Waters of LifeBiblical Studies in Multiple Languages |
|
Home Bible Treasures Afrikaans |
This page in: -- Albanian -- Arabic -- Armenian -- Bengali -- BURMESE -- Cebuano -- Chinese -- Dioula -- English -- Farsi? -- French -- Georgian -- Greek -- Hausa -- Hindi -- Igbo -- Indonesian -- Javanese -- Kiswahili -- Kyrgyz -- Malayalam -- Peul -- Portuguese -- Russian -- Serbian -- Somali -- Spanish -- Tamil -- Telugu -- Thai -- Turkish -- Twi -- Urdu -- Uyghur? -- Uzbek -- Vietnamese -- Yiddish -- Yoruba
Previous Lesson -- Next Lesson ယောဟန် - အမှောင်မှာ ထွန်းလင်းတဲ့ အလင်းတော်
ရှင်ယောဟန်ခရစ်ဝင်ကျမ်းကို လေ့လာခြင်း
အပိုင်း ၁ - ဘုရားအလင်းတော် ထွန်းလင်းခြင်း - (ယောဟန် ၁း ၁ - ၄း ၅၄)
B - ခရစ်တော်က တပည့်တော်တွေကို နောင်တတရား နေရာမှ မင်္ဂလာပွဲရဲ့ ဝမ်းမြောက်ရာသို့ ခေါ်ဆောင်တယ်။ (ယောဟန် ၁း ၁၉- ၂း ၁၂)
3. ပထမဆုံး တပည့်တော် ၆ ယောက် (ယောဟန် ၁း ၃၅ - ၅၁)ယောဟန် ၁း ၄၀ -၄၂ ပေတရုရဲ့အကို အနြေ္ဒဟာ တိဗေရိ အိုင်နား၊ ဗက်ဇဲဒမြို့က တံငါသည် တယောက်ပါ။ သူက အပြစ်အတွက် နောင်တရပြီး နှစ်ခြင်းခံကာ မေရှိယ ကြွလာခြင်းကို မြော်လင့်နေသူ။ နှစ်ခြင်းဆရာ့ စကားကို နားထောင်ပြီး သခင်ယေရှုရဲ့ နောက်တော် လိုက်လာသူ။ သူအရမ်းပျော်နေတယ်။ သူတွေ့ထားတာကို ဖုံးမထားနိုင်ဘူး။ သူစိမ်းတွေထက် သူ့ညီကို အရင်တွေ့တယ်။ အကိုဖြစ်သူ အနြေ္ဒဟာ ထက်မြက်တဲ့ သူ့ညီကို သတင်းစကား ပြောပြတယ်။ “ငါတို့ဟာ ဘုရားသခင်ရဲ့ သိုးသငယ်၊ ကယ်တင်ရှင် ခရစ်တော်ကို တွေ့ကြပြီ။” ပေတရုမှာ သံသယ ရှိနိုင်တယ်။ ဒါပေမယ့် အနြေ္ဒက သွေးဆောင်တယ်။ နောက်ဆုံးတော ပေတရု လိုက်လာပြီး၊ သခင်ယေရှုကို သွားတွေ့ကြတယ်။ ပေတရု ရောက်လာတော့ သခင်ယေရှုက သူ့ကို နာမည်နဲ့ ခေါ်တယ်။ “ကျောက်ခဲ” လို့ အမည်ရတဲ့ နာမည်သစ် ပေးတယ်။ သူ့ရဲ့အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ကို သိတယ်။ ဘာမှမပြောနိုင်ဘဲ ခေါင်းငိုက်စိုက်ကျနေတဲ့ ပေတရုရဲ့ နှလုံးသား တခါးပွင့်နေပြီ ဆိုတာ သိတော်မူတယ်။ ပေတရု ချက်ချင်းပဲ နားလည် လက်ခံသွားတယ်။ ကြမ်းတမ်းတဲ့ တံငါသည်ကို ကျောက်တုံးဖြစ်ဖို့ စတင်ပုံသွင်းတော်မူပါပြီ။အသင်းတော်ရဲ့ အုတ်မြစ် ဖြစ်လာမယ်။ အနြေ္ဒကတော့ အစောဆုံး ယုံကြည်သူပေါ့။ နောက်တယောက်လည်း ညီအကိုအားဖြင့် ရောက်ရှိလာတယ်။ ယောဟန်က သူ့အကို ယာကုပ်ကို သခင်ယေရှုထံ ခေါ်လာတယ်။ ဒါပေမယ့် အခု ခရစ်ဝင်ကျမ်းမှာ သူတို့နှစ်ယောက် နာမည်ကို မဖေါ်ပြဘူး။ သိမ်မွေ့တဲ့ သဘောပေါ့။ ဒါကြောင့် အနြေ္ဒနဲ့ ယောဟန်ဟာ အစောဆုံး ယုံကြည်တဲ့သူတွေပေါ့။ ဒီအဖြစ်အပျက်အကြောင်း ရေးတဲ့ ကျမ်းပိုဒ်တွေက ခေတ်ကာလသစ်ရဲ့ ရောင်နီလာစ ကာလလေးပေါ့။ သူတို့မှာ တကိုယ်ကောင်းစိတ် မရှိ။ ညီအကိုကို ခရစ်တော်ထံ ခေါ်လာတယ်။ ဒီအချိန်မှာ လမ်းတကာ သွားပြီး မဟောပြောသေးဘူး။ ကိုယ့်အဆွေအမျိုးကိုပဲ ဟောသေးတယ်။ အတွေးအခေါ်သမားတွေ၊ နိုင်ငံရေးသမားတွေကို မပြောသေးဘူး။ ဆာငတ်သူ၊ နောင်တရသူ၊ ကြေကွဲနေသူတွေကို ရှာကြတယ်။ ဒါကြောင့် ကျေးဇူးတော်အကြောင်း ပြောရာမှာ စိတ်အားကြီးထက် ဝမ်းမြောက်လွန်းလို့ ပြောတာမျိုး ဖြစ်တယ်။ သူတို့က ကျမ်းစာကျောင်း မတက်ခဲ့ကြရဘူး။ သူတို့အကြောင်း စာအုပ်တွေလည်း မရေးခဲ့ကြဘူး။ နှုတ်နဲ့ သက်သေခံရုံပါပဲ။ သခင်ယေရှုကို တွေ့ကြ၊ မြင်ကြ၊ ကြားကြတယ်။ ဒါက သူတို့ရဲ့ အခွင့်အာဏာ ဖြစ်သွားတယ်။ ဧဝံဂေလိ တရားအားဖြင့် သခင်ယေရှုကို တွေ့ပြီလား? မိတ်ဆွေတွေကို စိတ်ရှည်စွာနဲ့ ပြောပြပါရဲ့လား? ဆုတောင်း ဝမ်းမြောက်ရတဲ့အတွက် ကျေးဇူးတင်ပါတယ် သခင်ယေရှု။ ကိုယ်တော်နဲ့ ချစ်ကြည် ရင်းနှီးခြင်းအားဖြင့် သူတပါးကို ပို့ဆောင်နိုင်စေပါ။ ချစ်ခြင်းအားဖြင့် ဧဝံဂေလိ လုပ်နိုင်စေပါ။ ရှက်ကြောက်စိတ်ကို ခွင့်လွှတ်လျက် ရဲ့ရင့်စွာ သက်သေခံစေပါ။ မေးခွန်း ၂၁
|