Waters of LifeBiblical Studies in Multiple Languages |
|
Home Bible Treasures Afrikaans |
This page in: -- Albanian -- Arabic -- Armenian -- Bengali -- BURMESE -- Cebuano -- Chinese -- Dioula? -- English -- Farsi? -- French -- Georgian -- Greek -- Hausa -- Hindi -- Igbo -- Indonesian -- Javanese -- Kiswahili -- Kyrgyz -- Malayalam -- Peul -- Portuguese -- Russian -- Serbian -- Somali -- Spanish -- Tamil -- Telugu -- Thai -- Turkish -- Twi -- Urdu -- Uyghur? -- Uzbek -- Vietnamese -- Yiddish -- Yoruba
Previous Lesson -- Next Lesson ယောဟန် - အမှောင်မှာ ထွန်းလင်းတဲ့ အလင်းတော်
ရှင်ယောဟန်ခရစ်ဝင်ကျမ်းကို လေ့လာခြင်း
အပိုင်း ၄ - အလင်းက အမှောင်ကို နိုင်တယ်။
B - ခရစ်တော် ရှင်ပြန်ခြင်းနဲ့ ကိုယ် ထင်ရှားပြခြင်း (ယောဟန် ၂၀း ၁- ၂၁း ၂၅)
1. ပသခါပွဲနေ့ အာရုဏ် တက်ချိန်မှ ဖြစ်ရပ်များ ( Easter) (ယောဟန် ၂၀း ၁- ၁၀)
c) သခင် ယေရှုက မာဂဒလ မာရိကို ထင်ရှားခြင်း (ယောဟန် ၂၀း ၁၁- ၁၈)ယောဟန် ၂၀း ၁၁- ၁၃ တပည့်တော်နှစ်ပါး သင်္ချိုင်းဂူ အလွတ် ဖြစ်ကြောင်း နားလည်ရင်း အိမ်ပြန်ကြတယ်။ ဒီမှာ ဆက်နေဖို့ မလိုတော့ဘူး။ ဒါပေမယ့် မာဂဒလ မာရိဟာ သင်္ချိုင်းထဲမှာ အလောင်းမရှိကြောင်း ပြောပြပြီးမှ သင်္ချိုင်းကို တခါ ပြန်လာတယ်။ သင်္ချိုင်းနားမှာ ရပ်နေတယ်။ တပည့်တော်နှစ်ယောက် အိမ်ပြန်သွားပေမယ့်လည်း မာရိက အလောင်း ပျောက်သွားတဲ့ကိစ္စ စိတ်မကျေနပ်သေးဘူး။ ကိုယ်တော်ဟာ ယုံကြည်သူတွရဲ့မျှော်လင့်ခြင်းခွန်အား ဖြစ်တယ်။ အလောင်းကို မတွေ့တဲ့အတွက် သူ့ရဲ့မျှော်လင့်ခြင်းဟာ ရွေ့လျော့ တော့မလို ဖြစ်တယ်။ ဒါကြောင့် သူ အသည်းအသန် ငိုကြွေးမိတယ်။ သူငိုနေတုန်းမှာ သခင်ယေရှုက တခြားအမျိုးသမီးတွေထံ ကိုယ်ထင်ပြတဲ့ ကောင်းကင်တမန်နှစ်ပါးကို မာရိထံ စေလွှတ်တယ်။ ကောင်းကင်တမန်တွေကို သင်္ချိုင်းဂူထဲမှာ ဝတ်ဖြူစင်ကြယ်နဲ့ ထိုင်နေတာ တွေ့ရတယ်။ ဒါပေမယ့် ကောင်းကင်တမန်တွေက သူ့ကို နှစ်သိမ့်စကား မပြောဘူး။ သခင်ယေရှုကို တွေ့မှသာ စိတ်သက်သာရာ ရမှာဖြစ်တယ်။ မာရိရဲ့ စိတ်နှလုံး ကတော့ ကိုယ်တော် ဘယ်မှာ လဲလို့ ရှာဖွေနေဆဲ ဖြစ်တယ်။ ဒီ တိတ်ဆိတ်တဲ့ ခေါ်သံဟာ ဒီနေ့ခေတ် ယုံကြည်သူတွေကိုလဲ စကား ပြောနေတယ်။ တို့ ဘာလုပ်ရင် ရမလဲ၊ တို့ ဘာလုပ်ချင်သလဲ၊ တို့ လိုချင်တဲ့ အရာတွေ အတွက် ဘာကြောင့် တို့ လုပ်သင့် သလဲ။ ငါတို့ ရည်ရွယ်ချက်က ဘာလဲ၊ မာဂဒလ မာရိနဲ့ ငါတို့ တူသလား။ တခြားအရာကို မရှာဘဲ သခင်ယေရှုကိုသာ တွေ့မြင်ချင်စိတ်ရှိသလား။ ငါတို့ရဲ့ စိတ်နှလုံးက သခင် ပြန်ကြွလာဖို့ တောင့်တစိတ်ရှိရဲ့လား။ ယောဟန် ၂၀း ၁၄- ၁၆ သခင်ဘုရားက မာရိရဲ့ ငိုကြွေးသံကို တုံ့ပြန်တယ်။ တခြားသူတွေကတော့ သင်္ချိုင်းကို ကြည့်ရုံ၊ ကောင်းကင် တမန်အသံကြားရုံနဲ့ ကျေနပ်နေချိန်မှာ မာဂဒလမာရိဟာ သခင်ဘုရားကို မြင်ဖို့ တမ်းတနေတယ်။ သခင်ဘုရားက သူ့ကို ကိုယ်ထင်ပြပြီး သူ့ရှေ့မှာ ရပ်တယ်။ သာမန် လူတယောက်လို နှုတ်ဆက်ခြင်း မပြုပဲ နေတယ်။ မာရိက စိတ် နှလုံး ကြေကွဲနေချိန် သခင်ယေရှု အသံမှန်းလဲ မသိ။ ကောင်းကင်တမန် အသံမှန်းလဲ မရိပ်မိ။ သူက သခင်ယေရှု ကိုပဲ မြင်ချင်တာ။ အသံကြားရုံမျှသာ မဟုတ်ဘူး။ သခင်ယေရှု အနားမှာ ရောက်နေတာ မရိပ်မိခဲ့ဘူး။ သူ့ စိတ်နှလုံးက အရမ်း ဝမ်းနည်းပြီး သခင်ယေရှုကို သတိရနေတယ်။ဒါကြောင့် အသံတော်ကို မရိပ်မိဘူး။ ဒီလိုပါပဲ။ လူအများစုဟာ ဖန်ဆင်းတဲ့ဘုရားသခင်ကို ရှာရင်းနဲ့ မတွေ့ကြဘူး။ သူတို့က သိုးထိန်း ဘုရားသခင်ထက် တခြားအရာတွေကို ရှာနေတယ်။ ဒါပေမယ့် သခင်ယေရှုက မာရိရဲ့ ချစ်ခြင်း မေတ္တာကို နားလည်တယ်။ သူ့ရဲ့သနား ကြင်နာတဲ့အသံနဲ့ အခြေ အနေကို ဖြိုခွဲ လိုက်တယ်။ မာရိကို နာမည်နဲ့ ခေါ်တယ်၊ သူဟာ သာမန် ဥယျာဉ်စောင့်မျှ မဟုတ်ဘူး ဆိုတာ သိစေတယ်။ အလုံးစုံကိုသိသော ဥာဏ်ပညာနှင့် ပြည့်စုံသော သခင်ဘုရား ကိုယ်တိုင် ဖြစ်တယ်။ ကောင်းသောသိုးထိန်းကြီးက သူ့သိုးတွေကို ခေါ်သလို အခု မာရိကို ခေါ်တယ်။ သူ့နာမည်နဲ့ သိတယ်။ ထာဝရအသက် ပေးတယ်။ သခင်ယေရှုကို သိတဲ့ သူဟာ သခင်ယေရှု အသံကို ကြားပြီး အပြစ်ခွင့်လွှတ်ခြင်းကို ခံစားရတယ်။ သခင်ဘုရားက နာမည် နဲ့တကွ သိပြီးတော့ ဝိညာဉ်တော်နဲ့ နှစ်သိမ့်မှု ကိုပေးတယ်။ သခင်ယေရှုက အခု သင့်ကို နာမည် နှင့်တကွ ခေါ်တယ်။ အသံတော်ကို ကြားရဲ့လား။ ကိုယ့်နာမည်နှင့်တကွ အပြစ်ရှိသမျှကို နောက်မှာ ထားခဲ့ပြီး ကိုယ်တော့်ထံ လာပါလား။ အများစုက master ဆရာလို့ ခေါ်တတ်ပေမယ့် မာရိ ကတော့ ရဗ္ဗုနိ လို့ သုံးတယ်။ အဓိပ္ပါယ်က အရှင်ဘုရား။ အားလုံးကိုသိတဲ့သူ အနန္တတန်ခိုးရှင် လို့ ဆိုလိုတယ်။ မာရိဟာ သခင်ဘုရားရဲ့ ကျောင်းတော်မှာ လေ့လာ သင်ယူခဲ့သူ ဖြစ်တယ်။ သခင်ဘုရားရဲ့ ဥာဏ်၊ ခွန်အား၊ ကွယ်ကာ စောင့်ရှောက်ခြင်းနဲ့အတူ ထာဝရ အသက်ကို ရရှိထားတယ်။ ဒါကြောင့် သူမရဲ့ ထူးတဲ့အသံဟာ သခင်ဘုရားကို တောင့်တပြီး ကောင်းကင်ကနေ မိုးတိမ်စီးလျက် ပြန်ကြွလာမှာကို စောင့်မျှော် နေတဲ့ အသင်းတော်ကို ချီဆောင်သိမ်းဆည်းမယ့် အဖြစ်အပျက်နဲ့ ကိုက်ညီပါတယ်။ သခင်ဘုရားကို ဟာလေလုယာလို့ ချီးမွမ်းရမယ့်အချိန် ဖြစ်တယ်။ ဆုတောင်း မာရိရဲ့ တောင့်တမှုအတွက် ကိုယ်ထင်ပြလို့ ကိုယ်တော့်ကို ပြတ်ဝပ်ကိုးကွယ်ပါတယ်။ ကိုယ်တော် တိုင် ထင်ရှားခြင်းအားဖြင့် မာရိ စိတ်နှလုံး သက်သာရတယ်။ ကိုယ်တော့် စကားတော်ကို နာယူဖို့ စိတ်နှလုံးနဲ့ နားများကို ဖွင့်ပေးတော်မူပါ။ ဝမ်းမြောက်စွာဖြင့် ကိုယ်တော်ကို အားကိုးတတ်ဖို့ နာခံခြင်းကို ပေးသွင်းတော်မူပါ။ မေးခွန်း ၁၂၁
|