Home
Links
Bible Versions
Contact
About us
Impressum
Site Map


WoL AUDIO
WoL CHILDREN


Bible Treasures
Doctrines of Bible
Key Bible Verses


Afrikaans
አማርኛ
عربي
Azərbaycanca
Bahasa Indones.
Basa Jawa
Basa Sunda
Baoulé
বাংলা
Български
Cebuano
Dagbani
Dan
Dioula
Deutsch
Ελληνικά
English
Ewe
Español
فارسی
Français
Gjuha shqipe
հայերեն
한국어
Hausa/هَوُسَا
עברית
हिन्दी
Igbo
ქართული
Kirundi
Kiswahili
Кыргызча
Lingála
മലയാളം
Mëranaw
မြန်မာဘာသာ
नेपाली
日本語
O‘zbek
Peul
Polski
Português
Русский
Srpski/Српски
Soomaaliga
தமிழ்
తెలుగు
ไทย
Tiếng Việt
Türkçe
Twi
Українська
اردو
Uyghur/ئۇيغۇرچه
Wolof
ייִדיש
Yorùbá
中文


ગુજરાતી
Latina
Magyar
Norsk

Home -- Burmese -- John - 083 (The traitor exposed and disconcerted)
This page in: -- Albanian -- Arabic -- Armenian -- Bengali -- BURMESE -- Cebuano -- Chinese -- Dioula? -- English -- Farsi? -- French -- Georgian -- Greek -- Hausa -- Hindi -- Igbo -- Indonesian -- Javanese -- Kiswahili -- Kyrgyz -- Malayalam -- Peul -- Portuguese -- Russian -- Serbian -- Somali -- Spanish -- Tamil -- Telugu -- Thai -- Turkish -- Twi -- Urdu -- Uyghur? -- Uzbek -- Vietnamese -- Yiddish -- Yoruba

Previous Lesson -- Next Lesson

ယောဟန် - အမှောင်မှာ ထွန်းလင်းတဲ့ အလင်းတော်
ရှင်ယောဟန်ခရစ်ဝင်ကျမ်းကို လေ့လာခြင်း
အပိုင်း ၃ - တမန်တော်တွေကြားမှာ ထွန်းလင်းတဲ့အလင်း။ (ယောဟန် ၁၁း ၅၅- ၁၇း ၂၆)
B - သခင်ယေရှုရဲ့ ညစာစားပွဲအပြီး ဖြစ်ရပ်များ။ (ယောဟန် ၁၃း ၁- ၃ဂ)

2. သစ္စာဖေါက်ကို ဖေါ်ထုတ်ပြခဲ့တယ်။ (ယောဟန် ၁၃း ၁၈- ၃၂)


ယောဟန် ၁၃း ၂၁- ၂၂
၂၁ “ထိုသို့ ယေရှုသည်မိန့်တော်မူပြီးမှ စိတ်နှလုံးတော် ပူပန်ခြင်းရှိ၍ ငါ အမှန်အကန်ဆိုသည်ကား သင်တို့တွင် တစုံတယောက်သောသူသည် ငါ့ကို အပ်နှံလိမ့်မည်ဟု သက်သေခံလျက် မိန့်တော်မူ၏။ ၂၂ အဘယ်သူကို ရည်ဆောင်၍ မိန့်တော်မူသည်ကို တပည့်တော်တို့သည် တွေးတောခြင်းရှိသဖြင့် အချင်းချင်း တယောက်ကိုတယောက် ကြည့်ရှုကြ၏။”

တပည့်တော်တွေကို ရင့်ကျက်တဲ့ချစ်ခြင်းနဲ့ ကူညီမစခြင်းအကြောင်း ပြောပြတယ်။ နှိမ့်ချခြင်း နူးညံ့သိမ်မွေ့ခြင်းကို စံနမူနာပြတယ်။ အားနည်းခြင်းထဲမှာပင် သခင်ယေရှုရဲ့ ကြီးမြတ်ခြင်းအကြောင်းကို ကြိုပြောထားတယ်။ သခင်ဘုရားဖြစ်ကြောင်း သတိပြုမိကြဖို့ ဖြစ်တယ်။ သေရပေမယ့် အဖြစ်အပျက်အားလုံးရဲ့ ဒါရိုက်တာ၊ ဦးဆောင်သူ ဖြစ်ကြောင်း ရိပ်မိစေတယ်။ ဒါကိုမြင်သာစေဖို့ သခင်ယေရှုဟာ ယုဒရှကာရုတ် သစ္စာဖေါက်ရာမှာ သူ့အလုပ်ဟာ တိတ်တဆိတ်လုပ်ပေမယ့် ကောင်းကင်က မြင်နေတဲ့အကြောင်းကို ကြိုပြောတယ်။

သူတို့ထဲက တယောက်ဟာ လွှတ်တော်မှာ သခင်ယေရှုကို အပ်နှံမယ်လို့ ကြိုပြောတယ်။ ဒီအဖြစ်အပျက်က ပွဲတော်ကာလထဲမှာ ဖြစ်လာတယ်။ သခင်ယေရှု ဒီလိုပြောတာဟာ သာမန်မဟုတ်ဘဲ သူကိုယ်တိုင် လာဇရု သေချိန်မှာ စိတ်ထိခိုက်သလို ခံစားနေရလို့ ဖြစ်တယ်။ ခမည်းတော်က သူ့ကိုစွန့်ပစ်မှာလည်း စိုးရိမ်နေတယ်။ သခင်ယေရှုက ယုဒရှကာရုတ်ကို ချစ်တယ်။ ရွေးကောက်တယ်။ ဒီလိုရင်းနှီးတဲ့မိတ်ဆွေက ဘုရားသခင်ရဲ့ သားတော်ကို သစ္စာဖေါက်မယ်ဆိုတာ မဖြစ်နိုင်ဘူးလို့ ထင်ရတယ်။ ဒါပေမယ့် ကျမ်းစာက ဆာလံ ၄၁း ၉ မှာ ငါနဲ့အတူ မုန့်ကိုစားသောသူဟာ ငါ့ကို ဖနောင့်နဲ့ ပေါက်တယ်လို့ ဆိုတယ်။ တပည့်တော်တွေက အချင်းချင်း တယောက်နဲ့တယောက် ကြည့်ပြီး သစ္စာဖေါက်ဟာ သူများလားဆိုပြီး စူးစမ်းကြတယ်။ သစ္စာဖေါက်ဟာ ဘယ်သူမဆို ဖြစ်နိုင်တယ်လို့ ထင်တယ်။ သခင်ယေရှုကို ကဲ့ရဲ့ပြစ်တင်ပြီး သူတပါးလက်မှာ အပ်နှံလာမယ်။ သခင်ယေရှုရှေ့မှာ ဖုံးကွယ်လို့ မရဘူး သခင်ယေရှုရဲ့ အလင်းတော်ထဲမှာ ကိုယ့်စိတ်နှလုံးဟာ ရှက်စရာ ဖြစ်နေမယ်။

ယောဟန် ၁၃း ၂၃- ၃၀
၂၃ “ယေရှုချစ်တော်သူသော တပည့်တော်သည် ရင်ခွင်တော်နားမှာလျောင်းသဖြင့် ၂၄ အဘယ်သူကိုရည်ဆောင်၍ မိန့်တော်မူသနည်းဟု မေးစေခြင်းငှါ ရှိမုန်ပေတရုသည် ထိုတပည့်တော်ကို ထိုတပည့်တော်ကို အမှတ်ပေး၏။ ၂၅ ထိုတပည့်တော်သည် ယေရှု၏ရင်တော်ကိုမှီ၍ လျောင်းနေလျက်၊ သခင် အဘယ်သူနည်းဟုလျှောက်၏။ ၂၆ ယေရှုကလည်း ဤမုန့်တလုပ်စာကို ငါ နှစ်၍ ပေးသောသူ ဖြစ်၏ဟု မိန့်တော်မူပြီးလျှင် မုန့်တလုပ်စာကိုနှစ်ပြီးမှ ရှိမုန်၏သား ယုဒရှကာရုတ်အား ပေးတော်မူ၏။ ၂၇ ထိုသူသည် မုန့်တလုပ်စာကိုခံပြီးမှ စာတန်သည် သူ့အထဲသို့ဝင်လေ၏။ ယေရှုကလည်း သင်ပြုရသောအမှုကို အလျင်အမြန်ပြုလာ့ဟု ထိုသူအားမိန့်တော်မူ၏။ ၂၈ အဘယ်ကြောင့် ထိုသို့မိန့်တော်မူသည်ကို စားပွဲ၌လျောင်းသောသူတို့တွင် အဘယ်သူမျှမသိ။ ၂၉ အချို့တို့က ယုဒရှကာရုတ်သည် ငွေအိတ်ကိုဆောင်သောကြောင့် ဤပွဲ၌ ငါတို့သုံးစရာအဖို့ကို ဝယ်လော့ဟူ၍ လည်းကောင်း သို့မဟုတ် ဆင်းရဲသောသူတို့အား တစုံတခုကို ပေးလော့ဟူ၍လည်းကောင်း ယေရှုမိန့်တော်မူသည်ဟု ထင်မှတ်ကြ၏။ ၃၀ ယုဒရှကာရုတ်သည် မုန့်တလုပ်စာကိုခံပြီးမှ ချက်ချင်းထွက်သွား၏။ ထိုအချိန်ကား ညအချိန်ဖြစ်၏။”

နေရာလုယူချင်တဲ့ သစ္စာဖေါက်တယောက်ရဲ့ အနှောက်အယှက်ကြားထဲမှာ သခင်ယေရှုရဲ့ ချစ်ခြင်းနဲ့ ကြင်နာခြင်းကို တွေ့ရတယ်။ ယောဟန်က သခင်ယေရှုဘေးမှာ နေတယ်။ ခရစ်ဝင်ကျမ်းရေးတဲ့သူက ဒီခရစ်ဝင်ကျမ်းမှာ သူ့နာမည်ကို တခါမှ မဖေါ်ပြဘူး။ ချစ်ခြင်းမေတ္တာရဲ့ လက္ခဏာတခုအဖြစ် သခင်ယေရှုရဲ့ အနီးနားမှာ နေရတာကိုပဲ တန်ဖိုးထားဖေါ်ပြတယ်။ သခင်ယေရှုက သူ့ကို ချစ်တယ်ဆိုတာထက် ပိုကြီးမြတ်တဲ့ရာထူး မရှိတော့ဘူး။ ဒီသဘောနဲ့ သူ့နာမည်ကိုမဖေါ်ပြဘဲ ဘုရားသခင်သားတော်ရဲ့ဘုန်းတော်ကိုသာ ထင်ရှားစေတယ်။

သစ္စာဖေါက်တဲ့သူ ဘယ်သူလဲလို့ သခင်ယေရှုကို တိုက်ရိုက်မေးရမှာကို ပေတရုမရှက်ပေမယ့် သူ့စိတ်ကို သူမထိန်းနိုင်ဘူး။ သူက သစ္စာဖေါက် ဘယ်သူလဲလို့ ယောဟန်ကို အရိပ်အကဲပြပြီး မေးခိုင်းတယ်။ ယောဟန်က သခင်ယေရှုဘက်ကို ကိုယ်ကိုကိုင်းပြီး ဘယ်သူလဲလို့ မေးတယ်။ ဒီအမေးကို သခင်ယေရှုက တိတ်တိတ်ဖြေတယ်။ နာမည်မပြောဘူး အမူအယာနဲ့ ပြတယ်။ ဒီအချိန်မှာ သစ္စာဖေါက်ရဲ့ နာမည်ကို ထုတ်ဖေါ်ပြောဖို့ အလိုမရှိဘူး။ ထုတ်မပြောချင်ဘူး။ ဒါက ယုဒရှကာရုတ် ကိုယ်ရှိန်သတ်လို့ရတဲ့ သဘောပါ။ သခင်ယေရှုက မုန့်ကိုဖဲ့ပြီး မုန့်ရည်မှာ နှစ်ကာ ယုဒကို ပေးတယ်။ ဒီအပြုအမူရဲ့ရည်ရွယ်ချက်က တပည့်တော် တယောက်ကို ထာဝရကာလအထိ အားပေးတဲ့သဘောပါ။ ဒါပေမယ့် ယုဒက သစ္စာဖေါက်ဖို့ စိတ်စွဲနေတယ်။ ပေးတဲ့မုန့်က အကျိုးမရှိ။ သူ့ စိတ်ခိုင်မာတယ်။ သူ့စိတ်နှလုံးက ကျေးဇူးတရားကို ငြင်းပယ်ပြီး စာတန် ဝင်လာစေတယ်။ ဒါဟာ သိပ်ကြောက်စရာ ကောင်းတယ်။ သခင်ယေရှုဟာ မာကြောတဲ့ စိတ်နှလုံးသားကို ပိုမာသွားစေနိုင်တယ်။ သခင်ယေရှု မုန့်ပေးတဲ့အခါ မာရ်နတ်ကလည်း အတွေးထဲမှာ အလုပ်လုပ်နေတယ်။ မုန့်ရပြီးနောက် မာရ်နတ် သူ့အထဲ ဝင်လာတယ်။ သခင်ယေရှုရဲ့ ကွယ်ကာမစခြင်း အရိပ်အောက်မှ ထွက်သွားပြီး စာတန်လက်မှာ အပ်နှံခံရတယ်။

မုန့်တလုပ်စာကို ခံပြီးတဲ့အချိန်မှာ ယောဟန်ဟာ ယုဒဘယ်သူဆိုတာ သိခွင့်ရလိုက်ပြီ။ သခင်ယေရှုက သူ့ကို မဟုတ်တာလုပ်ဖို့ နှေးမနေတော့နဲ့ လုပ်စရာရှိတာကို ချက်ချင်း ပြီးအောင်လုပ်လို့ ပြောသလို ဖြစ်နေတယ်။ ယုဒကို မြန်မြန်အလုပ်လုပ်ခိုင်းတဲ့ သခင်ယေရှုရဲ့ စကားကို တပည့်တော်တွေ နားမလည်ဘူး။ အားလုံးစားဖို့ အစားအစာ ဝယ်ခိုင်းတယ်လို့ပဲ ထင်ကြတယ်။ ယောဟန်က ယုဒရဲ့ ဝမ်းနည်းစရာကောင်းတဲ့ ဒီဖြစ်ရပ်ကို မမေ့ဘဲ ခရစ်တော်ရဲ့ အလင်းတော်ရှင်ထံပါးက အမှောင်ထဲ တိုးဝင်သွားကြောင်း မှတ်တမ်းတင်တယ်။

ယောဟန် ၁၃း ၃၁- ၃၂
၃၁ “ထိုသူသွားသည်နောက် ယေရှုက ယခုတွင် လူသားသည် ဘုန်းထင်ရှားခြင်းရှိသည်ဖြစ်၍ ဘုရားသခင်သည်လည်း လူသားအားဖြင့် ဘုန်းတော်ထင်ရှားခြင်းရှိ၏။ ၃၂ ဘုရားသခင်သည် လူသားအားဖြင့် ဘုန်းတော်ထင်ရှားခြင်းရှိလျှင် ဘုရားသခင်သည် ကိုယ်တော်တိုင်အားဖြင့် သူ၏ဘုန်းကို ထင်ရှားစေတော်မူလိမ့်မည်။ ကာလမကြာမမြင့်မှီ သူ၏ဘုန်းကို ထင်ရှားစေတော်မူလိမ့်မည်။”

သစ္စာဖေါက်ခံရတဲ့ သခင်ယေရှုဟာ ဘယ်လို ဘုန်းတော်ထင်ရှားမလဲ။ မကောင်းမှု ဒုက္ခတွေကြားထဲက ဘယ်လိုကောင်းတဲ့အသီးအပွင့် ရလာမလဲ။

တပည့်တော်တွေ သခင်ယေရှုကို စွန့်ခွါထွက်ပြေးကြချိန်မှာ သခင်ယေရှု ဝမ်းနည်းကြေကွဲရတယ်။ သစ္စာဖေါက်သူ သူ့ကို ပြန်လာတွေ့တဲ့အခါမှာ ချစ်ခြင်းမေတ္တာရဲ့ အကြည့်နဲ့ ကြည့်တယ်။ ညအချိန်မှာ ဖမ်းဖို့ အစောင့်စစ်သူရဲတွေ လက်နက်တွေကိုင်ပြီး ရောက်လာတယ်။ ဂျူးလွှတ်တော်က အလျင်အမြန် ဖမ်းခိုင်းတယ်။

ယုဒရှကာရုတ်ကို သစ္စာဖေါက်ခွင့် ပေးလိုက်တဲ့အချိန်မှာ နိုင်ငံရေးအားဖြင့် ကယ်တင်မယ့်သူဆိုတဲ့ စုံစမ်းနှောက်ယှက်ခြင်းကို ခုခံလိုက်တယ်။ ဘုရားသခင်ရဲ့ သိုးသူငယ်အဖြစ် အသေခံပြီး လူသားတွေကို နူးညံ့သိမ်မွေ့ခြင်း၊ အားနည်းခြင်းအားဖြင့် ရွေးနှုတ်ကယ်တင်မယ်။ ရွေးနှုတ်ခြင်းအားဖြင့် အသေခံ ဆက်ကပ် အပ်နှံခြင်းသာလျှင် ဘုရားဘုန်းတော် ထင်ရှားစရာဖြစ်တယ် ဆိုတဲ့လမ်းကို ရွေးလိုက်တယ်။

သခင်ယေရှုက သူ့ဘုန်းအသရေကို မရှာဘူး။ ခမည်းတော်ရဲ့ဘုန်းကိုသာ အသက်အသေခံပြီး ရှာတယ်။ သားတော်ကို စေလွှတ်ခြင်းဟာ ပျောက်သောသူတွေကို ရှာဖို့ဖြစ်တယ်။ သားတော်ကလည်း ကျဆင်းနေတဲ့ လူသားတွေထဲမှာ ခမည်းတော်ရဲ့ ပုံရိပ်ကို ထင်ရှားစေချင်တယ်။ ခမည်းတော်ရဲ့ ဘုန်းကိုထင်ရှားပြီး ခမည်းတော် ဘုရားရဲ့ ကောင်းမြတ်ခြင်းကို လူတွေယုံကြည်လာစေတယ်။ အပြစ်ဟာ လူနဲ့ဘုရားသခင်ကို ကွာခြားစေတဲ့အတွက် လူကို သွန်သင်ပေးရုံနဲ့ မလုံလောက်ဘူး။ လူနဲ့ဘုရားဝေးကွာခြင်းကို သခင်ယေရှုဘဝ ကိုယ်စားအသေခံပေးရတယ်။ ဇာတိလူဟာ ဖြောင့်မတ်သူ ဖြစ်လာနိုင်တယ်။ သခင်ယေရှုရဲ့ အသေခံခြင်းဟာ ဘုရားသခင်ရဲ့ ဘုန်းတော် ထင်ရှားစရာ အဓိက အချက်ဖြစ်စေတယ်။ အသေခံပေးခြင်းမရှိရင် ခမည်းတော်ဘုရားကို လူတွေသိလာမှာ မဟုတ်ဘူး။ ဘုရားက လူကို မွေးစားလို့ မရဘူး။ စစ်မှန်စွာ ပြုပြင်ပြောင်းလဲဖို့လည်း မဖြစ်နိုင်ဘူး။

ခရစ်တော်က ကိုယ့်အလိုကို ငြင်းပြီး သူ့ရဲ့သေခြင်းအားဖြင့် ခမည်းတော်ရဲ့ ဘုန်းကို ထင်ရှားစေတဲ့အခါ ခမည်းတော်က သူ့အပေါ်မှာ ဘုန်းအသရေကို သွန်းလောင်းပေးတယ်။ ဒါကြောင့် ခရစ်တော်က တခြားသူတွေကို ဘုန်းအသရေ ထင်ရှားတဲ့ ဆုကျေးဇူးတွေ ပြန်ပေးနိုင်တယ်။ အဖမ်းမခံရခင်၊ အသတ်မခံရခင်အချိန်မှာ သခင်ယေရှု ရှင်ပြန်ထမြောက်ပြီး ကောင်းကင်ပလ္လင်ကို တက်မယ်ဆိုတာကို ကြိုမြင်တယ်။ ဘုန်းတော်ဝင်စားဖို့အတွက် သခင်ယေရှုဟာ အသေခံရမယ်။

ခရစ်တော်ရဲ့သေခြင်းနဲ့ ဆင်းရဲဒုက္ခတွေကို ငြင်းဆန်သူတွေဟာ ခရစ်တော်ကို အားနည်းတယ်လို့ ထင်သူတွေဟာ ကားတိုင်လမ်းဖြစ်တဲ့ ဘုရားရဲ့အလိုတော်ကို နားမလည်သူတွေ ဖြစ်တယ်။ ဘုရားသားတော်ရဲ့ သန့်ရှင်းခြင်းကို နားမလည်ဘူး။ သခင်ယေရှုဟာ အားလုံး ကိုယ်စား အသေခံပြီး သူ့ကို ယုံကြည်သူတွေ ဖြောင့်မတ်ခွင့်ကို ပေးတယ်။ ဘုရားဘုန်းတော်ကို ပြသတယ်။

ဆုတောင်း ခမည်းတော်၊ သားတော်နဲ့ သန့်ရှင်းသောဝိညာဉ်တော်ဘုရား ကိုယ်တော်ရဲ့ ကယ်တင်ခြင်း၊ နှိမ့်ချခြင်း၊ ဆင်းရဲခြင်း၊ အသေခံခြင်း၊ ရှင်ပြန်ထမြောက်ခြင်းများဟာ ကြီးမြတ်လှပါတယ်။ ခရစ်တော်ရဲ့ အသွေးတော်အားဖြင့်သာ ရွေးနှုတ်ခြင်းခံရတယ်။ ဝိညာဉ်တော်ရဲ့ တန်ခိုးဟာလည်း ကြီးမြတ်လှပါတယ်။ ဆင်းရဲဒုက္ခများနဲ့ အန္တရာယ်ကြားမှာပင် ကိုယ်တော်ဟာ အကျွန်ုပ်တို့ကို ကယ်တင်ခဲ့ပါတယ်။ ကိုယ်တော်ပေးတဲ့ အသက်ဟာ ထာဝရဖြစ်တယ်။ ကိုယ်တော့်သားတော်ဟာ ဘုန်းတော်နဲ့အညီ မကြာခင်ပြန်ကြွလာမယ်လို့ ယုံကြည်ပါတယ်၊ အာမင်။

မေးခွန်း ၈၇

  1. ယုဒ ထွက်သွားတဲ့အခါ သခင်ယေရှုပြတဲ့ ဘုန်းတော်ထင်ရှားခြင်းရဲ့ အဓိပ္ပါယ်က ဘာလဲ။

www.Waters-of-Life.net

Page last modified on January 29, 2022, at 04:56 AM | powered by PmWiki (pmwiki-2.3.3)