Home
Links
Bible Versions
Contact
About us
Impressum
Site Map


WoL AUDIO
WoL CHILDREN


Bible Treasures
Doctrines of Bible
Key Bible Verses


Afrikaans
አማርኛ
عربي
Azərbaycanca
Bahasa Indones.
Basa Jawa
Basa Sunda
Baoulé
বাংলা
Български
Cebuano
Dagbani
Dan
Dioula
Deutsch
Ελληνικά
English
Ewe
Español
فارسی
Français
Gjuha shqipe
հայերեն
한국어
Hausa/هَوُسَا
עברית
हिन्दी
Igbo
ქართული
Kirundi
Kiswahili
Кыргызча
Lingála
മലയാളം
Mëranaw
မြန်မာဘာသာ
नेपाली
日本語
O‘zbek
Peul
Polski
Português
Русский
Srpski/Српски
Soomaaliga
தமிழ்
తెలుగు
ไทย
Tiếng Việt
Türkçe
Twi
Українська
اردو
Uyghur/ئۇيغۇرچه
Wolof
ייִדיש
Yorùbá
中文


ગુજરાતી
Latina
Magyar
Norsk

Home -- Burmese -- John - 079 (The Father glorified amid the tumult)
This page in: -- Albanian -- Arabic -- Armenian -- Bengali -- BURMESE -- Cebuano -- Chinese -- Dioula? -- English -- Farsi? -- French -- Georgian -- Greek -- Hausa -- Hindi -- Igbo -- Indonesian -- Javanese -- Kiswahili -- Kyrgyz -- Malayalam -- Peul -- Portuguese -- Russian -- Serbian -- Somali -- Spanish -- Tamil -- Telugu -- Thai -- Turkish -- Twi -- Urdu -- Uyghur? -- Uzbek -- Vietnamese -- Yiddish -- Yoruba

Previous Lesson -- Next Lesson

ယောဟန် - အမှောင်မှာ ထွန်းလင်းတဲ့ အလင်းတော်
ရှင်ယောဟန်ခရစ်ဝင်ကျမ်းကို လေ့လာခြင်း
အပိုင်း ၃ - တမန်တော်တွေကြားမှာ ထွန်းလင်းတဲ့အလင်း။ (ယောဟန် ၁၁း ၅၅- ၁၇း ၂၆)
A - သန့်ရှင်းသောတပတ်တာကာလအတွက် နိဒါန်း။ (ယောဟန် ၁၁း ၅၅- ၁၂း ၅၀)

4. ခမည်းတော်ဘုရားက ရုန်းရင်းဆန်ခတ်ခြင်းထဲမှာ ဘုန်းတော်ထင်ရှားတယ်။ (ယောဟန် ၁၂း ၂၇- ၃၆)


ယောဟန် ၁၂း ၂၇- ၂၈
၂၇ “ငါသည် ယခု စိတ်နှလုံးပူပန်ခြင်းရှိ၏။ အဘယ်သို့ ငါလျှောက်ရမည်နည်း၊ ထိုအချိန်မှစ၍ အကျွန်ုပ်ကို ကယ်တင်တော်မူပါအဖဟု လျှောက်ရမည်လော။ အကြောင်းရှိ၍သာ ထိုအချိန်သို့ ရောက်လာပြီ။ ၂၈ အိုအဘ ကိုယ်တော်၏နာမတော်ကို ချီးမြှောက်တော်မူပါဟု မိန့်မြွက်တော်မူ၏။ ထိုအခါ ကောင်းကင်မှ စကားသံကား ငါချီးမြှောက်ခဲ့ပြီ၊ တဖန်ချီးမြှောက်ဦးမည် ဟုလာ၏။”

သခင်ယေရှု ဒုက္ခခံခဲ့ရတယ်။ အသက်ပေးပိုင်တဲ့အရှင်ဖြစ်ပေမယ့် အသတ်ခံရတဲ့တိုင်အောင် နှိမ့်ချတယ်။ သခင်တကာတို့ရဲ့သခင်ဖြစ်ပေမယ့် သေခြင်းတရားကို အုပ်စိုးတဲ့ မာရ်နတ်လက်မှာ ရောက်ရတယ်။ လူသားတွေရဲ့ အပြစ်ကို စေတနာပါစွာ ထမ်းဆောင်သွားတယ်။ ဘုရားသခင်ရဲ့အမျက်တော် မီးလျှံထဲ မကျရောက်ဖို့ ဖြစ်တယ်။ ထာဝရ ကာလထဲကပင်လျှင် ခမည်းတော်နဲ့အတူရှိနေတဲ့ ဘုရားသခင်ရဲ့ သားတော် ဖြစ်တယ်။ လူတွေ ကယ်တင်ခြင်းရဖို့ ခမည်းတော်ထံက စွန့်ခွါလာခဲ့ပြီး ကျေးဇူးတရားကို ပေးတယ်။ ခမည်းတော်ဘုရားနဲ့ သားတော်ဘုရားရဲ့ ဝေဒနာခံစားချက်တွေကို လူသားတွေ အပြည့်အဝ နားလည်နိုင်မှာ မဟုတ်ဘူး။ သုံးပါးတဆူ ဘုရားသခင်ဟာ လူတွေကိုရွေးနှုတ်ရာမှာ ဝေဒနာခံစားခဲ့ရတယ်။ ခရစ်တော်ရဲ့ကိုယ်ခန္ဓာဟာ ဒုက္ခဆင်းရဲခံခဲ့ရတယ်။ “အိုအဖ ဤအချိန်နာရီကို လွန်သွားနိုင်လျှင် လွန်သွားစေပါ” လို့ ဆိုခဲ့တယ်။ ဒီ့နောက်မှာတော့ ဝိညာဉ်တော်က သူ့စိတ်နှလုံးကို တုံ့ပြန်ချက်ပေးတယ်။ ဒီအချိန်နာရီအတွက် ဖွါးမြင်ခြင်းခံရတာ ဖြစ်တယ်။ ဒီအချိန်နာရီဟာ ထာဝရ ကာလရဲ့ ရည်မှန်းချက် ပန်းတိုင်လည်း ဖြစ်တယ်။ ဖန်ဆင်းထားတဲ့ အရာအားလုံးကလည်း ဒီအချိန်ကာလကို စောင့်မျှော်နေတယ်။ ဘုရားနဲ့ လူတွေနဲ့ ရန်ငြိမ်းစေရမယ်။ ဒီအချိန်မှာသာလျှင် ကယ်တင်ခြင်း အစီအစဉ်ဟာ ပြည့်စုံနိုင်လိမ့်မယ်လို့ ဝိညာဉ်တော်က သက်သေခံတယ်။ သခင်ယေရှုက “အိုအဖ ကိုယ်တော်၏နာမတော်အား ဘုန်းထင်ရှားစေပါ” လို့ ဆိုတယ်။ ကိုယ်တော်က ကိုယ်ခန္ဓာရဲ့တောင်းဆိုချက်ကို အမှုမထားဘူး။ ဝိညာဉ်တော်နဲ့ တသားတည်း ဆုတောင်းတယ်။ “နာမတော်အား ရိုသေလေးမြတ်ခြင်း ရှိပါစေသော။ ကိုယ်တော်ဟာ ကြောက်စရာ ဘုရားမဟုတ်ဘူး။ ဝေးကွာတဲ့ဘုရားမဟုတ်၊ ဂရုမစိုက်တဲ့ဘုရားမဟုတ်ဘဲ ချစ်သော ဘုရားသခင်သာ ဖြစ်ကြောင်း လူတွေ သိစေပါ။ တပါးတည်းသော သားတော်ကိုပင်လျှင် လူဆိုးတွေအတွက် စွန့်လွှတ်ခဲ့ကြောင်း သိစေပါ” လို့ ဆုတောင်းခဲ့တယ်။

သားတော်ရဲ့ဆုတောင်းခြင်းကို ခမည်းတော်ကလည်း နှောင့်နှေးကြန့်ကြာခြင်းမရှိ အဖြေပေးပါတယ်။ "ကောင်းကင်ကအသံက ငါ့ရဲ့နာမကို သင်၌ ဘုန်းထင်ရှားစေခဲ့ပြီ။ သင်ဟာ နာခံသော နှိမ့်ချသောသားတော် ဖြစ်တယ်။ သားတော်ကို မြင်တဲ့သူဟာ ငါ့ကိုမြင်တယ်။ သင်ဟာ ငါနှစ်သက်မြတ်နိုးရာ ငါ့ချစ်သားဖြစ်တယ်။ ကားတိုင် ထမ်းဖို့မှတပါး တခြားဝမ်းမြောက်ခြင်း သင်၌ ငါမတွေ့။ ကိုယ်စား အသေခံခြင်းအားဖြင့်သာလျှင် လူ့လောကရဲ့ ဒုက္ခ ဆင်းရဲခြင်းတွေကြားထဲမှာ ဘုရားဘုန်းထင်ရှားနိုင်မယ်။ ကားတိုင်ပေါ်မှာ ဘုရားရဲ့ဘုန်းတန်ခိုးနဲ့ သန့်ရှင်းခြင်းကို မြင်သာစေမယ်။ မထိုက်တန်ဘဲ ခေါင်းမာနေတဲ့သူတွေအတွက် ဆက်ကပ်စွန့်လွှတ်ခြင်းထက် ကြီးမြတ်တဲ့ ချစ်ခြင်း မေတ္တာဟာ မရှိတော့ဘူး" လို့ ဆိုတယ်။

ကောင်းကင်ကအသံက "ဆက်ပြီးတော့ ငါ့နာမကို ငါဘုန်းထင်ရှားစေမယ် သင်္ချိုင်းမှ သင်ထမြောက်ချိန်မှာ ငါနဲ့အတူတက်လာပြီး ဘုန်းစံစားရမယ်။ သင်ချစ်တဲ့သူတွေကိုတော့ ဝိညာဉ်တော် သွန်းလောင်းပေးမယ်။ ဒီအခါမှာ ခမည်းတော် ဘုရားသခင်ရဲ့ နာမတော်ဟာလည်း သင်မွေးဖွာတဲ့ ဝိညာဉ်တော်ရဲ့ သားသမီးတွေအားဖြင့် ဘုန်းထင်ရှားမယ်။ သူတို့ရှိခြင်းအားဖြင့် ငါ့ဘုန်းထင်ရှားတယ်။ သူတို့ရဲ့အပြုအမူအပြောအဆိုအားဖြင့် ငါ့ကို သန့်ရှင်းကြောင်း သိစေတယ်။ ကားတိုင်ပေါ်မှာ အသေခံပေးခြင်းဟာ ဘုရားသခင်ရဲ့ သားသမီးတွေအတွက် မွေးဖွားစရာအကြောင်း ဖြစ်တယ်။ သင့်ရဲ့ဆုတောင်းခြင်းဟာ အသင်းတော် အောင်မြင်ခြင်းအတွက် စိတ်ချရစေတဲ့အရာ ဖြစ်တယ်။ သင်၌သာ ခမည်းတော်ရဲ့ဘုန်းဟာ အဆုံးမရှိ ထင်ရှားစေမယ်။"

ယောဟန် ၁၂း ၂၉- ၃၃
၂၉ ဝန်းရံလျက်ရှိသော လူအစုအဝေးတို့သည်ကြားလျှင် မိုးချုန်းသည်ဟုဆိုကြ၏။ အချို့တို့ကလည်း ကိုယ်တော်အား ကောင်းကင်တမန်မြွက်သည်ဟု ဆိုကြ၏။ ၃၀ ယေရှုက ထိုစကားသံသည် ငါ့အဖို့အလိုငှါ လာသည်မဟုတ်။ သင်တို့အဖို့အလို့ငှါလာ၏။ ၃၁ ယခုတွင် ဤလောကသည် တရားစီရင်ခြင်းကိုခံရ၏။ ယခုတွင် ဤလောကကို အစိုးရသောမင်းသည် ပြင်သို့နှင်ထုတ်ခြင်းကို ခံရလိမ့်မည်။ ၃၂ ငါသည်လည်း မြေကြီးနှင့်ခွါ၍ မြှောက်ထားခြင်းကိုခံရလျှင် လူအပေါင်းတို့ကို ငါ့ထံသို့ ငါဆွဲမည်ဟုမိန့်တော်မူ၏။ ၃၃ ထိုသို့မိန့်တော်မူသော် မိမိသည် အဘယ်သို့သေရမည်အရိပ်ကို ပေးတော်မူ၏။”

သခင်ယေရှုအနားက ပရိတ်သတ်ဟာ သခင်ယေရှုနဲ့ ခမည်းတော်ဘုရားသခင် စကားပြောနေတာ မရိပ်မိကြဘူး။ မိုးချုန်းတယ်လို့ထင်တယ်။ ခမည်းတော် ဘုရားသခင်ရဲ့ ဗျာဒိတ်သံလား၊ သားတော်အပေါ်မှာ ကြင်နာစွာပြောတဲ့ အသံလား၊ ဘုရားရဲ့ချစ်ခြင်းမေတ္တာအသံတော်လား ဆိုတာ သူတို့ ခွဲခြားနိုင်စွမ်း မရှိကြဘူး။ သားတော်က ခမည်းတော်ရဲ့ အလိုကိုဝန်ခံလိုက်ခြင်းဟာ စာတန်ရဲ့အာဏာ ကျဆုံးရခြင်း ဖြစ်တယ်။ သခင်ယေရှုက စာတန်ကို ဤလောကကို အစိုးရတဲ့မင်းလို့ ပြောတယ်။ နိုင်ငံအဖြစ် တည်ရှိနေတာကို ပြတယ်။ ဝေဒနာတွေ ခါးသီးမှုတွေ ခံရပေမယ့် သခင်ယေရှုဟာ အလျင်စလို မလုပ်ဆောင်ဘဲ စာတန်ကို ဖြောင့်မတ်ခြင်း ဓါးနဲ့သာ ရင်ဆိုင်တယ်။ ဒါကြောင့် ယုံကြည်သူတွေဟာ သခင်ယေရှုနာမ၌ လွတ်မြောက်လာရတာဖြစ်တယ်။

ယုံကြည်သူကို ကားတိုင်နားကို ဆွဲခေါ်တယ်။ စာတန်ကတော့ သခင်ယေရှုကို ကားတိုင်မှာ မသေစေချင်ဘူး။ သာမန်သေခြင်းနဲ့ပဲ သေစေချင်မယ်။ ဒါပေမယ့် မောရှေခေတ်ကာလမှာ ကြေးဝါမြွေရုပ်ကို မြှောက်ထားခဲ့တဲ့ ပုံဆောင်ချက် ရှိတယ်။ ယုံကြည်သူတွေပေါ်မှာ ဘုရားရဲ့ အပြစ်ပေးခြင်းကို အဆုံးသတ်ပေးမယ့် အရာဟာ ခရစ်တော် ကားတိုင်ပေါ်မှာ သေခံခြင်းသာဖြစ်ကြောင်း သက်သေပြခဲ့တယ်။ ကားတိုင်ကို မျှော်ကြည့်သူကို ဘုရားက အပြစ်မစီရင်ဘူး။ ကားတိုင်မှာ ခရစ်တော်အသေခံခြင်းကို ယုံကြည်တဲ့ သူတွေဟာ ခရစ်တော်ရဲ့ သေခြင်းနဲ့အတူ ခရစ်တော်ရဲ့ကိုယ်စားအသေခံခြင်းမှာ အတူပါဝင်ရတယ်။ ယုံကြည်သူဟာ အပြစ်လုပ်ဖို့သေပြီ။ ဖြောင့်မတ်ခြင်းတရားအတွက်ပဲ အသက်ရှင်တော့တယ်။

ခရစ်တော်နဲ့အတူ ပူးပေါင်းရခြင်းဟာ တန်ခိုးတော်ဘုန်းအသရေကိုလည်း ခံစားခွင့်ရတယ်။ ခရစ်တော်က သေခြင်းနဲ့ အပြစ်တရားကိုအောင်မြင်တဲ့အတွက် ခရစ်တော်အနား ယုံကြည်သူတွေကို ဆွဲခေါ်တဲ့အခါ ဘုန်းအသရေ ခံစားရတယ်။ ခရစ်တော်ကို အားကိုးသူတိုင်းဟာ ပျက်စီးဆုံးရှုံးခြင်းမရောက်ဘဲ ထာဝရအသက် ရတယ်။

ယောဟန် ၁၂း ၃၄
၃၄ “လူများတို့ကလည်း ခရစ်တော်သည် အစဉ်အမြဲတည်သည်ဟု ပညတ္တိကျမ်း၌လာကြောင်းကို အကျွန်ုပ်တို့ ကြားသိရပြီ။ သို့ဖြစ်လျှင် လူသားသည် မြှောက်ထားခြင်းကို ခံရမည်ဟု သင်သည် အဘယ်သို့ဆိုသနည်း။ ထိုလူသားသည် အဘယ်သို့သောသူ ဖြစ်သနည်းဟု ဆိုကြ၏။”

ဂျူးလူမျိုးတွေက သခင်ယေရှုကို ဆင်ခြင်တုံမေးခွန်းတွေနဲ့ ထင်ရှားတဲ့သက်သေပြဖို့ စုံစမ်းလာတယ်။ စစ်မှန်သူ ဟုတ်မဟုတ် မေးခွန်းထုတ်လာတယ်။ ဒံယေလအနာဂတ္တိကျမ်း ၇ မှာတွေ့ရတဲ့ theology အနက်ဖွင့်ရာမှာ မေရှိယဟာ လူသားဖြစ်တယ်။ လောကနိုင်ငံတွေကို တရားစီရင်မယ်ဆိုတာ သူတို့သိကြတယ်။ ဒါပေမယ့် ဒီနေရာမှာ ဘုရားသားတော်ဖြစ်ခြင်း မဖြစ်ခြင်းကို သူတို့ကိုယ်တိုင် ကြားချင်ကြတယ်။ ဘုရားသားတော် ဖြစ်ကြောင်း သူကိုယ်တိုင်ပြောဆိုတဲ့ သက်သေကို သူတို့လိုချင်နေတယ်။ သူတို့ထဲက တချို့က သခင်ယေရှုဟာ ဘုရားသားတော် ဖြစ်တယ်ဆိုတဲ့ ပြောစကားနဲ့ ဘုရားကို ပစ်မှားပြီဆိုပြီး ထောင်ချောက်ကို ဆင်နေချင်ကြတဲ့ ရန်သူတွေသာ ဖြစ်တယ်။ သခင်ယေရှုက သူတို့ပြောတဲ့ ဆင်ခြင်တုံမေးခွန်းတွေကို အဖြေမပေးဘဲ ဘုရားသခင်ရဲ့ သားတော်ဟာ လူသားဖြစ်တယ်လို့ ဆိုတဲ့စကား၊ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့သက်သေကို လက်ခံတဲ့ ယုံကြည်သူကိုသာ ဖွင့်ပြောပါတယ်။

ယောဟန် ၁၂း ၃၅
၃၅ “ယေရှုကလည်း အလင်းသည် သင်တို့တွင် ခဏသာရှိ၏။ အလင်းရှိစဉ်အခါ သွားလာကြလော့။ သို့မဟုတ်လျှင် မှောင်မိုက်သည် သင်တို့ကိုမှီလိမ့်မည်။ မှောင်မိုက်၌သွားသောသူသည် အဘယ်ဆီသို့ မိမိသွားသည်ကို မိမိမသိ။”

သခင်ယေရှုဟာ ဒီလောကရဲ့အလင်း ဖြစ်တယ်။ အလင်းကိုနားလည်ဖို့ဆိုတာ ရှင်းပြစရာ မလိုဘူး။ လူသာမန်တွေပင်လျှင် အလင်းကိုမြင်နိုင် အမှောင်နဲ့ ခွဲခြားသိနိုင်တယ်။ နေ့အချိန်ကာလမှာ ခရီးသွားလို့ရတယ် ပြေးလွှားလို့ရတယ်။ ညအချိန်မှာ အလုပ်လုပ်လို့ မရတော့ဘူး။ နေရောင်ရှိစဉ်မှာ အလုပ်လုပ်နိုင်၊ သွားလာနိုင်တယ်။ သခင်ယေရှုက ဂျူးလူမျိုးတွေကို အလင်းထံလာဖို့ အချိန်ဟာ နည်းနည်းပဲ ကျန်တော့တယ်လို့ ပြောပြတယ်။ သူတို့ဘက်က ဆုံးဖြတ်ချက်ချဖို့ ဆက်ကပ်အပ်နှံဖို့ ခိုင်မာတဲ့စိတ်ရှိဖို့ လိုတယ်။

ဒါပေမယ့် အလင်းကို ငြင်းပယ်သူဟာ အမှောင်မှာနေပြီး ကိုယ်သွားတဲ့လမ်းကို မသိဘူး။ ဂျူးလူမျိုးတွေဟာ အမှောင်ထဲမှာကျင်လည်ပြီး လမ်းကြောင်းမသိ၊ မြှော်လင့်ခြင်းမရ၊ှိ ရည်ရွယ်ချက်မရှိ ဖြစ်မယ်လို့ သခင်ယေရှု ပြောနေတယ်။ ဒီအမှောင်ဟာ ပြင်ပအမှောင်နဲ့ မတူတဲ့ အမှောင်တမျိုး ဖြစ်တယ်။ အတွင်းက အမှောင်ဖြစ်ပြီး လူ့အထဲမှာ မကောင်းတဲ့ စိတ်ဝိညာဉ်အားဖြင့် ရှိနေတယ်။ ဒါကြောင့် အသက်တာ မှောင်မဲလာမယ်။ ခရစ်တော်ထံ မအပ်နှံတဲ့သူဟာ မှောင်မိုက် လွှမ်းမိုးခြင်းကို ခံရတယ်။ တချို့သော ခရစ်ယာန် နိုင်ငံတွေဟာ ဘာကြောင့် အမှောင်ထဲကျရောက်သလဲ သင်သိပါသလား။ ခရစ်ယာန်တွေက ခရစ်တော်ထံ အသက်တာဆက်ကပ်အပ်နှံခြင်း မရှိလို့ပါ။ တကယ်ပြောင်းလဲတဲ့ ခရစ်ယာန်တချို့သာ ရှိတယ်။ အလင်းထံ မချဉ်းကပ်သူကို အမှောင်က ကြီးစိုးသွားတယ်။ မိဘမျိုးရိုးအားဖြင့် ဧဝံဂေလိတရားရဲ့ ကောင်းကြီးမင်္ဂလာတွေကို အမွေခံရဖို့ မဖြစ်နိုင်ဘူး။ သခင်ယေရှု ခရစ်တော်ကို လက်ခံဖို့ အားကိုးဖို့ ဆက်ကပ်ဖို့ဟာ ကိုယ့်တာဝန်ဖြစ်တယ်။

ယောဟန် ၁၂း ၃၆
၃၆ “အလင်းရှိစဉ်အခါ အလင်း၏သားဖြစ်အံ့သောငှါ အလင်းကို ယုံကြည်ကြလော့ဟု မိန့်တော်မူ၏။ ထိုသို့မိန့်တော်မူပြီးမှ ယေရှုသည်ထွက်ကြွ၍ ထိုသူတို့ကို တိမ်းရှောင်လျက် နေတော်မူ၏။”

ယုံကြည်ခြင်းအားဖြင့် ခရစ်တော်နဲ့စပ်ဆိုင်သူဟာ ပုံမှန်ပြောင်းလဲလာတယ်။ လူတီထွင်တဲ့ ရောင်ခြည်ထက် ပိုအစွမ်းထက်တဲ့ ဘုရားသခင်ရဲ့ရောင်ခြည်ဟာ ဧဝံဂေလိ ဖြစ်တယ်။ ဒါပေမယ့် နူကလီးယား ရောင်ခြည်တွေက ဖျက်ဆီးတတ်တဲ့သဘောရှိပေမဲ့ ခရစ်တော်ရဲ့ရောင်ခြည်က ထာဝရအသက်ကို ဖန်ဆင်းတယ်။ အလင်းရဲ့သား ဖြစ်လာစေတယ်။ အများမြင်ရမယ့် မီးပြတိုက် ဖြစ်လာတယ်။ ခရစ်တော်ရဲ့တရား စင်ကြယ်ခြင်းနဲ့ ချစ်ခြင်းမေတ္တာကို ထိတွေ့ခံစားရပြီလား။ အမှောင်ထဲကနေ အံ့ဖွယ်ရာအလင်းထဲကို ခေါ်သွင်းပြီး သန့်ရှင်းစေသူက သခင်ယေရှု ဖြစ်တယ်။

ယေရုရှလင်မြို့ကိုမဝင်မှီ သခင်ယေရှ တရားဟောပြီးနောက်ပိုင်းမှာ ရောမအစိုးရကိုသော်လည်းကောင်း ဟေရုဒ်အစိုးရကိုသော်လည်းကောင်း လက်နက်နဲ့ ပုန်ကန်ဖို့ဆိုတဲ့ စကားမျိုး လုံးဝမပြောခဲ့ဘူး။ သူ့ရဲ့တိုက်ပွဲက ပြီးဆုံးသွားပြီး၊ လောကီနိုင်ငံကို တရားစီရင်ဖို့လည်း အချိန်နီးကပ်လာတယ်။ အလင်းဟာ မှောင်မိုက်မှာ လင်းတယ်။ ယုံကြည်သူတွေ ကယ်တင်ခံရတယ်။ မယုံကြည်သူတွေ ဆုံးရှုံးကြတယ်။ ကောင်းကင်နဲ့မြေကြီးကြားက တိုက်ပွဲဟာ အထွဋ်အထိပ် ရောက်လာတယ်။ ဘုရားသခင်က လူကို ယုံကြည်ဖို့ အတင်းအကျပ် မခိုင်းစေဘူး။ အလင်းရဲ့သား ဖြစ်ပြီလား။ သို့မဟုတ် အမှောင်ရဲ့ကျွန်ဖြစ်နေသေးသလား။

ဆုတောင်း သခင်ယေရှုဘုရား လောကရဲ့အလင်းအဖြစ် ဖွင့်ပြခဲ့တဲ့အတွက် ကျးဇူးတင်ပါတယ်။ ကိုယ်တော့် ဂရုဏာရောင်ခြည်အနားကို ဆွဲခေါ်ပြီး၊ သနားတတ်သူများ ဖြစ်စေတော်မူပါ။ ငွေအာဏာနဲ့ လောကီ အောင်မြင်မှုကို မမက်ပဲ ကိုယ်တော့်နောက်ကို လိုက်လျှောက်လျက် အလင်းတော်မှာ အလင်းရဲ့သားသမီးအဖြစ် တည်နိုင်ဖို့ မစတော်မူပါ။

မေးခွန်း ၈၃

  1. အလင်းရဲ့သားဖြစ်တယ်ဆိုတာ ဘာလဲ။

www.Waters-of-Life.net

Page last modified on January 29, 2022, at 04:55 AM | powered by PmWiki (pmwiki-2.3.3)