Home
Links
Bible Versions
Contact
About us
Impressum
Site Map


WoL AUDIO
WoL CHILDREN


Bible Treasures
Doctrines of Bible
Key Bible Verses


Afrikaans
አማርኛ
عربي
Azərbaycanca
Bahasa Indones.
Basa Jawa
Basa Sunda
Baoulé
বাংলা
Български
Cebuano
Dagbani
Dan
Dioula
Deutsch
Ελληνικά
English
Ewe
Español
فارسی
Français
Gjuha shqipe
հայերեն
한국어
Hausa/هَوُسَا
עברית
हिन्दी
Igbo
ქართული
Kirundi
Kiswahili
Кыргызча
Lingála
മലയാളം
Mëranaw
မြန်မာဘာသာ
नेपाली
日本語
O‘zbek
Peul
Polski
Português
Русский
Srpski/Српски
Soomaaliga
தமிழ்
తెలుగు
ไทย
Tiếng Việt
Türkçe
Twi
Українська
اردو
Uyghur/ئۇيغۇرچه
Wolof
ייִדיש
Yorùbá
中文


ગુજરાતી
Latina
Magyar
Norsk

Home -- Burmese -- Tracts -- Tract 11 (Follow Me!)
This page in: -- Armenian -- Baoule? -- BURMESE -- Chinese -- Dagbani? -- Dioula? -- English -- French? -- German -- Greek -- Hausa -- Hebrew -- Hindi -- Igbo -- Indonesian -- Japanese -- Korean? -- Lingala? -- Maranao -- Nepali? -- Peul? -- Somali -- Spanish -- Sundanese -- Telugu -- Thai? -- Turkish? -- Twi? -- Uzbek -- Yoruba

Previous Tract

ဝေစာ - ဖြန့်ဝေဖို့ရန် နုတ်ကပတ်တော်များ

ဝေစာအမှတ်စဉ် 11 -- ငါ့နောက်သို့ လိုက်လော့! (မဿဲ ၉း၉)


လေယာဉ်နဲ့ခရီးသွားတဲ့အချိန်မှာ၊ လေယာဉ်စိုက်သောအချိန်မှာ သေးငယ်တဲ့ကားက မိမိတို့ စီးတဲ့ လေယာဉ်ဆီသို့ ဦးတည်လာနေသည်ကို အများအားဖြင့် တွေ့ဖူးမှာပါ။ ဒီကားလေးဟာ ခရီးသည် ဆင်းသက်ရာအရပ်ဆီသို့ ဖြည်းဖြည်းမောင်းလာခဲ့တယ်။ ဒီကားလေးရဲ့ ခေါင်မိုးပေါ်တွင် “ငါ့နောက်သို့လိုက်” ဆိုတဲ့ စာသားကို ရေးထားပါတယ်။

ငါ့နောက်သို့လိုက် ဆိုတဲ့စာသားကို လွန်ခဲ့တဲ့နှစ်ပေါင်း (၂၀ဝ၀)ကျော်ကတည်းက ခရစ်တော်ယေရှု အသုံးပြုခဲ့တဲ့ ဝေါဟာရဖြစ်ပါတယ်။ ယေရှုသည် နေမကောင်းသောသူများ အနာရောဂါငြိမ်းပေးတယ်။ သူတို့ပြုသော ဒုစရိုက်မှ နောင်တရဖို့ရန် သူတို့ကိုခေါ်တော်မူပြီးလျှင် ဧဝံဂေလိတရားကို ဟောခဲ့သည်။ နေရာ ဒေသအသီးသီးကနေ နှလုံးကျိုးပဲ့သောသူတွေ၊ မသန်မစွမ်းသောသူတွေ ယေရှုထဲသို့ ရောက်လာကြတယ်။ သမ္မာတရားကို သိလိုသောသူသည် အနီးအဝေးမှ စုကာလာကြသည်။ ထိုသူအပေါင်းတို့သည် အံ့သြဖွယ်ရာ လုပ်ဆောင်နိုင်သော ယေရှုကို ကြည့်ရှုလိုကြသည်။ သူ့ရဲ့နှုတ်ထွက်စကားသည် ဘုရားသခင်ရဲ့ လမ်းညွန်မှု၊ တန်ခိုးအာဏာကို တွေ့ရှိခဲ့ကြတယ်။

ဒီခရိုင်အတွင်းမှာ “မဿဲ” အမည်ရှိ အခွန်ခံနေထိုင်ခဲ့တယ်။ သူကရောမအာဏာတာဝန်ရှိ တစ်ဦးဖြစ်သည်။ သူသည် ခရီးသွားများထံမှ ကုန်သွယ်ရေးသယ်ယူပို့ဆောင်တဲ့ သူတွေဆီက ရောမအကောက် ခွန်အတွက် အခွန်ကောက်သော ပုဂ္ဂိုလ်ဖြစ်ပါတယ်။ သူက အဆမတန် အခွန်ကောက်ယူသောကြောင့် လူတွေ က သူ့ကိုကျိန်ဆဲကာ မုန်းကြ၏။ ဘယ်သူကမှ အခွန်မပေးချင်ဘူး။ ဒါပေမယ့် မဿဲရဲ့ လိမ္မာပါးနပ်မှုပညာ အတွေ့အကြုံအရ ပိုက်ဆံအများကြီး ရယူနိုင်ခဲ့သည်။

သို့သော်လည်း ဒီအကောက်ခွန်အရာရှိသည် သူဝယ်ယူရရှိသော စည်းစိမ်များကြားမှ မိမိလူတို့၏ ငြင်းပယ်ခြင်းကို ခံရသောသူလည်း ဖြစ်သည်။ သူသည် မိမိ မရိုးမသားနဲ့ အမြတ်ကိုရယူခြင်းမှ စိတ်မသန့် တော့ဘဲ ဒီငွေကို စွဲမက်ခြင်းမှ ကယ်မယ့်သူ၊ အပြစ်ကို လွတ်မယ့်သူကို ရှာဖွေလာတယ်။ သူသည် သူ့ကို မုန်းတီးတဲ့သူတွေကို ငြိမ်းချမ်းစွာ နေထိုင်လိုကာ သန့်ရှင်းစွာ နေထိုင်ဖို့ ဆန္ဒတွေ ရှိလာပါတယ်။

သူသည်မိမိမြို့မှာရှိတဲ့ ယေရှုအကြောင်းကို ကြားသိပြီးနောက် သူအရေးတကြီး ခရစ်တော်ရဲ့ မစမှု ရရှိ ရန် မျှော်လင့်ချက်အတူကိုယ်တော်ကို တွေ့မြင်ချင်တယ်။ မဿဲသည် ငြိမ်းချမ်းမှုကိုရရှိရန် ဘုရားသခင်နှင့် အတူ လူကိုရှာဖွေခဲ့ပါတယ်။ ဒါပေမယ့် လူသိရှင် နာဇရက်မြို့သားယေရှုကို လူထုစုဝေးသော နေရာမှာ သူသည် မတွေ့ရဲဘူး။ သို့သော်လည်း သူယေရှုနှုတ်က ထွက်ခဲ့တဲ့စကားတွေက သူ့ကိုတွေ့ဖို့ တွန်းအားပေးပါတယ်။

ယေရှုသည် သူ၏စိတ်နှလုံးအကြံအစည်များကို မြင်ကာ ဖတ်ရှုနိုင်ပါသည်။ ယေရှုသည် သူ့ရဲ့ အထီး ကျန်မှု၊ လူတွေ မထီမဲ့မြင်ပြုတတ်တဲ့ အရာကို မြင်တွေ့တယ်။ သူ့ရဲ့ပြောင်းလဲချင်တဲ့ စိတ်သဘောကိုလည်း သိမြင်တယ်။ တစ်နေ့ကျတော့ ယေရှုသည် မဿဲအခွန်ခံရာ တဲ၌ထိုင်နေသည်ကိုမြင်လျှင် “ငါ့နောက်သို့ လိုက်လော့”ဟု ခေါ်ပါတယ်။

ဒီအကောက်ခွန်အရာရှိသည် ဘုရားသခင်ထံမှ ဒီအသံကို လွန်ခဲ့သော အချိန်ကတည်းက မျှော်မှန်း ထားတာဖြစ်တယ်။ ဒီအချိန်မှာ သူဘာကိုသတိရလည်းဆိုရင် ဘုရားသခင်သည် ဒုစရိုက်နဲ့ အပြစ်များသော သူများကို မထီမဲ့မမြင်မပြုဘဲ သူတို့ကိုလည်း ချစ်ကာမေတ္တာပြတယ်ဆိုတာကို နားလည်းသဘောပေါက်ပါတယ်။ ဒါနဲ့ မဿဲသည် ဘာမှကို မစဉ်းစားတော့ဘဲ သူ့ပတ်ဝန်းကျင်ကို မကြည့်တော့ဘဲ တစ်ခါတည်း ယေရှု နောက်တော် လိုက်ဖို့ ထွက်လာခဲ့ပါတယ်။

ယေရှုနောက်သို့ လိုက်လာတဲ့လူအုပ်က မိန်းမောတွေဝေကြပါတယ်။ သူတို့သည် ယေရှုက ဒီအခွန်ခံ သောသူ၊ ဆိုးသောသူနဲ့အတူနေတာကို မကြိုက်ဘူး။ ဒါကြောင့် ယေရှုသည် သူ့နောက်လိုက်များသိဖို့ရန် ဒီကျမ်းချက်ကို ဖော်ပြခဲ့တယ်။ “ထိုအခါ ယေရှုက၊ ငါ၌ဆည်းကပ်လိုသောသူဖြစ်လျှင် ကိုယ့်ကိုကိုယ် ငြင်းပယ်ရမည်။ ကိုယ်လက်ဝါးကပ် တိုင်ကိုထမ်း၍ ငါ့နောက်သို့လိုက်ရမည်။ အကြင်သူသည် မိမိအသက်ကို ကယ်ဆယ်ခြင်းငှာအလိုရှိ၏။ ထိုသူသည် အသက်ရှုံးလိမ့်မည်။ အကြင်သူသည် ငါ့ကြောင့်အသက်ရှုံး၏၊ ထိုသူသည် အသက်ကို တွေ့လိမ့်မည်” (မဿဲ ၁၆:၂၄-၂၅)။

ယေရှုသည် ဒီနှုတ်ကပတ်တော်အားဖြင့် ရှင်းပြရာမှာ ကျွန်တော်တို့အတွက် နားလည်ဖို့နဲ့ လျှို့ဝှက်ချက် (၇)ချက် ရှိပါသည်။

၁။ ဖြောင့်မတ်ခြင်းရှိဖို့ ဆန္ဒ။ ယေရှုဘုရားသခင်သည် ကောင်းကင်နိုင်ငံတော်သို့ဝင်ဖို့ လူတိုင်း ကို ကြိုဆိုပါသည်။ ဒါပေမယ့် မိမိကိုယ်တိုင်ဆုံးဖြတ်သည်လွဲလို့ အချိန်ပြည့်နောက်လိုက်ဖို့ရန် လူတိုင်းကို မခေါ်ဘူး။ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို ရရှိဖို့ ဆန္ဒရှိသောသူတိုင်းသည် ယေရှုကို အခက်အခဲများထဲက နောက်လိုက်ရန် အဆင်သင့်ဖြစ်နေပြီးသောသူသည် ဘုရားသခင်၏ အခေါ်ခံရသောသူ တစ်ဦးဖြစ်သည်။

၂။ မိမိကိုယ်ကိုငြင်းပယ်ကာ ယေရှုအတွက် အသက်ရှင်ခြင်း။ ယေရှုသည် အစကတည်းက သူ့နောက် တော်ကိုလိုက်ဖို့ရန် မိမိကိုယ်ကို ပယ်ဖို့ ပြောထားပါတယ်။ သူတို့သည် အခြားသူများထက် ပိုပြီး အရေးပါ သောသူဟု မစဉ်းစားရဘူး။ သူတို့သည် ယေရှု၏ မျက်နှာကိုထောက်ကာ မိမိတို့၏ အခွင့်အရေးများထံမှ ထွက် သွားရမည်။ ထို့ကြောင့် ယေရှုနောက်လိုက်ဖို့ရန် မိမိဆန္ဒကိုငြင်းပယ်ကာ ဘုရားသခင်၏ အလိုတော်အတိုင်း အစေခံကာ နောက်တော်သို့ လိုက်ရမည်ဖြစ်သည်။ ထိုသူတို့သည် လောကအတွက် အသက်မရှင်ဘဲ၊ သူတို့ ဆန္ဒဖြည့်ဆည်းဖို့ အသက်မရှင်ဘဲ ယေရှုအတွက်သာ အသက်ရှင်ခြင်းဖြစ်သည်။

၃။ ကိုယ့်ကိုကိုယ် ဆန်းစစ်ကာ နောင်တရခြင်း။ ယေရှုသည်တပည့်တော်များဆီမှာ မိမိသည် ဖြောင့်မတ်တယ်၊ မိမိတို့ကိုယ့်ကိုကိုယ် အပြစ်လွတ်ဖို့ စဉ်းစားမနေသင့်ကြောင်းကို ဖော်ပြပါတယ်။ အဲဒီအစား ဘုရားသခင်ရှေ့မှာ မိမိတို့ကိုယ်ကိုဆန်းစစ်လျှင် မိမိအသက်တာသည် အပြစ်ရှိသူ လက်ဝါးကပ်တိုင်မှာ အသေခံရဖို့ ထိုက်တန်သည်ကို အသိအမှတ်ပြုမှာဖြစ်သည်။ ယေရှုက သူ့လက်ဝါးကပ်တိုင်ကို ထမ်းဖို့ရန် မပြောဘဲနဲ့ လက်ဝါးကပ်တိုင်ကို သယ်ဆောင်ထမ်းဖို့ရန် ပြောပါသည်။ ဆိုလိုရင်းက မိမိရဲ့အပြစ်အတွက် ကိုယ်တိုင်ဘုရားသခင်ရှေ့မှာ အပြစ်နဲ့အလျှောက်ထိုက်တန်သော အပြစ်ကိုခံရမှာ ဖြစ်သည်။ တမန်တော် ရှင်ပေါလုက ဒီလိုဖော်ပြပါသည်။ “ငါသည်ခရစ်တော်နှင့်အတူ လက်ဝါးကပ်တိုင်မှာ အသေခံပြီ။ သို့သော်လည်း အသက်ရှင်သေး၏။ ထိုသို့ဆိုသော် ငါသည် ကိုယ်တိုင်မရှင်၊ ခရစ်တော်သည် ငါ၌ ရှင်တော်မူ၏။ ကိုယ်ခန္ဓာ၌ ယခုငါရှင်သော အသက်သည် ဘုရားသခင်၏သားတော်ကို ယုံကြည်ခြင်းအားဖြင့်တည်၏။ သားတော်သည် ငါ့ကိုချစ်၍ ငါ့အဘို့ ကိုယ်ကို ကိုယ်စွန့်တော်မူ၏” (ဂလာတိ ၂:၂၀)။

၄။ ယေရှုကိုပုံဆောင်ခြင်း။ ယေရှုနောက်လိုက်သောသူတိုင်းသည် သူ၏စကားသံကို ကြားကာ ယုံကြည်ခြင်းအားဖြင့် ယေရှုရဲ့ အလိုတော်ကို ရိပ်မိသိသောသူဖြစ်ပါလိမ့်မည်။ ယေရှုနောက်လိုက်သောသူတိုင်း သည် ယေရှုရဲ့ ဖြစ်ခြင်းကို နားလည်သောသူ၊ သူ့ရဲ့အစီအစဉ်များကို နားလည်သောသူဖြစ်ရပါလိမ့်မည်။ ထို့ ကြောင့် ကိုယ်တော်၌ ခိုလှုံကာ သူ့ရဲ့နောက်လိုက်သောသူသည် ကယ်တင်ရှင်၏ဖြစ်ခြင်းကို ပုံဆောင်သောသူ ဖြစ်သည်။ ထိုသူသည် ဘုရားသခင်၏ မေတ္တာတော်၊ ခရစ်တော်ယေရှု၏ ဝမ်းမြောက်ခြင်း၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ငြိမ်းချမ်းမှုများကို သိလာကြတယ်။ သူ့စိတ်နှလုံးဖြူစင်ကာ ရန်သူများကိုပင်ချစ်ပြီး ခရစ်တော်၏ သစ္စတော်နှင့် ကရုဏာတော်ကို အခြေချသောသူဖြစ်သည်။

၅။ ယေရှုအကြောင်းကို အခြားသူများအားဝေဌပါ။ ခရစ်တော်အား မိမိတို့၏ ပတ်ဝန်းကျင်က သိနိုင်ဖို့ နောက်လိုက်တပည့်တော်ထားပါတယ်။ သူတို့က အခြားသူများကို သူတို့ထံတော်၌ ထင်ရှားသမျှသော သန့်ရှင်းသောဝိညာဉ်တော်၏ အသီးအပွင့်များကို ကြီးထွားလာစေရန် ပတ်ဝန်းကျင်မှာ သက်သေခံရမှာ ဖြစ်သည်။ ယေရှုအကြောင်းကို နားထောင်ကာ ယုံကြည်သောသူသည် ထာဝရအသက်ကို သူပေးပါတယ်။ ခရစ်တော်ရဲ့ အဓိကရည်ရွယ်ချက်က လူရဲ့အခြေအနေတွေပြောင်းလဲပစ်ရန်မဟုတ်ပါ။ သူကသူတို့အားနည်း ခြင်းအဖြစ်၌ တန်ခိုးတော်ပြည့်စုံအောင်အသစ်သောလူ ဖန်တီးရန် အလိုရှိပါတယ်။ ယေရှုသည် တပည့်တော် နောက်လိုက်များမှတဆင့် သူ့ရည်ရွယ်ချက်ဖြာ့်ဆည်းဖို့ အလိုရှိသည်။ ကျွန်တော်တို့သည် ကိ်ုယ်တော်၌ တည်နေလျှင် ဝိညာဉ်အသီးကိုသီးမည် ဖြစ်သည်။

၆။ ညှဉ်းပန်းနှိပ်စက်ခြင်းရင်ဆိုင်ရမည်။ ခရစ်တော်ရဲ့ကျေးဇူးတော် လက်ခံတွေ့ဆုံသောသူ မည် သည်ကား ထာဝရအသက်ကိုရကာ ဝိညာဉ်တော်၏ မစခြင်းအားဖြင့် ကိ်ုယ်တော်၌ ကျိန်းဝပ်မည်ဖြစ်သည်။ မကြာခဏ သူသည် ဤကမ္ဘာကြီးထဲမှာ လူစိမ်းဖြစ်နေခြင်းကို ခံစားပါလိမ့်မည်။ သူငယ်ချင်းများ၏ ကဲ့ရဲ့ခြင်းနဲ့ ငြင်းပယ်ခြင်းကို ခံရပါလိမ့်မည်။ သူ့မကောင်းကြောင်းကိုပြောကာ မုန်းကြပါလိမ့်မယ်။ ယေရှုကိုယ်တိုင် ခံခဲ့ရ သကဲ့သို့ သူ့နောက်လိုက်သော ယုံကြည်သူများမှာလည်း ဖြစ်နိုင်ပါတယ်။ ဤလောကကိုအစိုးရသော ဝိညာဉ် ဆိုးတွေက ဝိညာဉ်တော်ဘုရားကို ဆန့်ကျင်ကာ မုန်းတီးခြင်းနဲ့ ရန်တိုက်နေမှာ ဖြစ်တယ်။ သို့သော်လည်း ဘုရားသခင်၏ ချစ်ခြင်းမေတ္တာတော်နှင့် ကောင်းကြီးမင်္ဂလာသည် ဒီကမ္ဘာကြီးရဲ့ တိုက်ခိုက်မှုထက် ပိုမိုကောင်း ပါတယ်။ တမန်တော်ရှင်ပေါလုသည် သေခြင်းမှလွတ်မြောက်ရန်နှင့် သူ၏သခင်ဘုရား၏ အမှုတော်ကို ဆက်လက်ထမ်းဆောင်နိုင်ရန်အတွက် တစ်မြို့ပြီးတစ်မြို့ ပြေးခဲ့ရတယ်။

၇။ ယုံကြည်သူများအား စွန့်ပစ်မထားသောယေရှု။ ခရစ်တော်သည် လက်ဝါးကပ်တိုင်ပေါ်တွင် အသေခံပြီးနောက် ရှင်ပြန်ထမြောက်ခြင်းနဲ့ သေခြင်းကိုကျော်လွှားကာ အောင်ပွဲခံခဲ့သည်။ သူသည် ကောင်းကင်သို့ တက်သွားပေမယ့် သူ့နောက်လိုက်များကို စုဆောင်းဖို့ နောက်တဖန် ပြန်လာပြီး ကောင်းကင် ဘုံ၌ရှိတော်မူသော သူ့ခမည်းတော်ထံသို့ ပို့ဆောင်ပေးမှာဖြစ်သည်။ ယေရှု၏မေတ္တာတော်နှင့် သစ္စာတော်သည် ယုံကြည်သူများအနာဂတ်အတွက် အာမခံချက်ဖြစ်သည်။ သခင်ယေရှု၏ နောက်လိုက်တစ်ဦးအတွက် သူကိုယ် စားအသေခံခြင်းဖြင့် အပြစ်တရား၏ လက်မှ ကျွန်ုပ်တို့ကို လွတ်မြောက်ကာ တရားစီရင်သောနေ့ရက်တွင် ကျွန်တော်တို့ကို တရားမျှတစေသည်ဟု ဆိုသည်။ သူ့ရဲ့အသွေးတော်အားဖြင့် ကျွန်တော်တို့ရဲ့ ယဇ်ကောင်ကို သန့်ရှင်းပေးကာ ထာဝရပဋိညာဉ်သစ်ကို ပေးမှာဖြစ်တယ်။ မိမိသည် ဘုန်းအသေရေရဖို့ ဒီဘဝတစ်ကွေ့မှာ သွေးဆောင်ခြင်း ကျော်လွှားဖို့ ကျွန်တော်တို့ကို ကူညီမစခြင်းအားဖြင့် သည်းခံခြင်းနှင့်အတူ ကျွန်တော်တိုု့ကို ချစ်သောယေရှုဖြစ်ပါတယ်။

မဿဲ ခရစ်တော်၏နောက်လိုက်ရာတွင် ဤကွဲပြားခြားနားသော ခြေလှမ်းများကို ခံစားခဲ့ရသောသူ ဖြစ်ပါတယ်။ သူသည် သခင်ယေရှု၏ပညတ်တို့ကို သူ၏စိတ်နှလုံး၌ သိုလှောင်ထားပြီး ထိုအတိုင်း အသက်ရှင် သည်။ မဿဲ ၅း၁-၇း၂၉) သူသည် ဧဝံဂေလိတရား ဒေသနာကျမ်းကို ရေးသားခဲ့သည်။ သူသည် သူ့ကိုယ်ပိုင် အတွေးများသာ ပြုစုတာမဟုတ်ဘဲနဲ့ ယေရှုရဲ့နှုတ်ထွက်စကား၊ ဆုတောင်းချက်များကို မှတ်တမ်းတင်ထား ခဲ့တာဖြစ်တယ်။ ဒါဟာ မဿဲသည် မိမိ၏မေတ္တာရှင် ထာဝရဘုရားအား သစ္စာစောင့်သော သက်သေခံခဲ့ ကြောင်းကို ဖြစ်စေသည်။ မဿဲသည် ကောင်းကင်ဘုံ၌ရှိတော်မူသော ဂျေရုဆလင်သစ်အတွက် အဖိုးတန် အခြေခံအုတ်မြစ်ကျောက်များထဲက တစ်ခုဖြစ်လိမ့်မည်ဟု ယောဟန်အား ဗျာဒိတ်တော်မှာ ဖော်ပြသည် (ဗျာ ၂၁း၁၄; ၁၉-၂၀)။

မဿဲသည် ယေရှုနောက်လိုက်ဖို့ရန် သူ့မှာရှိတဲ့ စည်းစိမ်ဥစ္စာများကို စွန့်ခွားနိုင်ခဲ့သည်။ ယေရှုနဲ့အတူ ခရီးသွားတာ လွယ်ကူတာမဟုတ်ပေမယ့် သခင်ဘုရားသည် နေ့စဉ် သူ့လိုအပ်ချက်ကို ကျွေးမွေးပေးတာက သူ့ကိုကျေနပ်စေပါတယ်။ သူသည် တစ်ချိန်က အကောက်ခွန်အရာရှိ၊ အာဏာရှိသူဖြစ်ခဲ့သော်လည်း သခင်ယေရှု၏နောက်လိုက်ရာတွင် လူတွေ မုန်းတီး၊ ပယ်ချခံခြင်းကို လက်ခံလာနိုင်သည်။

ယခင်က မဿဲသည် လွတ်လပ်စွာ အုပ်စိုးသောမင်းကဲ့သို့ အာဏာရှိသည်။ ဒါပေမယ့် ယေရှု နောက်တော်သို့ လိုက်ခြင်းဖြင့် နာခံခြင်းကို သင်ယူနားလည်တယ်။ ယေရှုရဲ့နောက်တော်သို့ လိုက်ခြင်းသည် မဿဲအတွက် လုံခြုံမှုမရှိသော်လည်း ယေရှုသည် သူ၏လုံခြုံရာဖြစ်ကြောင်းနဲ့ စောင့်ရှောက်မှုအတွက် စိတ်ကျေနပ်မှုကို သင်ယူခဲ့သည်။

သူ၏အလုပ်ကနေ ထွက်လာသောအချိန်မှာ အပစ်ပယ်ခံရသော ဘဝမခံရဘဲနဲ့ ယေရှုနောက်ကိုလိုက် သောသူများ၏ မိတ်သဟာယဖွဲ့သို့ ဝင်ကာပျော်ရွင်သည်။ ခရစ်တော်သည် သူ့အပြစ်ရှိသမျှ အားလုံးကို ခွင့်လွတ်ကာ ဖြောင့်မတ်စေသည်။ ဘုရားသခင် လူတို့နှင့် ငြိမ်းချမ်းစွာ အသက်ရှင်နေထိုင်နိုင်အောင် ထာဝရ ဘုရားသခင်၏ မေတ္တာတော်အားဖြင့် သန့်ရှင်းသော ဝိညာဉ်တော်၏ တန်ခိုးနှင့်သားတော် ယေရှုရဲ့နောက်လိုက် များအားဖြင့် ဤလောကကိုအစိုးရသော အထီးကျန်မှုတွေကနေ လွတ်မြောက်ခြင်းကို ရခဲ့သည်။

“ငါ့နောက်သို့ လိုက်လော့”ဟု ယေရှုသည် မဿဲကို မိန့်တော်မူခဲ့သည်။ ယေရှုသည် ပညာရှင် တစ်ယောက်၊ ပါတီခေါင်းဆောင်တစ်ယောက်၏ နောက်လိုက်ရန်မခေါ်ဘဲနဲ့ ဘုရားသခင်၏အလိုတော်အတိုင်း သူ့နောက်တော်သို့ လိုက်ရန် ခေါ်ခြင်းဖြစ်သည်။ ထို့ကြောင့် ထာဝရဘုရားသည် မဿဲအတွက် ကယ်နုတ်သူ၊ ရွေးနှုတ်သူ၊ အသက်တာ၌ ခွန်အားပေးသောသူ ကယ်တင်ရှင်ဖြစ်လာသည်။ ထာဝရဘုရား၏ သိုးသူငယ် စီရင်တော်မူခြင်းအတွက် မဿဲ၏အစားထိုးအဖြစ် သေခံရသည်။ ထို့ကြောင့် မဿဲသည် ပေတရု ဝန်ခံသည့် အတိ်ုင်း “ကိုယ်တော်သည် ခရစ်တော်တည်းဟူသော အသက်ရှင်တော်မူသော ဘုရားသခင်၏ သားတော် ဖြစ်တော်မူ၏” (မဿဲ ၁၆း၁၆) ဝန်ခံလာနိုင်သည်။

ချစ်ခင်ရသော စာဖတ်မိတ်ဆွေ,
ဘုရားသခင်ကို တကယ်ပဲ စစ်မှန်သော နှလုံးသားနဲ့ စာငတ်နေသလား? သင်၏ ဖန်ဆင်းရှင် ကောင်း ကင်ဘုံရှင်ခမည်းတော်နှင့် ငြိမ်သက်ခြင်း၌ အသက်ရှင်ရန် ဆုံးဖြတ်ချင်ပါသလား? နေ့ရက်စဉ်တိုင်းမှာ ယေရှုနဲ့ အတူ အသက်ရှင်ကာ ယေရှုအကြောင်းကို ပိုမိုသိရန် ဆန္ဒရှိပါသလား? ကိုယ့်ကိုကိုယ် စစ်ကြောကြည့်ပါ။ ယေရှု သည် မဿဲကိုခေါ်သကဲ့သို့ ထို“ငါ့နောက်သို့လိုက်ပါ” လို့ခေါ်သံကို ကြားရင် သင့်ကိုလည်း ဘုရားသခင် ခေါ်နေ တာဖြစ်တယ်။ ထိုအသံတော်ကို ကြားမိလျှင် ဆုံးဖြတ်ချက်ကို ချပါ။

နှုတ်ကပတ်တော်ကျမ်းချက်တွေကို ပို၍သိရှိလိုပါသလား ချစ်သောမိတ်ဆွေ? ဘုရားသခင်၏ ချစ်ခြင်း မေတ္တာကရုဏာကို ပို၍ သိရှိလိုပါသလား။ မိတ်ဆွေလိုအပ်တဲ့ အခမဲ့စာပေများကိုကျွန်တော်တို့ထံမှ ရရှိမှာ ဖြစ် ပါတယ်။ မိတ်ဆွေရဲ့ သက်သေခံချက်စာစောင်ကို ကျွန်တော်တို့ စောင့်မျှော်နေပါတယ်။ စာရေးတဲ့အချိန် စာပြန် ပေးဖို့ရန် လိပ်စာအပြည့်အစုံ ရေးပေးထားပါ။ ဘုရားသခင်ကောင်းကြီးပေးပါစေ။

WATERS OF LIFE
P.O. BOX 60 05 13
70305 STUTTGART
GERMANY

Internet: www.waters-of-life.net
Internet: www.waters-of-life.org
e-mail: info@waters-of-life.net

www.Waters-of-Life.net

Page last modified on September 18, 2018, at 10:38 AM | powered by PmWiki (pmwiki-2.3.3)