Home
Links
Bible Versions
Contact
About us
Impressum
Site Map


WoL AUDIO
WoL CHILDREN


Bible Treasures
Doctrines of Bible
Key Bible Verses


Afrikaans
አማርኛ
عربي
Azərbaycanca
Bahasa Indones.
Basa Jawa
Basa Sunda
Baoulé
বাংলা
Български
Cebuano
Dagbani
Dan
Dioula
Deutsch
Ελληνικά
English
Ewe
Español
فارسی
Français
Gjuha shqipe
հայերեն
한국어
Hausa/هَوُسَا
עברית
हिन्दी
Igbo
ქართული
Kirundi
Kiswahili
Кыргызча
Lingála
മലയാളം
Mëranaw
မြန်မာဘာသာ
नेपाली
日本語
O‘zbek
Peul
Polski
Português
Русский
Srpski/Српски
Soomaaliga
தமிழ்
తెలుగు
ไทย
Tiếng Việt
Türkçe
Twi
Українська
اردو
Uyghur/ئۇيغۇرچه
Wolof
ייִדיש
Yorùbá
中文


ગુજરાતી
Latina
Magyar
Norsk

Home -- Burmese -- John - 077 (Jesus enters Jerusalem)
This page in: -- Albanian -- Arabic -- Armenian -- Bengali -- BURMESE -- Cebuano -- Chinese -- Dioula? -- English -- Farsi? -- French -- Georgian -- Greek -- Hausa -- Hindi -- Igbo -- Indonesian -- Javanese -- Kiswahili -- Kyrgyz -- Malayalam -- Peul -- Portuguese -- Russian -- Serbian -- Somali -- Spanish -- Tamil -- Telugu -- Thai -- Turkish -- Twi -- Urdu -- Uyghur? -- Uzbek -- Vietnamese -- Yiddish -- Yoruba

Previous Lesson -- Next Lesson

ယောဟန် - အမှောင်မှာ ထွန်းလင်းတဲ့ အလင်းတော်
ရှင်ယောဟန်ခရစ်ဝင်ကျမ်းကို လေ့လာခြင်း
အပိုင်း ၃ - တမန်တော်တွေကြားမှာ ထွန်းလင်းတဲ့အလင်း။ (ယောဟန် ၁၁း ၅၅- ၁၇း ၂၆)
A - သန့်ရှင်းသောတပတ်တာကာလအတွက် နိဒါန်း။ (ယောဟန် ၁၁း ၅၅- ၁၂း ၅၀)

2. သခင်ယေရှု ယေရုရှလင်မြို့သို့ ဝင်လာခြင်း။ (ယောဟန် ၁၂း ၉- ၁၉)


ယောဟန် ၁၂း ၉- ၁၁
၉ “ထိုအရပ်၌ ယေရှုရှိတော်မူသည်ကို ယုဒလူများအပေါင်းတို့သည်သိလျှင်၊ ကိုယ်တော်ကြောင့်သာ လာသည်မဟုတ် သေခြင်းမှ ထမြောက်စေတော်မူသော လာဇရုကိုမြင်ခြင်းငှါ လာကြ၏။ ၁၀ ထိုသို့ ယုဒလူများတို့သည် လာဇရုကိုအကြောင်းပြုသဖြင့် ထွက်သွား၍၊ ၁၁ ယေရှုကို ယုံကြည်သောကြောင့် ယဇ်ပုရောဟိတ်အကြီးတို့သည် လာဇရုကိုလည်း သတ်ခြင်းငှါ တိုင်ပင်စီရင်ကြ၏”

သခင်ယေရှုက လာဇရုထံ သွားလည်တဲ့သတင်း ယေရုရှလင်မြို့မှာ ပျံ့နေတယ်။ လူတွေဟာ ယေရုရှလင်မြို့ကနေ သံလွင်တောင်ဘက် ဗေသနိရွာဘက်ကို အပြေးအလွှား ရောက်လာတယ်။ အသက်ပြန်ရှင်တဲ့ နိမိတ်လက္ခဏာကို မြင်ချင်ကြတယ်။

ယဇ်ပုရောဟိတ်အကြီးတွေက ရှင်ပြန်ထမြောက်ခြင်းနဲ့ နံဝိညာဉ်ကိုမယုံတဲ့ ဇဒ္ဒုကဲတွေနဲ့ ပူးပေါင်းလိုက်တယ်။ သူတို့က သခင်ယေရှုနဲ့ လာဇရုကို မုန်းတယ်။ ဒီနိမိတ်လက္ခဏာကိုလည်း လက်မခံဘူး။ နိမိတ်လက္ခဏာပြုတဲ့ သူရော၊ ပြန်ရှင်လာတဲ့သူကိုပါ သတ်ချင်လာတယ်။ တချိန်တည်းမှာပဲ သူတို့ဟာ လာဇရုကို အသက်ပြန်ရှင်စေတဲ့ သခင်ယေရှုကို စစ်မှန်တဲ့မေရှိယအဖြစ် လူတွေ လက်ခံနေတာကိုလည်း ချေဖျက်ချင်ကြတယ်။

ယောဟန် ၁၂း ၁၂- ၁၃
၁၂ “နက်ဖြန်နေ့၌ ယေရှုသည် ယေရုရှလင်မြို့သို့ ကြွလာတော်မူသည်ကို ထိုပွဲသို့လာသောလူ အစုအဝေး အပေါင်းတို့သည် ကြားရလျှင်၊ ၁၃ စွန်ပလွံခက်များကိုကိုင်လျက် ကိုယ်တော်ကို ခရီးဦးကြိုပြုအံ့သောငှါ ထွက်သွားကြ၍ ဟောရှဏ္ဏဖြစ်စေသတည်း ထာဝရဘုရား၏အခွင့်နှင့် ကြွလာတော်မူသော ဣသရေလရှင်ဘုရင်သည် မင်္ဂလာရှိစေသတည်းဟု ကြွေးကြော်ကြ၏။”

သခင်ယေရှုအကြောင်းကို လူတိုင်းပြောနေကြပြီ။ သူဘာလုပ်မလဲ ထွက်ပြေးမလား။ မြို့တော်ကို သိမ်းပိုက်မလား မေးလာကြတယ်။ ဗေသနိမှာ တညတာ တည်းခိုပြီးတဲ့အခါ ယေရုရှလင်ကို တပည့်တော်တွေနဲ့အတူ ရောက်လာတာကို မြင်ကြတယ်။ ဘုရင်အသစ်ကြွလာပြီ။ ထာဝရဘုရားအခွင့်နဲ့ကြွလာပြီ လို့ ဆိုကြတယ်။ နိမိတ် လက္ခဏာတွေ၊ အောင်မြင်ခြင်းတွေကို လူအများစုက မြင်ဖူးကြတယ်။ ဒါကြောင့် တချို့က စွန်ပလွံကိုင်းတွေကို ခုတ်ပြီး သူ့ကို ကြိုဆိုလာကြတယ်။ တချို့က ရှင်ဘုရင်တွေ၊ သူရဲကောင်းတွေ မြို့အဝင်မှာ ကြိုဆိုတဲ့ သီချင်းမျိုးတွေကို ဆိုကြတယ်။ “ကိုယ်တော့ကို ချီးမွမ်းပါတယ်။ အနန္တတန်ခိုးနဲ့ ပြည့်စုံသူဖြစ်တယ်။ ထာဝရဘုရားအခွင့်နဲ့ ကြွလာတယ်။ တန်ခိုးအာဏာနဲ့ ပြည့်ဝတယ်။ ကိုယ်တော်ရဲ့ ကောင်းကြီးအတွက် ကျေးဇူးတင်တယ်။ ဝမ်းနည်းရှက်ကြောက်စရာ အခြေအနေမှ ကယ်မတော်မူပါ။ ကိုယ်တော်ဟာ ကယ်တင်ရှင်၊ သူရဲကောင်းနဲ့ ခေါင်းဆောင်ဖြစ်တယ်။ ကိုယ်တော်ဟာ စစ်မှန်သောဘုရင် ဖြစ်တယ်” လို့ ကြွေးကြော်ကြတယ်။

ယောဟန် ၁၂း ၁၄- ၁၆
၁၄ “ကျမ်းစာ၌လာသည်ကား ၁၅ အိုဇိအုန်သတို့သမီး မစိုးရိမ်နှင့်။ သင်၏အရှင်မင်းကြီးသည် မြည်းကလေးကိုစီး၍ သင်ရှိရာသို့ ကြွတော်မူသည်ကို ကြည့်ရှုလော့ဟု ရေးထားတော်မူသည်နှင့်အညီ ယေရှုသည် မြည်းကလေးကို တွေ့၍ စီးတော်မူ၏။ ၁၆ ထိုအကြောင်းအရာကို တပည့်တော်တို့သည် အစအဦး၌နားမလည်သော်လည်း ကိုယ်တော်ကိုရည်မှတ်၍ ရေးထားသည်ကိုလည်းကောင်း ကိုယ်တော်ကို ထိုသို့ပြုကြသည်ကိုလည်းကောင်း ဘုန်းပွင့်သည်နောက် သတိရ၍မှတ်မိကြ၏။”

ဒီလိုအော်ဟစ်ကြွေးကြော်တာတွေကို သခင်ယေရှုက ဘာမှမတုံ့ပြန်ဘူး။ သူဟာ လူတွေရဲ့ စိတ်သဘောကို သိတယ်။ လူတွေဟာ လမ်းမပေါ်မှာအော်ဟစ်နေပေမယ့် အသံတွေက ရှင်းရှင်းလင်းလင်း ကြားရဖို့ ခက်တယ်။ ဒါကြောင့် သခင်ယေရှုက သူတို့ကြွေးကြော်သံတွေ ကြားထဲမှာ မြည်းကလေးကို စီးပြီး ဝင်လာခြင်းဖြင့် လက်တွေ့မြင်သာတဲ့ အချက်တခုကို ပြလိုက်တယ်။ ငါဟာ ဇာခရိ ၉း၉ မှာ ပရောဖက် ကြိုတင်ရေးထားတဲ့ ရှင်ဘုရင် ဖြစ်တယ်။ “စိုးရိမ်ခြင်းမရှိနဲ့ အားယူကြလော့။ ငါဟာမြို့တံခါးတွေနဲ့ နံရံတွေကိုချေဖျက်မယ့်သူ မဟုတ်ဘူး။ ဘုရားသခင်ရဲ့ စီရင်ခြင်းအဖြစ် သတ်ဖို့လာတာမဟုတ်ဘူး။ လူမျက်နှာကို မထောက်ဘူး မုဆိုးမတွေနဲ့ မိဘမဲ့ ကလေးတွေအတွက် တရားစီရင်မယ့်သူသာ ဖြစ်တယ်” လို့ ထောက်ပြလိုက်သလို ဖြစ်တယ်။

“ဝမ်းနည်းစရာကောင်းတာက လူအများစုဟာ ဖြောင့်မတ်သူတွေမဟုတ်ဘူး။ အများစုက တရားဘူး။ ဖြောင့်ဖြောင့်မှန်မှန် အသက်ရှင်သူတွေမဟုတ်ဘူး။ မကြောက်ကြနဲ့။ သင်တို့ခံထိုက်တဲ့အတိုင်း ငါဖျက်စီးပစ်မှာ မဟုတ်ဘူး။ သင်တို့အထဲက ဒုစရိုက်ကိုသာ အနိုင်ယူမှာ ဖြစ်တယ်။ သင်တို့အပြစ်ကို ငါဟာ ကိုယ်ခန္ဓာမှာ ယူဆောင်ပြီး ကိုယ်စားအသခံပေးမယ့်သူ ဖြစ်တယ်။ ဘုရားသခင်ရဲ့ အမျက်တော်ကြားမှ ကယ်လွှတ်ပေးမယ်။ ဝိညာဉ်ရေးရာတိုက်ပွဲကို နိုင်စေမယ့်သူသာဖြစ်တယ်။”

သင်တို့က ဓါးနဲ့ အနိုင်တိုက်ပေးမဲ့ဘုရင်ကိုသာလိုချင်တယ်။ ဒါပေမယ့် ငါဟာ သိုးသူငယ်လေးလို နှိမ့်ချပြီး၊ လက်နက်အားမကိုးဘဲ ကြွလာတယ်။ ငါ့အသက်တာတခုလုံးကို ခမည်းတော်ထံမှာ ဆက်ကပ်ထားတယ်။ သင်တို့က ပုန်ကန်မှုနဲ့ အောင်ပွဲကိုလိုချင်တယ်။ ငါကတာ့ ရန်ငြိမ်းခြင်း ကယ်တင်ခြင်းနဲ့ ငြိမ်သက်ခြင်းကို ဘုရားထံက ယူဆောင်လာတယ်။ ငါစီးတဲ့ မြည်းကို ကြည့်ပါ။ မြင်းမဟုတ်ဘူး။ ကုလားအုတ်မဟုတ်ဘူး။ မြည်းကလေးသာ ဖြစ်တယ်။ ငါ့ကြောင့် ချမ်းသာဖို့၊ ဂုဏ်မြင့်ဖို့ မမြှော်လင့်နဲ့။ ငါက ထာဝရအသက်နဲ့သာ လာတယ်။ ကောင်းကင်တံခါး ဖွင့်ပေးမယ် ရန်ငြိမ်းစေမယ် လို့ ပြောတာဖြစ်တယ်။ ဒါပေမယ့် တပည့်တော်အပါအဝင် လူအုပ်ကြီးက သခင်ယေရှု ပြောချင်တဲ့အကြောင်းအရာကို နားမလည်နိုင်သေးဘူး။ ကောင်းကင်တက်ကြွပြီးမှသာ သန့်ရှင်းသာဝိညာဉ်တော်က သူတို့စိတ်နှလုံးကို ဖွင့်ပြပြီး ခရစ်တော်ရဲ့နူးညံ့သိမ်မွေ့ခြင်းနဲ့ ဘုရားသခင်ရဲ့ ဘုန်းတော်ကို နားလည်ကြတယ်။ လူ့ရဲ့ စိတ်အထင်ဟာ နိုင်ငံရေးနဲ့ ရုပ်ဝတ္ထုအပေါ်မှာပဲ ရှိနေတဲ့သဘောကို ပြတယ်။ သန့်ရှင်းသော ဝိညာဉ်တော်ကတော့ ခရစ်တော်ရဲ့ နောက်လိုက်တွေဟာ ဝမ်းမြောက်ရွှင်လန်းရင်းနဲ့ ကျမ်းစာမှာ ပရောဖက်ပြုချက် ပြည့်စုံလာတာကို နားလည်လာကြတယ်။

ယောဟန် ၁၂း ၁၇- ၁၉
၁၇ “နောက်တော်သို့လိုက်သော လူအစုအဝေးတို့သည်ကား လာဇရုကို သင်္ချိုင်းတွင်းမှခေါ်၍ သေခြင်းမှ ထမြောက်စေတော်မူသည် အကြောင်းကို သက်သေခံကြ၏။ ၁၈ ထိုနိမိတ်လက္ခဏာကိုပြတော်မူသည်ဟု လူများတို့သည် သတင်းကြားသောကြောင့် ခရီးဦးကြိုပြုအံ့သောငှါ ထွက်သွားကြ၏။ ၁၉ ဖါရိရှဲအချင်းချင်းတို့လည်း၊ သင်တို့သည် အလျှင်းမတတ်နိုင် ဤလောကသည် ထိုသူနောက်သို့ လိုက်သွားပါပြီတကားဟု ပြောဆိုကြ၏။”

ဗေသနိရွာမှာ သခင်ယေရှုရဲ့အနားမှာဝိုင်းနေတဲ့သူတွေဟာ ယေရုရှလင်မြို့တော်မှ လာပြီး သခင်ယေရှုကို ကိဒုန်ချိုင့်ဝှမ်းမှာ လာကြိုဆိုသူတွေဖြစ်တယ်။ အရင်က သူတို့က "သခင်ယေရှုဟာ မေရှိယ ဖြစ်တဲ့အတွက် သူ့ကိုလက်ခံကြပါ။ သူဟာ လူသေကို ပြန်ရှင်စေတဲ့အတွက် မေရှိယဖြစ်ပြီ" လို့ အော်ဟစ်ခဲ့တယ်။ လာဇရု အသက် ပြန်ရှင်လာခြင်းဟာ သခင်ယေရှုနောက်ကို လူတွေအများအပြားလိုက်လာစေတဲ့ အကြောင်းရင်း ဖြစ်တယ်။ ဒီလူတွေဟာ အရင်က မုန့်ငါးလုံးနဲ့ငါးနှစ်ကောင်ကို စားခဲ့၊ မြင်ခဲ့ရတယ်။ အခုကတော့ လူသေကို ပြန်ရှင်စေလို့ လူပိုများလာတယ်။ ဒီဖြစ်ရပ်ကြီးနှစ်ခုလုံးမှာ လူတွေဟာ သခင်ယေရှုကို လောကီအရာကြောင့်သာ ချစ်ကြတယ်။ ဖြောင့်မတ်ခြင်းတရား၊ နောင်တတရားကြောင့် မဟုတ်ဘူးလို့ တွေ့ရတယ်။

ပရိတ်သတ်က ဝမ်းသာနေပေမယ့် ဖါရိရှဲနဲ့ ခေါင်းဆောင်တွေကတော့ စိတ်ဆိုးနေပြီး သခင်ယေရှုကို မနာလို ဖြစ်ကြတယ်။ သူတို့မနိုင်မှန်း ရိပ်မိလာပြီး ကြောက်ရွံ့လာတယ်။ သခင်ယေရှုကို အပ်နှံဖို့ ကိစ္စလည်း ခက်လာတယ်။ သခင်ယေရှု မြို့ထဲကို အောင်မြင်စွာနဲ့ ဝင်ရောက်လာတယ်။

ဆုတောင်း သခင်ယေရှုဘုရား သန့်ရှင်းသောဝိညာဉ်တော်ဘုရား ကျိန်းဝပ်ဖို့ ကျွန်ုပ်စိတ်နှလုံးကို ဖွင့်ဟတော်မူပါ။ ကိုယ်တော့ ပုံသဏ္ဌာန်တော်နဲ့အညီ ပြောင်းလဲစေပါ။ အပြစ်များကို ခွင့်လွှတ်ပြီး မထိုက်တန်သော ကျွန်ုပ်စိတ်နှလုံးထဲသို့ ဝင်ရောက်တော်မူပါ။ အပြစ်များကို မှတ်တော်မမူပါနှင့်။ ဘုရားသခင်ထံပါးမှာ ကျွန်တော့အတွက် ရန်ငြိမ်းပေးတဲ့အတွက် ကောင်းကင်နိုင်ငံအရပ်မှာလည်း နေရာပေးခံရပါပြီ။ ကျွန်တော်ကိုယ်တိုင်လည်း ဟောရှဏ္ဏဖြစ်စေသတည်း ကိုယ်တော့အခွင့်နှင့် ကြွလာသောသူသည် ဘုန်းကြီးတော်မူစေသတည်း လို့အော်ဟစ်ပါပြီ။ ကိုယ်တော်ဟာ ကျွန်တော့ဘုရင်ဖြစ်ပါတယ်။ ကျွန်ုပ်ပိုင်ဆိုင်ရာ ဖြစ်ပါတယ်။ အာမင်။

မေးခွန်း ၈၁

  1. သခင်ယေရှု ယေရုရှလင်မြို့ထဲ ဝင်ခြင်းဟာ ဘာကိုဆိုလိုသလဲ။

www.Waters-of-Life.net

Page last modified on January 29, 2022, at 04:54 AM | powered by PmWiki (pmwiki-2.3.3)