Home
Links
Bible Versions
Contact
About us
Impressum
Site Map


WoL AUDIO
WoL CHILDREN


Bible Treasures
Doctrines of Bible
Key Bible Verses


Afrikaans
አማርኛ
عربي
Azərbaycanca
Bahasa Indones.
Basa Jawa
Basa Sunda
Baoulé
বাংলা
Български
Cebuano
Dagbani
Dan
Dioula
Deutsch
Ελληνικά
English
Ewe
Español
فارسی
Français
Gjuha shqipe
հայերեն
한국어
Hausa/هَوُسَا
עברית
हिन्दी
Igbo
ქართული
Kirundi
Kiswahili
Кыргызча
Lingála
മലയാളം
Mëranaw
မြန်မာဘာသာ
नेपाली
日本語
O‘zbek
Peul
Polski
Português
Русский
Srpski/Српски
Soomaaliga
தமிழ்
తెలుగు
ไทย
Tiếng Việt
Türkçe
Twi
Українська
اردو
Uyghur/ئۇيغۇرچه
Wolof
ייִדיש
Yorùbá
中文


ગુજરાતી
Latina
Magyar
Norsk

Home -- Burmese -- John - 051 (Disparate views on Jesus)

This page in: -- Albanian -- Arabic -- Armenian -- Bengali -- BURMESE -- Cebuano -- Chinese -- Dioula? -- English -- Farsi? -- French -- Georgian -- Greek -- Hausa -- Hindi -- Igbo -- Indonesian -- Javanese -- Kiswahili -- Kyrgyz -- Malayalam -- Peul -- Portuguese -- Russian -- Serbian -- Somali -- Spanish -- Tamil -- Telugu -- Thai -- Turkish -- Twi -- Urdu -- Uyghur? -- Uzbek -- Vietnamese -- Yiddish -- Yoruba

Previous Lesson -- Next Lesson

ယောဟန် - အမှောင်မှာ ထွန်းလင်းတဲ့ အလင်းတော်
ရှင်ယောဟန်ခရစ်ဝင်ကျမ်းကို လေ့လာခြင်း
အမှောင်ထဲမှာ လင်းတဲ့ အလင်း(ယောဟန် ၅း ၁ - ၁၁း ၅၄)
သခင်ယေရှုရဲ့ ယေရုရှလင်နောက်ဆုံးခရီး (ယောဟန် ၇း ၁၊ ၁၁း ၅၄) အလင်းနှင့် အမှောင်ကိုခွဲခြားခြင်း
1. တဲတော်ပွဲမှာပြောသော သခင်ယေရှုရဲ့စကား (ယောဟန် ၇း ၁-၈- ၅၉)

b) လူအများနဲ့ လွှတ်တော်ကြားမှာ သခင်ယေရှုအကြောင်း အမျိုးမျိုးထင်မြင်ယူဆချက်များ (ယောဟန် ၇း ၁၄- ၆၃)


ယောဟန် ၇း ၃၁- ၃၂
၃၁ “လူအစုအဝေးထဲ၌ ပါသောလူများတို့သည် ယုံကြည်သည်ဖြစ်၍၊ ခရစ်တော်သည်ကြွလာတော်မူသောအခါ ဤသူပြသော နိမိတ်လက္ခဏာထက် သာ၍များသော နိမိတ်လက္ခဏာတို့ကို ပြတော်မူမည်လောဟုဆိုကြ၏။ ၃၂ ထိုသို့လူများ အုတ်အုတ်သဲသဲဖြစ်ကြသည်ကို ဖါရိရှဲတို့သည်ကြားလျှင်၊ ယဇ်ပရောဟိတ်အကြီးတို့နှင့် တိုင်ပင်ပြီးမှ ကိုယ်တော်ကို ဖမ်းဆီးစခြင်းငှါ မင်းလုလင်တို့ကို စေလွှတ်ကြ၏။

ယေရုရှလင်မှာဖြစ်ပျက်တဲ့ အဖြစ်အပျက်တွေမကောင်းပေမယ့်လည်း သခင်ယေရှုကို လူအများအပြား ယုံကြည်လာကြတယ်။ သူတို့က သူကမေရှိယဖြစ်နိုင်တယ်။ နိမိတ်လက္ခဏာတွေပြနေတယ်။ ဒါကြောင့် သူ့အကြာင်း စဉ်းစားပြီးတော့ ယုံကြည်သင့်တယ်။ ယေရုရှလင်မြို့မှာတောင် လိုက်လာသူတွေရှိတာ တွေ့နေရတယ်လို့ ဆိုကြတယ်။ လူတွေကြားထဲမှာ နိုးထမှုဖြစ်တာကို ဖါရိရှဲတွေသိလာတော့ ယေရုရှလင်မြို့မှာ လှုပ်လှုပ်ရှားရှား ဖြစ်လာတော့ သူတို့ကိုဆန့်ကျင်နေတဲ့ ယဇ်ပုရောဟိတ်တွေ၊ ဇဒ္ဒုကဲတွေအုပ်စုနဲ့ ပူးပေါင်းလိုက်တယ်။ အဓိကက သခင်ယေရှုကို ဗိမာန်တော်ထဲ မပေးဝင်ဖို့ဖြစ်တယ်။ ယဇ်ပုရောဟိတ်အကြီးတွေက ဒါကိုသဘောတူတယ်။ သခင်ယေရှုကို ဖါရိရှဲတွေ ဖမ်းဖို့ ပူးပေါင်းလိုက်ကြတယ်။

သခင်ယေရှုအနားမှာ ကောင်းကင်တမန်တွေတပ်ချထားတယ်။ ဗိမာန်တော်အနီးမှာ ရောက်နေတယ်။ ယုဒလူမျိုးအကြီးအကဲတွေရဲ့ အမိန့်စာတွေကို အစေခံတွေက ယူလာတယ်။ အဲဒီအစေခံတွေ သူ့အနား ရောက်လာတာ သခင်ယေရှုမြင်ပေမယ့် ထွက်မပြေးဘူး။ သူ့ရဲ့ဘုန်းအသရေကိုသာ ဆက်ပြီးပြနေတယ်။

'''ယောဟန် ၇း ၃၃- ၃၆
၃၃ “ယေရှုကလည်း ငါသည် သင်တို့နှင့်အတူ ခဏသာနေပြီးလျှင်၊ ငါ့ကိုစေလွှတ်တော်မူသော သူထံသို့သွားရမည်။ ၃၄ ရှာသော်လည်း မတွေ့ရကြ။ ငါရှိရာအရပ်သို့ သင်တို့မရောက်နိုင်ကြဟု မိန့်တော်မူလျှင်၊ ၃၅ ယုဒလူတို့က ငါတို့ကိုမတွေ့စေခြင်းငှါ သူသည် အဘယ်အရပ်သို့ သွားလိမ့်မည်နည်း။ ဟေလသလူတို့တွင် အရပ်ရပ်သို့ကွဲပြားလျက်နေသော သူတို့ရှိရာသို့သွား၍ ဟေလသလူတို့အား တရားဟောလိမ့်မည်လော။ ၃၆ သင်တို့သည် ငါ့ကိုရှာကြလိမ့်မည်။ ရှာသော်လည်းမတွေ့ရကြ။ ငါရှိရာအရပ်သို့ သင်တို့မရာက်နိုင်ကြ ဟူသောစကားသည် အဘယ်သို့ဆိုလိုသနည်းဟု အချင်းချင်းဆိုကြ၏။'''

သခင်ယရှုက သူ့တပည့်တော်တွေနဲ့အတူ ခဏသာနေမယ်လို့ ရန်သူတွေကို ကြေညာတယ်။ ဘုရားသခင်ရဲ့သိုးသူငယ်အဖြစ်နဲ့ အသေခံရမှာကို သိပြီးသားဖြစ်တယ်။ တချိန်ထဲမှာပဲ ရှင်ပြန်ထမြောက်လာမယ့် အချိန်ကိုလည်းသိတယ်။ ကောင်းကင်ပြန်တက်မယ့်အချိန် ခမည်းတော်ထံ ပြန်ကြွမယ့် အချိန်ကိုလည်း သိတယ်။ သူ့ကိုစေလွှတ်တဲ့ ခမည်းတော်ကိုလည်း လွမ်းဆွတ်နေပြီဖြစ်တယ်။ လူသားတွကို ချစ်လို့သာ ကောင်းကင်နဲ့ ဝေးတဲ့အရပ် မြေကြီးပ်ါမှာ ရှိနေရတယ်။

သူရှင်ပြန်ထမြောက်ရင် တပည့်တော်တွေအံ့ဩဦးမယ်လို့ ကြိုမြင်တယ်။ ကောင်းကင်ကိုတက်ရင် သူတို့ဝမ်းနည်းကြမှာသိတယ်။ ရန်သူတွက အလောင်းကိုရှာပြီး သင်္ချိုင်းကိုတံဆိပ်ခတ်မှာလည်း သိတယ်။ ကယ်တင်ရှင်ကို မချစ်တဲ့ အဲဒီရန်သူတွဟာ အမင်္ဂလာရှိတယ်။ ဘုရားဘုန်းတော်ကိုမခံယူ၊ ကောင်းကင်ကို ဝင်ခွင့်မရသူတွ ဖြစ်တယ်။ သူတို့အပြစ်ကြာင့် ဘုရားနဲ့ဝေးပြီ။ ကျေးဇူးတရားကို မခံစားရသူတွေဖြစ်တယ်။

ယုဒလူတွေဟာ သခင်ယေရှုစကားကို မခံယူနိုင်ဘူး။ လူ့သဘောနဲ့ပဲပြောဆိုတယ်။ သခင်ယရှုကို မြေထဲပင်လယ်အရပ်မှာရှိတဲ့ ဂရိမြို့က တရားဇရပ်တွေကို ထွက်ပြေးသွားစေချင်တယ်။ ဟေဗြဲကျမ်းစာ သိပ်မရင်းနှီးတဲ့ လူတွေကြားမှာ သွားနေစေချင်တယ်။ တချို့ကလှောင်ပြောင်ပြောလာတယ်။ “သူက စကားအပြောတော့ ကောင်းလာတယ်။ ဂရိအတွေးအခေါ်ပညာရှင်တွေထံသွားပြီး ဘုရားသခင်ထံပြောင်းလဲဖို့ ဟောပြောရင်ကောင်းမယ် လို့ ဆိုလာတယ်။

သခင်ယေရှုပြောတဲ့စကားတွေကို ရှင်ယောဟန် မှတ်တမ်းတင်တဲ့အခါ သူဟာ ဂရိလူမျိုးတွေကြား ဧဖက်မြို့မှာ နေတဲ့ကာလ ဖြစ်တယ်။ ကယ်တင်ခြင်းတရားဟာ ဂရိပြည်မှာရှိတဲ့ ယုဒလူတွေထံ ရောက်ခဲ့ပါပြီ။ ဂရိလူမျိုးတွေလည်း ယုံကြည်ပြီ။ ခရစ်ဝင်ကျမ်းရေးတဲ့ ရှင်ယောဟန်က ယုဒလူတွေ ကဲ့ရဲ့တဲ့သခင်ယေရှုဟာ ဂရိတွေကြားထဲမှာ ဆရာသွားလုပ် ရမယ် ဆိုတာကို မှတ်တမ်းတင်ထားတယ်။ သခင်ယေရှုက အတွေးအခေါ် သက်သက် ပြောတဲ့သူမဟုတ်ဘူး။ ဘယ်တော့မှ မသေတဲ့အသက်ကို ပေးပိုင်တယ်။

မေးခွန်း ၅၅

  1. သခင်ယေရှုက ဘာကြောင့် သူ့ရဲ့ရှေ့ရးကို ကြိုဟောခဲ့သလဲ။

www.Waters-of-Life.net

Page last modified on January 29, 2022, at 04:48 AM | powered by PmWiki (pmwiki-2.3.3)