Home
Links
Bible Versions
Contact
About us
Impressum
Site Map


WoL AUDIO
WoL CHILDREN


Bible Treasures
Doctrines of Bible
Key Bible Verses


Afrikaans
አማርኛ
عربي
Azərbaycanca
Bahasa Indones.
Basa Jawa
Basa Sunda
Baoulé
বাংলা
Български
Cebuano
Dagbani
Dan
Dioula
Deutsch
Ελληνικά
English
Ewe
Español
فارسی
Français
Gjuha shqipe
հայերեն
한국어
Hausa/هَوُسَا
עברית
हिन्दी
Igbo
ქართული
Kirundi
Kiswahili
Кыргызча
Lingála
മലയാളം
Mëranaw
မြန်မာဘာသာ
नेपाली
日本語
O‘zbek
Peul
Polski
Português
Русский
Srpski/Српски
Soomaaliga
தமிழ்
తెలుగు
ไทย
Tiếng Việt
Türkçe
Twi
Українська
اردو
Uyghur/ئۇيغۇرچه
Wolof
ייִדיש
Yorùbá
中文


ગુજરાતી
Latina
Magyar
Norsk

Home -- Burmese -- John - 103 (Jesus intercedes for his apostles)
This page in: -- Albanian -- Arabic -- Armenian -- Bengali -- BURMESE -- Cebuano -- Chinese -- Dioula? -- English -- Farsi? -- French -- Georgian -- Greek -- Hausa -- Hindi -- Igbo -- Indonesian -- Javanese -- Kiswahili -- Kyrgyz -- Malayalam -- Peul -- Portuguese -- Russian -- Serbian -- Somali -- Spanish -- Tamil -- Telugu -- Thai -- Turkish -- Twi -- Urdu -- Uyghur? -- Uzbek -- Vietnamese -- Yiddish -- Yoruba

Previous Lesson -- Next Lesson

ယောဟန် - အမှောင်မှာ ထွန်းလင်းတဲ့ အလင်းတော်
ရှင်ယောဟန်ခရစ်ဝင်ကျမ်းကို လေ့လာခြင်း
အပိုင်း ၃ - တမန်တော်တွေကြားမှာ ထွန်းလင်းတဲ့အလင်း။ (ယောဟန် ၁၁း ၅၅- ၁၇း ၂၆)
ခရစ်တော်ရဲ့ ကိုယ်စား တောင်းပန် ဆုတောင်းခြင်း။ (ယောဟန် ၁၇း ၁- ၂၆)

3. တပည့်တော် တမန်တော်တွေ အတွက် သခင်ယေရှု ဆုတောင်းပေးတယ်။ (ယောဟန် ၁၇း ၆- ၁၉)


ယောဟန် ၁၇း ၁၄
၁၄ “ကိုယ်တော်၏ နှုတ်ကပတ်တရားကို ဤသူတို့အား အကျွန်ုပ် ပေးပါပြီ။ အကျွန်ုပ်သည် ဤလောကနှင့် မဆက်ဆံ သကဲ့သို့ ဤသူတို့သည် မဆက်ဆံ သောကြောင့် လောကီသား တို့သည် ဤသူတို့ကို မုန်းကြပါ၏။”

ခမည်းတော်ရဲ့ စကားတော်ကို တပည့်တော် တို့ကို ပေးထားပြီလို့ ဆိုတယ်။ ခမည်းတော်ရဲ့ နာမည် အဓိပ္ပါယ်ကိုလည်း ပြောပြတယ်။ ဒါက သုံးပါးတဆူ ဘုရားသခင်ရဲ့ ဖွင့်ပြခြင်း ဖြစ်တယ်။ ဒီ ဖွင့်ပြခြင်းကြောင့် တပည့်တော်တွေ ဘုရားကို ထိတွေ့ရတယ်။ ပြောင်းလဲရ တန်ခိုးနှင့် ပြည့်ရပြီး ခရစ်တော်ရဲ့ ဝိညာဏကိုယ်ထဲမှာ ပါဝင်ခွင့်ရတယ်။ ဒီ စိတ်သဘောထား တွေ အရည်အသွေး တွေဟာ လောကီသားတွေ မုန်းစရာ ဖြစ်လာတယ်။ လောကီသားတွေက သခင်ယေရှုကို မုန်းကြတယ်။ သခင်ယေရှုက ဘုရားသခင်ထံမှ လာတော့ သူ့အသက်ဟာ ဘုရား လက်တော် ထဲမှာ ထဝရ တည်တယ်။ ဒုတိယ မွေးပြီး သူတွေကတော့ ထာဝရ အသက်ရှင်ခွင့် ရကြတယ်။

ယောဟန် ၁၇း ၁၅
၁၅ “ဤသူတို့ကို ဤလောကမှ နုတ်ယူ တော်မူမည် အကြောင်း အကျွန်ုပ် တောင်းသည် မဟုတ်ပါ။ မကောင်းသော အမှုအရာနှင့် ကင်းလွတ် စေခြင်းငှါ စောင့်မ တော်မူမည် အကြောင်း ကိုသာ တောင်းပါ၏။”

တပည့်တော် တွေကို ကောင်းကင်ကို ခေါ်မသွား သေးဘူး။ သီးသန့်လည်း ခွဲမထားဘူး။ လောကမှာ အခက်အခဲတွေ ဒုက္ခ တွေတော့ ပြည့်နေတယ်။ စာတန်ရဲ့ နှောက်ယှက်မှု၊ ဝိညာဉ်ဆိုးတွေရဲ့ နှောက်ယှက်မှုတွေမှ ကွယ်ကာဖို့သာ ခမည်းတော်ထံ ဆုတောင်း ပေးတယ်။ သခင်ယေရှုက ကိုယ်စား ဆုတောင်းပေးတယ်။ ယုံကြည်သူ တိုင်းဟာ ဘုရား ကွယ်ကာမှုနဲ့ တံဆိပ်ခတ်ထားမှု ကြားမှာ အသက်ရှင်ရတယ်။ သခင်ယေရှုရဲ့ အသွေးတော်က ကွယ်ကာတယ်။ သူက ယဇ် ပူဇော်ပေးလို့ ဖြစ်တယ်။ ဘယ်သူကမှ ယုံကြည်သူကို အပြစ်တင်လို့ ဖျက်ဆီးလို့ မရဘူး။ ယုံကြည်သူဟာ ဖြောင့်မတ် လာတယ်။ ကျေးဇူးတရားနဲ့ ပတ်ရစ်လာတယ်။ မပျက်စီးနိုင်ဘူး။ မနာခံခြင်း အပြစ်၊ ဒုစရိုက်ထဲမှာ နစ်မွန်းခြင်း ထဲမှာ မရှိပေမယ့်လည်း စုံစမ်း နှောက်ယှက်ခြင်းထဲ ကျသွား တတ်တယ်။ အပြစ်က လွှမ်းမိုးပြီး ရှက်စရာ ဖြစ်တတ်တယ်။ ဒီအချိန်မှာ ဝမ်းနည်းစွာ တုန်လှုပ် မျက်ရည်နဲ့ “အိုအဖ အပြစ် သွေးဆောင်ရာ မလိုက်မပါစေဘဲ ကယ်နှုတ်တော်မူပါ” လို့ ဆုတောင်း လာမယ်။ စာတန်နဲ့ သေခြင်းကို ကိုယ့်ခွန်အား လူ့အစွမ်းနဲ့ ရုန်းကန်မယ်ဆိုရင် ကိုယ့်ကိုကိုယ် လှည့်ဖျားသလို ဖြစ်မယ်။ ခရစ်တော်နဲ့ အသွေးတော် ဆုတောင်းခြင်း မှာသာ ခိုလှုံပါ။ သူသာလျှင် ကယ်တင်ရှင် ဖြစ်တယ်။

ယောဟန် ၁၇း ၁၆- ၁၇
၁၆ “အကျွန်ုပ်သည် ဤလောကနှင့် မဆက်ဆံ သကဲ့သို့ ဤသူတို့သည် မဆက်ဆံ ကြပါ။ ၁၇ ကိုယ်တော်၏ သမ္မာတရား အားဖြင့် သူတို့ကို သန့်ရှင်းစေတော် မူပါ။ ကိုယ်တော်၏ နှုတ်ကပတ်သည် သမ္မာတရား ဖြစ်ပါ၏။”

သူတို့ဟာ ဤလောကနှင့် မဆက်ဆံဘူး လို့ သခင်ယေရှုက သက်သေခံတယ်။ အသွေးအသားနဲ့ လူသာ မကောင်းမှုနဲ့ ဆွဲ ဆောင်မှုလည်း ရှိတော့ လူဟာ မှားတတ်ပါတယ်။ ဒါပေမယ့် ကျေးဇူးတော်ကြောင့် ခရစ်တော်ရဲ့ အသွေးတော်က သူတို့ကို မာနရဲ့ အကျဉ်းထောင်က လွှတ်ပေး နိုင်တယ်။ ဒီလောကမှာ နေပေမယ့်လည်း ကောင်းကင်သား ဖြစ်နေတယ်။

ကိုယ်ခန္ဓာ၊ စိတ်၊ ဝိညာဉ်မှာ အသစ်သော သဘောနဲ့ လွန်ဆွဲ နေရတာ ရှိတယ်။ လူက ကိုယ့်ကိုကိုယ် ချစ် တခြား သူတွေထက် ကိုယ့်အလုပ်နဲ့ ကိုယ့်မိသားစုကို ချစ်နေရင် ဝိညာဉ်တော် စိတ် ခံစားရတယ်။ ကိုယ့်ကိုကိုယ် နှစ်သက်ဖို့ ကြိုးစား နေတာတွေ အားလုံးဟာ ဩတပ္ပ စိတ်ကို နာကျင်စေတယ်။ လိမ်ညာမှု မှန်သမျှ ဟာလည်း ဦးနှောက်ကို ထိခိုက်စေတယ်။ ကိုယ့်အိမ်မှာ မကောင်းမှု လုပ်တာကို ဝိညာဉ်တော်က ခွင့်ပြုမှာ မဟုတ်ဘူး။ တခြားသူ တယောက်ယောက်ကို နာကျင်စေမယ် ယုတ်မာတဲ့ အပြုအမူ လုပ်မယ်ဆိုရင် ဝိညာဉ်တော်က သွားပြီး တောင်းပန်ခိုင်းမှာ ဖြစ်တယ်။ သန့်ရှင်းသော ဝိညာဉ်တော်က မကောင်းမှု ကောက်ကျစ်မှု၊ လှည့်စားမှုတွေ အားလုံးကို ဖေါ်ထုတ်ပြီး တရားစီရင်မှာ ဖြစ်တယ်။

“ခမည်းတော် သန့်ရှင်းစေပါ။ အားနည်း ခြင်းတွေ ရှိတယ်” လို့ ခရစ်တော်က ဆုတောင်း ပေးတယ်။ သန့်ရှင်းခြင်းဟာ သမ္မာတရားကို နှစ်သက်မှု ကြောင့်သာ ဖြစ်ရတယ်။ သားတော်ရဲ့ ကျေးဇူးတော်မှာ တည်ပြီး ဘုရား မေတ္တာကို နားလည်ခြင်းကသာ ဝိညာဉ်တော်ရဲ့ တန်ခိုးအတိုင်း အသက်ရှင်ပြီး သန့်ရှင်းလာမယ်။ အသက်တာမှာ ဘုရား အတူ ပါရှိခြင်းဟာ အကျိုးရှိတယ်။ ဘုရား အလိုတော်က “ငါ သန့်ရှင်းသည့် နည်းတူ သင်တို့လည်း သန့်ရှင်းကြလော့” ဆိုတဲ့အတိုင်း အသက်တာ ထဲမှာ ခံစားလာရမယ်။ သခင်ယေရှုရဲ့ အသွေးက လူကို တခါတည်းနဲ့ အပြီး သန့်ရှင်းစေတယ်။ ဝိညာဉ်တော်က ဘာမှ မကျန်အောင် သန့်ရှင်းပေးတယ်။ သန့်ရှင်းတဲ့ ဘုရားကို ယုံကြည်ခြင်းဟာ လူကို လုံးလုံး သန့်ရှင်းသွားစေတယ်။ ဒီလို သန့်ရှင်းရခြင်းဟာ နှုတ်ကပတ်တော်ကို လေးနက် ခိုင်မာစွာ ခံယူလို့ ရရှိခြင်း ဖြစ်တယ်။ သန့်ရှင်းခြင်းရဲ့ အရင်းအမြစ်ဟာ ဧဝံဂေလိ တရား ဖြစ်တယ်။ ဧဝံဂေလိ တရားဟာ သန့်ရှင်းခြင်းရဲ့ အရင်းအမြစ်၊ နာခံခြင်းရဲ့ မူလအမြစ် ဖြစ်တယ်။ ခရစ်တော်ရဲ့ စကားက ယုံကြည်ခြင်းကို ဖြစ်စေတယ်။ ကိုယ့်အလိုကို ငြင်းပယ်ပြီး ဘုရားသခင်နား ချဉ်းကပ်ကာ ဝတ်ပြု ကိုးကွယ်ချင်စိတ် ဖြစ်စေတယ်။ ခမည်းတော်ရဲ့ နှုတ်တော်ထွက် စကားကို စိတ်နှလုံးထဲမှာ ဖွင့်ဟ လက်ခံပါ။ ဘုရားသခင်က ချစ်ခြင်း မေတ္တာမှာ တည်နေသူဟာ ဘုရားသခင်၌ တည်ပါတယ်။

ယောဟန် ၁၇း ၁၈
၁၈“ကိုယ်တော်သည် အကျွန်ုပ်ကို ဤလောကသို့ စေလွှတ် တော်မူသည် နည်းတူ အကျွန်ုပ်သည် ဤသူတို့ကို စေလွှတ်ပါ၏။”

တပည့်တော် တွေကို သန့်ရှင်းစေပါ လို့ ဆုတောင်း တဲ့အခါ ဆိုးညစ်တဲ့ ဤလောက ထဲကိုသူတို့ကို စေလွှတ်တယ်။ အသက်တာ တွေကို သန့်ရှင်းစေဖို့ ကယ်တင်တယ်။ ပြီးတော့ လောကထဲကို စေလွှတ်ပြီး တခြားသူတွေကို ကယ်တင်ဖို့ သန့်ရှင်းစေဖို့ ဖြစ်တယ်။ အသင်းတော် ဆိုတာ ဇိမ်ခံတဲ့ အဖွဲ့အစည်း မဟုတ်ဘူး။ ဘုရားတရားနဲ့ ပညတ် တရားတွေ စီရင် ထုံးဖွဲ့ချက်တွေ ပြောပြီး ပျော်နေဖို့ မဟုတ်ဘူး။ ယုံကြည်ခြင်း အားဖြင့် စာတန်ရဲ့ နိုင်ငံကို ဖြိုခွဲဖို့ လက်တွေ့ လုပ်ဆောင်တဲ့ အစုအဝေး ဖြစ်တယ်။ ပျောက်သော သူတွေ ပြောင်းလဲ လာဖို့ အားမလျှော့ပဲ ဆုတောင်း ရသူတွေ ဖြစ်တယ်။ အသင်းတော်က ခမည်းတော်ရဲ့ နိုင်ငံတော်ကို ကြေညာတယ်။ အလိုတော်ကို မြေကြီးပေါ်မှာ တည်စေဖို့ ဧဝံဂေလိကို လုပ်တယ်။ ဧဝံဂေလိ တရားအတွက် လက်တွေ့ လုပ်ဆောင်ဖို့ ခရစ်တော်ရဲ့ ဆုတောင်းချက်ကို သတိပြုမိပါသလား။

သခင်ယေရှုက သင့်ကို ဂုဏ်ပြုပြီးတော့ ခမည်းတော်က သူ့ကို လွှတ်သလို ပျောက်ဆုံးသော သူတွေထံ သင့်ကို လွှတ်တယ်။ ရည်ရွယ်ချက်က တခုတည်းပဲ ဖြစ်တယ်။ ဒီရည်ရွယ်ချက်ကို အောင်မြင်ဖို့ ဘုရားက သင့်ကို ပြင်ဆင်တယ်။ ခရစ်တော် အကြောင်းကို ကြေညာ ခြင်းဟာ အဓိက အချက် ဖြစ်တယ်။ သခင်ယေရှုက သင့်ကို အမှုတော်ထဲမှာ တက်တက် ကြွကြွ ပါဝင်ဖို့ ခေါ်တယ်။ နှေးကွေးဖို့၊ တွေဝေဖို့ မဟုတ်ဘူး။ သန့်ရှင်းသော ဝိညာဉ်တော်က သင့်ရဲ့ တန်ခိုး ဖြစ်တယ်။

ယောဟန် ၁၇း ၁၉
၁၉ “သမ္မာတရား အားဖြင့် သူတို့ကို သန့်ရှင်းစေမည် အကြောင်း အကျွန်ုပ်သည် သူတို့အဖို့ အလိုငှါ ကိုယ်ကို သန့်ရှင်းစေပါ၏။”

တပည့်တော် တွေဟာ ဧဝံဂေလိ တိုက်ပွဲကို တိုက်နိုင်မှ ဧဝံဂေလိ လုပ်နိုင်မှာ မဟုတ်ဘူး ဆိုတာ သိတယ်။ ဒါပေမယ့် သူတို့ရဲ့ စိတ်နှလုံးထဲမှာ ဒဏ်ရာ ရလာလိမ့်မယ်။ ဘုရားသခင်သာ သန့်ရှင်းခြင်း တန်ခိုးနဲ့ မကွယ်ကာရင် ရှုံးနိမ့်မယ်။ ဒါကြောင့် သားတော်ဟာ အမြဲတမ်း သန့်ရှင်းသူ ဖြစ်သော်လည်း ယဇ်ကောင်သဖွယ် သူ့ကိုယ်သူ သန့်ရှင်းစေခဲ့ရတယ်။ သူ့ရဲ့ သေခြင်းအားဖြင့် သန့်ရှင်းခြင်း လိုအပ်တာတွေ အားလုံး ပြည့်ဝသွားတယ်။ စာတန်ရဲ့ ပြစ်တင် စွပ်စွဲချက် တွေကို ခရစ်တော်ရဲ့ အသွေးတော်ကို ယုံကြည်ခြင်းအားဖြင့် အနိုင်ယူလိုက်တယ်။ တခါတည်း အသေခံ ပေးခြင်းကြောင့် တပည့်တော် တွေဟာ ဝိညာဉ်တော်ကို ခံရလာတယ်။ အသက်ရေကို သယ်ဆောင်တဲ့ အိုးတွေ ဖြစ်လာတယ်။ သခင်ယေရှုရဲ့ သေခြင်းနဲ့ ရှင်ပြန်ထမြောက်ခြင်းကို သက်သေ ခံကြတယ်။

ဒါကြောင့် သူတို့ဟာ လှည့်စားခြင်းနဲ့ ကင်းလွတ်ပြီး သူတို့ နှုတ်ဟာလည်း ဖျက်ဆီးတတ်တဲ့ အဆိပ် အတောက်နဲ့ ကင်းစင် လာရတယ်။ အပြစ်တရားကို ထောက်ပြပြီး အမှန်ကို ဘယ်တော့မှ မငြင်းပယ်မယ့် ရဲရင့်ခြင်းမျိုး ကိုလည်း ခံယူ ရရှိကြတယ်။ ဒီရဲရင့်ခြင်းကြောင့် တခါတရံ စိတ်ရှုပ်ထွေးစရာ ဖြစ်ပေမယ့် နောက်ဆုံးမှာ ကယ်တင်ခြင်းကို ဦးတည် သွားတယ်။ လိမ်ညာခြင်း ညစ်သူးခြင်း မာန ရှိနေခြင်းများနဲ့ လွန်ဆွဲရပေမယ့် ခရစ်တော်ရဲ့ အသွေးတော် ကွယ်ကာမှုကြောင့် အောင်မြင်ကြတယ်။ သူတို့ရဲ့ ဆုတောင်းသံလည်း အဖြေရတယ်။

ဆုတောင်း မုန်းတတ်သော ညာတတ်သော မာနကြီးသော စိတ်များရှိ၍ ခွင့်လွှတ် ပေးတော်မူပါ။ သာမန်အားဖြင့် ဆိုးသောသူများ ဖြစ်ပါ၏။ ကိုယ်တော်သာ သန့်ရှင်းပါ၏။ စာတန်၏ ထောင်ချောက်များ ထဲမှ ကွယ်ကာတော်မူပါ။ ကိုယ်တော်၏ စကားတော်သည် ကျွန်ုပ်တို့ကို သန့်ရှင်းစေ၍ ကိုယ်ဟောပြောသည့်နှင့်အညီ ကိုယ်တိုင် သန့်ရှင်းနိုင်ပါမည် အကြောင်း မစတော်မူပါ။

မေးခွန်း ၁၀၇

  1. မကောင်းသော အမှုအရာတို့မှ ကွယ်ကာ စောင့်ရှောက်မည် အကြောင်း ခမည်းတော်ကို သခင်ယေရှုက ဘယ်လို ဆုတောင်းခဲ့သလဲ။

www.Waters-of-Life.net

Page last modified on January 29, 2022, at 05:00 AM | powered by PmWiki (pmwiki-2.3.3)