Home
Links
Bible Versions
Contact
About us
Impressum
Site Map


WoL AUDIO
WoL CHILDREN


Bible Treasures
Doctrines of Bible
Key Bible Verses


Afrikaans
አማርኛ
عربي
Azərbaycanca
Bahasa Indones.
Basa Jawa
Basa Sunda
Baoulé
বাংলা
Български
Cebuano
Dagbani
Dan
Dioula
Deutsch
Ελληνικά
English
Ewe
Español
فارسی
Français
Gjuha shqipe
հայերեն
한국어
Hausa/هَوُسَا
עברית
हिन्दी
Igbo
ქართული
Kirundi
Kiswahili
Кыргызча
Lingála
മലയാളം
Mëranaw
မြန်မာဘာသာ
नेपाली
日本語
O‘zbek
Peul
Polski
Português
Русский
Srpski/Српски
Soomaaliga
தமிழ்
తెలుగు
ไทย
Tiếng Việt
Türkçe
Twi
Українська
اردو
Uyghur/ئۇيغۇرچه
Wolof
ייִדיש
Yorùbá
中文


ગુજરાતી
Latina
Magyar
Norsk

Home -- Burmese -- John - 032 (Healing of the court official's son)
This page in: -- Albanian -- Arabic -- Armenian -- Bengali -- BURMESE -- Cebuano -- Chinese -- Dioula -- English -- Farsi? -- French -- Georgian -- Greek -- Hausa -- Hindi -- Igbo -- Indonesian -- Javanese -- Kiswahili -- Kyrgyz -- Malayalam -- Peul -- Portuguese -- Russian -- Serbian -- Somali -- Spanish -- Tamil -- Telugu -- Thai -- Turkish -- Twi -- Urdu -- Uyghur? -- Uzbek -- Vietnamese -- Yiddish -- Yoruba

Previous Lesson -- Next Lesson

ယောဟန် - အမှောင်မှာ ထွန်းလင်းတဲ့ အလင်းတော်
ရှင်ယောဟန်ခရစ်ဝင်ကျမ်းကို လေ့လာခြင်း
အပိုင်း ၁ - ဘုရားအလင်းတော် ထွန်းလင်းခြင်း - (ယောဟန် ၁း ၁ - ၄း ၅၄)
C - ယေရုရှလင်မြို့သို့ ပထမဆုံးသော ခရီး (ယော ၂း ၁၃ - ၄း ၅၄) -- မှန်သော ကိုးကွယ်ခြင်း

5. ၅။ တရားစရပ်မှူးရဲ့သားကို ကျန်းမာစေခြင်း။ (ယော ၄း ၄၃- ၅၄)


ယောဟန် ၄း ၄၃- ၄၆
၄၃ နှစ်ရက်လွန်ပြီးလျှင်၊ ထိုအရပ်မှထွက်၍ နာဇရက်မြို့ကို ရှောင်လျက်၊ ဂါလိလဲပြည်သို့ ကြွတော်မူ၏။ ၄၄ အကြောင်းမူကား၊ ပရောဖက်သည် မိမိနေရင်းပြည်၌ အသရေမရှိဟု ယေရှုသည် ကိုယ်တိုင်သက်သေခံတော်မူ၏။ ၄၅ ဂါလိလဲပြည်သို့ ရောက်တော်မူသောအခါ၊ ဂါလိလဲလူတို့သည် ကိုယ်တော်ကို လက်ခံကြ၏။ အကြောင်းမူကား ထိုသူတို့သည် ယေရုရှလင်မြို့၌ ခံသောပွဲသို့ သွားတတ်သဖြင့်၊ ထိုပွဲအတွင်းတွင် ပြုတော်မူသမျှတို့ကို မြင်ခဲ့ကြ၏။ ၄၆ ရေကို စပျစ်ရည် ဖြစ်စေသောအရပ်၊ ဂါလိလဲပြည် ကာနမြို့သို့ တဖန်ကြွတော်မူ၏။ ကပေရနောင်မြို့၌ အမတ်တယောက်၏ သားသည် အနာရောဂါ စွဲလျက်ရှိ၏။

သခင်ယေရှုနဲ့ တပည့်တော်တွေဟာ ရှမာရိပြည်မှာ ထာဝရအသက်အကြောင်း ဟောပြောတယ်။ ဧဝံဂေလိ လုပ်တယ်။ တခြားလူမျိုးတွေကို ဟောဖို့ အချိန်မရောက်သေးဘူး။ နေရင်းပြည်က နတ်ဆိုးတွေကို အနိုင်ယူဖို့ လိုနေတယ်။ လှောင်ပြောင်နေတဲ့ နာဇရက်လူတွေနဲ့ ပြသနာမဖြစ်အောင် ရှောင်ရင်း ဂါလိလဲကို သွားတယ်။ နိမ့်ကျတဲ့ မိသားစုက ဆင်းသက်လို့ အမျိုးတွေ၊ မိတ်ဆွေတွေက မယုံကြဘူး။ ချမ်းသာတာ၊ နာမည်ကြီးတာပဲ စိတ်ဝင်စားတယ်။ သခင်ယေရှုက ဆင်းရဲတော့ ကဲ့ရဲ့တယ်။ မယုံတဲ့သူတွေကြားမှာ တန်ခိုးပြလို့ မရဘူး။

ခရစ်တော်ရဲ့ ကျန်းမာစေတဲ့ တန်ခိုးက လူသိများလာပြီ။ ယေရုရှလင်မှာ ပြတဲ့တန်ခိုးသတင်းကို ဂါလိလဲက ကြားကြတယ်။ ပသခါပွဲကို ဂါလိလဲနယ်သားတွေ သွားလေ့ရှိတယ်။ ပြုသမျှ၊ ဟောသမျှ မြင်ကြ၊ ကြားကြတယ်။ ဝမ်းပန်းတသာ ကြိုဆိုကြ၊ နိမိတ်လက္ခဏာတွေ မြင်ချင်၊ ခံစားချင်ကြတယ်။ အရင်ရောက်ခဲ့ဖူးတဲ့ မင်္ဂလာဆောင် သတို့သား အိမ်ကို သွားတယ်။ မင်္ဂလာဆောင်ပွဲရဲ့ ဝမ်းမြောက်ပျော်ရွှင်ခြင်း (ပျော်ပျော်နေခြင်း) ဟာ သူ့ဆောင်ပုဒ်ပဲ။ သူ့ကို လိုလားသူတွေထံမှာ ဆက်နေတယ်။ ကာနမြို့မှာက ပထမဆုံးသော နိမိတ်လက္ခဏာကို ပြခဲ့ဖူးတယ်လေ။

ယောဟန် ၄း ၄၆ခ- ၅၄
၄၆ခ ကပေရနောင်မြို့၌ အမတ်တယောက်၏ သားသည် အနာရောဂါ စွဲလျက်ရှိ၏။ ၄၇ ယေရှုသည် ယုဒပြည်မှ ဂါလိလဲပြည်သို့ ရောက်တော်မူသည်ကို ထိုအမတ်သည်ကြားလျှင်၊ အထံတော်သို့သွား၍ သေခါနီးဖြစ်သော မိမိသားဆီသို့ ကြွ၍အနာရောဂါကို ငြိမ်းစေတော်မူမည့်အကြောင်း တောင်းပန်လေ၏။ ၄၈ ယေရှုကလည်း သင်တို့သည် နိမိတ်လက္ခဏာနှင့် အံ့ဖွယ်သောအမှုတို့ကို မမြင်ရလျှင် ယုံခြင်းမရှိကြဟု မိန့်တော်မူသော်၊ ၄၉ သခင်၊ အကျွန်ုပ်သား မသေမှီ ကြွတော်မူပါဟု အမတ်လျှောက်ပြန်၏။ ၅၀ ယေရှုကလည်း သွားလော့။ သင်၏သားသည် အသက်ချမ်းသာရပြီဟု မိန့်တော်မူ၏။ ထိုအမတ်သည် ယေရှုမိန့်တော်မူသော စကားကို ယုံ၍ သွားလေ၏။ ၅၁ လမ်း၌ သွားစဉ်တွင် မိမိငယ်သားတို့သည် ခရီးဦးကြိုလာ၍၊ ကိုယ်တော်၏သားသည် အသက်ချမ်းသာ ရပါပြီဟု ကြားလျှောက်ကြ၏။ ၅၂ အဘယ်အချိန်၌ သက်သာခြင်းသို့ ရောက်သနည်းဟုမေးလျင်၊ မနေ့ ခုနှစ်နာရီအချိန်၌ ဖျားနာပျောက်ပါသည်ဟု လျှောက်ကြ၏။ ၅၃ ထိုအချိန်ကား၊ သင်၏သားသည် အသက်ချမ်းသာရပြီဟု ယေရှုမိန့်တော်မူသော အချိန်ဖြစ်သည်ကို အဘသိ၍။ ကိုယ်တိုင်မှစသော မိမိအိမ်သူအိမ်သားအပေါင်းတို့သည် ယုာံကည်ခြင်းသို့ ရောက်ကြ၏။ ၅၄ ဤနိမိတ်လက္ခဏာတော်ကား၊ ယေရှုသည် ယုဒပြည်မှ ဂါလိလဲပြည်သို့ ကြွသည်နောက်၊ ပြတော်မူသော ဒုတိယနိမိတ်လက္ခဏာ ဖြစ်သတည်း။

ဘုရင့်နန်းတော်အရာရှိတယောက် သခင်ယေရှုထံ လာပြီး သူ့တရား၊ သူ့အခွင့်အာဏာကို ကြားနာဖို့ လာတယ်။ ရွာသားတွေက ကြားပြီး၊ အနာငြိမ်းခြင်းဟာ ဘုရင့်ထံ ပေါက်ကြားတော့မယ်လို့ ဆိုကြတယ်။ အရာရှိမှာ မကျန်းမာတဲ့ သားတယောက် ကပေရနောင်မြို့မှာ ရှိတယ်။ အိုင်ကမ်းခြေက မြို့ဖြစ်တယ်။ ပျောက်မလား အထင်နဲ့ သမားတော် စုံပြီ။ မပျောက်နိုင်ဘူး။ နောက်ဆုံးအခွင့်အရေး အနေနဲ့ သခင်ယေရှုထံ လာတယ်။ ကယ်မလားပေါ့။ အရာရှိက သခင်ယေရှုကို ကာနမြို့ကနေ ထွက်လာပြီး၊ ကပေရနောင်ကို လိုက်ခဲ့စေချင်တယ်။ ကိုယ်တော် ကိုယ်တိုင်လာမှ သူ့သား ပျောက်မယ်ထင်တယ်။

သခင်ယေရှုအတွက် အခုအရာရှိရောက်လာလို့ ဘာမှစိုးရိမ်စိတ် မဖြစ်ပါဘူး။ ယုံကြည်ခြင်း မရှိလို့ စိတ်မကောင်းဖြစ်ရုံပါပဲ။ အတုမရှိတဲ့သူကို မယုံကြည်တော့လည်း ဘာတတ်နိုင်မလဲ။ အများစုက လောကီအရာတွေ တောင်းရင်းနဲ့ သံသယစိတ်ဝင်နေကြတယ်။ စစ်မှန်တဲ့ယုံကြည်သူဟာ မရခင် အခြေအနေပေါ် မူမတည်ဘဲ ဘုရားစကားကို အမှီပြုကြတယ်။

ဒီအရာရှိက သခင်ယေရှု ပြစ်တင်ပေမယ့်လည်း နှိမ့်ချစွာနဲ့ သခင်၊ ကိုယ်တော်လို့ ခေါ်ပါတယ်။ ဂရိစကားအရဆိုရင် သူဟာ ခရစ်တော်ရဲ့ အစေခံကျွန်လို့ ဆိုလိုတယ်။ သားကိုချစ်သလို၊ သခင်ယေရှုကိုလည်း လေးစားတာကြောင့် သားအသက်ကို ကယ်ဖို့ ကပေရနောင်မြို့ကို ကြွဖို့ တောင်းပန်တယ်။

အရာရှိက သခင်ယေရှုကို သခင်အဖြစ်ယုံကြည်တာကို သခင်ယေရှု သိတယ်။ “သွားလော့။ သင့်သား အသက်ရှင်လိမ့်မယ်” လို့ ဆိုတယ်။ ကပေရနောင်မြို့ကို လိုက်မသွားဘဲ၊ အရာရှိရဲ့ ဖခင်မေတ္တာနဲ့ ယုံကြည်ခြင်းကို တည်ဆောက် ပေးလိုက်တယ်။ အရာရှိဟာ မကျန်းမာတဲ့ သားဖြစ်သူနဲ့ သခင်ယေရှု အလှမ်းကွာဝေးတာကို အမှုမထားဘဲ အနာငြိမ်းစေနိုင်တယ်လို့ ယုံကြည်နိုင်ပါ့မလား။

စကားပြောရင်းနဲ့ အရာရှိဟာ သခင်ယေရှုရဲ့ စိတ်သဘောနဲ့ ချစ်ခြင်းမေတ္တာကို နားလည်လာတယ်။ သခင်ယေရှုဟာ မလိမ်မညာ၊ မကဲ့ရဲ့ဘူးလို့ စိတ်ချတယ်။ အခုတော့ သားအနားမှာ မရှိပေမယ့် ပျောက်နိုင်တယ်လို့ ယုံကြည်တယ်။ သခင်ယေရှုရဲ့ စကားကို နားထောင်ပြီး ကပေရနောင်ကို ပြန်လာတယ်။ စကားနားထောင်ပြီး ပြန်လာတာဟာ သခင်ယေရှုကို ဂုဏ်ရှိန်တက်စေသလို၊ လက်တွေ့လည်း အနာငြိမ်းစေဖြစ်သွားတယ်။ သခင်ယေရှုသာ ရောဂါပျောက်စေနိုင်ရင်သူဟာ အားလုံးထက် ကြီးမြတ်သူ ဖြစ်တယ်။ အနာငြိမ်းစေခြင်းက ဘုရားတန်ခိုးတော်နဲ့ အခွင့်အာဏာကို သက်သေပြနေတယ်။ အပြန်လမ်းမှာပဲ ယုံကြည်ခြင်းက ပိုတိုးလာတယ်။

အရာရှိရဲ့ တပည့်တွေကို ပြန်ခိုင်းပြီး သားဖြစ်သူ ပြန်ကျန်းမာမယ်လို့ ကြေငြာတယ်။ အရာရှိဟာ စိုးရိမ်စိတ် မရှိတော့ဘဲ ဘုရားကျေးဇူးချီးမွမ်းတယ်။ သူ့သားရောဂါပျောက်တဲ့အချိန်ကို မှတ်တယ်။ နေ့လည်ခင်းလို့ ဆိုကြတယ်။ သခင်ယေရှုက ပျောက်မယ်လို့ အမိန့်ရှိ၊ ဂတိပေးတဲ့ အချိန်ဖြစ်တယ်။

အရာရှိက သူ့မိသားစုရှေ့မှာ ခရစ်တော်ရဲ့ ချစ်ခြင်း၊ တန်ခိုးနဲ့ ကျေးဇူးတော်ကို သက်သေခံတယ်။

ဒီနမိတ်လက္ခဏာဟာ ရှင်ယောဟန်ရဲ့ မှတ်တမ်းမှာ ဒုတိယ နိမိတ်လက္ခဏာ ဖြစ်တယ်။ သခင်ယေရှုအကြောင်းက ဘုရင်ခံရဲ့ နန်းတော်ကို လှုပ်ရှားသွားစေတယ်။ သခင်ယေရှုကို ယုံကြည်ခြင်းဟာ နိမိတ်လက္ခဏာကို ပြုခွင့်ပေးတဲ့ ဘုရားသခင်ကို ကိုးကွယ်တာနဲ့ အတူတူလို့ သိလာကြတယ်။

ဆုတောင်း ကြွလာတဲ့အတွက် ကျေးဇူးတင်ပါတယ် သခင်ယေရှုဘုရား၊ ကပေရနောင်မြို့မှ လူငယ်ကို အနားမှာ မရှိဘဲ အနာငြိမ်းစေခဲ့ပါတယ်။ ဖခင်ကိုလည်း ယုံကြည်ခြင်း ခိုင်မာစေခဲ့ပါတယ်။ ချစ်ခြင်းမေတ္တာနဲ့ တန်ခိုးတော်ကို အားကိုးတတ်ဖို့ သွန်သင်တော်မူပါ။ အပြစ်ဒုစရိုက်ထဲမှာ သေနေသူတွေ ကယ်တင်ခြင်းရဖို့ ဆုတောင်းပါ၏။ ရမယ်လို့လည်း ယုံကြည်ပါ၏။

မေးခွန်း ၃၆

  1. အရာရှိရဲ့ ယုံကြည်ခြင်း တိုးလာပုံ အဆင့်ဆင့်ကို ပြောပြပါ။

www.Waters-of-Life.net

Page last modified on January 29, 2022, at 04:45 AM | powered by PmWiki (pmwiki-2.3.3)