Home
Links
Bible Versions
Contact
About us
Impressum
Site Map


WoL AUDIO
WoL CHILDREN


Bible Treasures
Doctrines of Bible
Key Bible Verses


Afrikaans
አማርኛ
عربي
Azərbaycanca
Bahasa Indones.
Basa Jawa
Basa Sunda
Baoulé
বাংলা
Български
Cebuano
Dagbani
Dan
Dioula
Deutsch
Ελληνικά
English
Ewe
Español
فارسی
Français
Gjuha shqipe
հայերեն
한국어
Hausa/هَوُسَا
עברית
हिन्दी
Igbo
ქართული
Kirundi
Kiswahili
Кыргызча
Lingála
മലയാളം
Mëranaw
မြန်မာဘာသာ
नेपाली
日本語
O‘zbek
Peul
Polski
Português
Русский
Srpski/Српски
Soomaaliga
தமிழ்
తెలుగు
ไทย
Tiếng Việt
Türkçe
Twi
Українська
اردو
Uyghur/ئۇيغۇرچه
Wolof
ייִדיש
Yorùbá
中文


ગુજરાતી
Latina
Magyar
Norsk

Home -- Burmese -- John - 105 (Jesus intercedes for the church's unity)

This page in: -- Albanian -- Arabic -- Armenian -- Bengali -- BURMESE -- Cebuano -- Chinese -- Dioula? -- English -- Farsi? -- French -- Georgian -- Greek -- Hausa -- Hindi -- Igbo -- Indonesian -- Javanese -- Kiswahili -- Kyrgyz -- Malayalam -- Peul -- Portuguese -- Russian -- Serbian -- Somali -- Spanish -- Tamil -- Telugu -- Thai -- Turkish -- Twi -- Urdu -- Uyghur? -- Uzbek -- Vietnamese -- Yiddish -- Yoruba

Previous Lesson -- Next Lesson

ယောဟန် - အမှောင်မှာ ထွန်းလင်းတဲ့ အလင်းတော်
ရှင်ယောဟန်ခရစ်ဝင်ကျမ်းကို လေ့လာခြင်း
အပိုင်း ၃ - တမန်တော်တွေကြားမှာ ထွန်းလင်းတဲ့အလင်း။ (ယောဟန် ၁၁း ၅၅- ၁၇း ၂၆)
ခရစ်တော်ရဲ့ ကိုယ်စား တောင်းပန် ဆုတောင်းခြင်း။ (ယောဟန် ၁၇း ၁- ၂၆)

4. အသင်းတော်ရဲ့ စည်းလုံး ညီညွတ်မှု အတွက် သခင်ယေရှု ဆုတောင်းခဲ့တယ်။ (ယောဟန် ၁၇း ၂၀-၂၆)


ယောဟန် ၁၇း ၂၄
၂၄ “အိုအဖ ကိုယ်တော်သည် ဤကမ္ဘာ မတည် မရှိမှီ အကျွန်ုပ်ကို ချစ်၍ အကျွန်ုပ်အား ပေးတော်မူသော ဘုန်းတော်ကို အကျွန်ုပ်အား ပေးတော်မူသော သူတို့သည် ရှုမြင်ရမည် အကြောင်း၊ အကျွန်ုပ်ရှိရာ အရပ်၌ အကျွန်ုပ်နှင့် အတူ ရှိနေစေခြင်းငှါ အကျွန်ုပ်အလိုရှိပါ၏။”

ယဇ်ပုရောဟိတ်မင်းအနေနဲ့ သခင်ယေရှု ဆုတောင်းတဲ့အခါ ခမည်းတော်ဆိုတဲ့ စကားကို ၆ ကြိမ် သုံးတယ်။ ၁ ကြိမ်ကတော့ စစ်မှန်သော ဘုရားသခင်လို့ ဆိုတယ်။ ဒီထူးခြားတဲ့ နာမကိုပြောခြင်းဟာ ဘုရားသခင် အပေါ် သူ့ရဲ့ ကိုးစားမှုနဲ့ တောင့်တမှုကို ပြတယ်။ ခမည်းတော်နဲ့ အတူ တလုံး တဝတည်း ဖြစ်ပေမယ့် သူ့အကျိုးကို လုံးဝမရှာဘဲ ရွေးနှုတ်ခြင်း အတွက် နှိမ့်ချတယ်။ နာမည်ကြီးဖို့နဲ့ စည်းစိမ်ပိုင်ဆိုင်ဖို့ အလိုမရှိဘူး။ “ကိုယ်တော် အကျွန်ုပ်ကို ပေးတော်မူသော” စကားကို ၁၃ ကြိမ် သုံးတယ်။ သားတော်က နှိမ့်ချခြင်းနဲ့ သူ့ တပည့်တော်တွေ သူ့အလုပ်တွေ ဘုရားသခင်ထံမှ ရတဲ့ ဆုကျေးဇူးကို အဓိကထား ပြောတယ်။ ဒါတွေဟာ သူ့ကိုယ်ပိုင် မဟုတ်ဘူးလို့ ဆိုတယ်။ ခမည်းတော်ရဲ့ ကြီးမြတ်မှုနဲ့ ဂုဏ် အသရေကို အချိန်ပြည့် ဝန်ခံတယ်။ ဒီ နှိမ့်ချခြင်းကြောင့် အစဉ်အမြဲ ခမည်းတော်နဲ့ ညီညွတ်မှုရှိပြီး ခမည်းတော်ရဲ့ အကြံအစည်နဲ့ ရည်ရွယ်ချက်တွေ အားလုံး သားတော်၌ ပြည့်စုံရတယ

“ကျွန်တော်လိုချင်တာက” ဆိုတဲ့ စကားမျိုး လုံးဝမပြောဘူး။ အပြည့်အဝ အလိုတော်ဝန်ခံတယ်။ သားတော်ရဲ့ အလိုဆန္ဒက ဘာလဲ။ ယုံကြည်သူ အားလုံးကို သူရှိရာ အရပ်မှာပဲ ရှိနေစေချင်တယ်။ ရှင်ပေါလုက သူဟာ ကားတိုင်မှာ ခရစ်တော်နဲ့ အရိုက်ခံရပြီ သင်္ဂြိုဟ်ခြင်းကို ခံပြီး ရှင်ပြန် ထမြောက်ပြီ၊ ကောင်းကင် အရပ်မှာ နေရာပေးပြီ၊ ဘုရားသခင်ရဲ့ ကြွယ်ဝတဲ့ ကျေးဇူးတရားနဲ့ စည်းစိမ် ချမ်းသာတွေကို ခံစားရမယ် လို့ ဆိုတယ်။ (ရောမ ၆း ၁-၁၁ ဧဖက် ၂း ၄-၇) ခရစ်တော်၌ စည်းလုံးခြင်းဟာ သူ့ရဲ့ ဒုက္ခဝေဒနာ၊ ဆင်းရဲခြင်းနဲ့ မေတ္တာ၊ ဘုန်းတော်ကို ဝေမျှ ခံစားခြင်းလည်း ဖြစ်တယ်။ သူ့ရဲ့ ဘုန်းအသရေကို အတူခံစားပြီး သူနဲ့ ထာဝရ အတူနေဖို့ အလိုရှိတယ်။ ဒီ ရည်မှန်းချက်ဟာ ယုံကြည်သူရဲ့ မျှော်လင့်ခြင်းလို့ တမန်တော်တွေ သိကြတယ်။ ကိုယ်တော့်ကို တွေ့တဲ့ အချိန်မှာ ထာဝရ ပျော်လို့မပြီးတဲ့ ဝမ်းမြောက်ခြင်းနဲ့ ဝမ်းမြောက်ရ လိမ့်မယ်။ သူ့ဘုန်းတော်နဲ့ သူ့ပုံသဏ္ဍာန်တော် ရောင်ပြန် ဟပ်လာပြီး သူ့ရဲ့ အလင်းရောင်ဟာ စိတ်နှလုံးထဲမှာ သွန်းလောင်း ခံရတယ်။ (ရောမ ၅း ၅၊ ၈း ၂၉) နှိမ့်ချစွာ အသက်ရှင်စဉ်မှာ ဘုန်းတော် ထင်ရှားခဲ့တဲ့ အတွက် အဲဒီ ဘုန်းတော်ကို ယုံကြည်သူ တွေကို ပေးတယ်။ ဒီကမ္ဘာ မတည်မရှိခင်ကတည်းက ရှိခဲ့တဲ့ ခမည်းတော်နဲ့ ခရစ်တော်ရဲ့ မပြောင်းလဲတဲ့ ချစ်ခြင်း မေတ္တာမှ စီးဆင်းလာတဲ့ ခရစ်တော်ရဲ့ ဘုန်းတော်ကို တမန်တော် တွေဟာ အတူ ရှိနေချိန်လေးမှာ သတိပြုမိခဲ့ ကြတယ်။ သုံးပါးတဆူ ဘုရားသခင်နဲ့ အဲဒီလို အတူရှိခြင်းဟာ ရွေးနှုတ်ခြင်းရဲ့ အခြေခံအကြောင်းရင်း ဖြစ်တယ်။

ယောဟန် ၁၇း ၂၅
၂၅ “တရားတော်မူသော အဘ လောကီသား တို့သည် ကိုယ်တော်ကို မသိသော်လည်း အကျွန်ုပ် သိပါ၏။ ကိုယ်တော်သည် အကျွန်ုပ်ကို စေလွှတ်တော် မူကြောင်းကို ထိုသူတို့သည် သိကြပါ၏။”

လောကီသားတွေ သတိမထားမိပေမယ့် ဘုရားသခင်ဟာ ဖြောင့်မတ်တယ်။ တရားတယ်။ သန့်ရှင်းတဲ့ အတွက် သူ့မှာ မှောင်မိုက်ခြင်း မရှိဘူး။ ဘုရားမေတ္တာကို ခံစားဖူးတဲ့ သူတိုင်းက ဘုရားမေတ္တာ မရခြင်း၊ သားတော်ကို မရခြင်း၊ ကယ်တင်ခြင်းကို မရခြင်းဟာ ဘုရားသခင်ရဲ့ အပြစ်မဟုတ်ဘူး ဆိုတာ ရိပ်မိကြတယ်။

ဒါပေမယ့် သားတော်ဟာ ခမည်းတော်ကို မျက်နှာချင်းဆိုင် တွေ့ဖူးတဲ့ အတွက် ထာဝရကာလထဲက ခမည်းတော်ကို သိနေတယ်။ ခမည်းတော်ရဲ့ ဂုဏ်တော်နဲ့ စိတ်သဘောတော်၊ နာမတော်တွေကို သားတော်က သိကျွမ်းတယ်။ ဘုရားရဲ့ နက်နဲတဲ့ အရာတွေ အားလုံးဟာ သားတော်ရှေ့မှာ ဖွက်ထားခြင်း မရှိဘူး။

သားတော်ကို ရရှိတဲ့ သူတိုင်းကို ဘုရားသခင်က ဘုရားသား ဖြစ်ရခွင့် ပေးတယ်။ ဘုရားသခင်ဟာ အဖေ ဖြစ်ကြောင်းကို လျှို့ဝှက်မထားဘူး။ ပြောင်းလဲလာတဲ့ သူတွေက ခရစ်တော်ဟာ ဘုရားသခင် ထံမှ လာတာကို ရိပ်မိတယ်။ သူဟာ ပရောဖက်၊ တမန်တော်မျှသာ မဟုတ်၊ ဘုရားသခင်ရဲ့ သားကိုယ်တိုင် ဖြစ်တယ်လို့ သိတယ်။ ဘုန်းအသရေ ပြည့်စုံခြင်း ရှိသမျှဟာ သားတော်၌ ရှိတယ်။ နှိမ့်ချ နေစဉ်မှာပင် ဘုရားဇာတိကို မြင်စေတယ်။ သားတော်နဲ့ သားတော်ကို စေလွှတ်တဲ့ ခမည်းတော်နဲ့ တလုံး တဝတည်း ဖြစ်လာစေတယ်။ ဒါကြောင့် ခရစ်တော်က လူနဲ့ ဘုရားကြားမှာ ချိတ်ဆက်ပေးသူ ဖြစ်တယ်။

ယောဟန် ၁၇း ၂၆
၂၆ “ကိုယ်တော်သည် အကျွန်ုပ်ကို ချစ်တော်မူသော မေတ္တာသည် သူတို့၌ ရှိစေခြင်းငှါ လည်းကောင်း၊ အကျွန်ုပ်သည် သူတို့၌ ရှိစေခြင်းငှါ လည်းကောင်း ကိုယ်တော်၏ နာမကို အကျွန်ုပ်သည် သူတို့အား ပြညွှန်ပါပြီ ဖြစ်၍ အစဉ် ပြညွှန်ပါမည် ဟု မိန့်မြွက်တော်မူ၏။”

ခရစ်တော်က ခမည်းတော်ရဲ့ နာမည်ကို ဖေါ်ပြ သွန်သင်ပေးတယ်။ အရှင်းဆုံး သက်သေကတော့ ကားတိုင်ပေါ်မှာ ဖြစ်တယ်။ ကားတိုင်မှာ ခမည်းတော်က ခရစ်တော်ကို သန့်ရှင်းတဲ့ ယဇ်ကောင် အဖြစ် ယဇ် ပူဇော်စေတယ်။ လူတွေ ဘုရားသား ဖြစ်လာဖို့ အတွက် ရည်ရွယ်တယ်။ သန့်ရှင်းသော ဝိညာဉ်တော် သက်ရောက် လာတဲ့အခါ စိတ်နှလုံးထဲကနေ အဗ္ဗအဖလို့ ခေါ်တတ်လာတယ်။ သခင်ယေရှုရဲ့ ပဌနာတော်ဟာ ဆုတောင်းတွေ ထဲမှာ အကောင်းဆုံး ဆုတောင်းချက် ဖြစ်ပြီး ခမည်းတော် နိုင်ငံတော်နဲ့ အလိုတော်ကို ဘုန်း ထင်ရှားစေတယ်။

ခမည်းတော်နဲ့ သားတော် ကြားမှာ တည်ရှိနေတဲ့ ချစ်ခြင်း မေတ္တာဟာ ယုံကြည်သူ အပေါ်မှာ သွန်းလောင်းခံရတယ်။ ယုံကြည်သူအပေါ်မှာ ချစ်ခြင်းမေတ္တာရဲ့ ပြည့်စုံခြင်းကို ဖန်ဆင်းပေးဖို့ ခမည်းတော်ထံ ဆုတောင်းခဲ့တယ်။ ခမည်းတော်က ယုံကြည်သူထံ ကြွလာရုံသာ မဟုတ်ဘဲ သခင်ယေရှုကလည်း အထဲမှာ တည်နေပေးတယ်။ ဒါကြောင့် သူ့ရဲ့ကိုယ်စား ဆုတောင်းပေးခြင်းဟာ ဘုရားသခင်ရဲ့ ပြည့်စုံခြင်းတွေ ယုံကြည်သူ အပေါ်မှာ သက်ရောက်လာဖို့ ဖြစ်တယ်။ ရှင်ယောဟန်က သူ့ရဲ့ ဩဝါဒစာမှာ ဝန်ခံထားတာက ဘုရားသခင်ဟာ ချစ်ခြင်းမေတ္တာ ဖြစ်တယ်။ ချစ်ခြင်းမေတ္တာ၌ တည်နေသူဟာ ဘုရားသခင်၌ တည်နေတယ်လို့ ဆိုတယ်။

မေးခွန်း ၁၀၉

  1. သခင်ယေရှု ယဇ်ပုရောဟိတ်မင်းအနေနဲ့ တောင်းသွားတဲ့ ဆုတောင်းအနှစ်ချုပ်က ဘာလဲ။

www.Waters-of-Life.net

Page last modified on January 29, 2022, at 05:00 AM | powered by PmWiki (pmwiki-2.3.3)