစ်၍၊ ငါ၏လူတို့သည် ငါ့ကိုသိကြလိမ့်မည်။ ဂတိထားသောသူကား၊ ငါဖြစ်သည်ကိုအချိန်ရောက် မှသိကြလိမ့်မည်။ အကယ်စင်စစ်ငါရှိသည်ဟု ထာဝရဘုရား မိန့်တော်မူ၏” (ဟေရှာ ၅၃း၄-၆)။ ယေရှုသည် ရန်သူများ လက်မှသေခြင်းခံရသည့်အချိန်မှာ ထိုသူတွေအတွက် ဆုတောင်းပါတယ် “အိုအဖ၊ သူတို့ အပြစ်ကို လွတ်တော်မူပါ။ သူတို့သည် ကိုယ်ပြုသောအမှုကို မသိကြဟု မြွက်ဆိုတော်မူ၏ (လုကာ ၂၃း၂၄)။ ယေရှုရဲ့ မေတ္တာပေးပို့ခြင်းကို ကျွန်တော်တို့အတွက် ဘုရားသခင်က အဖြေပေးပြီး အပြစ်စီရင်ခြင်းမှ လွတ်မြောက်ခြင်းကို ပေးပါတယ်။


အပြစ်မှ ဖြောင့်မတ်ခြင်းကိုပေးသောအရှင်

ယေရှုက “ဒုစရိုက်ကို ပြုသမျှသော သူတို့သည် ဒုစရိုက်၏ကျွန်ဖြစ်ကြ၏။ ထို့ကြောင့် သား(ယေရှု) သည် သင်တို့ကို လွှတ်လျှင် သင်တို့သည် ဧကန်အမှန်လွတ်ကြလိမ့်မည်” ဟု (ယောဟန် ၈း၃၄,၃၆) မှာ မိန့်မှာ ခဲ့ပါတယ်။ ယေရှုကို ယုံကြည်သောသူတွေ အပြစ်ရဲ့ကျွန်ထဲမှ လွတ်မြောက်ခြင်းကိုပေးတယ်။ သူ့ကို ယုံကြည် သောအခါ ဘုရားသခင်၏ဝိညာဉ်တော်သည် ကျွန်တော်တို့အထဲ၌ ကျိန်းဝပ်တော်မူ၍ အပြစ်မှဖြောင့်မတ်ခြင်းကို ပေးကာ မစတော်မူ၏(ရောမ ၈း၉-၁၁)။ မိတ်ဆွေ ယေရှုကို ယုံကြည်သောသူအပေါင်းတို့ သည် အပြစ်မှ ဖြောင့်မတ်ခြင်းကို ရရှိကာ လွတ်မြောက်ခြင်းကိုပေးသော သခင်ဖြစ်ပါတယ်။ မိတ်ဆွေယုံရင် သင့်ရဲ့အပြစ်မှ ဖြောင့်မတ်ခြင်းကို ပေးကာ လွတ်မြောက်စေမယ့် သခင် ဖြစ်ပါတယ်။


မာရ်နတ်၏ စုံစမ်းသွေးဆောင်ခြင်းမှ အောင်မြင်သောသူ

မာရ်နတ်၏ သွေးဆောင်ခြင်းမှ အောင်နိုင်သော ယေရှုသည် ဘယ်လိုနည်းမျိုးစုံနဲ့ မာရ်နတ်က သွေးဆောင်သော်လည်း လုံးဝတွေးတောခြင်းမရှိဘဲ အောင်မြင်ခြင်းကို ရရှိခဲ့ပါတယ်(မဿဲ ၄း၁-၁၁၊ လုကာ ၄း၁-၁၃)။ ယေရှုသည် ရက်ပေါင်း(၄၀)အစာရှောင်ဆုတောင်း၍ ဗိုက်ဆာကာ လူသားအနေနဲ့ စွဲမက်ဖွယ်ရာ စားဖွယ်များနဲ့ မာရ်နတ်က သွေးဆောင်သော်လည်း ယေရှုသည် အပြစ်သွေးဆောင်ရာသို့မပါဘဲနဲ့ ဘုရား ကိုသာ ယုံကြည်ကိုးကွယ်လျက် ရှိနေမြဲဖြစ်တယ်။ ယေရှုက မာရ်နတ်ရဲ့ တန်ခိုးကို အသုံးပြုဖို့ အခွင့်အရေးကို မပေးဘူး။ ယေရှုဟာ နတ်ဆိုးစွဲသောသူများထံမှ နတ်ဆိုးကို နှင်ထုတ်ပေးတယ်။ တပည့်တော်တို့ကို နတ်ဆိုး အပေါင်းကိုနိုင်သော တန်ခိုးနှင့် အနာရောဂါတို့ကို ငြိမ်းစေခြင်းငှါ အခွင့်တန်ခိုးကို ပေးတယ် (လုကာ၉း၁)။ မိတ်ဆွေလည်း ယေရှုကို အကြွင်းမဲ့ယုံကြည်ရင် မာရ်နတ်ရဲ့ တန်ခိုးမှ လွတ်မြောက်ခြင်းကို ရရှိမှာဖြစ်ပါတယ်။


သေခြင်းကို အောင်မြင်သောသူ

ယေရှုက “ငါသည် ထမြောက်ခြင်းအကြောင်း၊ အသက်ရှင်ခြင်းအကြောင်းဖြစ်၏၊ ငါ့ကိုယုံကြည်သော သူသည် သေလွန်သော်လည်း ရှင်လိမ့်မည်။ ငါ့ကိုယုံကြည်၍ အသက်ရှင်သောသူ ရှိသမျှတို့သည်လည်း သေခြင်းနှင့် အစဉ်မပြတ် ကင်းလွတ်ကြလိမ့်မည်။ ငါ့ကို ယုံသလော ဟု ယေရှုမေးတော်မူလျှင်” (ယောဟန် ၁၁း၂၅-၂၆)။ ယေရှုသည် သေခြင်းကိုအောင်မြင်ကာ နောက်လိုက်တပည့်တော်တွေရှေ့မှာ ကိုယ်ထင်ပြ၍ စကားပြောကာ ဒဏ်ရာဒဏ်ချက်များကို ကြည့်ရှုကြတယ်။ ထိုနည်းတူစွာပင် ယေရှုကို ယုံကြည်သော ယုံကြည်သူတိုင်းကို ဘုရားသခင်က သေခြင်းမှ လွတ်မြောက်ခြင်းကို ပေးတာဖြစ်ပါတယ်။

မုန်းတီးခြင်း အနာကို ကုသပျောက်ကင်းစေသော သခင်ယေရှုက သင်တို့၏ ရန်သူတို့ကို ချစ်ကြလော့။ သင်တို့ ကို မုန်းသောသူတို့အား ကျေးဇူးပြုလော့၊ သင်တို့ကို ကျိန်ဆဲသောသူတို့အား မေတ္တာပို့ကြလော့။ သင်တို့ကို နှောင့်ယှက်သော သူတို့အဘို့ ဘုရားသခင်ကို ဆုတောင်းကြလော့ဟု မိန့်မှာခဲ့ပါတယ် (မဿဲ ၅း၄၄-၄၅၊ လုကာ ၆း၂၇-၂၈)။ ဘုရားသခင်မှလာသော သားတော်ယေရှုသည် ရန်သူများအပြစ်ကို ခွင့်လွှတ်ကာ နောက်လိုက်များ အပြစ်ကိုလည်း ခွင့်လွှတ်ကာ သူတစ်ပါး အပြစ်ကိုလည်း ခွင့်လွှတ်ဖို့ရန် မိန့်မှာခဲ့ပါသည်။ ယေရှုသည်ချစ်ခြင်းမေတ္တာဖြစ်တော်မူသောကြောင့် ခွင့်လွတ်နိုင်တာဖြစ်တယ်။ သူ့ကိုယုံကြည်သောသူတိုင်း သည်လည်း ယေရှုက ထိုမုန်းတီးခြင်းမှ လွတ်မြောက်ခြင်းကို ပေးတာဖြစ်ပါတယ်။ နာဇရက်သားယေရှုသည် မိမိဒေသအရပ်၊ မိမိလူမျိုးတို့သည် သူ့ကိုလက်မခံဘဲ နေကြသည်။ သို့သော်လည်း ယေရှုသည် သူ့ဘက်က ချစ်ခြင်းမေတ္တာ၊ ခွင့်လွှတ်ခြင်းကိုပြကာ သူ့ကိုယုံကြည်သောသူအပေါင်းတို့သည် ထာဝရအသက်ကို ရရှိဖို့ ကယ်တင်ခြင်းဆုကျေးဇူးကို အခမဲ့ပေးခဲ့ပါတယ်။


ဓမ်မမိတျဆှေ, အသက်ရှင်တော်မူသော ယေရှုသခင်သည် မိတ်ဆွေရှိတဲ့နေရာကနေ သူ့ကိုခေါ်ဖိတ်ကာ ယုံကြည်ဖို့ရန် ခေါ်ဖိတ်နေပါတယ်။ မိတ်ဆွေမှာ ခံစားရတဲ့အရာ ပြဿနာတွေ၊ အပြစ်နဲ့ဖုံးလွှမ်းတဲ့ ကိ်ုယ်၊ စိတ်၊ နှလုံးကို ဆေးကြောဖို့ရန် သန့်ရှင်းသော ဝိညာဉ်တော်ကို သူစေလွတ်ခဲ့ပါပြီ။ မိတ်ဆွေရဲ့ နှလုံးသားကို မာကျောခြင်း မထားဘဲနဲ့ ဒီအခွင့်အရေးကို လက်လွတ်အဆုံးမပေးဘဲနဲ့ လက်ခံကြည့်လိုက်ပါ။ ယေရှုသည် ကျွန်တော်တို့ လူသားအားလုံးရဲ့ ကယ်တင်ရှင်၊ အပြစ်မှ လွတ်မြောက်ခြင်းကို ပေးသောသူဖြစ်ပါတယ်။ ဘုရားသခင်နဲ့ ကျွန်တော်တို့အပြစ်ရှိတဲ့ လူတွေကြားမှာ ဖျန်ဖြေပေးသော အရှင်ဖြစ်ပါတယ်။

ဆုတောင်းခြင်း အတူတကွ ဒီဆုတောင်းချက်နဲ့ ဆုတောင်းရအောင်။ ။အပြစ်ရှိတဲ့လောကလူသားအားလုံးကို ကယ်တင်ပေးကာ အကျွန်ုပ်၏ အပြစ်ကိုလည်း ခွင့်လွှတ်ကာ ကယ်တင်သောအရှင် ယေရှုဘုရား၊ ဘုရားသခင်၏ အပြစ်စီရင်ခြင်းမှ လွတ်မြောက်ခြင်းပေးကာ ကျွန်တော်/မရဲ့ မာနထောင်လွှားခြင်းမှ လွတ်မြောက်ခြင်းကို ပေးသော ယေရှုဘုရားကို ကျေးဇူးတင်ပါ၏။ ဒီကနေ့မှာ ကျွန်ုပ်၏အပြစ်ရှိသမျှအားလုံးကို ဖြောင့်မတ်ခြင်းကိုပေးကာ ခွင့်လွတ်တော်မူပါ၊ ကျွန်တော် ကိုယ်တော့် ရှေ့တော်သို့ ရှိသည့်အတိုင်း၊ ဖြစ်သည့်အတိုင်း အထံတော်သို့ရောက်လာပါ၏။ ကိုယ်တော်လက်ခံကာ ကိ်ုယ်တော်ရဲ့အလိုတော်အတိုင်း အသက်ရှင်နိုင်ဖို့ရန် မစတော်မူကာ ခွန်အားပေးသနားတော်မူပါ။ ယေရှု နာမအားဖြင့် ဆုတောင်းပါ၏။ အာမင်။ ။


ယေရှုအကြောင်းကို ပို၍သိရှိလိုပါသလား ချစ်သောမိတ်ဆွေ?

ကျွန်တော်တို့သည် မိတ်ဆွေလိုအပ်တဲ့ အခမဲ့စာပေများကို တောင်းဆိုတဲ့အတိုင်း ဆောင်ရွက်ပေး သွားမှာ ဖြစ်ပါတယ်။ ဒီသတင်းကောင်းကို မိတ်ဆွေရဲ့ အိမ်နီးနားချင်းကိုလည်း ဖြန့်ဝေပေးပါ။ ဒီစာစောင်ကို ဖတ်ခြင်းအားဖြင့် မိတ်ဆွေတကယ်ပဲ ခွန်အားရရှိကာယေရှုနဲ့ ထိတွေ့သွားရင် အိမ်နီးနားချင်းကိုလည်း မျှဝေ ပေးပါ။ လိုအပ်သလောက် စာစောင်ကိုအခမဲ့နဲ့ ကျွန်တော်တို့ထံမှ ရရှိမှာ ဖြစ်ပါတယ်။


မိတ်ဆွေရဲ့ သက်သေခံချက်စာစောင်ကို ကျွန်တော်တို့ စောင့်မျှော်နေပါတယ်။ စာရေးတဲ့အချိန် စာပြန်ပေးဖို့ရန် လိပ်စာအပြည့်အစုံ ရေးပေးထားပါ။ ဘုရားသခင်ကောင်းကြီးပေးပါစေ။

WATERS OF LIFE
P.O. BOX 60 05 13
70305 STUTTGART
GERMANY

Internet: www.waters-of-life.net
Internet: www.waters-of-life.org
e-mail: info@waters-of-life.net

www.Waters-of-Life.net

Page last modified on September 18, 2018, at 10:19 AM | powered by PmWiki (pmwiki-2.3.3)