Home
Links
Bible Versions
Contact
About us
Impressum
Site Map


WoL AUDIO
WoL CHILDREN


Bible Treasures
Doctrines of Bible
Key Bible Verses


Afrikaans
አማርኛ
عربي
Azərbaycanca
Bahasa Indones.
Basa Jawa
Basa Sunda
Baoulé
বাংলা
Български
Cebuano
Dagbani
Dan
Dioula
Deutsch
Ελληνικά
English
Ewe
Español
فارسی
Français
Gjuha shqipe
հայերեն
한국어
Hausa/هَوُسَا
עברית
हिन्दी
Igbo
ქართული
Kirundi
Kiswahili
Кыргызча
Lingála
മലയാളം
Mëranaw
မြန်မာဘာသာ
नेपाली
日本語
O‘zbek
Peul
Polski
Português
Русский
Srpski/Српски
Soomaaliga
தமிழ்
తెలుగు
ไทย
Tiếng Việt
Türkçe
Twi
Українська
اردو
Uyghur/ئۇيغۇرچه
Wolof
ייִדיש
Yorùbá
中文


ગુજરાતી
Latina
Magyar
Norsk

Home -- Burmese -- John - 130 (The witness of John and his gospel)
This page in: -- Albanian -- Arabic -- Armenian -- Bengali -- BURMESE -- Cebuano -- Chinese -- Dioula? -- English -- Farsi? -- French -- Georgian -- Greek -- Hausa -- Hindi -- Igbo -- Indonesian -- Javanese -- Kiswahili -- Kyrgyz -- Malayalam -- Peul -- Portuguese -- Russian -- Serbian -- Somali -- Spanish -- Tamil -- Telugu -- Thai -- Turkish -- Twi -- Urdu -- Uyghur? -- Uzbek -- Vietnamese -- Yiddish -- Yoruba

Previous Lesson

ယောဟန် - အမှောင်မှာ ထွန်းလင်းတဲ့ အလင်းတော်
ရှင်ယောဟန်ခရစ်ဝင်ကျမ်းကို လေ့လာခြင်း
အပိုင်း ၄ - အလင်းက အမှောင်ကို နိုင်တယ်။
B - ခရစ်တော် ရှင်ပြန်ခြင်းနဲ့ ကိုယ် ထင်ရှားပြခြင်း (ယောဟန် ၂၀း ၁- ၂၁း ၂၅)
5. သခင် ယေရှုဟာ အိုင်နားမှာ ကိုယ် ထင်ရှားတယ်။ (ယောဟန် ၂၁း ၁- ၂၅)

d) ယောဟန်နဲ့ သူ့ခရစ်ဝင်ကျမ်းရဲ့ သက်သေခံချက် (ယောဟန် ၂၁း ၂၄-၂၅)


ယောဟန် ၂၁း ၂၄
၂၄ “ထို တပည့် တော် ကား ဤ အကြောင်း အရာ တို့ကို သက်သေ ခံ၍ ရေးထား သောသူ ဖြစ်၏။”

ဒီနေရာမှာ အချက် ၄ ချက် တွေ့ရတယ်။ ဒီခရစ်ဝင်ကျမ်းကို ရေးသားဖြန့်ချီချိန်မှာ ရှင်ယောဟန် အသက်ရှင်သေးတယ်။ ဂရိ စကားပြောတဲ့ အသင်းတော်တွေ ကြားမှာ ထင်ရှားတယ်။ နှစ်ခြင်းဆရာယောဟန် လက်ထက်ကနေ သခင်ယေရှု ကောင်းကင် ကြွသည်အထိ သူဟာ သခင်ယေရှရဲ့ တပည့်တော်အဖြစ်နဲ့ ကျန်ရစ်တယ်။ ယောဟန်ဟာ သခင်ယေရှုရဲ့ မျက်မြင်သက်သေ ဖြစ်တယ်။ စကားတော်ကို ကြားပြီး မှတ်တမ်းတင်တယ်။ နိမိတ် လက္ခဏာတွေကို မှတ်တမ်းတင်တယ်။ ဒီခရစ်ဝင်ကျမ်းကို ရေးသူဟာ အသင်းသား တယောက်ယောက် မဟုတ်ဘဲ သခင်ယေရှုချစ်တဲ့ တပည့်တော် ယောဟန် ကိုယ်တိုင် ဖြစ်တယ်။

သူဟာ ဂရိစကားမှာ ကျွမ်းကျင်သူ မဟုတ်လောက်ဘူး။ သူ့ရဲ့တပည့်ထဲက ဘာသာစကား ကျွမ်းကျင်သူ တယောက်အားဖြင့် ရေးသားပုံ ရတယ်။ အဓိပ္ပါယ်က ရှင်းတယ်။ တရားစကားက မပြောင်းလဲဘူး။ အဲဒီခေတ် ခရစ် ဝင်ကျမ်းကို ဖြန့်ချီတဲ့သူတွေ က ယောဟန်ရဲ့သက်သေဟာ လုံးဝ ခိုင်လုံတယ်လို့ အသိအမှတ် ပြုကြတယ်။ ဒီလို အသိအမှတ်ပြုခြင်းလည်း လိုအပ်တယ်။ ရှင်ယောဟန်ခရစ်ဝင်ကျမ်းဟာ တခြား ခရစ်ဝင်ကျမ်းတွေနဲ့ ကွဲပြားမှု ရှိတယ်။

ဒီထူးခြားတဲ့ ခရစ်ဝင်ကျမ်းကို ချစ်သောတပည့်တော်ရေးတဲ့အတွက် ရတနာသိုက်တခုလို ဖြစ်လို့ ဝမ်းသာစရာ ကောင်းတယ်။ ဒီခရစ်ဝင်ကျမ်းကို ဖြန့်ချီသူတွေဟာ သူတို့အသက်တာမှာ ခရစ်တော်ကို ရရှိ၊ ခံစားကြရတယ်။ ကိုယ်တော့်ကို လက်ခံကြတယ်။ ဘုရားသားသမီး ဖြစ်လာတယ် နာမတော်ကို ယုံကြည်ကြတယ်။ သန့်ရှင်းသော ဝိညာဉ်တော်က ဆင်းသက်ပြီး သူတို့အထဲမှာ နေတယ်။ မကောင်းသော ဝိညာဉ်ဆိုးများရဲ့ ရန်မှ ကင်းလွတ်စေတယ်။ မုသာနဲ့ သမ္မာတရားကို ခွဲခြားသိမြင်ပြီး သန့်ရှင်းသော ဝိညာဉ်တော်ဟာ သူတို့အပေါ်မှာ တရားစကားကို လမ်းပြသွန်သင်တော်မူတယ်။

ယောဟန် ၂၁း၂၅
၂၅ “သူ၏ သက်သေခံချက်မှန်သည်ကို ငါတို့သိကြ၏။ ယေရှု ပြုတော်မူသော အခြားအမှုအရာများ ရှိသေး၏။ ထိုအမှုအရာ ရှိသမျှတို့ကို အသီးအခြား ရေးထားလျှင် မြေကြီးမဆံ့နိုင်အောင် ကျမ်းစာများပြားလိမ့်မည် ဟု ထင်မှတ်ခြင်းရှိ၏။”

တချို့လူတွေက ခရစ်ဝင်ကျမ်း ၄ ကျမ်း ရှိနေခြင်းအပေါ် ထိမိလဲစရာ ဖြစ်ကြတယ်။ ပေတရုရဲ့ ဩဝါဒစာတွေကိုလည်း ခရစ်ဝင်ကျမ်း လို့ သတ်မှတ်မယ် ဆိုရင် ခရစ်ဝင်ကျမ်းဟာ ၅ ကျမ်း ဖြစ်သွားမယ်။ စစ်မှန်တဲ့ ယုံကြည်သူ တယောက်ရဲ့ အသက်တာ ဟာလည်း ခရစ်ဝင်ကျမ်း တကျမ်းလို ဖြစ်နေတယ်။ ရှင်ယောဟန် ခရစ်ဝင်ကျမ်းကို ရေးသူက သူဟာ သခင်ယေရှု ပြောတဲ့စကား လုပ်တဲ့အမှုအရာတွေ အများ ကြီးကို ကြားခဲ့တယ်လို့ ဝန်ခံတယ်။ ဒါတွေအားလုံးကို သူမစုစည်းနိုင်တော့ဘူး။ ဘုရားသခင်ရဲ့ ပြည့်စုံခြင်းဟာ ကိုယ်တော်၌ တည်နေတယ်။ ယုံကြည်သူ ခရစ်ယာန်တိုင်းရဲ့ အထဲမှာလည်း ကျိန်းဝပ်တယ်။ ခြေလှမ်းတိုင်းကို လမ်းပြတော်မူတယ်။ သခင်ယေရှု ရှင်ပြန်ထမြောက်ပြီးချိန်မှသည် ယနေ့ခေတ်ကာလအထိ သခင်ယေရှု ပြုမူတဲ့အရာ အားလုံးကို ရေးသား မှတ်တမ်းတင်ဖို့ ကြိုးစားမယ် ဆိုရင် ကျမ်းစာရေးဖို့ မဆန့် နိုင်အောင် ဖြစ်လိမ့်မယ်။ အဓိကရည်ရွယ်ရင်းကိုပဲ ရေးဖို့ လိုတယ်။ လူတွေအပေါ်မှာ ထားတဲ့ ဘုရားရဲ့ ချစ်ခြင်းမေတ္တာဟာ အနံ၊ အလျား၊ အကျယ်၊ အမြင့်ကို နားလည်ဖို့ ဆိုရင် ခရစ်ယာန်တွေအနေနဲ့ ထာဝရကာလ တလျှောက်လုံး အချိန် ယူရလိမ့်မယ်။

အသက်ရှင်တဲ့ ခရစ်တော်က သူ့ရဲ့စကားအားဖြင့် ဓမ္မသစ်ကျမ်းမှာ မှတ်တမ်းတင်ထားတဲ့အတိုင်း အလုပ် လုပ်တော်မူတယ်။ ယုံကြည်သူတွေလည်း ကောင်းကြီးခံစားရတယ်။ အသံတော်ကို ကြားရတယ်၊ အလိုတော်ကို နားလည်ပြီး နောက်တော် လိုက်ကြတယ်။ ယောဟန်က သခင်ယေရှုခရစ်ရဲ့ ချစ်ခြင်းမေတ္တာ အကြောင်း ရေးတယ်။ အားလုံးလည်း ဝန်ခံနိုင်ဖို့ ဖြစ်တယ်။ ငါတို့ သူ၏ဘုန်းတော်ကို မြင်ခဲ့ရပြီ။ ခမည်းတော်၌ တပါးတည်းသော သားတော်၏ ဘုန်းကဲ့သို့ ဖြစ်၏။ ကျေးဇူးတော်နှင့် သမ္မာတရားလည်း ပြည့်လျက်ရှိ၏။ သူ၏ ပြည့်စုံခြင်းမှ ငါတို့သည် ကျေးဇူးတပါးမှ တပါး ခံကြရပြီ။

ဆုတောင်း ယောဟန်ထံမှ ဩဝါဒစာကို ရေးပေးသည့်အတွက် ကျေးဇူးတင်ပါ၏။ စကားတော်များ အားဖြင့် ဒီနေ့တိုင်အောင် ဆက်ပြောလျက်ရှိပါ၏။ ကိုယ်တော့်သနားခြင်း၊ ကိုယ်တော့်စကား ကိုယ်တော့်အလုပ်၊ အသက်တာ၊ သေခြင်း၊ ထမြောက်ခြင်းအတွက် ကျေးဇူးတင်ပါ၏။ ခမည်းတော်ကို ဖွင့်ပြလျက် အပြစ်များကို ခွင့်လွှတ်ခဲ့ပါ၏။ ဝိညာဉ်တော်အား ဖြင့် အသက်သစ်ကို ပေးပါ၏။

မေးခွန်း ၁၃၄

  1. ရှင်ယောဟန် ခရစ်ဝင်ကျမ်းကို ဝေဖန်ချင်သူတွေကို ဘယ်လို ဖြေရှင်းရမလဲ။

QUIZ - 7

ချစ်သော ဓမ္မမိတ်ဆွေ
ဒီ အမေးအဖြေမေးခွန်း ၂၄ မှ အဖြေမှန် ၂၀ ကို ပြန်ဖြေပေးပါ။ ဒါတင်မက အခြားသော ရှင်ယောဟန်ခရစ်ဝင်ကျမ်း မှ မေးခွန်းများ အဖြေမှန်ပေးနိုင်ပါက အောင်မြင်ကြောင်းလက်မှတ်ရရှိမှာဖြ စ်ပါတယ်။

  1. အန္နထံ မရောက်ခင်မှာ သခင်ယေရှုနဲ့ ပေတရုရဲ့ ဆက်သွယ်မှုက ဘယ်လို ရှိခဲ့သလဲ။
  2. သခင်ယေရှု ဘုရင် ဖြစ်တယ် ဆိုတာ ဘယ်လို မျိုးလဲ။ ဘယ်လို ဘုရင်လဲ ဘယ်လို ဖြစ်တာလဲ။
  3. သခင်ယေရှုကို ဝတ်ရုံခြုံ ဆူးသရဖူဆောင်းပြီး ရိုက်နှက်ခံရပုံကို မြင်တဲ့အခါ ဘာကို သင်ယူမိပါ သလဲ။
  4. သခင်ယေရှု အပေါ်မှာ ပိလတ်က ဘာကြောင့် သေဒဏ်ချခဲ့ သလဲ။
  5. ကားတိုင်ပေါ်မှာ ရိုက်ထားတဲ့ ဘွဲ့နာမည်ရဲ့ အဓိပ္ပါယ်က ဘာလဲ။
  6. သခင်ယေရှုရဲ့ စကား ၃ ခွန်းက ဘာလဲ။
  7. သခင်ယေရှုရဲ့ အရိုးကို မချိုးခြင်းအားဖြင့် ဘာကို သင်ယူလေ့လာနိုင်သလဲ။
  8. သခင်ယေရှုကို သင်္ဂြိုဟ်ခြင်းက ဘာကို သွန်သင် ပေးသလဲ။
  9. ခရစ်တော် ရှင်ပြန် ထမြောက်တဲ့အခါ ထင်ရှားတဲ့ အဖြစ်အပျက် ၃ ခု ပြောပြပါ။
  10. သင်္ချိုင်း ဂူထဲမှာရှိစဉ် ယောဟန် ဘယ်အရာကို အားကိုးခဲ့ သလဲ။
  11. မာရိကို ကိုယ် ထင်ပြပြီး နာမည်မခေါ်ချိန်အထိ မာရိဟာ သခင်ဘုရားရဲ့ အလောင်းတော်ကို ဘာကြောင့် စိတ်မလျော့ပဲ ဆက်ရှာနေသလဲ။
  12. မာဂဒလ မာရိ အားဖြင့် ကြားရတဲ့ ခရစ်တော် ရဲ့ တရားစကားက ဘာလဲ။
  13. ရှင်ပြန်ထမြောက်တော်မူပြီးနောက် တပည့်တော်တို့အား ပြောသော သခင်ယေရှု၏ ပထမ ဆုံးသော စကားအဓိပ္ပါယ်ကို ပြောပြပါ။
  14. တပည့်တော်တွေကို စေလွှတ်ရာမှာ ထူးဆန်းသောအကြောင်းအရာကို ဖေါ်ပြပါ။
  15. တပည့်တော်တွေကို စေလွှတ်ရာမှာ ထူးဆန်းသောအကြောင်းအရာကို ဖေါ်ပြပါ။
  16. သန့်ရှင်းသော ဝိညာဉ်တော်ဆိုတာ ဘယ်သူလဲ။ သင့်သက်သေခံခြင်းအားဖြင့် ဝိညာဉ်တော်က ဘာလုပ်ဆောင် နိုင်သလဲ။
  17. သောမက်စ်ရဲ့ ဝန်ခံချက်ကို ဘယ်လို အသုံးချနိုင်သလဲ။
  18. မမြင်ရတဲ့သူတွေဟာ မင်္ဂလာရှိတဲ့ ယုံကြည်သူတွေ ဖြစ်တယ် လို့ သခင်ယေရှု ဘာကြောင့် ပြောသလဲ။
  19. ရှင်ယောဟန်က သူ့ ခရစ်ဝင်ကျမ်းရဲ့ နိဂုံးအနေနဲ့ ဘာတွေကို အဓိက ထားသွားသလဲ။
  20. ငါး အများကြီး ဖမ်းမိခြင်းဟာ တပည့်တော်တို့အတွက် ရှက်စရာ ဘာကြောင့် ဖြစ်သွား ရသလဲ။
  21. သခင် ယေရှုနဲ့ ပေတရုရဲ့ ပြောစကားတွေမှာ သင့်ကို စိတ်နှလုံး ထိတွေ့စေတဲ့ စကားရှိသလား။
  22. ပေတရုက ဘုရားဘုန်းတော် ဘယ်လို ထင်ရှားလဲ။
  23. ဒီခရစ်ဝင်ကျမ်းထဲမှာ သခင်ယေရှု နောက်ဆုံးပြောတဲ့ စကားက ဘာလဲ။
  24. ရှင်ယောဟန် ခရစ်ဝင်ကျမ်းကို ဝေဖန်ချင်သူတွေကို ဘယ်လို ဖြေရှင်းရမလဲ။

ဒီစာစောင်များကို မိတ်ဆွေထံသို့ ရောက်လာဖို့ရန်မိတ်ဆွေ ရဲ့အိမ်လိပ်စာအတိအကျကို အောက်မှာ ဖြည့်ပေးပါ။

Waters of Life
P.O.Box 600 513
70305 Stuttgart
Germany

Internet: www.waters-of-life.net
Internet: www.waters-of-life.org
e-mail: info@waters-of-life.net

ဒီစာစောင်တွေကို ဖတ်ခြင်းဖြင့် ခွန် အားရရှိပါက အခြားသော စာစောင်များ ကိုလည်း ကျွန်တော်တို့ထံမှ ထပ်ပြီးရရှိ မှာဖြစ်ပါတယ်။

www.Waters-of-Life.net

Page last modified on January 29, 2022, at 05:03 AM | powered by PmWiki (pmwiki-2.3.3)