Home
Links
Bible Versions
Contact
About us
Impressum
Site Map


WoL AUDIO
WoL CHILDREN


Bible Treasures
Doctrines of Bible
Key Bible Verses


Afrikaans
አማርኛ
عربي
Azərbaycanca
Bahasa Indones.
Basa Jawa
Basa Sunda
Baoulé
বাংলা
Български
Cebuano
Dagbani
Dan
Dioula
Deutsch
Ελληνικά
English
Ewe
Español
فارسی
Français
Gjuha shqipe
հայերեն
한국어
Hausa/هَوُسَا
עברית
हिन्दी
Igbo
ქართული
Kirundi
Kiswahili
Кыргызча
Lingála
മലയാളം
Mëranaw
မြန်မာဘာသာ
नेपाली
日本語
O‘zbek
Peul
Polski
Português
Русский
Srpski/Српски
Soomaaliga
தமிழ்
తెలుగు
ไทย
Tiếng Việt
Türkçe
Twi
Українська
اردو
Uyghur/ئۇيغۇرچه
Wolof
ייִדיש
Yorùbá
中文


ગુજરાતી
Latina
Magyar
Norsk

Home -- Burmese -- John - 080 (Men harden themselves)
This page in: -- Albanian -- Arabic -- Armenian -- Bengali -- BURMESE -- Cebuano -- Chinese -- Dioula? -- English -- Farsi? -- French -- Georgian -- Greek -- Hausa -- Hindi -- Igbo -- Indonesian -- Javanese -- Kiswahili -- Kyrgyz -- Malayalam -- Peul -- Portuguese -- Russian -- Serbian -- Somali -- Spanish -- Tamil -- Telugu -- Thai -- Turkish -- Twi -- Urdu -- Uyghur? -- Uzbek -- Vietnamese -- Yiddish -- Yoruba

Previous Lesson -- Next Lesson

ယောဟန် - အမှောင်မှာ ထွန်းလင်းတဲ့ အလင်းတော်
ရှင်ယောဟန်ခရစ်ဝင်ကျမ်းကို လေ့လာခြင်း
အပိုင်း ၃ - တမန်တော်တွေကြားမှာ ထွန်းလင်းတဲ့အလင်း။ (ယောဟန် ၁၁း ၅၅- ၁၇း ၂၆)
A - သန့်ရှင်းသောတပတ်တာကာလအတွက် နိဒါန်း။ (ယောဟန် ၁၁း ၅၅- ၁၂း ၅၀)

5. တရားစီရင်ခြင်းအတွက် ကိုယ့်ကိုကိုယ် ခိုင်မာစေကြတယ်။ ခေါင်းမာနေကြတယ်။ (ယောဟန် ၁၂း ၃၇- ၅၀)


ယောဟန် ၁၂း ၃၇- ၄၁
၃၇ “ထိုမျှလောက် ကြီးစွာသော နိမိတ်လက္ခဏာတို့ကို သူတို့မျက်မှောက်၌ ပြတော်မူသော်လည်း သူတို့သည် ယုံကြည်ခြင်းသို့ မရောက်ကြ။ ၃၈ ပရောဖက် ဟေရှာယဟောဖူးသည်ကား အိုထာဝရဘုရား အကျွန်ုပ်တို့ ဟောပြောသော သတင်းစကားကို အဘယ်သူယုံပါသနည်း။ ထာဝရဘုရား၏ လက်တော်သည် အဘယ်သူအား င်ရှားတော်မူသနည်းဟူသော စကားသည် ပြည့်စုံခြင်းသို့ ရောက်သတည်း။ ၃၉ တဖန် ပရောဖက်ဟေရှာယ ဟောပြန်သည်ကား ၄၀ သူတို့မျက်စိမမြင် စိတ်နှလုံးနားမလည် အကျင့်မပြောင်းလဲ သူတို့အနာရောဂါကို ငါ မငြိမ်းစေသည်တိုင်အောင် သူတို့မျက်စိကို ကွယ်စေတော်မူ၏။ သူတို့စိတ်နှလုံးကို မိုက်စေတော်မူ၏ဟူသောစကားကြောင့် ထိုသူတို့သည် ယုံကြည်ခြင်းသို့ မရောက်စေနိုင်ကြ။ ၄၁ ဟေရှာယသည် ဘုန်းအာနုဘော်တော်ကို မြင်၍ ဗျာဒိတ်တော်ကို ပြန်စဉ်တွင် ထိုစကားကို ဟောပြောသတည်း။”

ယေရုရှလင်မြို့မှာ သခင်ယေရှုဟာ နိမိတ်လက္ခဏာ အများအပြား ပြခဲ့တယ်။ ယုံကြည်ချင်သူတွေက တန်ခိုးတော်ကို သတိပြုမိလာပေမယ့် စိတ်နှလုံး ကျဉ်းမြောင်းသူတွေကတော့ အရင် အတွေးအခေါ်ဟောင်းတွေနဲ့ပဲ ပိတ်မိနေပြီး သခင်ယေရှုကို သတိမထားမိကြဘူး။ သူတို့ရဲ့အတွေးအခေါ်က ကမောက်ကမ ဖြစ်နေတယ်။

လူအများစုမှာ ကိုယ်ပိုင်အတွေးတွေနဲ့ ပြည့်နေပြီး၊ ဘုရားအသံကို မကြားနိုင်ဘူး။ သန့်ရှင်းသော ဝိညာဉ်တော်က တည်ငြိမ်စွာ အေးဆေးစွာပြောနေပေမယ့် လူ့ရဲ့နှလုံးသားက အာရုံစိုက်ဖို့ လိုတယ်။

ဒါပေမယ့် ပုန်ကန်သူတွေက ဧဝံဂေလိတရားပြောနေတဲ့ ဝိညာဉ်တော်ကို ဆန့်ကျင်နေပြီး သူတို့ စိတ်ဝိညာဉ်ကို မာကြောစေတယ်။ ဘုရားသခင်ရဲ့ တရားခြင်းနဲ့ အမျက်တော်ကို ကြားတဲ့အခါ သူတို့စိတ်နှလုံးဟာ ပိုမိုမာကြောလာတယ်။ ကိုယ့်လိုအပ်ချက်ကို ဆက်လက် ရိပ်မိနိုင်စွမ်း မရှိတော့ဘူး။ ဘုရားသခင်သာလျှင် ကယ်တင်နိုင်၊ အပြစ်ပေးနိုင်သူ ဖြစ်တယ်။

တချို့သောမိသားစု လူမျိုးစုနဲ့ နိုင်ငံတွေဟာ ဘုရားရဲ့ အမျက်တော်အောက်မှာ ရှိနေတာ တွေ့ရတယ်။ ဘုရားထံက ထွက်ခွါသွားသူတွေကို လမ်းကြောင်းပေါ်ပြန်လာဖို့ ဘုရားက ခဏခဏကြိုးစားနေတယ်။ ဝိညာဉ်တော်ရဲ့ အသံကို နားမထောင်သူတွေရဲ့ စိတ်နှလုံးဟာ မာကြောလာတယ်။ ဘုရားမေတ္တာကို ချနင်းပြီး ခရစ်တော်ရဲ့ ဆွဲဆောင်မှုကို ချနင်းရင် အပြစ်စီရင်ခြင်း ခံရမယ်။ ဘုရားသခင်က သန့်ရှင်းတဲ့အတွက် မနာခံသူရဲ့ စိတ်နှလုံးဟာ ပိုမာကြောလာပြီး ပျက်စီးရလိမ့်မယ်။ ဘုရားကို ဆန့်ကျင်တဲ့သူတွေရဲ့ စိတ်နှလုံးကို ဘုရားသခင် မာကြောစေတယ် ဆိုတာ စိတ်ကူးယဉ် အတွေးမျိုး မဟုတ်ဘူး။ ဘုရားဘုန်းတော်ထင်ရှားဖို့ ဖြစ်တယ်။ ဒီအချက်ကို ဟေရှာယ နားလည်တယ်။ ထာဝရဘုရားက လူမျိုးတော်ကို ကယ်တင်ဖို့မဟုတ်ဘဲ စိတ်နှလုံးကို ခိုင်မာစေလိမ့်မယ် ဆိုတဲ့ စကားကို ဟေရှာယ ကြားခဲ့တယ်။ (ဟေရှာယ ၆း ၁- ၁၃) မေတ္တာအကြောင်းဟောရတာ ဘုရားအမျက်တော်နဲ့ ဘုရားစီရင်ခြင်းအကြောင်း သတိပေးရတာထက် ပိုလွယ်ပါတယ်။ ဘုရားမေတ္တာဆိုတာ သန့်ရှင်းခြင်း၊ အမှန်တရားနဲ့ တရားမျှတမှုတွေ ရောယှက်နေတယ်။ မကောင်းမှုဆိုတာ ဘုရားသခင်ရှေ့မှာ ရပ်တည်လို့ မရဘူး။ ဘုရားဘုန်းတော် ရောင်ခြည်နဲ့ လွင့်ပါးသွားစေမယ်။ သခင်ယေရှုဟာ လူ့ဇာတိခံတဲ့ ချစ်ခြင်းမေတ္တာ ဖြစ်တဲ့အတွက် သူဟာ တခြားသူတွေနဲ့ မတူဘူး။ ရှင်ယောဟန်က ပလ္လင်ပေါ်မှာ ထိုင်သောသူလို့ ပြောတဲ့အခါ ဟေရှာယမြင်ဖူးတဲ့သူ သခင်ယေရှု ကိုယ်တိုင် ဖြစ်တယ်၊ ဘုရားသခင်နဲ့ သူ့ရဲ့သားတော်ဟာ သန့်ရှင်းသော ဘုန်းအသရေမှာ တလုံးတဝတည်း ဖြစ်တာ ပြခဲ့တယ်။

ယောဟန် ၁၂း ၄၂- ၄၃
၄၂ “သို့သော်လည်း အရာရှိအများတို့သည် ကိုယ်တော်ကို ယုံကြည်ကြ၏။ တရားဇရပ်မှ ဖါရိရှဲတို့သည် နှင်ထုတ်မည်ကို စိုးရိမ်သောကြောင့် ထင်ရှားစွာဝန်မခံကြ။ ၄၃ အကြောင်းမူကား ဘုရားသခင်ပေးတော်မူသော ဘုန်းအသရေထက် လူတို့ပေးသော ဘုန်းအသရေကို သာ၍ နှစ်သက်ကြ၏။”

ခရစ်ဝင်ကျမ်းရေးတဲ့ ယောဟန်ဟာ ယဇ်ပရောဟိတ်မင်းမိသားစုနဲ့ သိကျွမ်းတယ်။ (ယောဟန် ၁၈း ၁၅) အရာရှိအများအပြားက ယုံကြည်ကြပေမယ့် သခင်ယေရှုနဲ့ ခပ်ဝေးဝေးမှာပဲ နေတယ်လို့ ဆိုတယ်။ သခင်ယေရှုနဲ့ အတူ ဘုရားသခင်ရှိတယ်။ သူ့စကားတွေဟာ တန်ခိုးသမ္မာတရားနဲ့ ပြည့်စုံတယ်လို့ ရိပ်မိကြပေမယ့် သူတို့က ပွင့်ပွင့်လင်းလင်း ဝန်မခံကြဘူး။ အသိစိတ်က သိရဲ့သားနဲ့ ဘာကြောင့်ဆန့်ကျင်ဘက် အသက်ရှင်သလဲ။ သူတို့ ကြောက်လို့ပါ။ ဘေးကင်းဖို့နဲ့ လူတွေကြိုက်ဖို့ကို ပိုသဘောကျတယ်။ ဖါရိရှဲတွေက ယေရုရှလင် မြို့သားတွေကို သခင်ယေရှုနဲ့ ပတ်သက်ရင် ဖယ်ကျဉ်ခြင်းခံရမယ်လို့ ခြိမ်းခြောက်ထားတယ်။ ဒါကြောင့် အရာရှိတွေက သူတို့ရဲ့ ရာထူးအာဏာကို စွန့်လွှတ်ရမှာ ကြောက်တယ်။ သူတို့ကို သူများအပြစ်ပေးမှာ ကြောက်ကြတယ်။ ကိုယ့်လူမျိုးက ဖယ်ကျဉ်လိုက်ပြီဆိုရင် အရောင်းအဝယ် လုပ်ခွင့်မရ၊ အိမ်ထောင်ပြုခွင့်မရ၊ တခြားသူတွေနဲ့အတူ ဆုတောင်း ဝတ်ပြုခွင့်မရ ဖြစ်သွားနိုင်တယ်။ ဒါကဘာနဲ့တူလဲဆိုတော့ လူနူတယောက်ကို အသိုင်းအဝိုင်းမှ ကျဉ်ထားသလိုမျိုး ဖြစ်တယ်။

တိတ်တဆိတ်ယုံကြည်ပါလျက်နဲ့ ဘာကြောင့် သူတို့က ပွင့်လင်းစွာ ဝန်မခံရဲတာလဲ။ လူတွေရဲ့ ချီးမွမ်းခြင်းကို ကြိုက်ပြီး ဘုရားသခင်ရဲ့ ချီးမွမ်းခြင်းကို ပိုမနှစ်သက်လို့ ဖြစ်တယ်။ သူတို့ရည်ရွယ်ချက်က ဘုရားသခင် သဘောကျဖို့ မဟုတ်ဘဲ ဘုရားထက် သူတို့ကိုယ်သူတို့ ပိုချစ်နေလို့ ဖြစ်တယ်။ တိတ်တဆိတ်ယုံပြီး သခင်ယေရှုကို မယုံကြည်သလို နေတဲ့သူတွေမှာ အမင်္ဂလာရှိတယ်။ ဒီလူတွေဟာ အခက်အခဲ တွေ့ကြုံတဲ့အခါ ဘုရားကို ငြင်းပယ်တယ်။ သူတို့က ဘေးကင်းလုံခြုံဖို့ကို ပိုသဘောကျကြတယ်။ ဘုရားသခင်ရဲ့ ဂုဏ်အသရေနဲ့ ကာကွယ် စောင့်ရှောက်ခြင်းကို သဘောမကျဘူး။ ဘုရားသခင်ထံ လမ်းပြဖို့ ဘုရားသခင်ကို အားကိုးယုံကြည်တတ်ဖို့ ဝန်ခံ အသက်ရှင်လိုက်ပါ။

ယောဟန် ၁၂း ၄၄- ၄၅
၄၄ “ယေရှုကလည်း ငါ့ကို ယုံကြည်သောသူသည် ငါ့ကိုသာ ယုံကြည်သည်မဟုတ်၊ ငါ့ကိုစေလွှတ်တော်မူသောသူကို ယုံကြည်၏။ ၄၅ ငါ့ကိုကြည့်မြင်သောသူသည် ငါ့ကိုစေလွှတ်တော်မူသောသူကို ကြည့်မြင်၏။”

သခင်ယေရှုက လူတွေနောင်တရဖို့ ဝိညာဉ်သဘောမှာ ရိုးသားဖို့ ပြောနေတယ်။ အစပထမမှာ ငါ့ကို ယုံကြည်သောသူဟာ ငါ့ကိုသာ ယုံကြည်သည်မဟုတ်ဆိုတဲ့ စကားဟာ ရှေ့နောက်မညီသလို ဖြစ်နေတယ်။ သခင်ယေရှုဟာ လူတယောက်ကို သူနဲ့သာ ပတ်သက်စေတာမဟုတ်၊ သားတော်က ခမည်းတော်နဲ့ တိုက်ရိုက် သက်ဆိုင်စေတယ်။ သူ့မှာ အထူးအခွင့်အရေး မရှိသလိုမျိုး သူ့တယောက်ထဲကိုသာ မြှော်လင့်မှာကို မလိုလားဘူး။ လူ့ရဲ့ ယုံကြည်ချက်ကို ဦးစားပေးပြီး ဘုရားကို မသေးသိမ်စေဘူး။ ဒါကြောင့် ဘုရားရဲ့ ကြီးမြတ်မှုကို သူမယူဘူး။ ဘုရားဘုန်းတော်နဲ့ ဖွင့်ပြခြင်းကိုသာ ဦးစားပေးတယ်။

တဖက်ကလည်း သားတော်ထံမှတပါး ဘယ်သူမှ ခမည်းတော်ထံကို လာလို့မရဘူး။ သားတော်အားဖြင့် မဟုတ်ဘဲ ဘုရားသခင်ကို စစ်မှန်စွာ ယုံကြည်လို့ မရဘူး။ ခမည်းတော်က သားတော်ထံမှာ ယုံကြည်သူတွေကို အပ်နှံပြီး ဘုရားတန်ခိုးတော်အားလုံးကို ယုံကြည်စေတယ်။ ဒါကြောင့် နှိမ့်ချတဲ့သားတော်က ဒီအချက်ကို သတိထားပြီး ငါ့ကိုကြည့်မြင်တဲ့သူဟာ ငါ့ကို စေလွှတ်သောသူကို ကြည့်မြင်တယ်လို့ ဆိုတယ်။ သခင်ယေရှုဟာ ဒီမှာစစ်မှန်သောသူ၊ ရိုးသားသောသူအဖြစ် ဘုရားရဲ့တန်ခိုးနဲ့ ဘုန်းအသရေတော်ကို ဝန်ခံသောသူ ဖြစ်တယ်။ သခင်ယေရှုဟာ ဘုရားရဲ့အသက်၊ အလင်းနဲ့ ကြီးမြတ်မှုတွေကို ထင်ရှားပြရတယ်။ သခင်ယေရှုရဲ့ အသက်တာနဲ့ ရှင်ပြန်ထမြောက်ရခြင်းမှာ တွေ့ရတဲ့ အရာကလွဲရင် ဘုရားနဲ့စပ်ဆိုင်ပြီး တခြားအရာကို လူတွေ မသိမြင်နိုင်ဘူး။ သခင်ယေရှုရဲ့ နှိမ့်ချခြင်းဟာ သူ့ကို ခမည်းတော်ဘုရားနဲ့ တန်းတူ ဖြစ်သွားစေတယ်။ ဒါကြောင့် ဟေရှာယမြင်ခဲ့ရတဲ့ ပုဂ္ဂိုလ်ဟာ သခင်ယေရှုကိုယ်တိုင် ဖြစ်တယ်။ ခမည်းတော်နဲ့ သားတော်ကြားမှာ ဘာမှကွာခြားချက်မရှိဘူး။

ယောဟန် ၁၂း ၄၆- ၄၈
၄၆ “ယေရှုကလည်း ငါ့ကိုယုံကြည်သမျှသောသူတို့သည် မှောင်မိုက်၌မနေစေခြင်းငှါ ငါသည် အလင်းဖြစ်လျှက် ဤလောကသို့ ကြွလာပြီ။ ၄၇ ငါ့စကားကိုကြားသောသူသည် မယုံကြည်ဘဲနေလျှင် ထိုသူကို ငါသည်အပြစ်မစီရင်။ လောကီသားတို့ကို အပြစ်စီရင်အံ့သောငှါ ငါလာသည်မဟုတ်၊ လောကီသားတို့ကို ကယ်တင်အံ့သောငှါ ငါလာ၏။ ၄၈ ငါ့ကိုပယ်၍ ငါ့စကားကို နားမခံသောသူအား အပြစ်စီရင်သောသူရှိသေး၏။ ငါဟောပြောသောစကားပင် နောက်ဆုံးသောနေ့၌ ထိုသူအား အပြစ်စီရင်လိမ့်မည်။”

အာဖရိကတောနက်ထဲက ကျေးရွာတချို့မှာ ကြောက်စရာကောင်းတဲ့ ကပ်ရောဂါဆိုးတမျိုး ကူးစက် ပြန့်ပွါးနေတယ်။ အဲဒီရာဂါဒဏ်ကို တောထဲက တဲငယ်လေးတွေထဲမှာ လူတွေ အလူးအလဲ ခံစားနေရတယ်။ အဲဒီရွာတွေကို ရောက်လာတဲ့ ဆရာဝန်တယောက်က လူနာဟာ တောက်ပတဲ့နေရောင်အောက်မှာ လမ်းလျှောက်ရင် ဒီကပ်ရောဂါရဲ့ ပိုးမွှားတွေ သေမယ်လို့ နားလည်ထားတယ်။ ဒါကြောင့် သူက အဲဒီမှောင်တဲ့ တဲတွေထဲက ထွက်ခဲ့ကြ ရောဂါပျောက်မယ်။ အဲဒီရောဂါပိုးတွေဟာ နေရောင်အောင်မှာ ပျောက်ကွယ်သွားလိမ့်မယ်လို့ အော်ပြောတယ်။ လူအများအပြား နေရောင်အောက်ကို ထွက်လာပြီး ရောဂါပျောက်ကြတယ်။ ဆရာဝန်ကို မယုံကြည်တဲ့သူတွေက တဲထဲမှာပဲ ဆက်နေပြီး သေသွားကြတယ်။ ဆရာဝန်နဲ့ ရောဂါပျောက်သွားတဲ့လူနာတွေဟာ သေအံ့ဆဲဆဲဖြစ်နေတဲ့ လူတွေကို တွေ့မြင်ရတယ်။ မင်းတို့ ဘာလို့ နေရောင်ခြည်အောက်ကို ထွက်မလာတာလဲလို့ မေးတဲ့အခါ သူတို့က "ခင်ဗျားစကားကို မယုံလို့ပေါ့။ သိပ်လွယ်လွန်းတယ်လို့ ထင်လို့ ငါတို့က ရောဂါရပြီး အမောတောင်ဖေါက်နေတာ" လို့ ဖြေကြတယ်။ ဆရာဝန်က “ဒါဆိုရင် မင်းတို့က ရောဂါကြောင့် သေရတာမဟုတ်ဘူး။ ငါပြောတာကို မယုံလို့ သေရတာ” လို့ ပြောလိုက်တယ်။

ဒီဖြစ်ရပ်ကလေးက ခရစ်တော်ရဲ့ တန်ခိုးကို ရှင်းပြနေတယ်။ ခရစ်တော်ဟာ ဖြောင့်မတ်ခြင်းတရားရဲ့ နေမင်းဖြစ်တယ်။ အပြစ်မှောင်မိုက်ထဲမှာ ထွန်းလင်းတယ်။ မကောင်းမှုတွေ အားလုံးကို အောင်မြင်တယ်။ ခရစ်တော်ရဲ့ အလင်းထဲကို ဝင်ရောက်သူဟာ ကယ်တင်ခြင်းခံရတယ်။ ခရစ်တော်ရဲ့အလုပ်က လူတွေကို သေခြင်းကနေ ကယ်လွှတ်ဖို့ ဖြစ်တယ်။ သူ့ရဲ့စကားသံဟာ သေခြင်းတရားရဲ့လက်မှ လွတ်မြောက်စေနိုင်တယ်။ သူ့စကားကို ကြားပြီး ယုံကြည်သူဟာ သူ့ထံလာမယ်။ အသက် ထာဝရရှင်ခွင့်ရမယ်။ သေခြင်းတရားက အစိုးမရတော့ဘူး။

ဒါပေမယ့် သူ့စကားကိုကြားပြီး စိတ်နှလုံးထဲမှာ မသိုထားတဲ့သူဟာ အပြစ်ထဲမှာနစ်ပြီး တရားစီရင်ခြင်းခံရဖို့ပဲ ရှိတယ်။ ဒါကြောင့် ဧဝံဂေလိတရားဟာ မယုံကြည်သူတွေအတွက် တရားစီရင်ခြင်းဖြစ်ပြီး ပျက်စီးခြင်းကို ပို့ဆောင်လိမ့်မယ်။ သခင်ယေရှုကို သင့်ရဲ့ကယ်တင်ရှင်အဖြစ် လက်ခံခဲ့ပြီလား။ သခင်ယေရှုရဲ့ စကားတွေကို မှတ်ကျုံးထားပြီလား။ ဒီစကားအတိုင်း အသက်ရှင်ဖို့ လက်ခံလိုက်ပြီလား။

ယောဟန် ၁၂း ၄၉- ၅၀
၄၉ “အကြာင်းမူကား ငါသည် ကိုယ်အလိုအလျောက် ဟောပြောသည်မဟုတ်၊ ငါ့ကိုစေလွှတ်သော ခမည်းတော်သည် အဘယ်သို့ ငါ ဆုံးမဟောပြောရမည်ကို ပညတ်ပေးတော်မူပြီ။ ခမည်းတော်၏ ပညတ်တော်သည် ထာဝရအသက် ဖြစ်သည်ကို ငါသိ၏။ ၅၀ ထိုကြောင့် ဟောပြောသမျှတို့ကို ခမည်းတော်မှာထားတော်မူသည်အတိုင်း ငါဟောပြောသည်ဟု ကြွေးကြာ်၍ မိန့်တော်မူ၏။”

သခင်ယေရှုဟာ ဘုရားသခင်ရဲ့ နှုတ်ထွက်စကား ဖြစ်တယ်။ ဘုရားသခင်ရဲ့ အလိုတော်နဲ့ ဘုရားသခင်ရဲ့ အကြံအစည်တော်ကို သခင်ယေရှု ပြောစကားအားဖြင့်သာ ကြားရတယ်။ သခင်ခရစ်တော်ဟာ ဘုရားသခင်ရဲ့ တိုက်ရိုက်သတင်းစကား ဖြစ်တယ်။ သားတော်က နာခံပြီး ခမည်းတော်ရဲ့ အသံတော်ကို နားထောင်တယ်။ ပြီးမှ လူ့ဘာသာစကားနဲ့ ပြန်ပြောပြတယ်။ သားတော်အားဖြင့် ဘုရားသခင်က လောကသားတွေကို စကားပြောတဲ့အခါ ငါဟာ ထာဝရ အသက်ရှင်သောသူ ဖြစ်တယ်။ ကျေးဇူးတော်အားဖြင့် သင့်ရဲ့အဘဖြစ်ပြီး သင့်ကို ထာဝရအသက် ပေးမယ်။ သင်ဟာ ထာဝရအမျက်တော်နဲ့ ဖျက်ဆီးခြင်းကို ခံရထိုက်ပေမယ့် ဘာပဲဖြစ်ဖြစ် သင့်ကို ငါချစ်တယ်။ ငါ့ရဲ့ သန့်ရှင်းသောသားဟာ သင့်ကိုယ်စား အပြစ်ကြွေး ပေးဆပ်တယ်။ ဒါကြောင့် သင်ဟာ ဖြောင့်မတ်လာပြီး သန့်ရှင်းသော ဝိညာဉ်တော်ကို ခံယူရပြီ။ မသေတော့ပဲ ထာဝရ အသက်ရှင်လျက် ခရစ်တော်ရဲ့လက်ထဲမှာ ရောက်ရှိသွားပြီ။ မယုံကြည်သူကတော့ ပရဒိသုဘုံရှိ အသက်ပင်နဲ့ လွဲမယ်။ ဒီစကားတွေက ဘုရားသခင်က လောကီသားတွေကို အခမဲ့ ကယ်တင်ခြင်း ပေးနေတာဖြစ်တယ်။ ဒါပေမယ့် ခရစ်တော်ကို ငြင်းပယ်တဲ့အခါမှာ ပျက်စီးခြင်းကိုရောက်ပြီး ဘုရားသခင်ရဲ့ အသက်ကို ငြင်းပယ်သလို ဖြစ်တယ်။

ဆုတောင်း အိုအဖ ထာဝရအသက် ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကိုယ်တော်ကို ဝမ်းမြောက်စွာ ချီးမွမ်းပါတယ်။ သေခြင်းမှ အသက်ရှင်ခြင်းကို ကူးပြောင်းပြီး အပြစ်တရားထဲမှ ကိုယ်တော့မေတ္တာထဲကို ကူးပြောင်းခဲ့ပါတယ်။ သားတော်ရဲ့ စကားကိုနားထောင်ပြီး စိတ်နှလုံးထဲမှာ သိုထားပါပြီ။ အသီးသီးစေပါမည်။ ဧဝံဂေလိတရားအားဖြင့် လူအများကို နိုးထစေပါ။ တရားစကားကိုကြားရပြီး သေခြင်းသို့မရောက်ဘဲ အသက်ရှင်ဖို့ရန် သွန်သင်ပေးတော်မူပါ။

မေးခွန်း ၈၄

  1. ခရစ်တော်အားဖြင့် ဘုရားသခင်ထားတဲ့ ပညတ်တော်က ဘာလဲ။

www.Waters-of-Life.net

Page last modified on January 29, 2022, at 04:55 AM | powered by PmWiki (pmwiki-2.3.3)