Home
Links
Bible Versions
Contact
About us
Impressum
Site Map


WoL AUDIO
WoL CHILDREN


Bible Treasures
Doctrines of Bible
Key Bible Verses


Afrikaans
አማርኛ
عربي
Azərbaycanca
Bahasa Indones.
Basa Jawa
Basa Sunda
Baoulé
বাংলা
Български
Cebuano
Dagbani
Dan
Dioula
Deutsch
Ελληνικά
English
Ewe
Español
فارسی
Français
Gjuha shqipe
հայերեն
한국어
Hausa/هَوُسَا
עברית
हिन्दी
Igbo
ქართული
Kirundi
Kiswahili
Кыргызча
Lingála
മലയാളം
Mëranaw
မြန်မာဘာသာ
नेपाली
日本語
O‘zbek
Peul
Polski
Português
Русский
Srpski/Српски
Soomaaliga
தமிழ்
తెలుగు
ไทย
Tiếng Việt
Türkçe
Twi
Українська
اردو
Uyghur/ئۇيغۇرچه
Wolof
ייִדיש
Yorùbá
中文


ગુજરાતી
Latina
Magyar
Norsk

Home -- Burmese -- John - 085 (Christ predicts Peter's denial; God is present in Christ)
This page in: -- Albanian -- Arabic -- Armenian -- Bengali -- BURMESE -- Cebuano -- Chinese -- Dioula? -- English -- Farsi? -- French -- Georgian -- Greek -- Hausa -- Hindi -- Igbo -- Indonesian -- Javanese -- Kiswahili -- Kyrgyz -- Malayalam -- Peul -- Portuguese -- Russian -- Serbian -- Somali -- Spanish -- Tamil -- Telugu -- Thai -- Turkish -- Twi -- Urdu -- Uyghur? -- Uzbek -- Vietnamese -- Yiddish -- Yoruba

Previous Lesson -- Next Lesson

ယောဟန် - အမှောင်မှာ ထွန်းလင်းတဲ့ အလင်းတော်
ရှင်ယောဟန်ခရစ်ဝင်ကျမ်းကို လေ့လာခြင်း
အပိုင်း ၃ - တမန်တော်တွေကြားမှာ ထွန်းလင်းတဲ့အလင်း။ (ယောဟန် ၁၁း ၅၅- ၁၇း ၂၆)
C - အထက်ခန်းမထဲမှာ နောက်ဆုံးစကားပြောခြင်း (ယောဟန် ၁၄း ၁- ၃၁)

1. ဘုရားသခင်ဟာ ခရစ်တော်၌ တည်နေတယ်။ (ယောဟန် ၁၄း ၁- ၁၁)


ယောဟန် ၁၃း ၃၆- ၃၈
၃၆ “ရှိမုန်ပေတရုက သခင် ကိုယ်တော်သည် အဘယ်အရပ်သို့ ကြွတော်မူမည်နည်းဟု မေးလျှောက်လျှင် ယေရှုက ငါသွားရာအရပ်သို့ သင်သည် ယခုမလိုက်နိုင်၊ နောက်မှ လိုက်ရလိမ့်မည်ဟု မိန့်တော်မူ၏။ ၃၇ ပေတရုကလည်း သခင် အကျွန်ုပ်သည် ကိုယ်တော်နှင့်အတူ အဘယ်ကြောင့် ယခု မလိုက်နိုင်သနည်း။ ကိုယ်တော်အဖို့ အကျွန်ုပ်၏အသက်ကို စွန့်ပါမည်ဟု လျှောက်လျှင်၊ ၃၈ ယေရှုက ငါ့အဖို့ သင့်အသက်ကို စွန့်မည်လော။ ငါအမှန်အကန်ဆိုသည်ကား၊ ကြက်မတွန်မီ သင်သည် သုံးကြိမ်မြောက်အောင် ငါ့ကို ငြင်းပယ်လိမ့်မည်ဟု မိန့်တော်မူ၏။”

ပေတရု စိတ်ရှုပ်ထွေးနေတယ်။ မေတ္တာနဲ့ပြောတဲ့ သခင်ယေရှုရဲ့ စကားကို နားမထောင်မိဘူး။ သခင်ယေရှုမှာ သစ္စာဖေါက်ခြင်း ညှင်းဆဲခြင်းတွေနဲ့ ဝိုင်းနေပြီဆိုတာကိုပဲ သူရိပ်မိတယ်။ သူ့ကိုယ်သူပဲ အားကိုးတယ်။ ရိုးရိုးသားသား သူ့ဘာသာသူ ဖြေရှင်းနေတယ်။ ဘယ်လောက်ပဲ အဖိုးအခပေးရပါစေ၊ သခင်ယေရှုရဲ့ နောက်ကို လိုက်မယ်လို့ သူ ခိုင်ခိုင်မာမာ ပြောတယ်။ သူ့အစွမ်းအစဟာ အကန့်အသတ်ရှိတယ် လို့ မရိပ်မိဘူး။ သူ့စကားက အကြွားပါနေတာလည်း သတိမထားမိဘူး။ သခင်ယေရှုအတွက်တော့ စိတ်စေတနာ အားကြီးတယ်။ တိုက်မယ်၊ ခိုက်မယ်၊ အသေခံရဲတယ်။


C - အထက်ခန်းမထဲမှာ နောက်ဆုံးစကားပြောခြင်း (ယောဟန် ၁၄း ၁- ၃၁)

1. ဘုရားသခင်ဟာ ခရစ်တော်၌ တည်နေတယ်။ (ယောဟန် ၁၄း ၁- ၁၁)


ယောဟန် ၁၄း ၁- ၃
၁ “တဖန်တုံ ယေရှုက သင်တို့စိတ်နှလုံးပူပန်ခြင်း မရှိစေနှင့်။ ဘုရားသခင်ကို ယုံကြည်ကြလော့။ ငါ့ကိုလည်း ယုံကြည်ကြလော့။ ၂ ငါ့အဘ၏အိမ်တော်၌ နေစရာအခန်းအများ ရှိ၏။ သို့မဟုတ်လျှင် မဟုတ်ကြောင်းကို သင်တို့အား ငါမပြောဘဲမနေ။ သင်တို့နေစရာအရပ်ကို ပြင်ဆင်ခြင်းငှါ ငါသွားရ၏။ ၃ ငါသည်သွား၍ သင်တို့နေစရာအရပ်ကို ပြင်ဆင်ပြီးမှ တဖန်လာပြန်၍ ငါရှိရာအရပ်၌ သင်တို့ရှိစေခြင်းငှါ သင်တို့ကို ငါ့ထံသို့ သိမ်းဆည်းမည်။"

သူတို့ကို သခင်ယေရှုက ထားခဲ့မယ် ဆိုတဲ့စကားကို ကြားတဲ့အခါ တပည့်တော်တွေ စိတ်ပျက်သွားတယ်။ ဘယ်သွားမှန်းလည်းမသိတော့ နောက်တော်လိုက်လို့ မရဘူး။ နောက်တော်လိုက်မယ်၊ ယုံကြည်ခြင်း အားကြီးတယ် ဆိုတဲ့ ကြွားနေတဲ့ ပေတရုကလည်း ငြင်းပယ်မယ်လို့ အပြောခံရတယ်။ တချို့တပည့်တော်တွေကတော့ စိတ်ထဲမှာ ထိထိခိုက်ခိုက် ခံစားရပြီး နောက်တော်လိုက်တာ မှားသွားပြီလို့ ခံစားရနိုင်တယ်။ အခု သခင်ယေရှုက သူတို့ကို ထားခဲ့ပြီး သေလည်း သေသွားနိုင်တယ်။ သူတို့ ဝမ်းနည်း ကြေကွဲနေတာကို သခင်ယေရှုက အမိန့်တော် တခွန်းတည်းနဲ့ တုံ့ပြန်တယ်။ ဘုရားသခင်ကိုသာ အပြည့်အဝ အားကိုးရမယ်။ ဘုရားသခင်သာလျှင် ခိုင်ခံ့တဲ့ အုတ်မြစ်ဖြစ်တယ်။ တခြားအရာတွေ လှုပ်ရှားသွားပေမယ့် ဘုရားသခင်က မလှုပ်ရှားနိုင်ဘူး။ လူတွေ စိတ်စောနေတာက မကောင်းဘူးလို့ ဆိုတယ်။ ကြောက်တယ်ဆိုတာ မယုံတာ ဖြစ်တယ်။ ကောင်းကင်က ဘုရားသခင်ဟာ လူကို မလှည့်ဖြားဘူး ပစ်မထားဘူး။ ဤလောကကို အောင်မြင်ခြင်းဟာ ယုံကြည်ခြင်းကြောင့်သာ ဖြစ်တယ်။

သခင်ယေရှုက တပည့်တော်တွေအနေနဲ့ ဘုရားသခင်ကို ယုံကြည်ထိုက် ဆုတောင်းထိုက်တယ် လို့ ဆိုတယ်။ သခင်ယေရှုဟာ ခမည်းတော်နဲ့ တလုံးတဝတည်းဖြစ်တယ်။ ခမည်းတော်က ယုံကြည်သူရဲ့ အနာဂတ်ကို တာဝန်ယူတယ်။ သားတော်ကလည်း စိတ်ချမှုပေးတယ်။ သားတ်ာအားဖြင့် ခမည်းတော်ဟာ ဒီကမ္ဘာလောကမှာ ရှိနေတယ်။ သူ့ရဲ့ချစ်ခြင်းမေတ္တာဟာ ကျွန်တော်တို့ အားကိုးရာ ဖြစ်တယ်။ သူ့ရဲ့တရားဟာ ကျောက်စိုင် ကျောက်သားလို ခိုင်မာတယ်။

အသေခံပြီး ကောင်းကင်တက်ပြီး နောက်ပိုင်း ဆက်ဖြစ်မယ့်အရာတွေကို သခင်ယေရှု ပြောပြနေတယ်။ ကောင်းကင်မှာ စံအိမ်ရှိတယ်၊ လောကအဆောက်အအုံတွေထက် အဖိုးထိုက် ကြွယ်ဝချမ်းသာတယ်။ ဘုရားသခင်ရဲ့ နန်းတော်ဟာ ကြီးမားကျယ်ပြန့်တဲ့ မြို့ကြီးထဲမှာ ခမ်းနားစွာ ရှိနေတယ်။ ခေတ်အဆက်ဆက် အရပ်ရပ်က ယုံကြည်သူတိုင်း နေထိုင်လောက်အောင် ကျယ်ပြန့်တဲ့အရပ် ဖြစ်တယ်။ လောကမှာ တဲကလေးနဲ့ နေရပေမယ့် ဝမ်းမနည်းနဲ့။ ဘုရားသခင်ရဲ့ နန်းတော်ထဲမှာ နေရာတွေ၊ အခန်းတွေအများကြီး ရှိတယ်။ ကိုယ့်အသက်တာကို ပြင်ဆင်နေတုန်းမှာပဲ ဘုရားသခင်ကလည်း အိမ်တော်ကို ပြင်ပေးနေတယ်။ ကိုယ့်ဖခင် ခမည်းတော်ဘုရားရဲ့ အထံတော်ပါးမှာ ထာဝရနေထိုင်ခွင့်ရမယ်။

ခမည်းတော်ကိုယ်တိုင်က ယုံကြည်သူတွေကို ချစ်တယ်။ သူတို့အတွက် နေရာပြင်ပေးတယ်။ သခင်ယေရှု ကိုယ်တိုင် ကောင်းကင်တက်ကြွတဲ့အခါ အဲဒီအခန်းတွေကို စစ်ဆေးကြည့်ရှုပြီး ပြင်ဆင်မှုတွေ ထပ်လုပ်မယ်။ ဒါပေမယ့် သူဟာ နောက်တဖန်နှုတ်ဆက်ပြီး ဘယ်တော့မှ ယုံကြည်သူတွေနဲ့ ဝေးဝေးမနေတော့ဘူး။ သူရှိရာ အရပ်မှာ ယုံကြည်သူတွေကို ဆွဲခေါ်ထားမယ်။ ခရစ်တော်က သတို့သားလိုဖြစ်ပြီး ယုံကြည်သူက သတို့သမီးလို အချစ်ခံရတယ်။ ဒါကြောင့် အသင်းတော်ကို သတို့သမီးအဖြစ် တင်စားအခေါ်ခံရတယ်။ ခမည်းတော်နဲ့ မိတ်ဆက်ပေးရင်း ကောင်းကင်မိသားစုနဲ့ တူလာစေတယ်။ ဘုရားသခင်ရဲ့ ကွယ်ကာစောင့်မခြင်းနဲ့အတူ ထာဝရ နေထိုင်ရင်း ဘုရားရဲ့ ကောင်းမြတ်ခြင်းတွေကို ဆက်ခံစားရမယ်။

ယောဟန် ၁၄း ၄- ၆
၎ “ငါသည် အဘယ်အရပ်သို့သွားသည်ကိုလည်းကောင်း လမ်းခရီးကိုလည်းကောင်း သင်တို့သိကြ၏ဟု မိန့်တော်မူ၏။ ၅ သောမကလည်း သခင် ကိုယ်တော်သည် အဘယ်အရပ်သို့သွားတော်မူသည်ကို အကျွန်ုပ်တို့ မသိသည်ဖြစ်၍၊ လမ်းခရီးကို အဘယ်သို့သိနိုင်ပါမည်နည်းဟုလျှောက်လျှင်၊ ၆ ယေရှုက ငါသည် လမ်းခရီးဖြစ်၏။ သမ္မာတရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏။ ငါ့ကိုအမှီမပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့မရောက်ရ။”

ငါသွားမယ့်နေရာကို သင်တို့သိတယ်။ ဘုရားသခင်ထံ သွားမယ့်လမ်းကိုလည်း သိကြတယ်လို့ ဆိုတယ်။ သောမက အဲဒီလမ်းကို ဘယ်လိုလုပ်သိမလဲ။ ကိုယ်တော်က ဘယ်လမ်းကို သွားမယ်ဆိုတာမှ ကျွန်တော်တို့မသိပဲလို့ ပြန်ပြောတယ်။ ဝမ်းနည်းစရာက ရည်ရွယ်ချက်လမ်းဆုံးကို မမြင်ဘူး။ ကြောက်ရွံ့ခြင်းကြောင့် သူတုန်လှုပ်နေတယ်။ သွားမယ့်လမ်း ပျောက်နေတယ်။ သခင်ယေရှုက ကြင်နာစွာနဲ့ စိတ်ချစေတယ်။ ငါ့ချစ်ခြင်းမေတ္တာ၊ သမ္မာတရားဟာ ကောင်းကင်အရပ်ကို ဦးတည်နေတယ်။ ငါဟာ လူသားတွေအတွက် အဓိကစံချိန် စံညွှန်းဖြစ်တယ်။ အဲဒီစံချိန်အတိုင်း ဘုရားက တရားစီရင်မယ်။ လူတွေရဲ့စံချိန်စံညွှန်းနဲ့ ကိုယ့်ကိုကိုယ် မတိုင်းတာနဲ့။ ဘုရားသခင်ထံ ရောက်မယ့် လမ်းကိုပဲ ကြည့်ပါ။ ငါ့ဆီကိုလာပါ။ ငါနဲ့ မင်းတို့သဘာဝကို နှိုင်းယှဉ်ကြည့်ပါ။ မင်းတို့ ဘာမှမဟုတ်ဘူး။ အပြစ်သား ဆိုတာ သိလာလိမ့်မယ်။ သခင်ယေရှုက ကျွန်တော်တို့ကို မကြောက်ရွံ့စေဘူး။ စိတ်မပျက်စေဘူး။ ဘဝမှာ အနိမ့်ကျဆုံး အခြေအနေရောက်တဲ့အခါ လက်ကိုဖြန့်ပြီး ဘုရားကယ်ဖို့ တောင်းဆိုပါ။ ငါက တရား အသစ်ကို ပေးတယ်။ တရားအဟောင်းက နောက်မှာကျန်ခဲ့ပြီ။ ငါ အသေခံပေးတယ် ကျေးဇူးတော်နဲ့ ဆိုင်တဲ့ ပဋိညာဉ် တရားသစ်ကို ယူလာတယ်။ မင်းတို့အပြစ်တွေ ခွင့်လွှတ်ခံရပြီ။ မင်းယုံကြည်ခြင်းက မင်းကို ကယ်ပြီ။ ဘုရားသားသမီးအဖြစ် မွေးစားခံရတဲ့အရာမှာ တည်နေပါ။ ငါ့အားဖြင့် ဘုရားသခင်ထံ ချဉ်းကပ်ရင် သမ္မာတရားကို ရလိမ့်မယ်။ ငါ့အားဖြင့် မဟုတ်ရင် ပျက်စီးဆုံးရှုံးလိမ့်မယ်။

တချို့ကပြောမယ် ဒါမျိုးတွေ ကြားဖူးပါတယ်။ ဒါပေမယ့် ယုံကြည်ခြင်းလည်း မရှိ၊ တန်ခိုးလည်းမရှိ၊ ဆုတောင်းခြင်းနဲ့ သန့်ရှင်းခြင်းလည်း ကျွန်တော့မှာ မရှိဘူးလို့ ဆိုမယ်။ သခင်ယေရှုက ငါ ထာဝရအသက်ပေးပြီ။ ငါဟာ အသက်ရဲ့ အရင်းအမြစ် ဖြစ်တယ်။ ငါ့ကိုယုံကြည်အားကိုးလိုက်ပါ။ သန့်ရှင်းသော ဝိညာဉ်တော်ကို ခံရမယ်။ သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ကြွယ်ဝတဲ့ အသက်တာကို တွေ့ရလိမ့်မယ်လို့ ပြန်ဖြေတယ်။ ခရစ်တော်ကို အားကိုးသူတိုင်းဟာ ထာဝရ အသက်ရှင်ရတယ်။ ခရစ်တော်နဲ့ ခွါမသွားနဲ့ သူဟာ သင့်ရဲ့အသက် ဖြစ်တယ်။

ကိုယ့်အပြစ်ထဲမှာ သေနေတတ်သလို ခရစ်တော်နဲ့ အသက်ရှင်ခွင့်လည်း ရနိုင်တယ်။ ဒီနှစ်ခုကြားမှာ ကြားခံစနစ် မရှိဘူး။ ခရစ်တော်ဟာ ယုံကြည်သူရဲ့အသက် ဖြစ်တယ်။ ခရစ်တော်၌ရှိသူဟာ ဘုရားသခင်ကို ကြင်နာတတ်တဲ့ အဖေတယောက်လို မြင်တယ်။ ဘာသာတရား အတွေးအခေါ် ပညတ်တရားနဲ့ သိပ္ပံက ဘုရားသခင်ထံ ပို့ဆောင်မပေးနိုင်ဘူး။ တပါးတည်းသော သားတော် ခရစ်တော်ကသာလျှင် ပို့ဆောင်ပေးနိုင်တယ်။ ခရစ်တော်အားဖြင့် ဘုရားသခင်ရဲ့ ရှေ့မှာ ရပ်တည်လို့ရတယ်။ ခရစ်တော်ဟာ ဘုရားသခင်ရဲ့ စုံလင်တဲ့ ဗျာဒိတ်ဖွင့်ပြခြင်း ဖြစ်တယ်။ ခရစ်တော်ကလွဲရင် ဘုရားသခင်ကို ဘယ်သူမှ မသိနိုင်ဘူး။ ဘုရားသခင်ကို သိခွင့်ရခြင်းဟာ ခရစ်တော်က ချစ်ခြင်းမေတ္တာဖြစ်လို့ ဘုရားသားသမီးဖြစ်စေလို့ ချဉ်းကပ်ခွင့်ရခြင်းသာဖြစ်တယ်။

ယောဟန် ၁၄း ၇
၇ “သင်တို့သည် ငါ့ကိုမသိလျှင် ငါ့ခမည်းတော်ကိုမသိပဲမနေကြ။ ယခုမှစ၍ ခမည်းတော်ကို သိမြင်ကြ၏ဟု မိန့်တော်မူ၏။”

လောကီသားတွေဟာ အပြစ်ကြောင့် ဘုရားသခင်နဲ့ ဝေးကွာနေတယ်။ ကိုယ့်အလိုအလျောက် ဘုရားသခင်ကို မသိနိုင်ဘူး။ ခမည်းတော်ရဲ့ ရင်ခွင်မှာရှိတဲ့ သားတော်အားဖြင့် မဟုတ်ရင် ဘုရားသခင်ကို မတွေ့မြင်ရဘူး။ သခင်ယေရှုက သင်တို့သည် ငါ့ကိုသိလျှင် ခမည်းတော်ကို သိကြလိမ့်မည် လို့ ဆိုတယ်။ ဒါပေမယ့် လောကီသားတွေဟာ ဒီအချက်ကို မသိကြဘူး။ အသိပညာဆိုတာ နားလည်ရုံ သိပ္ပံသဘောမျှသာ မဟုတ်ဘူး။ အသစ်ပြုပြင် ပြောင်းလဲခြင်း ဖြစ်တယ်။ ဘုရားသခင်ရဲ့ ဥာဏ် knowledge က လူ့အထဲမှာ ဖြစ်တည်လာပြီး အသက်ကို ပေးတယ်။ ဘာသာရေး အတွးအခေါ်အရ ဘုရားသခင်ကို သိနိုင်မယ်လို့ အလှည့်ဖြား မခံပါနဲ့။ ဧဝံဂေလိ တရားကို ဝန်ခံခြင်းအားဖြင့်သာ ရနိုင်တယ်။ အသက်တာပြောင်းလဲပြီး အလင်းရဲ့သား ဖြစ်လာမယ်။

သစ္စာဖေါက်ခံရချိန်မှာ သခင်ယေရှုဟာ တပည့်တော်တွေကို ယခုမှစ၍ သင်တို့သည် ငါ့ကိုသိကြ၏။ ငါဟာ အနန္တတန်ခိုးရှင် အောင်မြင်သူ ပညာရှိသူ ဘုန်းအသရေရှိရုံမျှသာမက ဤလောကရဲ့ အပြစ်ကို ဆောင်သွားမယ့် သိုးသူငယ်လည်း ဖြစ်တယ်။ ကိုယ်စား အသေခံခြင်းအားဖြင့် ဘုရားသခင်ဟာ အပြစ်သားကို အပြစ်ပေးပြီးသလို ဖြစ်သွားပြီး အဖခမည်းတ်ာနဲ့ ပြန်လည် ပြေလည်သွားစေတယ်။ ဒီလိုမဟုတ်ရင်တော့ လူဟာ ပြန်ပျက်စီးဖို့ပဲ ရှိတယ်။ သားတော်အားဖြင့် လွှတ်ခြင်းအခွင့်ကိုရပြီး အသက်တာသန့်ရှင်း ပြောင်းလဲသွားတယ်။ သားသမီး တယောက်အနေနဲ့ ဘုရားသခင်နဲ့အတူ မိတ်သဟာယဖွဲ့ ခွင့်ရသွားတယ်။ ကားတိုင်ပေါ်မှာ ဘုရားသခင်က အဖေတယောက်ရဲ့ ချစ်ခြင်းမေတ္တာကို ပြသတယ်။ ချီးမြှောက်ခြင်းခံရတဲ့သူဟာ အဝေးကြီးမှာမဟုတ်ဘဲ ချစ်ခြင်းမေတ္တာ သနားခြင်း ရွေးနှုတ်ခြင်းကို ပေးသူဖြစ်တယ်။ ဘုရားသခင်က အယောက်စီတိုင်းရဲ့ အဖေ ဖြစ်တယ်။ ယုံကြည်သူသာလျှင် ဘုရားသခင်အကြောင်းကို သိနိုင်တယ်။ ဒီအသိဥာဏ်က အသက်တာကို ပြောင်းလဲစေပြီး အပြုအမူ အပြောအဆိုနဲ့ ကိုယ်ကျင့်တရားကိုလည်း လေးစားစရာ ဖြစ်သွားစေတယ်။

ယောဟန် ၁၄း ၈-၉
“ဖိလိပ္ပုကလည်း သခင် ခမည်းတော်ကို အကျွန်ုပ်တို့အား ပြတော်မူပါ။ ထိုသို့ပြတော်မူလျှင် အကျွန်ုပ်တို့ အလိုပြည်စုံပါမည်ဟု လျှောက်လျှင်၊ ၉ ယေရှုက ဖိလိပ္ပု ဤမျှကာလပတ်လုံး ငါသည် သင်တို့နှင့်အတူ ရှိပြီးမှ သင်သည် ငါ့ကိုမသိသးသလာ။ ငါ့ကိုမြင်သောသူသည် ခမည်းတော်ကို မြင်၏။ သို့ဖြစ်လျှင် ခမည်းတော်ကို အကျွန်ုပ်တို့အား ပြတော်မူပါဟု သင်သည် အဘယ်သို့ဆိုရသနည်း။”’

သခင်ယေရှုက သင်တို့သည် ခမည်းတော်ကို မြင်ကြပြီ၊ သိကြပြီလို့ ပြောတဲ့အခါ ဖိလိပ္ပု အံ့အားသင့် သွားတယ်။ “မဟုတ်ဘူး၊ ခမည်းတော်ကိုမမြင်ဖူးသေးဘူး” လို့ ပြောလုနီးပါး အံ့အားသင့်သွားတယ်။ ဒါပေမယ့် သခင်ဘုရားရဲ့ ကြီးမြတ်မှုကြောင့် သူတွန့်သွားပြီး ကိုယ်တော် ကျွန်တော်တို့အား ခမည်းတော်ကိုပြပါ ဒါဆိုရပြီလို့ပဲ ပြောလိုက်တော့တယ်။ ဒီစကားအရ သူဟာ သခင်ယေရှုရဲ့ တန်ခိုးနဲ့ နက်နဲမှုတွေကို ရိပ်စားမိပြီဖြစ်တယ်။ နက်နဲတဲ့ အရာတခုကတော့ ခမည်းတော်နဲ့ သားတော်ဟာ တလုံးတဝတည်း ဖြစ်တယ်ဆိုတဲ့အချက်ဖြစ်တယ်။ သခင်ယေရှု ထွက်ခွါသွားတော့မယ်ဆိုရင် ခမည်းတော်ကို ပြညွှန်ဖို့လိုတယ်။ အနန္တတန်ခိုးရှင်ရဲ့လမ်းပြမှုကို သူကိုယ်တိုင် ခံယူရသလို တပည့်တော်တွေ ခံယူရနိုင်ဖို့ဖြစ်တယ်။ သူတို့ဟာ ဘုရားသခင်ကို သိမြင်သွားပြီး အနာငြိမ်းခြင်း၊ နတ်ဆိုးနှင်ထုတ်ခြင်း စတဲ့အခွင့်အာဏာကိုလည်း ရဖို့လိုတယ်။ ဒါပေမယ့် ဒီမေးခွန်းအားဖြင့် ဖိလိပ္ပုဟာ ခမည်းတော်ကို၎င်း သားတော်ကိုသော်၎င်း မသိသေးကြာင်း ဝန်ခံလိုက်သလို ဖြစ်တယ်။ ဘုရားသခင်နဲ့ သမ္မာတရားကို မရိပ်မိဘူး။ သခင်ယေရှုက အပြစ်မတင်ဘူး။ သနားကြင်နာစွာနဲ့ တရားသဘောကို နောက်ဆုံး အချိန်လေးမှာ သွန်သင်တယ်။ ငါ့ကိုမြင်တဲ့သူဟာ ခမည်းတော်ကို မြင်ပြီဖြစ်တယ်။ ဒီစကားဟာ တပည့်တော်တွေရဲ့ ရှေ့မှာ ကွယ်နေတဲ့အမှောင်ကို ခွင်းထုတ်လိုက်သလို ဖြစ်တယ်။ ဗျာဒိတ်၊ ရူပါရုံ၊ အိပ်မက်တွေက ဘုရားသခင်နဲ့ စပ်ဆိုင်တဲ့ ဒီအရာကို ရှင်းမပြနိုင်ဘူး။ ယေရှုခရစ်တော်ကသာလျှင် ရှင်းလင်းသွားစေနိုင်တယ်။ သခင်ယေရှုဟာ အရေးကြီးတဲ့ ပုဂ္ဂိုလ်ဖြစ်ရုံမျှသာမက သူ့ကိုမြင်ရင် ဘုရားသခင်ကို မြင်ရသလို ဖြစ်တယ်။ ဘုရားသခင်ထံမှ ရူပါရုံရပြီဆိုပါစို့။ သခင်ယေရှုကို မြင်ရင် ဘုရားသခင်ကို မြင်ရတယ်။ သောမဟာလည်း ဒီစကားကို ကြားပြီး နားမလည်ခဲ့ဘူး။ ဒါပေမယ့် သခင်ယေရှုရှင်ပြန်ထမြောက်ပြီးတဲ့အခါ သူ့သခင်ရဲ့ရှေ့မှာ ဒူးထောက်ပြီး “အကျွန်ုပ်သခင်နဲ့ အကျွန်ုပ်ဘုရားသခင်ပါတကား” လို့ ဆိုခဲ့တယ်။

ယောဟန် ၁၄း ၁၀- ၁၁
၁၀ “ငါသည် ခမည်းတော်၌ရှိသည်ကိုလည်းကောင်း ခမည်းတော်သည် ငါ၌ ရှိတော်မူသည်ကိုလည်းကောင်း မယုံသလော။ ငါဟောပြောသောစကားကို ကိုယ်အလိုအလျောက် ငါဟောပြောသည်မဟုတ်။ ငါပြုသာအမှုတို့ကိုကား ငါ၌တည်နေတော်မူသော ခမည်းတော်သည် ပြုတော်မူ၏။ ၁၁ ငါသည် ခမည်းတော်၌ ရှိတော်မူသည်ကိုလည်းကောင်း ခမည်းတော်သည် ငါ၌ ရှိတော်မူသည်ကိုလည်းကောင်း ယုံကြသလော။ ငါ့စကားကိုမယုံလျှင် ငါ့အမှုတို့ကို ထောက်၍ယုံကြလော့။”

တပည့်တော်တယောက်က ဧဝံဂေလိတရားကို မှတ်မိပြီး၊ သခင်ယေရှုကို ခပ်ဝါးဝါး မြင်နိုင်ပါတယ်။ ဒါပေမယ့် ဝိညာဉ်တော်အားဖြင့် စိတ်ပြောင်းလဲခြင်းမရှိရင်တော့ အနှစ်သာရကို နားလည်မှာ မဟုတ်ဘူး။ သခင်ယေရှုက သူ့တရားစကားကို နက်နဲတဲ့ ယုံကြည်ခြင်းဆိုင်ရာ မေးခွန်းတခုနဲ့ ဖိလိပ္ပုကို မေးလိုက်တယ်။ ငါဟာ ခမည်းတော်၌ ရှိတယ်ဆိုတာ မယုံဘူးလား။ ငါ့ဘဝရဲ့ အရေးကြီးတဲ့အချက်က ခမည်းတော်ရဲ့ ဘုန်းထင်ရှားဖို့ ဖြစ်တယ်။ ငါဟာ ခမည်းတော်၌ ရှိတယ်။ ခမည်းတော်ဟာလည်း ငါ့အထဲ၌ရှိတယ်။ ဘုရားဇာတိ ပြည့်စုံခြင်းဟာ ငါ့မှာရှိတယ်။ ငါဟာ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ဖွားမြင်ခြင်း ခံတယ်။ အပြစ်ကင်းစွာ အသက်ရှင်တယ်။ ဘုရားသခင်ကို ထာဝရ ကာလတည်းက သိတယ်။ အဲဒီအသိဥာဏ်ကလည်း ငါ့ကို လူ့ဇာတိခံယူစေတယ်။ ငါ့အားဖြင့် ခမည်းတော်ရဲ့ ကောင်းမြတ်ခြင်းနဲ့ သနားခြင်းတွေ ပြခဲ့ပြီလို့ ဆိုတယ်။

ဒီအချက်တွေကို သက်သေပြခဲ့ပြီးပြီ။ ငါ့ရဲ့တန်ခိုးပါတဲ့စကားနဲ့ ဘုရားလက်ရာကြောင့် ဖြစ်တယ်။ ခမည်းတော်ဟာ ငါ့အထဲမှာရှိတာကို ယုံကြည်ဖို့ ခက်ခဲနေရင် ငါ့စကားကို နားထောင်ပါ။ ခမည်းတော်ဟာ ငါ့အားဖြင့် ပြောနေတယ်။ ဒီစကားတွေက အသက်ကိုပေးတယ် တန်ခိုးနဲ့ ရဲရင့်ခြင်းကို ပေးတယ်။ ငါ့စကားကို နားမလည်ရင် ငါလုပ်တဲ့အလုပ်ကို ကြည့်ပါ။ ဘုရားသခင်ဟာ ကောင်းကင်ကဖြစ်တဲ့ နိမိတ်လက္ခဏာတွေကို ပြနေတာဖြစ်တယ်။ ငါ့အားဖြင့် သင်တို့ကို ကယ်တင်တယ်။ လက်ဝါးကပ်တိုင်ပေါ် အသေခံချိန်မှာ သင်တို့ဟာ ဘုရားသခင်ရဲ့ အကြီးမြတ်ဆုံး အလုပ်ကို တွေ့ရမယ်။ ဒါကတော့ ငါ့သေခြင်းအားဖြင့် လူသားတွေကို ဘုရားသခင်နဲ့ ပြန်ပြေလည်စေတယ်။ မျက်စိကိုဖွင့် နားကိုစွင့်ပါ။ ဘုရားသခင်က ကားတိုင်မှာ အသေခံတာကို ရိပ်မိလာလိမ့်မယ်။ ဘုရားသခင်က အပြစ်ပေးတာမဟုတ်ဘဲ ကယ်တာကို သိလာလိမ့်မယ်။

ဆုတောင်း သခင်ယေရှုဘုရား ကိုယ်တော်ဟာ အကျွန်ုပ်သခင် အကျွန်ုပ်ဘုရားသခင်လို့ ကျေးဇူးတ်ာအားဖြင့် ပြောပါပြီ။ မယုံကြည်မှုနဲ့ မချစ်တတ်မှုကို ခွင့်လွှတ်တော်မူပါ။ သန့်ရှင်းသာ ဝိညာဉ်တော်အားဖြင့် စိတ်နှလုံးကို ဖွင့်ပြပါ။ ခမည်းတော်သည် သားတော်၌ရှိကြောင်း မြင်ခွင့်ပေးပါ။ ကိုယ်တော့်မေတ္တာအားဖြင့် ပြောင်းလဲ၍ သေခြင်းတရားထက် အသက်ရှင်ခြင်းတရားကို ပိုနားလည်စေပါ။ တခြားသောသူများလည်း ကိုယ်တော်၏ဘုန်းကို တွေ့မြင်လာလျက် ယုံကြည်ခြင်းအားဖြင့် အသက်သစ်ကို ရကြပါစေသော။

မေးခွန်း ၈၉

  1. ခရစ်တော်နဲ့ ခမည်းတော်ရဲ့ဆက်သွယ်မှုက ဘာလဲ။

www.Waters-of-Life.net

Page last modified on January 29, 2022, at 04:56 AM | powered by PmWiki (pmwiki-2.3.3)