Home
Links
Bible Versions
Contact
About us
Impressum
Site Map


WoL AUDIO
WoL CHILDREN


Bible Treasures
Doctrines of Bible
Key Bible Verses


Afrikaans
አማርኛ
عربي
Azərbaycanca
Bahasa Indones.
Basa Jawa
Basa Sunda
Baoulé
বাংলা
Български
Cebuano
Dagbani
Dan
Dioula
Deutsch
Ελληνικά
English
Ewe
Español
فارسی
Français
Gjuha shqipe
հայերեն
한국어
Hausa/هَوُسَا
עברית
हिन्दी
Igbo
ქართული
Kirundi
Kiswahili
Кыргызча
Lingála
മലയാളം
Mëranaw
မြန်မာဘာသာ
नेपाली
日本語
O‘zbek
Peul
Polski
Português
Русский
Srpski/Српски
Soomaaliga
தமிழ்
తెలుగు
ไทย
Tiếng Việt
Türkçe
Twi
Українська
اردو
Uyghur/ئۇيغۇرچه
Wolof
ייִדיש
Yorùbá
中文


ગુજરાતી
Latina
Magyar
Norsk

Home -- Burmese -- John - 066 (Sheep hear the voice of the true shepherd; Jesus is the authentic door)
This page in: -- Albanian -- Arabic -- Armenian -- Bengali -- BURMESE -- Cebuano -- Chinese -- Dioula? -- English -- Farsi? -- French -- Georgian -- Greek -- Hausa -- Hindi -- Igbo -- Indonesian -- Javanese -- Kiswahili -- Kyrgyz -- Malayalam -- Peul -- Portuguese -- Russian -- Serbian -- Somali -- Spanish -- Tamil -- Telugu -- Thai -- Turkish -- Twi -- Urdu -- Uyghur? -- Uzbek -- Vietnamese -- Yiddish -- Yoruba

Previous Lesson -- Next Lesson

ယောဟန် - အမှောင်မှာ ထွန်းလင်းတဲ့ အလင်းတော်
ရှင်ယောဟန်ခရစ်ဝင်ကျမ်းကို လေ့လာခြင်း
အမှောင်ထဲမှာ လင်းတဲ့ အလင်း(ယောဟန် ၅း ၁ - ၁၁း ၅၄)
သခင်ယေရှုရဲ့ ယေရုရှလင်နောက်ဆုံးခရီး (ယောဟန် ၇း ၁၊ ၁၁း ၅၄) အလင်းနှင့် အမှောင်ကိုခွဲခြားခြင်း
3. ကောင်းတဲ့သိုးထိန်းဖြစ်တဲ့သခင်ယေရှု (ယောဟန် ၁၀း ၁- ၃၉)

a) သိုးတွေက သိုးထိန်းစစ်ရဲ့အသံကို နားထောင်ကြတယ်။ (ယောဟန် ၁၀း ၁-၆)


အခန်း ၇ နဲ့ အခန်း ၈ မှာ သခင်ယေရှုက ရန်သူတွေရဲ့အခြေအနေမှန်ကို ထောက်ပြတယ်။ အခန်း ၉ မှာ ဘုရားသခင်ရဲ့သားကို မမြင်နိုင်တဲ့ လူကန်းတွေဖြစ်ကြောင်း ပြတယ်။ အခန်း ၁၀ မှာ သူ့တပည့်တွေဟာ ဆိုးညစ်တဲ့ ခေါင်းဆောင်တွေလို လိုက်လုပ်ဖို့ မလိုဘူးလို့ လွတ်လပ်ခွင့်ကို ပေးတယ်။ သူ့အနားမှာ ခေါ်ထားတယ်။ သူဟာ ဘုရားသခင်ထံပါးကို ရောက်စေမယ့် တခုတည်းသောတံခါး၊ ကောင်းသော သိုးထိန်း ဖြစ်တယ်။


ယောဟန် ၁၀း ၁-၆
၁ “ငါအမှန်အကန်ဆိုသည်ကား၊ သိုးခြံထဲသို့ တံခါးဝဖြင့်မဝင် အခြားလမ်းဖြင့် ကျော်ဝင်သောသူသည် သူခိုးဓားပြ ဖြစ်၏။ ၂ သိုးထိန်းမူကား တံခါးဝဖြင့်ဝင်တတ်၏။ ၃ ထိုသူအား တံခါးစောင့်လည်းဖွင့်တတ်၏။ သူ၏စကားသံကို သိုးတို့သည် နားထောင်တတ်ကြ၏။ သူသည် မိမိသိုးတို့ကို နာမည်ဖြင့်ခေါ်၍ ပြင်သို့ ထုတ်ဆောင်တတ်၏။ ၄ သိုးများကိုထုတ်သောအခါ သိုးတို့ရှေ့မှာသွား၍ သိုးများသည် သူ၏စကားသံကို ကျွမ်းသောကြောင့် လိုက်တတ်ကြ၏။ ၅ မဆိုင်သောသူတို့၏ စကားသံကို မကျွမ်းသောကြောင့်၊ မဆိုင်သောသူနောက်သို့ မလိုက်ဘဲ ပြေးတတ်ကြသည်ဟု မိန့်တော်မူ၏။ ၆ ထိုဥပမာပုံကို ယေရှုဟောတော်မူသည်တွင် ပရိသတ်တို့သည် မိန့်တော်မူသော စကားတော်၏ အနက်အဓိပ္ပါယ်ကို နားမလည်ကြ။”

တချို့သောတောရွာက လယ်သမားတွေဟာ သူတို့ရဲ့သိုးတွေကို ခြံအကျယ်ကြီးထဲမှာ လှောင်ထားပြီး၊ ညအချိန်မှာ ကွယ်ကာစောင့်ရှောက်ကြတယ်။ မနက်ခင်းမှာတော့ သိုးထိန်းတွေရောက်လာပြီး သိုးခြံထဲကိုဝင်ကာ သိုးတွေကို ခေါ်တယ်။ အစောင့်တွေကလည်း သိုးထိန်းတွေကို ဝင်ခွင့်ပေးတယ်။ အဲဒီမှာတော့ သိုးထိန်းတွေက ခြံထဲမှာရှိတဲ့ သိုးအုပ်ထဲက သိုးတွေကို တကောင်ချင်း မမောင်းဘူး။ ဆွဲမထုတ်ဘူး။ ဒါပေမယ့် သူတို့နားလည်တဲ့ အသံနဲ့ ခေါ်ထုတ်တယ်။ သိုးတွေက အသံတွေကို ခွဲခြားမှတ်နိုင်စွမ်းရှိတယ်။ သူတို့သိုးထိန်းရဲ့ အသံနောက်ကိုပဲ လိုက်တယ်။ သိုးပိုင်ရှင် သိုးထိန်းက အဝတ်အစားပြောင်းပြီး ရုပ်ဖျက်ထားရင်တောင် ပိုင်ရှင်ရဲ့အသံကိုနားထောင်ပြီး လိုက်တတ်တယ်။ ပိုင်ရှင်မဟုတ်ပဲ တခြားတယောက်က ခိုးယူချင်တဲ့အကြံနဲ့ လာပြီးခေါ်ရင် သိုးက လုံးဝ မလှုပ်ဘူး။ သိုးက သိုးထိန်းရဲ့အသံအစစ်အမှန်နောက်ကိုပဲ လိုက်တယ်။ သိုးထိန်းက သူ့သိုးတွေကို စိမ်းလန်းသော ကျက်စားရာအရပ်နဲ့ သန့်စင်တဲ့ရေရှိရာအရပ်ကို ခေါ်ဆောင်လာတယ်။ သိုးထိန်းနောက်မှာ သိုးအုပ်ရှိတယ်။ တကောင်မှ မကျန်ခဲ့ဘူး။ သူတို့ဟာ သူတို့သိုးထိန်းအပေါ်မှာ အပြည့်အဝ ယုံကြည်စိတ်ချကြတယ်။

သခင်ယေရှုက ဒီအဖြစ်အပျက်ပေါ်မှာ ဒီဥပမာလေးကိုပေးပြီးတော့ သူ့အသံကို နားထောင်တဲ့သူတွေ သိုးထိန်းသော ဘုရားအဖြစ်နဲ့ သိသူတွေကို ပြောတယ်။ သခင်ယေရှုဟာ ပဋိညာဉ်တရားဟောင်းနဲ့လာပြီး သိုးတွေကို ခိုးယူသတ်ဖြတ်မဲ့သူမဟုတ်ဘဲ၊ သူ့ရဲ့အသံ အစစ်အမှန်နဲ့ ခေါ်ထုတ်မယ့် သူသာဖြစ်တယ်။ သိုးတွေကိုကယ်ပြီး ကောင်းမွန်စွာ ကျွေးမွေးမယ်။ တခြားသောသိုးထိန်းတွေဟာ သူခိုး ဓါးပြတွေသာဖြစ်ပြီး၊ တောခွေးတွေနဲ့ တူတယ်။ သူတို့ဟာ တခြားသူတွေရဲ့အကူအညီကိုယူပြီးတော့ သိုးခြံထဲကိုဝင်လာမယ်။ သိုးတွေကို ဆွဲထုတ်လုယူပြီး၊ သတ်ဖြတ် စားသောက်မယ်။ သူတို့က သူတို့အတွက်သာ အသက်ရှင်ပြီး သူတို့ဂုဏ်အသရေကို ရှာတယ်။ သိုးစုကို တကယ်ပြုစုမယ့် သူတွေမဟုတ်ဘူး။ အသင်းတော်ထဲမှာလည်း ဘုရားမခေါ်ဘဲ လုပ်ဆောင်နေတဲ့ သင်းအုပ်တွေ၊ သင်းထောက်တွေရှိတယ်။ သူတို့ဟာ ခရစ်တော်၌ မတည်ဘူး။ သခင်ဘုရားက သူတို့ဟာ သူခိုး ဓါးပြလို့ ဆိုတယ်။ ကူညီတာထက် သူတို့က ဒုက္ခပဲပေးကြတယ်။

စစ်မှန်တဲ့နောက်လိုက်တွေဟာ သိုးထိန်းဆိုးတွေနဲ့ ဝေးရာမှာနေပြီး၊ အန္တရာယ်ကို ရိပ်မိကြတယ်။ ဒါကြောင့် ဆာလံ ၂၃ မှာ ပြောသလို သိုးတော်စုကို လမ်းပြတဲ့ သိုးထိန်းဘုရားသခင်ရဲ့ ဂတိတော်ကို ယုံကြည်ကိုးစားဖို့ လိုတယ်။

လူတွေက သခင်ယေရှုစကားကို နားမလည်ဘူး။ သူတို့ကိုထိန်းနေတဲ့ သိုးထိန်းတွေဟာ သစ္စာမရှိဘဲ၊ ဆိုးညစ်မှန်း မရိပ်မိဘူး။ (ယေရမိ ၂း ၈ ၊ ၁၀း ၂၁၊ ယေဇကျေလ ၃၄း ၁- ၁၀၊ ဇာခရိ ၁၁း ၄- ၆) ဒီအပြင် ဘုရားသခင်ဟာ သူ့လူတွေကို ကယ်တင်တဲ့ ကောင်းသောသိုးထိန်းဖြစ်တဲ့အတွက် မောရှေနဲ့ ဒါဝိဒ်တို့လို စစ်မှန်တဲ့ သိုးထိန်းတွေကို စေလွှတ်တယ်။ ကျမ်းစာထဲမှာ သိုးထိန်း၊ သိုးတော်စု၊ ဘုရားသခင်ရဲ့ စစ်မှန်တဲ့သိုးထိန်း၊ အသွေးတော် သွန်းလောင်းခြင်း ရွေးနှုတ်ခြင်း စတဲ့စကားတွေဟာ ကျေးလက်ဒေသမှာ သိုးထိန်းတွေသုံးတဲ့ စကားတွေကို ယူထားတာဖြစ်တယ်။ ဘုရားသခင်ရဲ့သားတော်ပင်လျှင် ကောင်းသောသိုးထိန်း၊ ထာဝရကာလ တလျှောက်လုံး စောင့်ရှောက်မယ့်သခင် ဖြစ်တယ်။


b) သခင်ယေရှုဟာ စစ်မှန်သော တံခါးဖြစ်တယ်။ (ယောဟန် ၁၀း ၇- ၁၄)


ယောဟန် ၁၀း ၇- ၁၀
၇ “ထိုကြောင့် တဖန်ယေရှုက၊ ငါအမှန်အကန်ဆိုသည်ကား ငါသည် သိုးဝင်သောတံခါးဝဖြစ်၏။ ၈ ငါရှေ့၌ ပေါ်လာသောသူရှိသမျှတို့သည် သူခိုးဓါးပြဖြစ်ကြ၏။ ထိုသူတို့၏စကားသံကို ထိုသူတို့သည် နားမထောင်ကြ။ ၉ ငါသည်တံခါးဝဖြစ်၏။ ငါဖြင့်ဝင်သောသူသည် ဘေးနှင့်ကင်းလွတ်လျက် ထွက်ဝင်၍၊ ကျက်စားရာကို တွေ့ရလိမ့်မည်။ ၁၀ သူခိုးသည်ခိုးခြင်း၊ သတ်ခြင်း၊ ဖျက်ဆီးခြင်းငှါသာ လာတတ်၏။ ငါမူကား သိုးတို့သည် အသက်လွတ်ရုံမျှမက အထူးသဖြင့် အသက်နှင့်ပြည့်စုံစေခြင်းငှါ လာသတည်း။”

သခင်ယေရှုက ဘုရားသခင်ထံ သိုးတော်စုဝင်တဲ့တံခါး ဖြစ်တယ်လို့ ဆိုတယ်။ သခင်ယေရှုမပါရင် အသင်းတော်ထဲက ရွေးနှုတ်ခံရသူတွေနဲ့ မိသဟာယဖွဲ့ဖို့ လမ်းမရှိဘူး။ ခရစ်တော်မပါဘဲ ဘာသာတရား သက်သက်နဲ့ ပါဝင်မယ်ဆိုရင် ဘုရားသခင်ရဲ့သိုးတော်စုကို နားလည်မှုရှုပ်ထွေးစေမယ့် သူခိုးသာ ဖြစ်တယ်။ ဝိညာဉ်တော်က လမ်းအမျိုးမျိုးနဲ့ ဦးမဆောင်ဘူး။ သခင်ယေရှုထံကိုသာ ကျဉ်းသောတံခါးနဲ့ ယူဆောင်တယ်။ တံခါးကို မဝင်ရင် သူ့အသားကိုမစား၊ သူ့အသွေးကို မသောက်ရင် ဘုရားသားသမီးဖြစ်မှာ မဟုတ်ဘူး။ ဒါကြောင့် ကိုယ့်ကိုကိုယ် ကျေနပ်မနေဘဲ ခရစ်တော်ရဲ့ သိုးတော်စုဝင်ဖြစ်ဖို့ ခရစ်တော်ရဲ့တံခါးအားဖြင့်သာ ဝင်ဖို့လိုတယ်။

ခရစ်တော်မတိုင်မီကဖြစ်စေ ခရစ်တော်လက်ထက်ဖြစ်စေ ထင်ရှားတဲ့အဝင် ဖြစ်ပေမယ့် ဝိညာဉ်တော်အားဖြင့် အသက်မရှင်ရင် သူခိုးဓါးပြသာ ဖြစ်တယ်။ အတွေးအခေါ်ပညာရှင်တွေ၊ မူဝါဒသမားတွေ၊ တိုင်းပြည်ခေါင်းဆောင်တွေဟာ သခင်ယေရှုကို မယုံရင် ဝန်မခံရင် လူအများကို သူတို့သွန်သင်ချက်တွေ လုပ်ဆောင်ပုံတွေအားဖြင့် လူအများကို ပျက်စီးယိုယွင်းစေတယ်။ ဒါပေမယ့် ခရစ်တော်ရဲ့ ဝိညာဉ်တော်ပါတဲ့ ပရောဖက်တွေကတော့ ခရစ်တော်တည်းဟူသော တံခါးအားဖြင့် ဝင်ဖို့ ဟောပြောလေ့ရှိတယ်။ သခင်ယေရှုက ဒီလိုပရောဖက်တွေကို သွန်သင်ပေးပြီး၊ သိုးတော်စုနဲ့ သိုးခြံအတွက် သစ္စာရှိတဲ့အမှုတော်ဆောင်တွေ ဖြစ်စေတယ်။

သိုးခြံထဲဝင်သူဟာ ငါဆိုတဲ့စိတ်သေပြီး သခင်ယေရှုကယ်တင်တာကိုသာ အဓိကထားရမယ်။ နာခံတဲ့ သိုးတွေကို သခင်ယေရှုက ဘုရင်တွေ၊ ယဇ်ပုရောဟိတ်တွေ ဖြစ်စေတယ်။ စစ်မှန်တဲ့သင်းအုပ်ဟာ လူတွေ ကယ်တင်ခြင်းရဖို့အတွက် မှန်သောတံခါးကနေ ထွက်ဝင်လေ့ရှိတယ်။ ခရစ်တော်၌ တည်တယ်။ ခရစ်တော်ရဲ့ ငယ်သားအဖြစ် ခံယူတယ်။ နှိမ့်ချစွာနဲ့ ခရစ်တော်ရဲ့တန်ခိုး၊ ခရစ်တော်ရဲ့ပညာကို ရှာတယ်။ နှိမ့်ချတဲ့စိတ်နှလုံးဟာ သခင်ခရစ်တော်ထံမှာ စိမ်းလန်းတဲ့ ကျက်စားရာအရပ်ကို တွေ့ရတယ်။

ကိုယ့်ဂုဏ်အသရေကိုရှာပြီး တခြားသူတွေကို ချိုးဖဲ့ဖျက်ဆီးတဲ့ ကျမ်းတတ်ဆရာတွေနဲ့ ယဇ်ပုရောဟိတ်တွေ အကြောင်းကို သခင်ယေရှုက လေးကြိမ်တိုင်တိုင် သတိပေးထားတယ်။

တချိန်တည်းမှာ ခရစ်တော်က ကောင်းမြတ်သောအရာတွေအတွက် အသက်ရှင်ပြီး တခြားသူတွေအတွက် ကောင်းကြီးပေးနိုင်တဲ့သူတွေဖြစ်ဖို့ ခေါ်ဆောင်တယ်။ သိုးထိန်းဟာ ကိုယ့်အတွက် အသက်မရှင်ဘူး။ နေ့ ညမပြတ် သိုးတော်စုအတွက် အသက်ရှင်တယ်။ ကယ်တင်ခြင်းသာ ပေးခြင်းမဟုတ်ဘဲ၊ အစေခံဖို့ အခွင့်လည်းပေးပါတယ်။ ကိုယ့်ကိုကိုယ် ငြင်းပယ်ပြီး တခြားသူတွေကိုချစ်တဲ့ အစေခံကျွန်တွေ သင်းအုပ်တွေအဖြစ်နဲ့ ခန့်ထားတယ်။ ချစ်ခြင်းမေတ္တာ တိုးပွါးတာနဲ့အမျှ ဝေမျှစီးဆင်းမှုလည်း တိုးပွါးပါတယ်။ သခင်ဘုရားအတွက် အသက်ရှင်ရတာထက် ပိုကောင်းတဲ့အရာမရှိဘူး။“ထိုမျှမက သူတို့သည် အသက်နှင့်ပြည့်စုံကြွယ်ဝလိမ့်မည်” ဆိုတဲ့စကားဟာ ထူးခြားလှပါတယ်။

ဆုတောင်း သခင်ယေရှုဘုရား ဘုရားသခင်ထံသို့ပို့ဆောင်တဲ့တံခါးအတွက် ကျေးဇူးတင်ပါတယ်။ မိသဟာယဖွဲ့ခွင့်၊ အမှုတော်ဆောင်ခွင့်ပေးသောကြောင့် ကိုယ်တော်ကို ဝတ်ပြုကိုးကွယ်ပါတယ်။ ကိုယ်အလိုကို ငြင်းပယ်လျက် မှန်သောအသက်တာကို ရှာတတ်ဖို့မစပါ။ ကိုယ်တော့ဝိညာဉ်တော်အားဖြင့် တပါးသူတို့အား ရှာတတ်ဖို့ မစပါ။ ကိုယ်တော့ကောင်းကြီးများအားဖြင့် တပါးသူတို့အား ကောင်းကြီးဖြစ်တတ်ဖို့မစပါ။

မေးခွန်း ၇၀

  1. သိုးတော်စုအပေါ်မှာ ဘုရားပေးထားတဲ့ ကောင်းကြီးမင်္ဂလာများကို ဖေါ်ပြပါ။

www.Waters-of-Life.net

Page last modified on January 29, 2022, at 04:53 AM | powered by PmWiki (pmwiki-2.3.3)