Home
Links
Bible Versions
Contact
About us
Impressum
Site Map


WoL AUDIO
WoL CHILDREN


Bible Treasures
Doctrines of Bible
Key Bible Verses


Afrikaans
አማርኛ
عربي
Azərbaycanca
Bahasa Indones.
Basa Jawa
Basa Sunda
Baoulé
বাংলা
Български
Cebuano
Dagbani
Dan
Dioula
Deutsch
Ελληνικά
English
Ewe
Español
فارسی
Français
Gjuha shqipe
հայերեն
한국어
Hausa/هَوُسَا
עברית
हिन्दी
Igbo
ქართული
Kirundi
Kiswahili
Кыргызча
Lingála
മലയാളം
Mëranaw
မြန်မာဘာသာ
नेपाली
日本語
O‘zbek
Peul
Polski
Português
Русский
Srpski/Српски
Soomaaliga
தமிழ்
తెలుగు
ไทย
Tiếng Việt
Türkçe
Twi
Українська
اردو
Uyghur/ئۇيغۇرچه
Wolof
ייִדיש
Yorùbá
中文


ગુજરાતી
Latina
Magyar
Norsk

Home -- Burmese -- John - 104 (Jesus intercedes for the church's unity)

This page in: -- Albanian -- Arabic -- Armenian -- Bengali -- BURMESE -- Cebuano -- Chinese -- Dioula? -- English -- Farsi? -- French -- Georgian -- Greek -- Hausa -- Hindi -- Igbo -- Indonesian -- Javanese -- Kiswahili -- Kyrgyz -- Malayalam -- Peul -- Portuguese -- Russian -- Serbian -- Somali -- Spanish -- Tamil -- Telugu -- Thai -- Turkish -- Twi -- Urdu -- Uyghur? -- Uzbek -- Vietnamese -- Yiddish -- Yoruba

Previous Lesson -- Next Lesson

ယောဟန် - အမှောင်မှာ ထွန်းလင်းတဲ့ အလင်းတော်
ရှင်ယောဟန်ခရစ်ဝင်ကျမ်းကို လေ့လာခြင်း
အပိုင်း ၃ - တမန်တော်တွေကြားမှာ ထွန်းလင်းတဲ့အလင်း။ (ယောဟန် ၁၁း ၅၅- ၁၇း ၂၆)
ခရစ်တော်ရဲ့ ကိုယ်စား တောင်းပန် ဆုတောင်းခြင်း။ (ယောဟန် ၁၇း ၁- ၂၆)

4. အသင်းတော်ရဲ့ စည်းလုံး ညီညွတ်မှု အတွက် သခင်ယေရှု ဆုတောင်းခဲ့တယ်။ (ယောဟန် ၁၇း ၂၀-၂၆)


ယောဟန် ၁၇း ၂၀-၂၁
၂၀ “ထိုသူတို့ အဖို့ကိုသာ အကျွန်ုပ် ဆုတောင်းသည် မဟုတ်ပါ။ သူတို့ ဟောပြောခြင်း အားဖြင့် အကျွန်ုပ်ကို ယုံကြည်သော သူတို့ အဖို့ကိုလည်း ဆုတောင်းပါ၏။ ၂၁ ကိုယ်တော်သည် အကျွန်ုပ်ကို စေလွှတ် တော်မူသည်ကို လောကီသားတို့သည် ယုံကြည်မည် အကြောင်း ထိုသူ အပေါင်းတို့သည် တလုံးတဝတည်း ဖြစ်လျှက် အဘ ကိုယ်တော်သည် အကျွန်ုပ်၌ ရှိတော်မူ၍ အကျွန်ုပ်သည်လည်း ကိုယ်တော်၌ ရှိသကဲ့သို့ ထိုသူ အပေါင်းတို့သည် ငါတို့၌ တလုံးတဝတည်း ဖြစ်စေခြင်းငှါ ဆုတောင်းပါ၏။”

ခရစ်တော်က တပည့်တော်တွေကို ဘုရား မေတ္တာနဲ့ ဝိညာဉ်တော်ရဲ့တန်ခိုးမှာ အခြေချ ပေးတယ်။ ကားတိုင် မရောက်ခင် မာရ်နတ်လက်မှ လွတ်ဖို့ ခမည်းတော်ထံ ဆုတောင်း ပေးတယ်။ တမန်တော်နဲ့ အသင်းတော် အတွက် ဆုတောင်း ပေးတာဟာ အဖြေရပြီး အနာဂတ်ကို ကြည့်တဲ့အခါ တမန်တော်တွေ ဟောပြောခြင်း အားဖြင့် လူတွေ ပြောင်းလဲတာကို ကြိုမြင်တယ်။ စာတန်ကို ကားတိုင်အားဖြင့် အောင်မြင်ပြီး လူများကို ကားတိုင်ဖက် ဆွဲနိုင်ခဲ့တယ်။ ခရစ်တော်ကို ယုံကြည်ခြင်း အားဖြင့် ဝိညာဉ်တော် စိတ်နှလုံးထဲမှာ သက်ရောက်ပြီး ဘုရားရဲ့အသက် ကျေးဇူး တရားကို ဝေမျှလာနိုင်တယ်။

ယုံကြည်ခြင်း အားဖြင့် ခမည်းတော် သားတော်နဲ့ တလုံး တဝတည်း ဖြစ်ခွင့်ရတယ်။ တမန်တော်တွေ ဟောပြောခြင်း အားဖြင့် ယုံကြည်လာမယ့် လူတွေ အတွက်လည်း ဆုတောင်း ပေးတယ်။ ဒီလို ဆုတောင်းတဲ့ အချိန်မှာ အဲဒီ ယုံကြည်သူတွေ မရှိသေးဘူး။ တမန်တော်တွေ ဟောပြောချက်ကို ယုံကြည် စိတ်ချကြောင်း ပြတာ ဖြစ်တယ်။ ဒါကြောင့် ယုံကြည်သူတွေ အပေါ်မှာ ထားတဲ့ အလိုတော်က ဘာလဲ။ ကျန်းမာဖို့ ဆုတောင်း ပေးသလား။ ချမ်းသာဖို့ အနာဂတ်မှာ အောင်မြင်ဖို့ ဆုတောင်း ပေးသလား။ မဟုတ်ဘူး ခမည်းတော် ထံမှ နှိမ့်ချခြင်း ချစ်ခြင်းကို ရရှိပြီး ရိုးသားတဲ့ ခရစ်ယာန်များ ဖြစ်လာဖို့ ရည်ရွယ်တယ်။ တခြားသူထက် ကိုယ် ပိုကောင်းတယ်လို့ မထင်သင့်ဘူး။ သူတပါးကို သည်းမခံနိုင်တာမျိုးလည်း မဖြစ်ရဘူး။

ယုံကြည်သူတွေကို စည်းလုံးစေခြင်တာ ခရစ်တော်ရဲ့ ရည်ရွယ်ချက်ပဲ။ အသင်းတော် ကွဲသွားခြင်းဟာ ခရစ်တော် အလိုတော်နဲ့ မညီဘူး။ ဒါပေမယ့် စည်းလုံးမှုဟာ တရား ဒေသနာအပေါ်မှာ တည်ဆောက်ရတာ မဟုတ်ဘဲ ဆုတောင်းခြင်းနဲ့ ဝိညာဉ်တော် အားဖြင့် စည်းလုံးရတာ ဖြစ်တယ်။ ဘုရားသခင် တဆူတည်း ဖြစ်လို့ ခရစ်တော်က ယုံကြည်သူတွေကို ဝိညာဉ်တော်နဲ့ မိတ်သဟာယ ဖွဲ့စေချင်တယ်။ လုံခြုံစေတယ်။ “ထိုသူတို့သည် ကျွန်ုပ်၌ သို့မဟုတ် ကိုယ်တော်၌ တလုံး တဝတည်း ဖြစ်စေခြင်းငှါ” လို့ ဆုမတောင်းဘဲ “ငါတို့၌” လို့သာ ဆုတောင်းတယ်။ ဒါကြောင့် သားတော်၊ ခမည်းတော်၊ ဝိညာဉ်တော် နဲ့အတူ စုံလင်စွာ စည်းလုံး စေချင်တယ်။ သုံးပါးတဆူ ဘုရားသခင်နဲ့ မိတ်သဟာယ ဖွဲ့ခြင်းရဲ့ အပြင်ဘက်မှာ ဘာမှ အဓိပ္ပါယ် မရှိတဲ့အတွက် သင့်ရဲ့ အဆင့်ကို မြှင့်ပေးလိုတယ်။

ဘုရားသခင်၌ စည်းလုံး ညီညွတ်ခြင်းဟာ ဝိညာဉ် ရေးရာမှာ ကိုယ့် စိတ်ကြေနပ်ရုံမဟုတ်ပဲ ဘုရားနဲ့ ဝေးကွာနေတဲ့ တခြားသူတွေရဲ့ ရှေ့မှာ သက်သေခံဖို့ ဖြစ်တယ်။ သူတို့ဟာ အပြစ်ထဲမှာ သေနေပြီ။ မာနအားဖြင့် ဆိုးညစ်တယ်။ တပ်မက်မှုမှာ ကျွန်ခံနေရတယ်။ ဒါကြောင့် သူတို့ နောင်တရပြီး ကယ်တင်ရှင်ထံ လှည့်ပြန်ဖို့ လိုတယ်။ ခမည်းတော် သားတော် သန့်ရှင်းသော ဝိညာဉ်တော်နဲ့ ချိတ်ဆက်ထား သူတွေဟာ နှိမ့်ချဖို့ ချစ်တတ်ဖို့ တခြား ယုံကြည်သူ တွေကို ချစ်ဖို့ အတူ ဝမ်းမြောက်နိုင်ဖို့ အတူ သက်သေခံဖို့ အတွက် ခွန်အားရကြတယ်။ လူ့ဇာတိ ခံယူတဲ့ သခင်ယေရှုဟာ ဘုရား ဖြစ်ကြောင်းကို ပြန်သက်သေခံရတယ်။ ခရစ်ယာန်တိုင်းသာ ရိုးသားမယ် ဆိုရင် လောကမှာ မယုံကြည်သူ ရှိမှာ မဟုတ်တော့ဘူး။ ချစ်ခြင်းနဲ့ ငြိမ်သက်ခြင်းက ဆွဲဆောင်ပြီး ကိုယ့် အသက်တာကို ပြောင်းလဲစေမယ်။ သခင်ယေရှု တောင်းဆိုတဲ့ စည်းလုံး ညီညွတ်မှုမျိုး ရှိဖို့ သတိထားရမယ်။ အသင်းတော်က မစည်းလုံးတဲ့ အတွက် ခရစ်တော်ရဲ့ ကိုယ်ခန္ဓာမှာ ကွဲပြားမှုတွေ ရှိတာဟာ မယုံကြည်သူတွေအတွက် အကြောင်း ပြစရာ တခု ဖြစ်လာစေမှာလား။

ယောဟန် ၁၇း ၂၂-၂၃
၂၂ “ငါတို့သည် တလုံး တဝတည်း ဖြစ်သကဲ့သို့ အကျွန်ုပ်သည် သူတို့၌ ရှိ၍၊ ၂၃ ကိုယ်တော်သည်လည်း အကျွန်ုပ်၌ ရှိတော်မူသော အားဖြင့် သူတို့သည် တလုံး တဝတည်း ဖြစ်၍ တလုံး တဝတည်း၌ စုံလင်စေခြင်းငှါ လည်းကောင်း ကိုယ်တော်သည် အကျွန်ုပ်ကို စေလွှတ်တော် မူကြောင်းနှင့် အကျွန်ုပ်ကို ချစ်တော်မူ သကဲ့သို့ သူတို့ကိုလည်း ချစ်တော် မူကြောင်းကို လောကီသားတို့သည် သိစေခြင်းငှါ လည်းကောင်း ကိုယ်တော်သည် အကျွန်ုပ်အား ပေးတော်မူသော ဘုန်းအသရေကို အကျွန်ုပ်သည် သူတို့အားပေးပါပြီ။”

သခင်ယေရှုရဲ့ ဘုန်းအသရေက ဘာလဲ။ တောက်ပတဲ့ အလင်းရောင်နဲ့ ကိုယ်ရောင် ကိုယ်ဝါလား။ မဟုတ်ဘူး။ သူ့ ဘုန်းအသရေကို နှိမ့်ချခြင်း၊ သည်းခံခြင်းနဲ့ နူးညံ့သိမ်မွေ့ခြင်း ထဲမှာ ဖွက်ထားတယ်။ ဝိညာဉ်တော်ရဲ့ ဆုကျေးဇူးတွေ ဖြစ်တဲ့ ကောင်းမြတ်တဲ့ စိတ်သဘောတွေဟာ သူ့ ရောင်ခြည် ဖြစ်တယ်။ ဒါကြောင့် ယောဟန်က “သူ၏ ဘုန်းအသရေကို ငါတို့ မြင်ရပြီ” လို့ သက်သေခံတာ ဖြစ်တယ်။ ဒါက တောင်ပေါ်မှာ ကိုယ်ရောင်ကိုယ်ဝါ ပြောင်းလဲခြင်း သို့မဟုတ် ရှင်ပြန် ထမြောက်ခြင်းကို ဆိုလိုတာ မဟုတ်ဘဲ နွားစားခွက်နဲ့ ရက်စက်တဲ့ လက်ဝါး ကပ်တိုင် ကိုသာ ဆိုလိုတယ်။ ဘုရားသခင်ရဲ့ ချစ်ခြင်း မေတ္တာဟာ သားတော်က ကိုယ့် ဘုန်းအသရေကို မယူဘဲ လူ့ဇာတိကို ခံကာ ဘုရားဘုန်းကို စွန့်လွှတ်ခြင်းမှာ ထင်ရှားတယ်။ သခင်ယေရှုရဲ့ အဲဒီလိုဘုန်းအသရေမျိုးဟာ ယုံကြည်သူအပေါ်မှာ သက်ရောက် လာတယ်။ ခမည်းတော် သားတော်နဲ့ သန့်ရှင်းသော ဝိညာဉ်တော်ဟာ ယုံကြည်သူ အပေါ်မှာ သက်ရောက် လာတယ်။

ယုံကြည်သူကို ပေးရတဲ့ အကြောင်းရင်းက လူမြင်အောင် ပြဖို့နဲ့ ကိုယ့်ကိုကိုယ် ကြေညာဖို့ မဟုတ်ဘူး။ အမှုတော်အတွက် စည်းလုံးညီညွတ်အောင် နေထိုင်ဖို့သာ ဖြစ်တယ်။ အမှုတော်ထဲမှာ ရင့်ကျက်ပြီး တခြားသူတွေကို ချီးမွမ်းဖို့ ဖြစ်တယ်။ ဒီလို ဝိညာဉ်သဘောမျိုးတွေ ရှိဖို့ သခင်ယေရှုက ခမည်းတော် ထံမှာ ဆုတောင်းပြီး သုံးပါးတဆူ ဘုရားရဲ့ စည်းလုံးမှုနဲ့ ညီညွတ်မှုကို တောင်းဆိုတာ ဖြစ်တယ်။ ဘုရားသခင်ရဲ့ ချစ်ခြင်း မေတ္တာဟာ အသင်းတော်ကို တိုင်းတာတဲ့ ပေတံ ဖြစ်တယ်။ ဘုရားသခင်က သူ့ရဲ့ပုံစံနဲ့ညီဖို့ ယုံကြည်သူ တွေကို ပုံသွင်းနေတယ်။

ဘုရားသခင်ဟာ ဂုဏ်တော် ပြည့်စုံစွာနဲ့ အသင်းတော် အပေါ်မှာ ကျိန်းဝပ်တယ်။ (ဧဖက် ၁း ၂၃၊ ကောလောသဲ ၂း ၉) “ဘုရားဇာတိ၏ ပြည့်စုံခြင်းသည် ခရစ်တော်၌ ပြည့်စုံသကဲ့သို့ ငါတို့သည်လည်း ပြည့်စုံခြင်းသို့ ရောက်ရ၏” ဆိုတဲ့ ကျမ်းပိုဒ်မျိုးကို ရဲရဲဝံ့ဝံ့ ပြောဆိုနိုင် မလား။ သခင်ယေရှု အသေမခံခင်မှာ သခင်ယေရှုရဲ့ ဆုတောင်း ပြည့်တယ်လို့ တမန်တော်ယောဟန် သက်သေခံတယ်။ ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်၊ ချီးမွမ်းတာဟာ ကိုယ်က အပြစ်ရှိလို့၊ ဆိုးညစ်လို့ ဘုရားက စွန့်ပစ်လို့ မဟုတ်ဘဲ ဆေးကြော သန့်ရှင်းပေးပြီး ယုံကြည်သူထဲမှာ ခရစ်တော် အသက်ရှင် နေနိုင်လို့ ဖြစ်တယ်။ ယုံကြည်သူတွေဟာ မေတ္တာနဲ့ နှိမ့်ချခြင်းမှာ စုံလင်နိုင်တယ် လို့ သခင်ယေရှုက ကြိုတင် စိတ်ချနေတယ်။

တယောက်နဲ့ တယောက် ချစ်တတ် ဂုဏ်ပြုတတ်ဖို့ လိုတယ်။ ချမ်းသာလို့ တတ်ကျွမ်းလို့ ပညာရှိလို့ မဟုတ်ဘဲ ချစ်တတ် သနားတတ် ကြင်နာတတ်ရမယ်။ သနားတဲ့စိတ်နဲ့ သဘောထား ကြီးမှုဟာ သခင်ယေရှုရဲ့ အဓိက ရည်ရွယ်မှု ဖြစ်တယ်။ “ကောင်းကင်ဘုံ၌ ရှိသော ခမည်းတော်သည် စုံလင် သကဲ့သို့ စုံလင်ကြလော့” လို့ ဆိုတယ်။ ဒီပညတ်ဟာ ရန်သူတွေ အပေါ်မှာပင် ထားတဲ့ စိတ်ထားမျိုး ဖြစ်တယ်။ ဒါပေမယ့် အခု ဆုတောင်းချက် မှာတော့ စုံလင်ခြင်းကို နောက်ထပ် တဆင့်လှမ်းပြီး အသင်းတော်နဲ့ ဘုရားသခင်ရဲ့ စည်းလုံး ညီညွတ်မှု အကြောင်းကို ပြောတယ်။ ဝိညာဉ်တော်က အထီး ကျန်နေခြင်း အုပ်စု ကွဲခြင်းကို မလိုချင်ဘူး။ သန့်ရှင်းသူတွေကို ချစ်ခင်ရင်းနှီး စေချင်တယ်။ သုံးပါးတဆူ ဘုရားသခင်ရဲ့ ညီညွတ်ခြင်းဟာ ယုံကြည်သူ အတွက် စံနမူနာ ဖြစ်တယ်။ တလုံး တဝတည်း မဖြစ်ရင် လောကမှာ ဘုရားသခင်ကို ကိုယ်စားပြုလို့ မရဘူး။ ဓမ္မဟောင်း ခေတ်မှာ တယောက်ချင်းစီက ဘုရားသခင်ကို ပုံဆောင်သလို အသင်းတော် ကလည်း သုံးပါးတဆူ ဘုရားသခင်ကို အသင်းသားတွေ အားဖြင့် ပုံဆောင် ပြရမယ်။ အသင်းတော် ထဲမှာ ညီညွတ်မှု ရှိရင် ဘုရားသခင်နဲ့ ဆိုင်တယ်လို့ လောကသား တွေက မြင်လာလိမ့်မယ်။ ဘုရားဟာ ချစ်ခြင်း မေတ္တာဖြစ်ကြောင်း သိစပြုလာမယ်။ စကားအားဖြင့် မဟုတ်၊ ရှင်းပြရုံသာ မဟုတ်ဘဲ သူတို့အထဲမှာ ယုံကြည်ခြင်း ဖြစ်လာမယ်။ တရား အရှည်ကြီး ဟောတာထက် ဘုရား သားသမီးတွေ စည်းလုံး ညီညွတ်တာဟာ ပိုဝမ်းမြောက်စရာ ကောင်းတယ်။ ဒါကြောင့် ဝိညာဉ်တော်က ယေရုရှလင်မှာ ကနဦး အသင်းတော်ကို တလုံးတဝတည်း တညီ တညွတ်တည်း ဖြစ်စေတယ်။

ဆုတောင်း ကိုယ်တော့်ကို ယုံကြည်ဖို့ မထိုက်တန်သော်လည်း လမ်းပြခေါ်ဆောင်တဲ့ အတွက် ကျေးဇူးတင်ပါ၏။ ကိုယ်တော့် ချစ်ခြင်းမေတ္တာ သက်သေအားဖြင့် ကိုယ်တော့် အစေခံကျွန်များ ဖြစ်စေပါပြီ။ သန့်ရှင်းစေလျှက် ကိုယ်တော့် ကိုယ်ခန္ဓာထဲ၌ ပါဝင်ခွင့် ပေးသည့်အတွက် ကိုယ်တော်ကို ဝတ်ပြုကိုးကွယ်ကြပါ၏။ သုံးပါးတဆူ ဘုရားသခင် ချစ်ခြင်း မေတ္တာကို ပေးသနားတော်မူပါ။ အသင်းတော်မှာ လက်တွေ့နေထိုင်ရင်း စည်းလုံး ညီညွတ်တဲ့ တန်ခိုးကို ပေးသနားတော်မူပါ။

မေးခွန်း ၁၀၈

  1. ယုံကြည်သူ အကျိုးအတွက် ခမည်းတော် ထံမှာ သခင်ယေရှုက ဘာကို တောင်းဆိုခဲ့သလဲ။

www.Waters-of-Life.net

Page last modified on January 29, 2022, at 05:00 AM | powered by PmWiki (pmwiki-2.3.3)